Jasmine (Mckzone Daily)
Source: boredpanda
Unicode
ခွေးလေးတွေဟာ လူသားတွေအတွက် အရမ်းအထောက်အကူပြုပါတယ်၊သူတို့လေးတွေဟာ သစ္စာရှိပြီး ပိုင်ရှင်သာလျှင် တကမ္ဘာ လို့သာခံယူတတ်ကြပါတယ်၊၁၂နှစ်အရွယ် Taoခေါ်golden retriever ခွေးလေးဟာ glaucoma ရောဂါကြောင့် မျက်လုံးနှစ်ဖက်ကို ဆုံးရှုံးခဲ့ရတယ်၊သူ့မှာ Okoဆိုတဲ့ အားကိုးရတဲ့ အဖော်ကောင်းလေးလဲရှိနေပါတယ်၊လွန်ခဲ့တဲ့နှစ်,မနက်ခင်းတခုမှာ Taoဟာ အခြေအနေကောင်းနေခဲ့ပြီး ညခင်းရောက်လာတော့ သူ့ခေါင်းကို စပြီးလှုပ်ရမ်းလာကာ (ခွေးလေးတွေ နာကျင်ခံစားရရင် လုပ်တတ်သော အမူအရာ)နာရီပိုင်း အကြာမှာ သူ့ရဲ့ မျက်လုံးတစ်ဖက်ကို ဆုံးရှုံးခဲ့ရပြီး ဇန်နဝါရီလမှာတော့ ကျန်မျက်လုံးတစ်ဖက်ကို ဆုံးရှုံးလိုက်ရပြန်တယ်လို့ ပိုင်ရှင် ဖြစ်သူ Melanie Jackson ကဆိုပါတယ်။
ဒါပေမဲ့ ခွေးလေး ဟာ ကိုယ့်ကိုယ်ကို အမြန်ဆုံး အားပေးနှစ်သိမ့်နိုင်ခဲ့ပါတယ်၊ပိုင်ရှင်က Tao အတွက် ၈ပတ်သား အရွယ်သာရှိတဲ့ Okoလေးကို ဝယ်ယူခဲ့တယ်၊သူလေးဟာ Taoလေးအတွက် အမြဲအသင့်ရှိနေကာ မျက်လုံးတစုံသကဲ့သို့ စိတ်တူကိုယ်တူရှိပြီး လမ်းပြကောင်းလေးအဖြစ် ရှိနေပါတယ်၊၊
အခုဆိုရင် ၁၇ပတ်သားလေးOkoနှင့် Taoတို့ဟာ သူငယ်ချင်း၊ သားအဖသံယောဇဉ်တဖွယ်ရှိပြီး လူမှု့ကွန်ရက်ပေါ်မှာလဲ လူချစ်လူခင်ပေါများတဲ့ ခွေးကလေးတွေ ဖြစ်နေပါပြီ။
Jasmine (Mckzone Daily)