ရေတွင်းငယ်လေးထဲ ပြုတ်ကျသွားတဲ့ ကလေးငယ်ရဲ့ ထိတ်လန့်အံ့သြဖွယ်အဖြစ် (ရုပ်သံ)


1

2

3

4

Jasmine (Mckzone Daily)

Source: rte

Unicode

တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsuပြည်နယ် Changzhouမြို့ အင်္ဂါနေ့က ရွာတစ်ရွာရှိ ၄နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးဟာ ရေတွင်းဘေး အဝတ်လျှော်ရင်း အလုပ်များနေတဲ့ အစ်မဖြစ်သူရဲ့ မျက်စိကွယ်ရာမှာရှိနေခဲ့တာကြောင့် ရေတွင်းထဲ မတော်တဆ ပြုတ်ကျသွားခဲ့ပြီး အစ်မဖြစ်သူဟာ ကယ်ဆယ်ရေးအဖွဲ့ကို အမြန်ဆုံးဆက်သွယ်ခဲ့ပါတယ် ။ အစ်မဖြစ်သူနဲ့ အိမ်နီးချင်းတွေက အိမ်ရာခင်းကို ကြိုးအဖြစ် အသုံးပြုကာ ရေတွင်းသို့ ပစ်ချပေးခဲ့ပြီး ထိုကြိုးနဲ့ ရေတွင်းထဲရှိရေပုံးက ကယ်ဆယ်ရေးအဖွဲ့ရောက်လာတဲ့အချိန်ထိ သူမအား ထိန်းထားပေးနိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဟာ သူမကို ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်တဲ့ကျန်းမာရေးကုသမှုလည်း ခံယူစေခဲ့ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment