ဖိနပ္တစ္ဖက္ က်က်န္ခဲ့တဲ့ ဖုန္းသူခိုးကို စင္ဒရဲလားပံုျပင္အတိုင္း စံုစမ္းေဖာ္ထုတ္ခဲ့တဲ့ ရဲအရာ႐ွိမ်ား

စင္ဒရဲလားပံုျပင္ကိုေတာ့ လူတိုင္းၾကားဖူး ၊ သိဖူး ၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီး႐ွားႏိုင္ငံ ၊ General Santos ၿမိဳ႕႐ွိ ေနအိမ္တစ္လံုးထဲသို႔ ၿပီးခဲ့တဲ့ September 15 ရက္ေန႔က သူခိုးဝင္ခဲ့ၿပီး အိမ္႐ွင္ရဲ႕ စမတ္ဖုန္းတစ္လံုးခိုးယူသြားခဲ့ပါတယ္ ။ အိမ္ပိုင္႐ွင္ကလည္း သူခိုးကို လွမ္းေတြ႔လိုက္လို႔ ေအာ္ဟစ္အကူအညီေတာင္းခ်ိန္မွာေတာ့ သူခိုးဟာ အလ်င္အျမန္ထြက္ေျပးတိမ္းေ႐ွာင္သြားခဲ့ရင္း သူ၏ ရာဘာဖိနပ္တစ္ဖက္ဟာ ကြၽတ္က်ၿပီးေနာက္မွာက်န္ရစ္ခဲ့ပါေတာ့တယ္ ။

ထို႔အျပင္ အဆိုပါ​ေနအိမ္၏တစ္လမ္းအေက်ာ္မွာေနထိုင္တဲ့အမ်ိဳးသားျဖစ္ေၾကာင္း မ်က္ျမင္သက္ေသတစ္ဦးက ရဲအရာ႐ွိေတြကို ေျပာဆိုၿပီး ကူညီ႐ွာေဖြေပးခဲ့ရာ အဆိုပါသူခိုး၏ေနအိမ္သို႔ေရာက္႐ွိခဲ့ခ်ိန္မွာေတာ့ ရာဘာဖိနပ္တစ္ဖက္တည္းကိုသာ စီးထားတဲ့ အမ်ိဳးသားကိုေတြ႔႐ွိခဲ့ပါေတာ့တယ္ ။ ထို႔ေနာက္ ရဲအရာ႐ွိက အဆိုပါအမ်ိဳးသားကို သက္ေသအေနနဲ႔ေတြ႔႐ွိထားတဲ့ ရာဘာဖိနပ္တစ္ဖက္ကို စီးခိုင္းခဲ့ခ်ိန္မွာေတာ့ လံုးဝကြက္တိအန္ကိုက္ျဖစ္သြားခဲ့ပါေတာ့တယ္ ။

ထို႔ေၾကာင့္ အဆိုပါသူခိုးကို ရဲအရာ႐ွိမ်ားက ဖမ္းဆီးေခၚေဆာင္သြားခဲ့ပါေတာ့တယ္ ။ တစ္ကယ့္ကို စင္ဒရဲလားပံုစံထဲကအတိုင္း သူခိုးကို႐ွာေဖြဖမ္းဆီးခဲ့လို႔ အဆိုပါအျဖစ္အပ်က္ဟာ social media ေပၚမွာ လူေျပာမ်ားေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: .elitereaders

Unicode

စင်ဒရဲလားပုံပြင်ကိုတော့ လူတိုင်းကြားဖူး ၊ သိဖူး ကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံ ၊ General Santos မြို့ရှိ နေအိမ်တစ်လုံးထဲသို့ ပြီးခဲ့တဲ့ September 15 ရက်နေ့က သူခိုးဝင်ခဲ့ပြီး အိမ်ရှင်ရဲ့ စမတ်ဖုန်းတစ်လုံးခိုးယူသွားခဲ့ပါတယ် ။ အိမ်ပိုင်ရှင်ကလည်း သူခိုးကို လှမ်းတွေ့လိုက်လို့ အော်ဟစ်အကူအညီတောင်းချိန်မှာတော့ သူခိုးဟာ အလျင်အမြန်ထွက်ပြေးတိမ်းရှောင်သွားခဲ့ရင်း သူ၏ ရာဘာဖိနပ်တစ်ဖက်ဟာ ကျွတ်ကျပြီးနောက်မှာကျန်ရစ်ခဲ့ပါတော့တယ် ။

ထို့အပြင် အဆိုပါနေအိမ်၏တစ်လမ်းအကျော်မှာနေထိုင်တဲ့အမျိုးသားဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ရဲအရာရှိတွေကို ပြောဆိုပြီး ကူညီရှာဖွေပေးခဲ့ရာ အဆိုပါသူခိုး၏နေအိမ်သို့ရောက်ရှိခဲ့ချိန်မှာတော့ ရာဘာဖိနပ်တစ်ဖက်တည်းကိုသာ စီးထားတဲ့ အမျိုးသားကိုတွေ့ရှိခဲ့ပါတော့တယ် ။ ထို့နောက် ရဲအရာရှိက အဆိုပါအမျိုးသားကို သက်သေအနေနဲ့တွေ့ရှိထားတဲ့ ရာဘာဖိနပ်တစ်ဖက်ကို စီးခိုင်းခဲ့ချိန်မှာတော့ လုံးဝကွက်တိအန်ကိုက်ဖြစ်သွားခဲ့ပါတော့တယ် ။

ထို့ကြောင့် အဆိုပါသူခိုးကို ရဲအရာရှိများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတော့တယ် ။ တစ်ကယ့်ကို စင်ဒရဲလားပုံစံထဲကအတိုင်း သူခိုးကိုရှာဖွေဖမ်းဆီးခဲ့လို့ အဆိုပါအဖြစ်အပျက်ဟာ social media ပေါ်မှာ လူပြောများနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment