ယာဥ္ရပ္နားဖို့ေနရာရွာရင္း ရိုၾကမယ္

ယာဥ္ရပ္နားဖို့ေနရာရွာရတဲ့ အလုပ္က အလြန္ခက္ခဲပါတယ္၊အထူးသျဖင့္ အားလပ္ရက္ေတြမွာေပါ့၊အဲ့ဒါက အလြန္စိတ္ရွုပ္ရၿပီး ျပသာနာစုံပါတယ္၊ဒါေပမဲ့ မေလးရွားခ်စ္သူစုံတြဲျဖစ္တဲ့ Dr Kayla Teh ႏွင့္သူမ၏ခ်စ္သူေကာင္ေလး Dr Wong တို့ကေတာ့ အဲဒီကိစၥကို စိတ္ရွုပ္စရာလို့မထင္ပုံပါဘဲ၊Kayla Teh ဟာ သြားဆရာဝန္ ျဖစ္ၿပီး သြားက်န္းမာေရးအေၾကာင္းကို အင္တာနက္ကေန သင္ၾကားေပးရင္း လူသိမ်ားသူတေယာက္လဲ ျဖစ္ပါတယ္၊ စက္တင္ဘာ၂၁ရက္ေန႔မွာ Kaylaဟာ သူမရဲ့ ခ်စ္သူနဲ႔ တစ္ႏွစ္ျပည့္အထိမ္းအမွတ္ျပဳလုပ္ခဲ့ၿပီး လူမွု့ကြန္ရက္ေပၚမွာ ခ်စ္သူမရွိသူေတြ အားက်သြားေစတဲ့ ပိုစ့္တခုကို တင္ခဲ့ပါတယ္။

အဲဒါကေတာ့ ခ်စ္သူႏွစ္ဦး ယာဥ္ရပ္နားဖို့ေနရာရွာရင္း ေပ်ာ္ရႊင္စြာ ဓာတ္ပုံရိုက္ၾကတာဘဲ ျဖစ္ပါတယ္၊တခ်ိဳ့လူေတြကေတာ့ နာမည္ႀကီးစားေသာက္ဆိုင္တို့ ခရီးသြားတာတို့ကိုသြားရင္ ဓာတ္ပုံလွလွေလးေတြ ရိုက္တတ္ၾကေပမဲ့ ဒီစုံတြဲကေတာ့ ေျပာင္းျပန္ျဖစ္ေနပါတယ္၊ “ဒါက အဓိပၸာယ္မရွိဘူးထင္ရေပမဲ့ ဆက္ဆံေရးတခုကို တည္ေဆာက္တဲ့ အေျခခံအုတ္ျမစ္တခုပါ”။

ထို့ေနာက္ သူမတို့ ခ်စ္သူ ႏွစ္ဦးဟာ အလုပ္ကိုယ္စီရွိၾကေသာ္လည္း တစ္ဦးေပၚတစ္ဦး ဂ႐ုစိုက္မွု၊ေႏြးေထြးမွုေလးေတြ ရွိေနၾကပါတယ္၊ “အဲဒါကို လွပတဲ့ အရာလို့ထင္တယ္၊လြန္ခဲ့တဲ့ႏွစ္က မင္းအနားမွာ ရိုးရွင္းစြာ ရွိေနရင္း၊အတူတကြ ယာဥ္ရပ္နားဖို့ ေနရာရွာခဲ့ၾကတယ္၊ေနာက္ႏွစ္ေပါင္းမ်ားစြာထိ အတူတူ ဓာတ္ပုံရိုက္ၾကမယ္”ဟုဆိုကာ ပိုစ့္တင္ထားပါေသးတယ္၊FAမႀကီး ငိုေနၿပီ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယာဉ်ရပ်နားဖို့နေရာရှာရတဲ့ အလုပ်က အလွန်ခက်ခဲပါတယ်၊အထူးသဖြင့် အားလပ်ရက်တွေမှာပေါ့၊အဲ့ဒါက အလွန်စိတ်ရှုပ်ရပြီး ပြသာနာစုံပါတယ်၊ဒါပေမဲ့ မလေးရှားချစ်သူစုံတွဲဖြစ်တဲ့ Dr Kayla Teh နှင့်သူမ၏ချစ်သူကောင်လေး Dr Wong တို့ကတော့ အဲဒီကိစ္စကို စိတ်ရှုပ်စရာလို့မထင်ပုံပါဘဲ၊Kayla Teh ဟာ သွားဆရာဝန် ဖြစ်ပြီး သွားကျန်းမာရေးအကြောင်းကို အင်တာနက်ကနေ သင်ကြားပေးရင်း လူသိများသူတယောက်လဲ ဖြစ်ပါတယ်၊ စက်တင်ဘာ၂၁ရက်နေ့မှာ Kaylaဟာ သူမရဲ့ ချစ်သူနဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်ခဲ့ပြီး လူမှု့ကွန်ရက်ပေါ်မှာ ချစ်သူမရှိသူတွေ အားကျသွားစေတဲ့ ပိုစ့်တခုကို တင်ခဲ့ပါတယ်။

အဲဒါကတော့ ချစ်သူနှစ်ဦး ယာဉ်ရပ်နားဖို့နေရာရှာရင်း ပျော်ရွှင်စွာ ဓာတ်ပုံရိုက်ကြတာဘဲ ဖြစ်ပါတယ်၊တချို့လူတွေကတော့ နာမည်ကြီးစားသောက်ဆိုင်တို့ ခရီးသွားတာတို့ကိုသွားရင် ဓာတ်ပုံလှလှလေးတွေ ရိုက်တတ်ကြပေမဲ့ ဒီစုံတွဲကတော့ ပြောင်းပြန်ဖြစ်နေပါတယ်၊ “ဒါက အဓိပ္ပာယ်မရှိဘူးထင်ရပေမဲ့ ဆက်ဆံရေးတခုကို တည်ဆောက်တဲ့ အခြေခံအုတ်မြစ်တခုပါ”။

ထို့နောက် သူမတို့ ချစ်သူ နှစ်ဦးဟာ အလုပ်ကိုယ်စီရှိကြသော်လည်း တစ်ဦးပေါ်တစ်ဦး ဂရုစိုက်မှု၊နွေးထွေးမှုလေးတွေ ရှိနေကြပါတယ်၊ “အဲဒါကို လှပတဲ့ အရာလို့ထင်တယ်၊လွန်ခဲ့တဲ့နှစ်က မင်းအနားမှာ ရိုးရှင်းစွာ ရှိနေရင်း၊အတူတကွ ယာဉ်ရပ်နားဖို့ နေရာရှာခဲ့ကြတယ်၊နောက်နှစ်ပေါင်းများစွာထိ အတူတူ ဓာတ်ပုံရိုက်ကြမယ်”ဟုဆိုကာ ပိုစ့်တင်ထားပါသေးတယ်၊FAမကြီး ငိုနေပြီ။

Jasmine (Mckzone Daily)

  • Leave a Comment