ဇနီးဖြစ်သူရဲ့ ဆေးအကြီးကြီး ထိုးတာခံလိုက်ရတဲ့ ရုပ်ပျက်ဆင်းပျက် အိပ်မောကျနေတဲ့အမျိုးသားရဲ့ ဟာသဓာတ်ပုံများ


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ခရီးသွားရင် အိပ်ငိုက်တတ်တဲ့ အကျင့်က လူတိုင်းမှာရှိစမြဲပါဘဲ၊ဇနီးဖြစ်သူ Sharea Overman ဟာ အိပ်ပျော်ဟန်ဆောင်နေတဲ့သူ့အမျိုးသားရဲ့ပုံကို ရိုက်ယူပြီး ဖေ့ဘွတ်ခ်မှာတင်ခဲ့ပါတယ်၊ “ကျွန်မတို့ ခရီးတစ်ခုသွားခဲ့ပြီး ကျွန်မယောကျာ်းက အိပ်ပျော်နေခဲ့တယ်၊သူအိပ်ပျော်နေတုံးလမ်းခရီးမှာ ဘာတွေလွတ်သွားလဲဆိုတာကို ကားတံခါးပေါက်ကနေ ဓာတ်ပုံပြင်ပေးကြပါလား”ဆိုပြီး တင်လိုက်ပါတယ်။မိသားစုတစုဟာ ဩဂုတ်လ၂၈ရက်နေ့မှာ အင်ဒီယားနားပြည်နယ်သို့ ခရီးထွက်ခဲ့ကြပါတယ်၊အမျိုးသားဖြစ်သူNateဟာ တကယ်တော့ အိပ်ပျော်နေခဲ့တာမဟုတ်ဘဲ ကားမောင်းရင်း ဂုတ်အကြောဆန့်နေခဲ့တာပါ၊ ထိုပုံကို ဇနီးဖြစ်သူက ဟာသတခုအဖြစ် ရိုက်ကူးယူခဲ့ပြီး social media ပေါ်တင်ခဲ့ပါတယ်၊Nate ဟာ ထရပ်ကားမောင်းသူတဦးအနေဖြင့်ကားမောင်းရင်း အချိန်ကုန်ခဲ့တာကြောင့် ပင်ပန်းနေခဲ့ပြီး ကလေးသုံးယောက်ရဲ့ ဖခင်တဦးလည်းဖြစ်ပါတယ်။ Shareaဟာ ထို ဓာတ်ပုံအား တင်လိုက်ပြီးနောက် မိနစ်၂၀အတွင်းကမ္ဘာအဝှမ်းမှ တည်းဖြတ်ထားတဲ့ ပျော်စရာဓာတ်ပုံတွေကို ရရှိခဲ့ပါတယ်၊အမျိုးသားဖြစ်သူNate ဟာ ၎င်းတည်းဖြတ်ထားတဲ့ဓာတ်ပုံတွေကို ကြည့်ကာ ပျော်ရွှင်စွာ ရယ်မောရင်း သူအကြိုက်ဆုံးမှာ National Lampoon’s Vacation မှ စူပါမော်ဒယ် Christie Brinkley နှင့်ပုံ ဟု ဆိုခဲ့ပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment