မတော်တဆ နောက်ကျော ထိခိုက်ဒဏ်ရာဖြစ်ပွါးခဲ့တဲ့ နှင်းလျှောစီးသမားက ဘီးတပ်ကုလားထိုင်အား အစားထိုးပြီး စကိတ်စီးခဲ့တဲ့အဖြစ်




Jasmine (Mckzone Daily)

Source: elitereaders

Unicode

၂၀၁၇ခုနှစ်တွင် Tony Thogmartin ဆိုသူဟာနှင်းလျှောစီးနေစဉ် မတော်တဆ နောက်ကျော ထိခိုက်ဒဏ်ရာရမှုဖြစ်ပွါးခဲ့ပါတယ်၊၎င်းဖြစ်စဉ်မှာ သူ့ဘဝရဲ့ ကြီးမားတဲ့အိမ်မက်ဆိုးတခုဖြစ်စေခဲ့တယ်၊သူဟာ ခါးအောက်ပိုင်းသေဆုံးခဲ့ရပြီး ဆေးရုံမှာ ရက်ပေါင်း၄၀ကုန်ဆုံးခဲ့ရပါတယ်။

25နှစ်အရွယ်ရှိပြီးဖြစ်တဲ့ Tony Thogmartin ဟာ လှုပ်ရှားမှု၊စွန့်စားမှုတွေအတွက် စိတ်အားထက်သန်မှုကို လုံးဝ မစွန့်လွှတ်ခဲ့ဘဲ သူဟာ အဖြစ်ဆိုးကြီးဖြစ်ပြီးကတည်းက ဘီးတပ်ကုလားထိုင်နဲ့ ချည်နှောင်ခြင်းခံခဲ့ရပေမဲ့ သူရဲ့ မြတ်နိုးတန်ဖိုးထားတဲ့ အရာကို အထိန်းအချုပ်မခံခဲ့ပါဘူး၊သူဟာ ကိုယ့်ကိုယ်ကို တွန်းအားပေးရင်း အမေရိကန် စကိတ်စီးခြင်းပြိုင်ပွဲကို ပါဝင်ခဲ့ပြီး ဒုတိယဆုအဖြစ် ငွေတံဆိပ်ဆုကို ရရှိခဲ့ပါသေးတယ်။

“ကျွန်တော် စကိတ်ကွင်းရောက်ရင် လူတွေရဲ့ အာရုံစိုက်တာ၊အံဩတကြီးကြည့်တာတို့ ခံရတယ်၊အဲဒါတွေက ကျွန်တော့်ကို ကြောက်လန့်စေတယ်၊ဒါပေမဲ့ အဲ့ဖြစ်ရပ်ကို ကျွန်တော်လက်ခံခဲ့ပါတယ်၊နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်တာပေါ့” သူဟာ ဘဝကို အရှုံးမပေးဘဲ စိတ်လှုပ်ရှားမှုများစွာနဲ့ရှေ့ဆက်ရင်း “ကျွန်တော့်ဘဝကို ချစ်မြတ်နိုးတယ်၊ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးကို ကောင်းမွန်တဲ့အရာအဖြစ်ပြောင်းလဲစေခဲ့ပြီးနောက် လမ်းကြောင်းတလျှောက်မှာ အခွင့်အလမ်းများစွာ ရရှိခဲ့တယ်”ဟု ဆိုထားပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment