အသြားအလာကန္႔သတ္မႈေတြေၾကာင့္ ဒုကၡေရာက္ေနတဲ့ႏိုင္ငံျခားခရီးသြားကို ေခၚယူေမြးစားထားတဲ့ မိသားစု (႐ုပ္သံ)

ကူးစက္ေရာဂါျဖစ္ပြားေနမႈကို ရပ္တန္႔ႏိုင္ေအာင္ အစိုးရေတြက အသြားအလာကန္႔သတ္ပိတ္ပင္တာမ်ိဳး ျပဳလုပ္လာၾကပါတယ္ ။ သို႔ေပမဲ့လည္း ႏိုင္ငံျခားသားခရီးသြားေတြအေနနဲ႔ ကိုယ္မေရာက္ဖူးတဲ့ေနရာအသစ္ ၊ ဘာသာစကားအသစ္ေတြေၾကာင့္ အေတာ္ေလးဒုကၡေရာက္ေနၾကမွာကို စဥ္းစားၾကည့္ရံုနဲ႔သိႏိုင္ပါတယ္ ။ ၿပီးခဲ့တဲ့ မတ္လက ဖိလစ္ပိုင္ႏိုင္ငံရဲ႕အစိုးရဟာလည္း အသြားအလာကန္႔သတ္ပိတ္ပင္မႈေတြလုပ္လိုက္လို႔ ခရီးသြားေတြ နဲ႔ ေဒသခံေတြဟာ အဆိုပါ ေဒသတစ္ခုတည္းမွာ ပိတ္မိေနတာမ်ိဳးျဖစ္ပြားခဲ့ရပါတယ္ ။ အေမရိကန္ႏိုင္ငံသားျဖစ္တဲ့ Dustin Borglin အမည္႐ွိတဲ့အမ်ိဳးသားဟာလည္း lockdown ခ်ခံလိုက္ရလို႔ ဖိလစ္ပိုင္ႏိုင္ငံ Cebu ၿမိဳ႕မွာ ပိတ္မိေနခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ကံေကာင္းစြာနဲ႔ Raymund Adoptante ဟာ သူ႔အားမိသားစုနဲ႔အတူအခမဲ့လာေရာက္ေနထိုင္ဖို႔ ကမ္းလွမ္းခဲ့ပါတယ္ ။ ထိုအခ်ိန္ကတည္းကစၿပီး Borglin ဟာ အဆိုပါမိသားစုရဲ႕ေနအိမ္မွာ တကယ့္ေဒသခံတစ္ေယာက္လို ေနထိုင္ခဲ့ပါေတာ့တယ္ ။

Borglin ဟာ Vlogger တစ္ေယာက္ျဖစ္တဲ့အျပင္ ခရီးသြားရတာမ်ိဳးကိုလည္း အေတာ္ႏွစ္ၿခိဳက္သူပါ ။ Raymund ကိုေတာ့ ဖိလစ္ပိုင္ႏိုင္ငံသို႔ ေရာက္ခါစအခ်ိန္မွာ ဘတ္စကတ္ေဘာ အတူကစားရင္နဲ႔သူငယ္ခ်င္းေတြျဖစ္ခဲ့ၿပီး ၊ Toledo ၿမိဳ႕မွာ႐ွိတဲ့ သူ၏ဟိုတယ္အခန္းသို႔ ျပန္လို႔မရတဲ့အခ်ိန္မွာေတာ့ Borglin ကို ကူညီေပးခဲ့သူပါ ။ အဆိုပါအခ်ိန္ကတည္းကစၿပီး Borglin ဟာ ႐ိုး႐ွင္းလြန္းတဲ့ဘဝကို စၿပီးေနထိုင္ခဲ့သူပါ ။ သူ႔ရဲ႕ vlogs မွာလည္း ေန႔စဥ္႐ိုး႐ွင္းတဲ့ ကစားပြဲေတြ ၊ အစားအေသာက္ခ်က္တာေတြ ၊ ေရခဲေခ်ာင္လုပ္တာေတြ ၊ အဝတ္ေလ်ွာ္တာေတြ စတဲ့ေဒသခံေတြရဲ႕ သဘာဝဆန္လြန္းတဲ့ ေနထိုင္မႈပံုစံေတြကိုသာ ေဖာ္ျပခဲ့တာပါ ။

သို႔ေပမဲ့လည္း Raymund တို႔မိသားစုမွာ သားသမီး 5 ေယာက္႐ွိၿပီး ေငြေၾကးအဆင္မေျပတာကိုသိလို႔ Borglin က ေနအိမ္အက်ယ္ေလး ျပန္ေဆာက္လုပ္ေပးခဲ့တဲ့အျပင္ ၊ အိမ္နီးခ်င္ေတြအတြက္လည္း အကူအညီရေအာင္ ကုန္ပစၥည္းေတြ အေျမာက္အမ်ားဝယ္ၿပီး ေဝမ်ွေပးခဲ့ပါတယ္ ။ ‘ လူေတြက ပိုက္ဆံေတြေပၚသာမွီခိုၿပီး စက္ပစၥည္းေတြနဲ႔ ကိုယ့္ကိုေပ်ာ္ရႊင္ေအာင္ ဖန္တီးေနၾကတာပါ ၊ အခုရြာမွာ႐ွိေနတဲ့လူေတြက ပိုက္ဆံအမ်ားႀကီးမ႐ွိဘူး ၊ ဒါေပမဲ့ သူတို႔က သနားၾကင္နာတတ္ၾကၿပီး ကြၽန္ေတာ္ေတြ႔ဖူးတဲ့လူေတြထဲက အေပ်ာ္ဆံုးလူေတြပါပဲ ” ဆိုၿပီး Borglin က ႐ွင္းျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

ကူးစက်ရောဂါဖြစ်ပွားနေမှုကို ရပ်တန့်နိုင်အောင် အစိုးရတွေက အသွားအလာကန့်သတ်ပိတ်ပင်တာမျိုး ပြုလုပ်လာကြပါတယ် ။ သို့ပေမဲ့လည်း နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ ကိုယ်မရောက်ဖူးတဲ့နေရာအသစ် ၊ ဘာသာစကားအသစ်တွေကြောင့် အတော်လေးဒုက္ခရောက်နေကြမှာကို စဉ်းစားကြည့်ရုံနဲ့သိနိုင်ပါတယ် ။ ပြီးခဲ့တဲ့ မတ်လက ဖိလစ်ပိုင်နိုင်ငံရဲ့အစိုးရဟာလည်း အသွားအလာကန့်သတ်ပိတ်ပင်မှုတွေလုပ်လိုက်လို့ ခရီးသွားတွေ နဲ့ ဒေသခံတွေဟာ အဆိုပါ ဒေသတစ်ခုတည်းမှာ ပိတ်မိနေတာမျိုးဖြစ်ပွားခဲ့ရပါတယ် ။ အမေရိကန်နိုင်ငံသားဖြစ်တဲ့ Dustin Borglin အမည်ရှိတဲ့အမျိုးသားဟာလည်း lockdown ချခံလိုက်ရလို့ ဖိလစ်ပိုင်နိုင်ငံ Cebu မြို့မှာ ပိတ်မိနေခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ Raymund Adoptante ဟာ သူ့အားမိသားစုနဲ့အတူအခမဲ့လာရောက်နေထိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ် ။ ထိုအချိန်ကတည်းကစပြီး Borglin ဟာ အဆိုပါမိသားစုရဲ့နေအိမ်မှာ တကယ့်ဒေသခံတစ်ယောက်လို နေထိုင်ခဲ့ပါတော့တယ် ။

Borglin ဟာ Vlogger တစ်ယောက်ဖြစ်တဲ့အပြင် ခရီးသွားရတာမျိုးကိုလည်း အတော်နှစ်ခြိုက်သူပါ ။ Raymund ကိုတော့ ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ခါစအချိန်မှာ ဘတ်စကတ်ဘော အတူကစားရင်နဲ့သူငယ်ချင်းတွေဖြစ်ခဲ့ပြီး ၊ Toledo မြို့မှာရှိတဲ့ သူ၏ဟိုတယ်အခန်းသို့ ပြန်လို့မရတဲ့အချိန်မှာတော့ Borglin ကို ကူညီပေးခဲ့သူပါ ။ အဆိုပါအချိန်ကတည်းကစပြီး Borglin ဟာ ရိုးရှင်းလွန်းတဲ့ဘဝကို စပြီးနေထိုင်ခဲ့သူပါ ။ သူ့ရဲ့ vlogs မှာလည်း နေ့စဉ်ရိုးရှင်းတဲ့ ကစားပွဲတွေ ၊ အစားအသောက်ချက်တာတွေ ၊ ရေခဲချောင်လုပ်တာတွေ ၊ အဝတ်လျှော်တာတွေ စတဲ့ဒေသခံတွေရဲ့ သဘာဝဆန်လွန်းတဲ့ နေထိုင်မှုပုံစံတွေကိုသာ ဖော်ပြခဲ့တာပါ ။

သို့ပေမဲ့လည်း Raymund တို့မိသားစုမှာ သားသမီး 5 ယောက်ရှိပြီး ငွေကြေးအဆင်မပြေတာကိုသိလို့ Borglin က နေအိမ်အကျယ်လေး ပြန်ဆောက်လုပ်ပေးခဲ့တဲ့အပြင် ၊ အိမ်နီးချင်တွေအတွက်လည်း အကူအညီရအောင် ကုန်ပစ္စည်းတွေ အမြောက်အများဝယ်ပြီး ဝေမျှပေးခဲ့ပါတယ် ။ ‘ လူတွေက ပိုက်ဆံတွေပေါ်သာမှီခိုပြီး စက်ပစ္စည်းတွေနဲ့ ကိုယ့်ကိုပျော်ရွှင်အောင် ဖန်တီးနေကြတာပါ ၊ အခုရွာမှာရှိနေတဲ့လူတွေက ပိုက်ဆံအများကြီးမရှိဘူး ၊ ဒါပေမဲ့ သူတို့က သနားကြင်နာတတ်ကြပြီး ကျွန်တော်တွေ့ဖူးတဲ့လူတွေထဲက အပျော်ဆုံးလူတွေပါပဲ ” ဆိုပြီး Borglin က ရှင်းပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment