Onlineမွဝယ္ယူထားတဲ့ ေသဆုံးေနေသာ အိမ္ေမြးတိရိစၧာန္ေပါင္း၅,၀၀၀ေက်ာ္ကို တ႐ုတ္ျပည္ ေထာက္ပံ့ပို့ေဆာင္ေရးစင္တာတြင္ ေတြ႕ရွိ

တ႐ုတ္ျပည္ရွိ ေဒသခံတိရိစၧာန္ ထိန္းသိမ္းကယ္ဆယ္ေရးWutuobangအဖြဲ႕မွ ဝန္ထမ္းအေယာက္ႏွစ္ဆယ္သည္ ေထာက္ပံ့ပို့ေဆာင္ေရးစင္တာသို့ အျမန္သြားေရာက္ကာ တိရိစၧာန္ေလးမ်ား ထည့္လာေသာ ေသတၱာေပါင္း ၆,၀၀၀ေက်ာ္ ကို ကယ္ဆယ္ခဲ့ေသာ္လည္း ၎တို့ထဲမွ ၅ ရာခိုင္ႏွုန္းေအာက္ခန႔္သာ ကယ္တင္နိုင္ခဲ့ပါတယ္ ၊”ကၽြန္ေတာ္တို့ ေခြး၊ေၾကာင္ေပါင္း အေကာင္၅၀၊ယုန္အေကာင္ ၂၀၀ခန္႔ကိုသာ ကယ္တင္နိုင္ခဲ့တယ္ ဒါေပမဲ့ အဲ့တာက တိရိစၧာန္ အားလုံး ၅ ရာခိုင္ႏွုန္းထက္ နည္းေနခဲ့တယ္”က်န္အေကာင္ေပါင္း ၅,၀၀၀ကို အေသသာ ေတြ႕ရွိခဲ့ၾကပါတယ္။

သနားစရာေကာင္းတဲ့ တိရိစၧာန္ေလးေတြကို တ႐ုတ္ျပည္ အန္ဟူးျပည္နယ္တြင္ ေမြးျမဴထားၾကၿပီး onlineမွတဆင့္ ဝယ္ယူနိုင္ၿပီး ၎တို့ကို တနိုင္ငံလုံး အတိုင္းအတာျဖင့္ အိမ္တိုင္ရာေရာက္စနစ္ကို အသုံးျပဳကာ သယ္ယူပို့ေဆာင္ၾကပါတယ္၊အျမန္ေခ်ာပို့ေဆာင္ေရးကုမၸဏီမွ ဝန္ထမ္း ၂ဦးအနက္ Yundaဆိုသူက ၎အျဖစ္အပ်က္ကို မၾကားသိရေၾကာင္း သို့ေသာ္ ထိုကုမၸဏီသည္ သက္ရွိသတၱဝါေလးေတြကို သယ္ယူပို့ေဆာင္ေရးျပဳလုပ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။

တိရိစၧာန္ေလးမ်ားကို ေလေပါက္ပါေသာ ေသတၱာေလးမ်ားျဖင့္ ပို့ေဆာင္ခဲ့သည္ဟုဆိုေသာ္လည္း ၎တို့ကို ပလပ္စတစ္ သို့မဟုတ္ သံအိတ္ထဲထည့္ကာ စကၠဴေသတၱာမ်ားျဖင့္ ပတ္ထားၾကေၾကာင္း ကယ္ဆယ္ေရးဝန္ထမ္းတဦးက ဆိုထားပါတယ္၊အိမ္ေမြးတိရိစၧာန္တေကာင္ကို ခ်စ္လြန္းလို့ ေႏြးေထြးတဲ့အိမ္၊မိသားစုေလးျဖစ္ေပးခ်င္ခဲ့ရင္ေတာင္ မသမာ၊ရက္စက္လွတဲ့နည္းလမ္းနဲ႔ေတာ့ မဝယ္ယူသင့္ပါဘူး။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်ပြည်ရှိ ဒေသခံတိရိစ္ဆာန် ထိန်းသိမ်းကယ်ဆယ်ရေးWutuobangအဖွဲ့မှ ဝန်ထမ်းအယောက်နှစ်ဆယ်သည် ထောက်ပံ့ပို့ဆောင်ရေးစင်တာသို့ အမြန်သွားရောက်ကာ တိရိစ္ဆာန်လေးများ ထည့်လာသော သေတ္တာပေါင်း ၆,၀၀၀ကျော် ကို ကယ်ဆယ်ခဲ့သော်လည်း ၎င်းတို့ထဲမှ ၅ ရာခိုင်နှုန်းအောက်ခန့်သာ ကယ်တင်နိုင်ခဲ့ပါတယ် ၊”ကျွန်တော်တို့ ခွေး၊ကြောင်ပေါင်း အကောင်၅၀၊ယုန်အကောင် ၂၀၀ခန့်ကိုသာ ကယ်တင်နိုင်ခဲ့တယ် ဒါပေမဲ့ အဲ့တာက တိရိစ္ဆာန် အားလုံး ၅ ရာခိုင်နှုန်းထက် နည်းနေခဲ့တယ်”ကျန်အကောင်ပေါင်း ၅,၀၀၀ကို အသေသာ တွေ့ရှိခဲ့ကြပါတယ်။

သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေကို တရုတ်ပြည် အန်ဟူးပြည်နယ်တွင် မွေးမြူထားကြပြီး onlineမှတဆင့် ဝယ်ယူနိုင်ပြီး ၎င်းတို့ကို တနိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်တိုင်ရာရောက်စနစ်ကို အသုံးပြုကာ သယ်ယူပို့ဆောင်ကြပါတယ်၊အမြန်ချောပို့ဆောင်ရေးကုမ္ပဏီမှ ဝန်ထမ်း ၂ဦးအနက် Yundaဆိုသူက ၎င်းအဖြစ်အပျက်ကို မကြားသိရကြောင်း သို့သော် ထိုကုမ္ပဏီသည် သက်ရှိသတ္တဝါလေးတွေကို သယ်ယူပို့ဆောင်ရေးပြုလုပ်ကြောင်း ဝန်ခံခဲ့ပါတယ်။

တိရိစ္ဆာန်လေးများကို လေပေါက်ပါသော သေတ္တာလေးများဖြင့် ပို့ဆောင်ခဲ့သည်ဟုဆိုသော်လည်း ၎င်းတို့ကို ပလပ်စတစ် သို့မဟုတ် သံအိတ်ထဲထည့်ကာ စက္ကူသေတ္တာများဖြင့် ပတ်ထားကြကြောင်း ကယ်ဆယ်ရေးဝန်ထမ်းတဦးက ဆိုထားပါတယ်၊အိမ်မွေးတိရိစ္ဆာန်တကောင်ကို ချစ်လွန်းလို့ နွေးထွေးတဲ့အိမ်၊မိသားစုလေးဖြစ်ပေးချင်ခဲ့ရင်တောင် မသမာ၊ရက်စက်လှတဲ့နည်းလမ်းနဲ့တော့ မဝယ်ယူသင့်ပါဘူး။

Jasmine (Mckzone Daily)

  • Leave a Comment