ကြိုတင်စဉ်းစားတွေးခေါ်ခြင်းမရှိဘဲ မေ့လျော့နေခဲ့လို့ ဒုက္ခများခဲ့တဲ့အမျိုးသား


1

2

3

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

အလုပ်ကိုလေးလေးနက်နက် လုပ်ကိုင်နေတဲ့အမျိုးသားတွေဟာ အတော်လေးတည်ကြည်ခန့်ညားတယ်လို့ပြောရမှာပါပဲ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသားကိုတော့ အလုပ်ကိုလေးလေးနက်နက်ထားပြီး လုပ်ကိုင်နေပေမဲ့ နောက်ဆုံး ကိုယ့်အခြေအနေကို ကိုယ်မေ့နေခဲ့တဲ့ပုံပါပဲ ။ အကြောင်းကတော့ သံဂဟေဆော်နေရင်းနဲ့ သံချောင်းတွေအကြာ ဦးခေါင်းထိုးထည့်ထားတာကို သတိမရဘဲ သံချောင်းတွေကို ဂဟေဆော်နေခဲ့တာပါ ။ နောက်ဆုံး အလုပ်အားလုံးပြီးခါမှ လည်းပင်က သံချောင်းတွေထဲ ညှပ်ပြီး ခံနေမှန်း သတိထားမိခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါ သံချောင်းတွေကို ပြန်ဖျက်ဖို့ ဘယ်လိုလုပ်လို့ လုပ်ရမှန်းမသိတဲ့ အဆိုပါအမျိုးသားရဲ့အဖြစ်ဟာ အတော်လေးကိုရယ်စရာဟာသတစ်ခုလိုဖြစ်နေခဲ့ပါတော့တယ် ။ ဒါကြောင့် ကြိုတင်စဉ်းစားခြင်းမရှိဘဲ ၊ မေ့လျော့ပြီး အလုပ်လုပ်ကိုင်မယ်ဆိုရင်အလုပ်က အရာမရောက်ဘဲ ၊ ဒုက္ခများမဲ့အဖြစ်ကို ယခုဖော်ပြထားတဲ့အမျိုးသားရဲ့အဖြစ်က သက်သေပြနေသလိုပါပဲလေ ။

Jasmine (Mckzone Daily)

  • Leave a Comment