မိဘေတြရဲ႕ အျမဲ႐ိုက္ႏွက္ႏွိပ္စက္မႈကို မခံႏိုင္ေတာ့လို႔ဆိုၿပီး 9လႊာကေနခုန္ခ်ခဲ့တဲ့ 8ႏွစ္အရြယ္သားေလး

8ႏွစ္အရြယ္သားေလးႏွင့္ မိသားစုဝင္ေတြတိုက္ခန္းတြင္းသို႔ျပန္ေရာက္လားစဥ္ ဖခင္ျဖစ္သူက သူ၏အဝတ္အစားမ်ားဖ်က္ဆီးပစ္တယ္ဆိုၿပီး သားျဖစ္သူကိုဆူပူႀကိမ္းေမာင္းၿပီးေနာက္ သားျဖစ္သူဟာ ကိုယ့္ကိုအဆံုးစီရင္ခဲ့ပါေတာ့တယ္ ။ Zhanna အမည္႐ွိတဲ့ အဆိုပါတိုက္ခန္း၏ေအာက္ထပ္တြင္ ေနထိုင္သူအမ်ိဳးသမီးက ” ကေလးရဲ႕မိဘေတြက ကေလးကိုဖခင္ရဲ႕အဝတ္ေတြ ဆုတ္ျဖဲပစ္တယ္ဆိုၿပီး ဆူပူႀကိမ္းေမာင္းခဲ့ၾကတယ္ ၿပီးေတာ့ သူတို႔ကေလးငယ္ကိုလည္း ႐ိုက္ႏွက္ခဲ့ၾကတယ္ ။ ၿပီးေတာ့ အကုန္လံုးတိတ္ဆိတ္သြားတဲ့အခ်ိန္မွာ ကေလးငယ္ရဲ႕ေျခသံကို ၾကားခဲ့ရတယ္ ။ စကၠန္႔အနည္းငယ္အၾကာမွာပဲ ကေလးငယ္ဟာေျမျပင္ေပၚ ဆိုးဆိုးဝါးဝါးျပဳတ္က်သြားခဲ့ပါတယ္ ။ ကြၽန္မမီးဖိုေခ်ာင္ရဲ႕ ပုတင္ေပါက္ကေနလွမ္းၾကည့္လိုက္ေတာ့ ကေလးငယ္ကေျမျပင္ေပၚ အအိပ္လိုက္က်ေနခဲ့ၿပီ ၊ အဲ့ေတာ့ကြၽန္မလည္း လူနာတင္ကားေခၚၿပီး ရဲစခန္းကိုအေၾကာင္းၾကားခဲ့တယ္ ” ဆိုၿပီး media ေတြကိုေျပာျပခဲ့ပါတယ္ ။ မိနစ္အနည္းငယ္အၾကာမွာ ေဆးအကူအဖြဲ႔ေတြ ေရာက္လာခဲ့ေပမဲ့လည္း Anton အမည္႐ွိတဲ့အဆိုပါ ကေလးငယ္ဟာေသဆံုးသြားခဲ့ပါၿပီ ။ ရဲအရာ႐ွိမ်ားက စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး ၊ မိဘမ်ားကလည္း သူတို႔၏ကေလးကို႐ိုက္ႏွက္ခဲ့ေၾကာင္းဝန္ခံခဲ့သည္ဟု media မ်ားကေဖာ္ျပခဲ့ပါတယ္ ။

ေနာက္ထပ္အိမ္နီးခ်င္းတစ္ဦးကလည္း ” ကြၽန္ေတာ္သူတို႔မိသားစု အေပၚထပ္ကသူတို႔တိုက္ခန္းေပၚ တက္သြားတာကိုေတြ႔တယ္ ၿပီးေတာ့ 10မိနစ္အၾကာမွာပဲ ကေလးငယ္ေျမျပင္ေပၚက်ေနခဲ့ၿပီးၿပီ ၿပီးေတာ့မိဘေတြကလည္းလမ္းေပၚမွာ ေျပးလႊာေနခဲ့ၾကတယ္ ” ဆိုၿပီးေျပာဆိုသြားခဲ့ပါတယ္ ။ ကေလးငယ္၏မိဘမ်ားကေတာ့ ကေလးငယ္ကိုလစ္လ်ဴ ႐ႈခဲ့တဲ့အတြက္ ရဲအရာ႐ွိေတြရဲ႕စစ္ေဆးေမးျမန္းျခင္းကို ခံခဲ့ရပါတယ္ ။ ထို႔အျပင္ သူတို႔၏ကေလးငယ္ကို႐ိုက္ႏွက္ခဲ့ေၾကာင္းကိုလည္း ဝန္ခံခဲ့ၿပီး ” သူ႔ကို႐ိုက္ၿပီးတဲ့ေနာက္ သူ႔အခန္းထဲကပုတင္းေပါက္ကေန ခုန္ခ်သြားခဲ့တယ္ ” ဆိုၿပီးလည္း မိဘမ်ားကေျဖဆိုခဲ့ပါတယ္ ။ ထို႔အျပင္ သူတို႔၏သားေလး မဟုတ္မမွန္တာလုပ္ၿပီဆိုတာနဲ႔ အျမဲ႐ိုက္ႏွက္ခဲ့ေသာေၾကာင့္ ယခုအခါ ေထာင္ဒဏ္ 5ႏွစ္စီခ်မွတ္ခံရႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။

Anton ၏ေက်ာင္းမွ ေက်ာင္အုပ္ႀကီးကလည္း ကေလးကိုလစ္လ်ဴ ႐ႈထားခဲ့ၾကတဲ့ မိဘမ်ားကိုျပစ္တင္ေျပာဆိုခဲ့ပါတယ္ ။ ” ေကာင္ေလးက ေက်ာင္းမွာေနာက္ေကာက္က်ေနလို႔ သူ႔ကို ပထမတန္းျပန္တက္ခိုင္းထားရတာ ဒါေပမဲ့ သူ႔ရဲ႕မိဘေတြကေတာ့ သူ႔ကိုစိတ္မဝင္စားၾကပါဘူး ” ဆိုၿပီးေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ စိတ္ပညာ႐ွင္ Zoya Pershyna ကလည္း ” Anton ကကြၽန္ေတာ့္ဆီ အႀကိမ္ေပါင္းမ်ားစြာလာလည္တယ္ ၊ ဒါေပမဲ့ သူတို႔ေတြ လိုက္လာတာကိုေတာ့ မေတြ႔ဖူးဘူး ” ဆိုၿပီးေတာ့လည္း ေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source:TheSun

Unicode

8နှစ်အရွယ်သားလေးနှင့် မိသားစုဝင်တွေတိုက်ခန်းတွင်းသို့ပြန်ရောက်လားစဉ် ဖခင်ဖြစ်သူက သူ၏အဝတ်အစားများဖျက်ဆီးပစ်တယ်ဆိုပြီး သားဖြစ်သူကိုဆူပူကြိမ်းမောင်းပြီးနောက် သားဖြစ်သူဟာ ကိုယ့်ကိုအဆုံးစီရင်ခဲ့ပါတော့တယ် ။ Zhanna အမည်ရှိတဲ့ အဆိုပါတိုက်ခန်း၏အောက်ထပ်တွင် နေထိုင်သူအမျိုးသမီးက ” ကလေးရဲ့မိဘတွေက ကလေးကိုဖခင်ရဲ့အဝတ်တွေ ဆုတ်ဖြဲပစ်တယ်ဆိုပြီး ဆူပူကြိမ်းမောင်းခဲ့ကြတယ် ပြီးတော့ သူတို့ကလေးငယ်ကိုလည်း ရိုက်နှက်ခဲ့ကြတယ် ။ ပြီးတော့ အကုန်လုံးတိတ်ဆိတ်သွားတဲ့အချိန်မှာ ကလေးငယ်ရဲ့ခြေသံကို ကြားခဲ့ရတယ် ။ စက္ကန့်အနည်းငယ်အကြာမှာပဲ ကလေးငယ်ဟာမြေပြင်ပေါ် ဆိုးဆိုးဝါးဝါးပြုတ်ကျသွားခဲ့ပါတယ် ။ ကျွန်မမီးဖိုချောင်ရဲ့ ပုတင်ပေါက်ကနေလှမ်းကြည့်လိုက်တော့ ကလေးငယ်ကမြေပြင်ပေါ် အအိပ်လိုက်ကျနေခဲ့ပြီ ၊ အဲ့တော့ကျွန်မလည်း လူနာတင်ကားခေါ်ပြီး ရဲစခန်းကိုအကြောင်းကြားခဲ့တယ် ” ဆိုပြီး media တွေကိုပြောပြခဲ့ပါတယ် ။ မိနစ်အနည်းငယ်အကြာမှာ ဆေးအကူအဖွဲ့တွေ ရောက်လာခဲ့ပေမဲ့လည်း Anton အမည်ရှိတဲ့အဆိုပါ ကလေးငယ်ဟာသေဆုံးသွားခဲ့ပါပြီ ။ ရဲအရာရှိများက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၊ မိဘများကလည်း သူတို့၏ကလေးကိုရိုက်နှက်ခဲ့ကြောင်းဝန်ခံခဲ့သည်ဟု media များကဖော်ပြခဲ့ပါတယ် ။

နောက်ထပ်အိမ်နီးချင်းတစ်ဦးကလည်း ” ကျွန်တော်သူတို့မိသားစု အပေါ်ထပ်ကသူတို့တိုက်ခန်းပေါ် တက်သွားတာကိုတွေ့တယ် ပြီးတော့ 10မိနစ်အကြာမှာပဲ ကလေးငယ်မြေပြင်ပေါ်ကျနေခဲ့ပြီးပြီ ပြီးတော့မိဘတွေကလည်းလမ်းပေါ်မှာ ပြေးလွှာနေခဲ့ကြတယ် ” ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ။ ကလေးငယ်၏မိဘများကတော့ ကလေးငယ်ကိုလစ်လျူ ရှုခဲ့တဲ့အတွက် ရဲအရာရှိတွေရဲ့စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပါတယ် ။ ထို့အပြင် သူတို့၏ကလေးငယ်ကိုရိုက်နှက်ခဲ့ကြောင်းကိုလည်း ဝန်ခံခဲ့ပြီး ” သူ့ကိုရိုက်ပြီးတဲ့နောက် သူ့အခန်းထဲကပုတင်းပေါက်ကနေ ခုန်ချသွားခဲ့တယ် ” ဆိုပြီးလည်း မိဘများကဖြေဆိုခဲ့ပါတယ် ။ ထို့အပြင် သူတို့၏သားလေး မဟုတ်မမှန်တာလုပ်ပြီဆိုတာနဲ့ အမြဲရိုက်နှက်ခဲ့သောကြောင့် ယခုအခါ ထောင်ဒဏ် 5နှစ်စီချမှတ်ခံရနိုင်ကြောင်း သိရှိရပါတယ် ။

Anton ၏ကျောင်းမှ ကျောင်အုပ်ကြီးကလည်း ကလေးကိုလစ်လျူ ရှုထားခဲ့ကြတဲ့ မိဘများကိုပြစ်တင်ပြောဆိုခဲ့ပါတယ် ။ ” ကောင်လေးက ကျောင်းမှာနောက်ကောက်ကျနေလို့ သူ့ကို ပထမတန်းပြန်တက်ခိုင်းထားရတာ ဒါပေမဲ့ သူ့ရဲ့မိဘတွေကတော့ သူ့ကိုစိတ်မဝင်စားကြပါဘူး ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။ ထို့အပြင် စိတ်ပညာရှင် Zoya Pershyna ကလည်း ” Anton ကကျွန်တော့်ဆီ အကြိမ်ပေါင်းများစွာလာလည်တယ် ၊ ဒါပေမဲ့ သူတို့တွေ လိုက်လာတာကိုတော့ မတွေ့ဖူးဘူး ” ဆိုပြီးတော့လည်း ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိဘေတြရဲ႕ အျမဲ႐ိုက္ႏွက္ႏွိပ္စက္မႈကို မခံႏိုင္ေတာ့လို႔ဆိုၿပီး 9လႊာကေနခုန္ခ်ခဲ့တဲ့ 8ႏွစ္အရြယ္သားေလး"

Leave a comment

Your email address will not be published.


*