မသန်စွမ်းသော်လည်း ညီမငယ်အားမီးလောင်မှုကနေ ရအောင်ကယ်တင်ပေးခဲ့တဲ့ မိန်းကလေး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

၁၃နှစ် အရွယ်သမီး Nuraina Erieka Abdullah ဟာ ဘဝပေးကံကြမ္မာကြောင့် မသန်စွမ်းသူတယောက်အဖြစ် မွေးဖွားခဲ့ရသော်လည်း ရဲစွမ်းသတ္တိအပြည့်ရှိနေပါတယ်၊Jalan Beserahလမ်း Taman Anggerik တိုက်ခန်းရှိ သူမ၏နေအိမ်သည် စက်တင်ဘာ၃၀ရက် ဗုဒ္ဓဟူးနေ့မှာ မီးလောင်မှု ဖြစ်ပွါးခဲ့ပါတယ်၊မိဘနှစ်ပါးဟာ အိမ်မှာ ရှိမနေခဲ့ဘဲ အဖွားဖြစ်သူထံ သွားရောက်လည်ပတ်နေခဲ့ကြတယ်၊မီးပွါးစလောင်ကျွမ်းနေစဉ် ညီမဖြစ်သူဟာ အခန်းတခန်းထဲမှာ အိပ်ပျော်နေခဲ့ပြီး Nuraina ဟာ မီးခိုးငွေ့တွေကြားထဲမှ ညီမဖြစ်သူကို ကယ်တင်နိုင်ရန် ဆန္ဒပြင်းပြနေခဲ့ပါတယ်၊သူ့ရဲ့ကြိုးစားမှုကအရာရောက်ခဲ့ပါတယ်။

၃၈နှစ်အရွယ် မိဘ နှစ်ပါးဖြစ်သူ Wan Ahmad Faiz Wan Shamsudinနှင့်Nur Zalina Mahd Fauizတို့က သူမအား အခန်းထဲပိတ်မိနေသောတစ်နှစ်နဲ့သုံးလ အရွယ်သာရှိတဲ့ညီမကို ၎င်းနည်းကဲ့သို့ တုံပြန်လိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး၊”သူမဟာ မသန်စွမ်းသော်လည်း မိသားစုအထူးသဖြင့် မောင်နှမတွေကို ကောင်းကောင်း ဂရုစိုက်ခြင်းဖြင့် ကူညီနိုင်ပါတယ်”ဟု ဆိုပါတယ်၊

အကယ်၍သူမသာ လျင်မြန်စွာ မတုံပြန်နိုင်ခဲ့လျှင် ညီမဖြစ်သူအတွက်မတွေးရဲစရာပါဘဲ၊ဒါကြောင့် Nurainaကို ကျေးဇူးတင်ပြီး ချီးကျူးမိပါတယ်၊အမကြီး အမိရာဆို သလို ညီမငယ်အား ကယ်တင်နိုင်ခဲ့ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment