တောက်ပလွန်းတဲ့အပြာရောင်မျက်လုံးတွေပိုင်ဆိုင်ထားကြတဲ့ အင်ဒိုနီးရှားနိုင်ငံမှ လူမျိုးနွယ်စုတစ်စု



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အာရှနိုင်ငံသားတွေအတော်များများဟာ အညိုရောင် ဒါမှမဟုတ် အမဲရောင် မျက်ဝန်းတွေသာ အများဆုံးပိုင်ဆိုင်ထားကြသူတွေပါ ။ သို့ပေမဲ့လည်း အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ Buton လို့ခေါ်တဲ့ လူမျိုးနွယ်စုတစ်စုရဲ့ မျက်ဝန်းတွေကတော့ ဓာတ်ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်း စိုစိုလွင်လွင်တဲ့ တောက်ပလွန်းတဲ့အပြာရောင်မျက်လုံးတွေကို ပိုင်ဆိုင်ထားကြတာပါ ။ အဆိုပါ လူမျိုးနွယ်စုကိုတော့ အင်ဒိုနီးရှားနိုင်ငံ Sulawesi ကျွန်းရဲ့အရှေ့တောင်ဘက်ပိုင်းမှာရှိတဲ့ Buton ကျွန်းလေးမှာတွေ့ရှိနိုင်ပါတယ် ။ အဆိုပါမျိုးနွယ်စုလေးထဲမှာမှ အုပ်စုလိုက်နေထိုင်ကြပြီး တစ်မူထူးခြားတဲ့ ပုံပန်းသွင်ပြင်ရှိကြသူတွေပါ ။

အညိုရောင်အသားအရေနဲ့ တောက်ပလွန်းတဲ့အပြာရောင်မျက်လုံးတွေပိုင်ဆိုင်ထားကြလို့ အဆိုပါလူမျိုးနွယ်စုတွေကို ယခုကျွန်းမှာသာ ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ် ။ အခြားလူတွေနဲ့ ကွဲထွက်နေတဲ့အလှတရားမျိုးကိုပိုင်ဆိုင်ထားကြတဲ့ အဆိုပါလူမျိုးနွယ်စုတွေရဲ့ ဓာတ်ပုံတွေကို စာဖတ်သူတွေ ကြည့်ရှုနိုင်အောင် ဝေမျှပေးလိုက်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment