လုယက္ၿပီး မုဒိမ္းက်င့္ကာသတ္ျဖတ္ျခင္းခံခဲ့ရတဲ့ အသက္85ႏွစ္အရြယ္ အဘြားအို

မေလးရွားနိုင္ငံက အသက္ 85ႏွစ္အရြယ္အဘြားအိုတစ္ဦးဟာ သူမ၏ေနအိမ္တြင္လက္ႏွစ္ဖက္လံုး ႀကိဳးခ်ည္ေႏွာင္လ်က္သားျဖင့္ ေသဆံုးေနခဲ့တာကို ၿပီးခဲ့တဲ့ September လ 19 ရက္ေန႔ကေတြ႔႐ွိခဲ့ရပါတယ္ ။ အဆိုပါ႐ုပ္အေလာင္းကို သူမ၏သားျဖစ္သူ အသက္61ႏွစ္အရြယ္အမ်ိဳးသားက ေတြ႔႐ွိခဲ့တာျဖစ္ပါတယ္ ။ အဆိုပါေန႔ရက္က ညေန 5နာရီအခ်ိန္မွာ သားျဖစ္သူဟာ အလုပ္မွေနအိမ္သို႔ျပန္ေရာက္လာခဲ့တာျဖစ္ၿပီး ေနအိမ္႐ႈပ္ပြေနခဲ့တာကိုေတြ႔႐ွိၿပီးေနာက္ မိခင္ျဖစ္သူကို႐ွာေဖြခဲ့ကာ အိပ္ယာေပၚ၌ ေခါင္းကိုအဝတ္စမ်ားျဖင့္အုပ္ထားၿပီး ၊ လက္ႏွစ္ဖက္လံုးႀကိဳးတုပ္ထားကာ ၊အတြင္းခံ ေဘာင္းဘီမွာလည္း ျဖဲထားခံရၿပီး ေမွာက္လ်က္သားအေနအထားျဖင့္ ေသဆံုးေနခဲ့ေသာမိခင္ျဖစ္သူကို ႐ွာေဖြေတြ႔႐ွိခဲ့ရပါတယ္ ။ ရဲအရာ႐ွိမ်ားက တိုင္ၾကားခ်က္ေတြကို လက္ခံရ႐ွိခဲ့ခ်ိန္မွာေတာ့ စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္ ။ အဆိုပါဧရိယာမွာ ေစာင့္ၾကည့္ေသာလံုျခံဳေရးကင္မရာမ်ားမ႐ွိခဲ့တဲ့အတြက္ အိမ္နီးခ်င္းမ်ားကေတာ့ တစ္စံုတစ္ရာထူးျခားေသာ သူမ်ားျဖတ္သန္းသြားလာျခင္းမ်ားကိုလည္း မေတြ႔႐ွိခဲ့ေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။ ရဲအရာ႐ွိမ်ားကေတာ့ အဆိုပါအဘြားအိုမွာ လုယက္ျခင္းႏွင့္ မုဒိမ္းမႈက်ဴ းလြန္ျခင္းခံထားရတာျဖစ္ေၾကာင္း သံသယဝင္ခဲ့ၾကပါတယ္ ။ ရဲအရာ႐ွိမ်ားကေတာ့ ေသဆံုးသြားခဲ့တဲ့အဘြားအိုရဲ႕ သားျဖစ္သူကိုစံုစမ္းစစ္ေဆးမႈျပဳလုပ္ရန္အတြက္ ဖမ္းဆီးထိန္းသိမ္းထားခဲ့ၾကပါတယ္ ။ ထို႔အျပင္ အဆိုပါအမ်ိဳးသား၏ အလုပ္႐ွင္သူေ႒းကိုလည္း အဆိုပါျပစ္မႈျဖစ္ပြားခ်ိန္က သားျဖစ္သူဟာအခင္းျဖစ္ပြားရာေနရာတြင္ မ႐ွိခဲ့ျခင္းစေသာသက္ေသ အလီဘိုင္ကို စစ္ေမးခဲ့ပါေသးတယ္ ။

အဆုိပါေသဆံုးသြားေသာ အဘြားအို၏မိသားစုဝင္ ေဆြမ်ိဳးမ်ားကလည္း ၎ သားအမိႏွစ္ေယာက္ဟာအေတာ္ေလးကို သင့္ျမတ္ၾကၿပီးအတူတူေနထိုင္လာခဲ့ၾကတာ ႏွစ္ေပါင္းမ်ားစြာ႐ွိေနခဲ့ၿပီျဖစ္ေၾကာင္း ထြက္ဆိုေပးခဲ့ၾကပါတယ္ ။ ထို႔အျပင္ အဆိုပါအဘြားအိုဟာ ေရာဂါေၾကာင့္ေသဆံုးသြားရသည္ဟုေျပာဆိုရေလာက္ေအာင္လည္း ၊ သူမဟာအေတာ္ေလးကိုက်န္းမာသန္စြမ္းေနသူျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ သူမဟာအဆိုပါ ပတ္ဝန္က်င္မွာေနထိုင္လာခဲ့တာ ႏွစ္ေပါင္း 30 ခန္႔႐ွိေနၿပီျဖစ္ၿပီး အိမ္နီးခ်င္းမ်ား၏ခ်စ္ခင္မႈမ်ားကိုလည္း ရ႐ွိထားသူျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အဘြားအို၏႐ုပ္အေလာင္းကိုေတာ့ University Kebangsaan Malaysia Hospital သို႔ပို႔ေဆာင္ခဲ့ၾကၿပီး ေသဆံုးရသည့္ျဖစ္ရပ္မွန္ကို စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါလူသတ္မႈအတြက္လည္း စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံက အသက် 85နှစ်အရွယ်အဘွားအိုတစ်ဦးဟာ သူမ၏နေအိမ်တွင်လက်နှစ်ဖက်လုံး ကြိုးချည်နှောင်လျက်သားဖြင့် သေဆုံးနေခဲ့တာကို ပြီးခဲ့တဲ့ September လ 19 ရက်နေ့ကတွေ့ရှိခဲ့ရပါတယ် ။ အဆိုပါရုပ်အလောင်းကို သူမ၏သားဖြစ်သူ အသက်61နှစ်အရွယ်အမျိုးသားက တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ အဆိုပါနေ့ရက်က ညနေ 5နာရီအချိန်မှာ သားဖြစ်သူဟာ အလုပ်မှနေအိမ်သို့ပြန်ရောက်လာခဲ့တာဖြစ်ပြီး နေအိမ်ရှုပ်ပွနေခဲ့တာကိုတွေ့ရှိပြီးနောက် မိခင်ဖြစ်သူကိုရှာဖွေခဲ့ကာ အိပ်ယာပေါ်၌ ခေါင်းကိုအဝတ်စများဖြင့်အုပ်ထားပြီး ၊ လက်နှစ်ဖက်လုံးကြိုးတုပ်ထားကာ ၊အတွင်းခံ ဘောင်းဘီမှာလည်း ဖြဲထားခံရပြီး မှောက်လျက်သားအနေအထားဖြင့် သေဆုံးနေခဲ့သောမိခင်ဖြစ်သူကို ရှာဖွေတွေ့ရှိခဲ့ရပါတယ် ။ ရဲအရာရှိများက တိုင်ကြားချက်တွေကို လက်ခံရရှိခဲ့ချိန်မှာတော့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြပါတယ် ။ အဆိုပါဧရိယာမှာ စောင့်ကြည့်သောလုံခြုံရေးကင်မရာများမရှိခဲ့တဲ့အတွက် အိမ်နီးချင်းများကတော့ တစ်စုံတစ်ရာထူးခြားသော သူများဖြတ်သန်းသွားလာခြင်းများကိုလည်း မတွေ့ရှိခဲ့ကြောင်း ပြောဆိုခဲ့ကြပါတယ် ။ ရဲအရာရှိများကတော့ အဆိုပါအဘွားအိုမှာ လုယက်ခြင်းနှင့် မုဒိမ်းမှုကျူ းလွန်ခြင်းခံထားရတာဖြစ်ကြောင်း သံသယဝင်ခဲ့ကြပါတယ် ။ ရဲအရာရှိများကတော့ သေဆုံးသွားခဲ့တဲ့အဘွားအိုရဲ့ သားဖြစ်သူကိုစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အတွက် ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြပါတယ် ။ ထို့အပြင် အဆိုပါအမျိုးသား၏ အလုပ်ရှင်သူဋ္ဌေးကိုလည်း အဆိုပါပြစ်မှုဖြစ်ပွားချိန်က သားဖြစ်သူဟာအခင်းဖြစ်ပွားရာနေရာတွင် မရှိခဲ့ခြင်းစသောသက်သေ အလီဘိုင်ကို စစ်မေးခဲ့ပါသေးတယ် ။

အဆိုပါသေဆုံးသွားသော အဘွားအို၏မိသားစုဝင် ဆွေမျိုးများကလည်း ၎င်း သားအမိနှစ်ယောက်ဟာအတော်လေးကို သင့်မြတ်ကြပြီးအတူတူနေထိုင်လာခဲ့ကြတာ နှစ်ပေါင်းများစွာရှိနေခဲ့ပြီဖြစ်ကြောင်း ထွက်ဆိုပေးခဲ့ကြပါတယ် ။ ထို့အပြင် အဆိုပါအဘွားအိုဟာ ရောဂါကြောင့်သေဆုံးသွားရသည်ဟုပြောဆိုရလောက်အောင်လည်း ၊ သူမဟာအတော်လေးကိုကျန်းမာသန်စွမ်းနေသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ သူမဟာအဆိုပါ ပတ်ဝန်ကျင်မှာနေထိုင်လာခဲ့တာ နှစ်ပေါင်း 30 ခန့်ရှိနေပြီဖြစ်ပြီး အိမ်နီးချင်းများ၏ချစ်ခင်မှုများကိုလည်း ရရှိထားသူဖြစ်ကြောင်း သိရှိရပါတယ် ။

အဘွားအို၏ရုပ်အလောင်းကိုတော့ University Kebangsaan Malaysia Hospital သို့ပို့ဆောင်ခဲ့ကြပြီး သေဆုံးရသည့်ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။ အဆိုပါလူသတ်မှုအတွက်လည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လုယက္ၿပီး မုဒိမ္းက်င့္ကာသတ္ျဖတ္ျခင္းခံခဲ့ရတဲ့ အသက္85ႏွစ္အရြယ္ အဘြားအို"

Leave a comment

Your email address will not be published.


*