မိသားစုနဲ႔အဆက္အသြယ္မျပတ္ရန္ Wi-Fi free ရတဲ့ေျမေအာက္ရထားဘူတာဆီ ညတိုင္းလမ္းေလ်ွာက္သြားခဲ့ရတဲ့ အမ်ိဳးသား

တ႐ုတ္ျပည္ရွိ Ge Yuanzheng ဆိုသူ ေရြ႕ေျပာင္းလုပ္သား တစ္ဦးဟာ ေျမေအာက္ရထားဘူတာသို့ သြားကာ အခမဲ့ Wi-Fi အသုံးျပဳရင္း မိသားစုဝင္ေတြနဲ႔ ညတိုင္း စကားေျပာေနရပါတယ္၊၊သူဟာ ေအာက္တိုဘာလ တ႐ုတ္ျပည္ အလယ္ပိုင္းရွိ ဟီနန္ျပည္နယ္ကေန ရွန္ဟိုင္းၿမိဳ့ကို ေရာက္ရွိလာတာပါ။ေဆာက္လုပ္ေရးလုပ္သားျဖစ္တဲ့ သူဟာ တစ္ရက္ကို တ႐ုတ္ယြမ္ ၂၀၀ကေန ၃၀၀အထိရရွိကာလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အတူ အေဆာင္မွာေနရၿပီး ကိုယ္ပိုင္ အင္တာနက္ သုံးစြဲရန္အတြက္လည္း မတတ္နိုင္ပါဘူး။”ကၽြန္ေတာ္ ပိုက္ဆံမျဖဳန္းခ်င္ဘူး၊ဒါေပမဲ့ အိမ္နဲ႔မိသားစုကို သတိရၿပီး စကားေျပာခ်င္တယ္”ဟုဆိုပါတယ္။

မိသားစုနဲ႔ အဆက္အသြယ္မျပတ္ရွိေစခ်င္တာေၾကာင့္ ည၇နာရီသို့မဟုတ္ ၈နာရီအခ်ိန္ ညတိုင္း ေျမေအာက္ရထားဘူတာမွာ အဆက္အသြယ္ျပဳလုပ္ေနရၿပီး ထိုကဲ့သို့ ျပဳလုပ္ေနရေၾကာင္းကို ဇနီးျဖစ္သူက သိလိုက္ရတာေၾကာင့္ သူမဟာ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။၂၀၁၆ခုႏွစ္ တ႐ုတ္နိုင္ငံရွိျပည္နယ္မ်ားမွ ေမြးရပ္ေျမကို စြန္႔ခြါခဲ့ၾကတဲ့ မွတ္ပုံတင္ၿပီး ေရြ႕ေျပာင္းလုပ္သားေပါင္း ၇၆.၆၆သန္းအနက္မွ တစ္ဦးအပါအဝင္ျဖစ္ပါတယ္။

အလုပ္ခြင္မွာ အလုပ္လုပ္ေနၿပီးျဖစ္တဲ့ သားတစ္ဦး၊တစ္ႏွစ္ကို တ႐ုတ္ယြမ္ ၃၀,၀၀၀ရရွိၿပီး သူနာျပဳသင္တန္း ဆရာမျဖစ္တဲ့ သမီးငယ္တစ္ဦးလဲ ရွိပါတယ္။အိမ္ေထာင္ဦးစီးတစ္ေယာက္ပီသတဲ့ Geဟာ တ႐ုတ္ႏွစ္သစ္ကူးပိတ္ရက္ အိမ္ျပန္နိုင္ရန္၊ခ်စ္ဇနီးေလးဖို့လည္း ဖုန္းအသစ္တစ္လုံး ဝယ္နိုင္ရန္အတြက္လဲ စီစဥ္ထားပါေသးတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်ပြည်ရှိ Ge Yuanzheng ဆိုသူ ရွေ့ပြောင်းလုပ်သား တစ်ဦးဟာ မြေအောက်ရထားဘူတာသို့ သွားကာ အခမဲ့ Wi-Fi အသုံးပြုရင်း မိသားစုဝင်တွေနဲ့ ညတိုင်း စကားပြောနေရပါတယ်၊၊သူဟာ အောက်တိုဘာလ တရုတ်ပြည် အလယ်ပိုင်းရှိ ဟီနန်ပြည်နယ်ကနေ ရှန်ဟိုင်းမြို့ကို ရောက်ရှိလာတာပါ။ဆောက်လုပ်ရေးလုပ်သားဖြစ်တဲ့ သူဟာ တစ်ရက်ကို တရုတ်ယွမ် ၂၀၀ကနေ ၃၀၀အထိရရှိကာလုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ အဆောင်မှာနေရပြီး ကိုယ်ပိုင် အင်တာနက် သုံးစွဲရန်အတွက်လည်း မတတ်နိုင်ပါဘူး။”ကျွန်တော် ပိုက်ဆံမဖြုန်းချင်ဘူး၊ဒါပေမဲ့ အိမ်နဲ့မိသားစုကို သတိရပြီး စကားပြောချင်တယ်”ဟုဆိုပါတယ်။

မိသားစုနဲ့ အဆက်အသွယ်မပြတ်ရှိစေချင်တာကြောင့် ည၇နာရီသို့မဟုတ် ၈နာရီအချိန် ညတိုင်း မြေအောက်ရထားဘူတာမှာ အဆက်အသွယ်ပြုလုပ်နေရပြီး ထိုကဲ့သို့ ပြုလုပ်နေရကြောင်းကို ဇနီးဖြစ်သူက သိလိုက်ရတာကြောင့် သူမဟာ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။၂၀၁၆ခုနှစ် တရုတ်နိုင်ငံရှိပြည်နယ်များမှ မွေးရပ်မြေကို စွန့်ခွါခဲ့ကြတဲ့ မှတ်ပုံတင်ပြီး ရွေ့ပြောင်းလုပ်သားပေါင်း ၇၆.၆၆သန်းအနက်မှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

အလုပ်ခွင်မှာ အလုပ်လုပ်နေပြီးဖြစ်တဲ့ သားတစ်ဦး၊တစ်နှစ်ကို တရုတ်ယွမ် ၃၀,၀၀၀ရရှိပြီး သူနာပြုသင်တန်း ဆရာမဖြစ်တဲ့ သမီးငယ်တစ်ဦးလဲ ရှိပါတယ်။အိမ်ထောင်ဦးစီးတစ်ယောက်ပီသတဲ့ Geဟာ တရုတ်နှစ်သစ်ကူးပိတ်ရက် အိမ်ပြန်နိုင်ရန်၊ချစ်ဇနီးလေးဖို့လည်း ဖုန်းအသစ်တစ်လုံး ဝယ်နိုင်ရန်အတွက်လဲ စီစဉ်ထားပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment