မီးလောင်နေတဲ့အခင်းဖြစ်ရာနေရာသို့အသွား မီးသတ်ဌာနမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့ကြတဲ့ မီးသတ်သမားများ (ရုပ်သံ)


1

2

3

4

5

Jasmine (Mckzone Daily)

Source:小回忆 Little Memories

Unicode

ဒီအဖြစ်အပျက်ကတော့ တရုတ်နိုင်ငံက မီးသတ်ဌာနမှာ ဖြစ်ပျက်ခဲ့တာကြာနေပြီဖြစ်ပေမဲ့ social media မှာ တစ်ဖန်ပြန်လည်ရေပန်းစားနေတာပါ ။ Video ထဲမှာတော့ မီးသတ်သမားများဟာ မီးလောင်နေတဲ့သတိပေးချက်တွေကြောင့် အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ်ဝတ်စုံအမြန်ဝတ်ဆင်ဖို့ အလောကြီးစွာဖြစ်နေခဲ့ကြတာပါ ။ သို့ပေမဲ့လည်း မီးသတ်ဌာနရှိ ကြမ်းပြင်ဟာ အတော်လေးကို ချော်ထွက်နေလို့ အရှိန်နဲ့ပြေးလာခဲ့ကြတဲ့ မီးသတ်သမားတွေ တစ်ယောက်ပြီးတစ်ယောက်ရုပ်ပျက်ဆင်းပျက်လဲကျနေတော့တာပါ ။ အရှိန်နဲ့လဲကျသွားလို့ နာကျင်နေကြပေမဲ့ ချက်ချင်းထဖို့ တာဝန်အတွက်ကြိုးစားပန်းစား ပြင်ဆင်နေကြတဲ့ မီးသတ်သမားတွေရဲ့ လုပ်ရပ်ဟာ အတော်လေးကို လေးစားဖွယ်ကောင်းလွန်းလှပါတယ် ။ Video လေးဟာ ကြည့်ရှုသူတွေကို ရယ်မောစေပေမဲ့လည်း တစ်ကြိမ်တည်းမှာပဲ မီးသတ်သမားတွေအပေါ် စာနာနားလည်စိတ်ဖြစ်စေမဲ့ video တစ်ပုဒ်လေး ဖြစ်နေပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment