နှိပ်စက်လွန်းတဲ့ခင်ပွန်းရဲ့ခေါင်းကိုဖြတ် ၊ လိင်အင်္ဂါကိုဓားဖြင့်ခုတ်ပြီး ခွေးကျွေးကာ လက်စားချေခဲ့တဲ့ဇနီး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာပါ အမြဲအနိုင်ကျင့်နှိပ်စက်ခံခဲ့ရတဲ့ အသက် 48နှစ်အရွယ်အမျိုးသမီးဟာ သူမခင်ပွန်း၏ခေါင်းကိုဖြတ် ၊ လိင်အင်္ဂါကိုဓားဖြင့်ခုတ်ပြီး ခွေးကျွေးကာလက်စားချေခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ Maria အမည်ရှိတဲ့ယူကရိန်းနိုင်ငံက အမျိုးသမီးဟာ အိမ်တွင်းရေးအကြမ်းဖက်မှုကိုနှစ်ပေါင်းများစွာ ခံစားခဲ့ရ၍ အဆုံးသတ်နိုင်ဖို့ခင်ပွန်းကိုသတ်ပစ်လိုက်ခြင်းကသာ ဖြေရှင်းနိုင်မည့်နည်းလမ်းဖြစ်ကြောင်း ရဲအရာရှိများကိုထွက်ဆိုခဲ့ပါတယ် ။ ပြီးခဲ့တဲ့ August 23ရက်နေ့တုန်းက Maria ဟာ အလုပ်ကနေပြန်လာပြီးအိပ်ခန်းထဲမှာအိပ်ပျော်နေခဲ့တဲ့ အသက်49နှစ်အရွယ်ခင်ပွန်းကို တိုက်ခိုက်ခဲ့ပါတယ် ။ ပထမဆုံး သူမဟာ ခင်ပွန်ဖြစ်သူကိုလည်ပင်းညှစ်သတ်ပြီးတော့ ပုဆိန်ကိုလှမ်းဆွဲယူကာ ခင်ပွန်း၏ဦးခေါင်ကိုဖြတ်ခုတ်ပစ်ခဲ့ပါတယ် ။ ထို့နောက်မီးဖိုချောင်သုံးဓားကိုယူပြီး ခင်ပွန်း၏လိင်အင်္ဂါကို လှီးဖြတ်ကာ ခွေးအားပစ်ကျွေးခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူကိုသတ်ပစ်ခဲ့ပြီးနောက် သူမဟာအိမ်အပြင်ဖက်သို့ပြေးထွက်သွားခဲ့တဲ့လမ်းတစ်လျှောက်မှာလည်း သွေးအများအပြားစွန်းထင်ခဲ့ပါတယ် ။ ထို့နောက်အိမ်နီးချင်းတစ်ယောက်က သူမ၏အခြေအနေကို အိမ်အပြင်ထွက်ပြီးကြည့်ရှုခဲ့ချိန်မှာတော့ သူမ၏ခြေ ၊ လက် ၊ အဝတ်အစားတို့မှာသွေးများစွာပေကျံနေခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။

ထို့နောက်သူမဟာ အိမ်နီးချင်းကို ” ငါတော့ဒုက္ခရောက်ပြီး ငါ့ယောင်္ကျာကိုငါပြန်သတ်မိပြီ ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။ အိမ်နီးချင်ကလည်း လင်မယားစကားများကြရင် ခင်ပွန်းဖြစ်သူကိုရိုက်မိခဲ့လို့ ဆေးဝါးအကူအညီလိုအပ်နေတာလားဆိုပြီး သူမ၏နေအိမ်တွင်းသို့ ဝင်ပြီးစစ်ဆေးခဲ့ချိန်မှာတော့ ” ကျွန်တော်သူတို့အခန်းထဲ လမ်းလျှောက်သွားခဲ့ချိန်မှာတော့ ၊ ကိုယ်လက်အင်္ဂါတွေဖြတ်တောက်ထားတဲ့ ခန္ဓာကိုယ်ကြီးကိုတွေ့ခဲ့ပါတယ် ၊ အိပ်ယာခင်းမှာလည်း သွေးတွေစိုရွဲနေခဲ့ပါတယ် ၊ ပြီးတော့ ကျွန်တော်သူ့ကိုခေါင်းကဘယ်မှာလဲဆိုပြီး မေးလိုက်ချိန်မှာတော့ အိတ်ထဲမှာဆိုပြီးသူမကပြန်ဖြေခဲ့ပါတယ် ။” ထို့နောက် အခြားအိမ်နီးချင်းများကိုလည်းအကုန်ခေါ်ပြီးအသိပေးကာ ရဲစခန်းသို့တိုင်ကြားရန်ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ် ။ Maria ကိုရဲများမဖမ်းဆီးခင်မှာပဲ သူမဟာခင်ပွန်းဖြစ်သူကိုသတ်ခဲ့တဲ့ဖြစ်ကြောင်းကုန်စင် အသေးစိတ်ကိုဝန်ခံပြောဆိုခဲ့ပါတယ် ။

ရဲအရာရှိများ၏ပြောဆိုချက်အရ ” အမျိုးသမီးက ထပ်ကာထပ်ကာရုပ်ပိုင်ဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်နှိပ်စက်မှုခံခဲ့ရပြီး သူမရဲ့ဆင်းရဲဒုက္ခကိုအဆုံးသတ်ဖို့ တခြားရွေးချယ်စရာမရှိခဲ့လို့ဆိုပြီး သူမကပြောဆိုခဲ့ပါတယ် ” ဆိုပြီးရှင်းပြခဲ့ပါတယ် ။ အိမ်နီးချင်းများက ခင်ပွန်းသူမကိုရိုက်နှက်နေတာကို တွေ့ဖူးခဲ့ကြပြီး သူမကိုပုဆိန်ဖြင့်လည်းအမြဲချိန်ရွယ်ပြီးလိုက်ဖမ်းနေတာကိုလည်း တွေ့ရှိခဲ့ကြောင့် သို့ပေမဲ့လည်းဇနီးဖြစ်သူဟာ အဆိုပါအဖြစ်အပျက်များကို ရဲဌာနသို့တိုင်ကြားခြင်းမျိုးမပြုလုပ်ခဲ့ကြောင်း ထွက်ဆိုပေးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း Maria ၏သားဖြစ်သူကတော့ ဖခင်အပေါ်ကျူ းလွန်ခဲ့တဲ့မိခင်၏လုပ်ရက်အတွက် လုံးဝခွင့်မလွှတ်နိုင်ကြောင်း ” သူကကျွန်တော့်အမေမှန်းတော့သိတယ် ၊ ဒါပေမဲ့သူ့ကို ထပ်မတွေ့ချင်တော့ဘူး ” ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ။ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေလျက်ရှိပြီး Maria ဟာထောင်ဒဏ် 15နှစ်ခန့်ချမှတ်ခံရနိုင်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "နှိပ်စက်လွန်းတဲ့ခင်ပွန်းရဲ့ခေါင်းကိုဖြတ် ၊ လိင်အင်္ဂါကိုဓားဖြင့်ခုတ်ပြီး ခွေးကျွေးကာ လက်စားချေခဲ့တဲ့ဇနီး"

Leave a comment

Your email address will not be published.


*