အလုပ္သြားေတာ့မဲ့ သခင္ကို အျမဲဝမ္းနည္းမ်က္လံုးေတြနဲ႔ ၾကည့္ေနတတ္တဲ့ေခြးေလး ( ႐ုပ္သံ)

ထိုင္ဝမ္မွာ႐ွိတဲ့ Teemo အမည္႐ွိတဲ့ ေခြးေလးဟာ သခင္ျဖစ္သူရဲ႕အခ်စ္ေတာ္ ေခြးေလးပါ ။ ဒါ့အျပင္ အလုပ္သြားေတာ့မဲ့ သခင္ကို ဝမ္းနည္းမ်က္လံုးေတြနဲ႔ အျမဲၾကည့္ေနတတ္လို႔ မၾကာေသးခင္က social media ေပၚမွာ အရမ္းေရပန္းစားေနတဲ့ ေခြးေလးျဖစ္ပါတယ္ ။ လူေတြရဲ႕အခ်စ္ေတာ္ေလးျဖစ္တဲ့ ေခြးေလး Teemo ဟာ အျခားအရာေတြထက္ သခင္ျဖစ္သူ အလုပ္သြားမည့္အခ်ိန္ကို အမုန္းဆံုးေခြးေလးလို႔ ေျပာလို႔ရပါတယ္ ။ သခင္အလုပ္သြားေတာ့မဲ့အခ်ိန္မွာ အိမ္ေ႐ွ႕တံခါးေပါက္မွာ ဝမ္းနည္းတဲ့မ်က္လံုးေလးေတြနဲ႔ အျမဲထိုင္ၾကည့္ေနတတ္ပါတယ္ ။

သခင့္ကို ဝမ္းနည္းမ်က္လံုးနဲ႔ထိုင္ၾကည့္ေနတဲ့ Teemo ရဲ႕ video ကို social media ေပၚမွာ ေဝမ်ွခဲ့ခ်ိန္မွာေတာ့ Teemo ေလးဟာ follower အေျမာက္အမ်ားရ႐ွိခဲ့ပါတယ္ ။ ႏွင္းလံုးေလးလို ျဖဴေဖြးၿပီး ခ်စ္ဖို႔ေကာင္းလြန္းတဲ့ Teemo ေလးကို ပိုင္ဆိုင္လိုေၾကာင္း လူအေတာ္အမ်ားကလည္း comment မွာ ေရးသားခဲ့ၾကပါေသးတယ္ ။ Teemo ေလးရဲ႕ video ကိုလည္း စာဖတ္သူေတြ ၾကည့္႐ႈခံစားႏိုင္ေအာင္ ေဝမ်ွေပးလိုက္ပါတယ္ ။

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ထိုင်ဝမ်မှာရှိတဲ့ Teemo အမည်ရှိတဲ့ ခွေးလေးဟာ သခင်ဖြစ်သူရဲ့အချစ်တော် ခွေးလေးပါ ။ ဒါ့အပြင် အလုပ်သွားတော့မဲ့ သခင်ကို ဝမ်းနည်းမျက်လုံးတွေနဲ့ အမြဲကြည့်နေတတ်လို့ မကြာသေးခင်က social media ပေါ်မှာ အရမ်းရေပန်းစားနေတဲ့ ခွေးလေးဖြစ်ပါတယ် ။ လူတွေရဲ့အချစ်တော်လေးဖြစ်တဲ့ ခွေးလေး Teemo ဟာ အခြားအရာတွေထက် သခင်ဖြစ်သူ အလုပ်သွားမည့်အချိန်ကို အမုန်းဆုံးခွေးလေးလို့ ပြောလို့ရပါတယ် ။ သခင်အလုပ်သွားတော့မဲ့အချိန်မှာ အိမ်ရှေ့တံခါးပေါက်မှာ ဝမ်းနည်းတဲ့မျက်လုံးလေးတွေနဲ့ အမြဲထိုင်ကြည့်နေတတ်ပါတယ် ။

သခင့်ကို ဝမ်းနည်းမျက်လုံးနဲ့ထိုင်ကြည့်နေတဲ့ Teemo ရဲ့ video ကို social media ပေါ်မှာ ဝေမျှခဲ့ချိန်မှာတော့ Teemo လေးဟာ follower အမြောက်အများရရှိခဲ့ပါတယ် ။ နှင်းလုံးလေးလို ဖြူဖွေးပြီး ချစ်ဖို့ကောင်းလွန်းတဲ့ Teemo လေးကို ပိုင်ဆိုင်လိုကြောင်း လူအတော်အများကလည်း comment မှာ ရေးသားခဲ့ကြပါသေးတယ် ။ Teemo လေးရဲ့ video ကိုလည်း စာဖတ်သူတွေ ကြည့်ရှုခံစားနိုင်အောင် ဝေမျှပေးလိုက်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment