ေဆးရံုရွိအေရးေပၚလူနာေဆာင္သို႔ ေၾကာင္ေပါက္စေလးကို ကိုက္ခ်ီျပီးေရာက္ရွိလာခဲ့တဲ့ ေၾကာင္မေလးရဲ႕အျဖစ္

Merve Ozcan အမည္႐ွိတဲ့ မိန္းကေလးဟာ သူမရဲ႕ဖခင္ကို Turkey ႏိုင္ငံ ၊ Istanbul ၿမိဳ႕႐ွိ ေဆးရံုသို႔ ေခၚေဆာင္သြားရင္ ေဆးရံုရဲ႕ လူနာေစာင့္ေနရာမွာ လမ္းေဘးေၾကာင္မႀကီးတစ္ေကာင္က ေၾကာင္ေပါက္စေလးကိုက္ခ်ီလာၿပီး တည္တည္ၿငိမ္ၿငိမ္လမ္းေလ်ွာက္လာတာကို ေတြ႔႐ွိခဲ့ပါတယ္ ။ ေၾကာင္မႀကီးကလည္း သူသြားခ်င္တဲ့ေနရာကို တိတိက်က်သိ႐ွိေနပံုရလို႔ Ozcan က ‘ သူက ကြၽန္မထက္ ပိုသိေနလို႔ ကြၽန္မအေတာ္ေလး အံ့ၾသခဲ့ရပါတယ္ ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ Ozcan ဟာ သူမရဲ႕ဖခင္ က်န္းမာေရးအေျခအေနကိုစိုးရိမ္ေနခဲ့ေပမဲ့လည္း ေၾကာင္မႀကီး နဲ႔ ေၾကာင္ေပါက္စေလးကို ျမင္ေတာ့ ခဏတစ္ျဖဳတ္ေမ့ေပ်ာက္သြားခဲ့ပါတယ္ ။

ဒါ့အျပင္ ေဆးရံုဝန္ထမ္းမ်ားကလည္း ေၾကာင္ေလးေတြကိုျမင္ေတာ့ အေတာ္ေလးဝမ္းသာေပ်ာ္ရႊင္ေနပံုရပါတယ္ ။ ေဆးရံုဝန္ထမ္းေတြက ေၾကာင္ေလးေတြကို အရင္ကတည္းကေတြ႔ဖူးေနလို႔ ရင္ႏွီးေနပံုရပါတယ္ ။ ကံေကာင္းစြာနဲ႔ ေၾကာင္ေပါက္စေလးဟာ က်န္းမာေရးေကာင္းမြန္းေနလို႔ မည္သည့္ကုသမႈမ်ိဳးကိုမွ မခံယူခဲ့ရပါဘူး ။’ ဆရာဝန္ နဲ႔ ေဆးရံုဝန္ထမ္းေတြက သူ႔ကိုခ်စ္မွန္းသိလို႔ လံုျခံဳစိတ္ခ်ရတယ္ထင္ၿပီး ေရာက္လာခဲ့ပံုပဲ’ ဆိုၿပီး Ozcan ကေျပာျပခဲ့ပါတယ္ ။

ကူးစက္ေရာဂါအေျခအေနေတြေၾကာင့္ စားေသာက္ဆိုင္အေတာ္မ်ားမ်ားပိတ္သိမ္းထားလို႔ လမ္းေဘးေၾကာင္ေလးေတြ နဲ႔ ​ေခြးေလးေတြဟာ အေတာ္ေလးဒုကၡေရာက္ေနခဲ့ၾကတာပါ ။ ေဆးရံုဝန္ထမ္းေတြရဲ႕ ခ်စ္ခင္မႈ နဲ႔ ဂ႐ုစိုက္မႈရေအာင္ ေၾကာင္မႀကီးက ေၾကာင္ေပါက္စေလးကိုခ်ီၿပီး ေဆးရံုသို႔ေရာက္႐ွိလာပံုရပါတယ္ ။

Jasmine (Mckzone Daily)

Source: .thedodo

Unicode

Merve Ozcan အမည်ရှိတဲ့ မိန်းကလေးဟာ သူမရဲ့ဖခင်ကို Turkey နိုင်ငံ ၊ Istanbul မြို့ရှိ ဆေးရုံသို့ ခေါ်ဆောင်သွားရင် ဆေးရုံရဲ့ လူနာစောင့်နေရာမှာ လမ်းဘေးကြောင်မကြီးတစ်ကောင်က ကြောင်ပေါက်စလေးကိုက်ချီလာပြီး တည်တည်ငြိမ်ငြိမ်လမ်းလျှောက်လာတာကို တွေ့ရှိခဲ့ပါတယ် ။ ကြောင်မကြီးကလည်း သူသွားချင်တဲ့နေရာကို တိတိကျကျသိရှိနေပုံရလို့ Ozcan က ‘ သူက ကျွန်မထက် ပိုသိနေလို့ ကျွန်မအတော်လေး အံ့သြခဲ့ရပါတယ် ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ အစပိုင်းမှာတော့ Ozcan ဟာ သူမရဲ့ဖခင် ကျန်းမာရေးအခြေအနေကိုစိုးရိမ်နေခဲ့ပေမဲ့လည်း ကြောင်မကြီး နဲ့ ကြောင်ပေါက်စလေးကို မြင်တော့ ခဏတစ်ဖြုတ်မေ့ပျောက်သွားခဲ့ပါတယ် ။

ဒါ့အပြင် ဆေးရုံဝန်ထမ်းများကလည်း ကြောင်လေးတွေကိုမြင်တော့ အတော်လေးဝမ်းသာပျော်ရွှင်နေပုံရပါတယ် ။ ဆေးရုံဝန်ထမ်းတွေက ကြောင်လေးတွေကို အရင်ကတည်းကတွေ့ဖူးနေလို့ ရင်နှီးနေပုံရပါတယ် ။ ကံကောင်းစွာနဲ့ ကြောင်ပေါက်စလေးဟာ ကျန်းမာရေးကောင်းမွန်းနေလို့ မည်သည့်ကုသမှုမျိုးကိုမှ မခံယူခဲ့ရပါဘူး ။’ ဆရာဝန် နဲ့ ဆေးရုံဝန်ထမ်းတွေက သူ့ကိုချစ်မှန်းသိလို့ လုံခြုံစိတ်ချရတယ်ထင်ပြီး ရောက်လာခဲ့ပုံပဲ’ ဆိုပြီး Ozcan ကပြောပြခဲ့ပါတယ် ။

ကူးစက်ရောဂါအခြေအနေတွေကြောင့် စားသောက်ဆိုင်အတော်များများပိတ်သိမ်းထားလို့ လမ်းဘေးကြောင်လေးတွေ နဲ့ ခွေးလေးတွေဟာ အတော်လေးဒုက္ခရောက်နေခဲ့ကြတာပါ ။ ဆေးရုံဝန်ထမ်းတွေရဲ့ ချစ်ခင်မှု နဲ့ ဂရုစိုက်မှုရအောင် ကြောင်မကြီးက ကြောင်ပေါက်စလေးကိုချီပြီး ဆေးရုံသို့ရောက်ရှိလာပုံရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment