လက္ေတြ႔စမ္းသပ္မႈလုပ္ေနတုန္း အလြဲႀကီးလြဲမွားေနမွန္း သတိမထားမိခဲ့ၾကတဲ့ ေက်ာင္းသားေတြရဲ႕အျဖစ္ ( ႐ုပ္သံ)

တစ္ခ်ိဳ႕ေသာလူေတြက တစ္ခါတစ္ေလ အလုပ္လုပ္ရာမွာ မေမ့သင့္တဲ့အရာကိုေမ့ၿပီး လြဲမွားစြာလုပ္ကိုင္ေနတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ထိုင္းႏိုင္ငံက ေက်ာင္းသားေလးတစ္ေယာက္ရဲ႕အျဖစ္ကလည္း ၾကည့္႐ႈသူေတြကို အေတာ္ေလးရယ္ေမာမိေစမွာပါ ။ အေၾကာင္းကေတာ့ ေက်ာင္းသားေလးဟာ စာသင္ေက်ာင္းမွာ သံဂေဟေဆာ္နည္း လက္ေတြ႔စမ္းသပ္မႈလုပ္ေနစဥ္ ၊ မ်က္စိ ႏွင့္ မ်က္ႏွာ ထိခိုက္ဒဏ္ရာမရေအာင္ သံမ်က္ႏွာဖံုးနဲ႔ ကာထားရမဲ့အစား မ်က္ႏွာဖံုးကိုေမ့ၿပီး ဂေဟေဆာ္ေနခဲ့လို႔ပါဘဲ ။ ဒါေပမဲ့ ေဘးမွာရပ္ၾကည့္ေနတဲ့ ေက်ာင္းသားေလးတစ္ဦးမွာေတာ့ မီးစေတြနဲ႔ အေဝးမွာ႐ွိေပမဲ့လည္း မလိုအပ္ဘဲ မ်က္ႏွာဖံုးနဲ႔ မ်က္ႏွာကို ကာေနခဲ့တာပါ ။ အဆိုပါ ေက်ာင္းသားေလးႏွစ္ဦးမွာေတာ့ တစ္ခုခုလြဲမွားေနမွန္း သတိမထားႏိုင္ဘဲ ျဖစ္ေနခဲ့တာပါ ။ သို႔ေပမဲ့ video ကို ၾကည့္႐ႈမိၾကတဲ့သူတိုင္းကေတာ့ ေက်ာင္းသားေလးေတြရဲ႕အျဖစ္ကို ရယ္ေမာခဲ့ၾကပါေတာ့တယ္ ။ အခ်ိဳ႕ေသာသူေတြကေတာ့ ေက်ာင္းသားေလးကို ‘ မ်က္စိမနာဘူးလား ‘ ဆိုၿပီး စိတ္ပူေနခဲ့ၾကတာပါ ။

1

2

3

4

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

တစ်ချို့သောလူတွေက တစ်ခါတစ်လေ အလုပ်လုပ်ရာမှာ မမေ့သင့်တဲ့အရာကိုမေ့ပြီး လွဲမှားစွာလုပ်ကိုင်နေတတ်ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံက ကျောင်းသားလေးတစ်ယောက်ရဲ့အဖြစ်ကလည်း ကြည့်ရှုသူတွေကို အတော်လေးရယ်မောမိစေမှာပါ ။ အကြောင်းကတော့ ကျောင်းသားလေးဟာ စာသင်ကျောင်းမှာ သံဂဟေဆော်နည်း လက်တွေ့စမ်းသပ်မှုလုပ်နေစဉ် ၊ မျက်စိ နှင့် မျက်နှာ ထိခိုက်ဒဏ်ရာမရအောင် သံမျက်နှာဖုံးနဲ့ ကာထားရမဲ့အစား မျက်နှာဖုံးကိုမေ့ပြီး ဂဟေဆော်နေခဲ့လို့ပါဘဲ ။ ဒါပေမဲ့ ဘေးမှာရပ်ကြည့်နေတဲ့ ကျောင်းသားလေးတစ်ဦးမှာတော့ မီးစတွေနဲ့ အဝေးမှာရှိပေမဲ့လည်း မလိုအပ်ဘဲ မျက်နှာဖုံးနဲ့ မျက်နှာကို ကာနေခဲ့တာပါ ။ အဆိုပါ ကျောင်းသားလေးနှစ်ဦးမှာတော့ တစ်ခုခုလွဲမှားနေမှန်း သတိမထားနိုင်ဘဲ ဖြစ်နေခဲ့တာပါ ။ သို့ပေမဲ့ video ကို ကြည့်ရှုမိကြတဲ့သူတိုင်းကတော့ ကျောင်းသားလေးတွေရဲ့အဖြစ်ကို ရယ်မောခဲ့ကြပါတော့တယ် ။ အချို့သောသူတွေကတော့ ကျောင်းသားလေးကို ‘ မျက်စိမနာဘူးလား ‘ ဆိုပြီး စိတ်ပူနေခဲ့ကြတာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment