ဇနီးသည္ႏွင့္ ရန္ျဖစ္စကားမ်ားရတာကို စိတ္ကုန္လြန္းလို႔ဆိုၿပီး ဖုန္းတာဝါတိုင္ေပၚတက္ခဲ့တဲ့အမ်ိဳးသားရဲ႕အျဖစ္

မိသားစုဝင္ေတြ ၊ သူငယ္ခ်င္းေတြမ်ား စကားမ်ားျငင္းခုန္ရင္း ၊ ရန္ျဖစ္တာမ်ိဳး လူတိုင္းလိုလိုၾကံဳဖူးၾကမွာပါ ။ သို႔ေပမဲ့လည္း ယခုေဖာ္ျပမဲ့ အိႏၵိယႏိုင္ငံကအမ်ိဳးသားကေတာ့ ဇနီးျဖစ္သူနဲ႔ရန္ျဖစ္စကားမ်ားရတဲ့ အေျခအေနမ်ိဳးနဲ႔လြတ္ေျမာက္ႏိုင္ေအာင္ ဖုန္းတာဝါတိုင္ေပၚတက္ခဲ့ပါတယ္ ။ အိနၷိယႏိုင္ငံ ၊ Uttar Pradesh ျပည္နယ္မွာေနထိုင္တဲ့ Tejpal Singh အမည္႐ွိတဲ့အမ်ိဳးသားဟာ ဇနီးသည္ႏွင့္ ရန္ျဖစ္စကားၿပီးေနာက္ ဖုန္းတာဝါတိုင္ေပၚတက္ျဖစ္ခဲ့တဲ့အေၾကာင္းကိုရင္ဖြင့္ခဲ့ပါတယ္ ။ ‘ ကြၽန္ေတာ့္ဇနီးကို ကြၽန္ေတာ္အေတာ္ေလး စိတ္ကုန္ေနၿပီ ၊ ကြၽန္ေတာ့္ကို မွားယြင္းတဲ့အေၾကာင္းအရာေတြနဲ႔ အျမဲကန္႔သတ္ခ်ဳပ္ခ်ယ္လြန္းပါတယ္ ၊ ကြၽန္ေတာ္ ဒီအိမ္ေထာင္ေရးကို အဆံုးသတ္ခ်င္ေနပါၿပီ ‘ ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။

ရဲအရာ႐ွိေတြရဲ႕ ေျပာျပခ်က္အရ ယခုအိမ္ေထာင္ဖက္ဟာ Tejpal ရဲ႕ ဒုတိယေျမာက္အိမ္ေထာင္ျဖစ္ေၾကာင္း ၊ ယခုလို ဖုန္းတာဝါတိုင္ေပၚတက္ခဲ့တာလည္း ဇနီးသည္ကိုစိတ္ဆိုးေဒါသထြက္ၿပီး စိတ္လိုက္မာန္ပါလုပ္ခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ Tejpal ဖုန္တာဝါတိုင္ေပၚ တက္စစခ်င္းမွာပဲ ေဒသခံေတြ နဲ႔ ရဲအရာ႐ွိေတြက ျပန္ဆင္လာဖို႔ ေဖ်ာင္းဖ်ခဲ့ၿပီး အခ်ိန္အေတာ္ၾကာမွ Tejpal ကျပန္ဆင္းလာခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ social media ေပၚအေတာ္ေလးေရပန္းစားခဲ့ၿပီး လူအေတာ္အမ်ားက ‘ သူျဖတ္သန္းေနရတဲ့အေျခအေနကို နားလည္ခံစားမိတယ္ ‘ ဆိုၿပီး Tejpal ဖက္ကေန ရပ္တည္ေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေများ စကားများငြင်းခုန်ရင်း ၊ ရန်ဖြစ်တာမျိုး လူတိုင်းလိုလိုကြုံဖူးကြမှာပါ ။ သို့ပေမဲ့လည်း ယခုဖော်ပြမဲ့ အိန္ဒိယနိုင်ငံကအမျိုးသားကတော့ ဇနီးဖြစ်သူနဲ့ရန်ဖြစ်စကားများရတဲ့ အခြေအနေမျိုးနဲ့လွတ်မြောက်နိုင်အောင် ဖုန်းတာဝါတိုင်ပေါ်တက်ခဲ့ပါတယ် ။ အိန္နိယနိုင်ငံ ၊ Uttar Pradesh ပြည်နယ်မှာနေထိုင်တဲ့ Tejpal Singh အမည်ရှိတဲ့အမျိုးသားဟာ ဇနီးသည်နှင့် ရန်ဖြစ်စကားပြီးနောက် ဖုန်းတာဝါတိုင်ပေါ်တက်ဖြစ်ခဲ့တဲ့အကြောင်းကိုရင်ဖွင့်ခဲ့ပါတယ် ။ ‘ ကျွန်တော့်ဇနီးကို ကျွန်တော်အတော်လေး စိတ်ကုန်နေပြီ ၊ ကျွန်တော့်ကို မှားယွင်းတဲ့အကြောင်းအရာတွေနဲ့ အမြဲကန့်သတ်ချုပ်ချယ်လွန်းပါတယ် ၊ ကျွန်တော် ဒီအိမ်ထောင်ရေးကို အဆုံးသတ်ချင်နေပါပြီ ‘ ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

ရဲအရာရှိတွေရဲ့ ပြောပြချက်အရ ယခုအိမ်ထောင်ဖက်ဟာ Tejpal ရဲ့ ဒုတိယမြောက်အိမ်ထောင်ဖြစ်ကြောင်း ၊ ယခုလို ဖုန်းတာဝါတိုင်ပေါ်တက်ခဲ့တာလည်း ဇနီးသည်ကိုစိတ်ဆိုးဒေါသထွက်ပြီး စိတ်လိုက်မာန်ပါလုပ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ Tejpal ဖုန်တာဝါတိုင်ပေါ် တက်စစချင်းမှာပဲ ဒေသခံတွေ နဲ့ ရဲအရာရှိတွေက ပြန်ဆင်လာဖို့ ဖျောင်းဖျခဲ့ပြီး အချိန်အတော်ကြာမှ Tejpal ကပြန်ဆင်းလာခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ social media ပေါ်အတော်လေးရေပန်းစားခဲ့ပြီး လူအတော်အများက ‘ သူဖြတ်သန်းနေရတဲ့အခြေအနေကို နားလည်ခံစားမိတယ် ‘ ဆိုပြီး Tejpal ဖက်ကနေ ရပ်တည်ပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment