ကားတစ်စီးလုံး မြစ်ချောင်းထဲကျသွားပေမဲ့လည်း တိုင်ကြားခြင်းမျိုးမပြုလုပ်ဘဲ အရင်ဆုံး အိမ်ပြန်ပြီးအိပ်နေခဲ့တဲ့ အမျိုးသား(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Seremban မြို့မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတစ်ခုဟာဆိုရင် အမျိုးသားတစ်ယောက်ဟာ မနက်ခင်ရောင်နီလာချိန် 5နာရီအချိန်ခန့်မှာ နေအိမ်သို့ကားဖြင့် မောင်းပြန်လာခဲ့ပါတယ် ။ သို့ပေမဲ့လည်း အတော်လေးအိပ်ငိုက်နေခဲ့လို့ ရုတ်တရက်ကားဟာ မြစ်ချောင်းအတွင်းသို့ ထိုးကျသွားခဲ့ပါတယ် ။ ထိုအချိန်မှ အဆိုပါအမျိုးသားဟာ ထိတ်လန့်ပြီး နှိုးလာခဲ့ပေမဲ့လည်း ရဲစခန်းသို့သွားရောက်ပြီးတိုင်ကြားခြင်းမျိုးမပြုလုပ်ဘဲ နေအိမ်သို့အရင်ပြန်ကာ အိပ်စက်ခဲ့ပါတော့တယ် ။

မနက်ခင်း 7:50 အချိန်ခန့်မှ စားသောက်ဆိုင်တစ်ဆိုင်ရှိ ဝန်ထမ်းတစ်ဦးစီသို့ အမျိုးသမီးတစ်ဦးက မြစ်ချောင်းထဲသို့ကားထိုးကျနေကြောင်း ၊ အနီးကပ်သွားရောက်ကြည့်ရှုစဉ် မည်သူမျှကားထဲမှာ မရှိကြောင်း လာရောက်အသိပေးခဲ့ပါတယ် ။ ထိုအချိန်မှ စားသောက်ဆိုင်ဝန်ထမ်းဟာ ရဲစခန်းသို့ချက်ချင်တိုင်ကြားခြင်းမျိုးပြုလုပ်ခဲ့ပါတယ် ။ တာဝန်ရှိသူများ ရောက်ရှိလာပြီး မြစ်ချောင်းထဲမှ ကားကိုဆွဲထုတ်ကာ ကားပိုင်ရှင်ကို လိုက်လံစုံစမ်းစစ်ဆေးခဲ့ပါတော့တယ် ။

နောက်ဆုံးမှ တာဝန်ရှိသူများက ကားပိုင်ရှင်၏နေအိမ်သို့ အရောက်သွားခဲ့ပြီး အကျိုးအကြောင်းစစ်ဆေးမေးမြန်းရာ ကားပိုင်ရှင်က အိပ်ချင်လွန်းလို့ လုံးဝမတောင့်ခံနိုင်တော့ဘဲ နေအိမ်သို့အရင်ပြန်ပြီး အိပ်စက်ခဲ့တာဖြစ်ကြောင်း ၊ အိပ်ယာကနေ နှိုးထလာတဲ့အချိန်မှ ရဲစခန်းသို့အကြောင်းကြာခြင်းမျိုး ပြုလုပ်ဖို့စီစဉ်ထားကြောင်း ပြန်လည်ဖြေရှင်းပြောဆိုခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment