ရည္းစားေဟာင္းက လက္ေဆာင္ေပးလိုက္တဲ့ဆဲဆိုထားတဲ့စကားလံုးပါတဲ့အက်ႌကို ဘားမွမသိဘဲ ေအာင္ႏိုင္သူအျပံဳးနဲ႔ ဝတ္ဆင္ခဲ့မိသူရဲ႕အျဖစ္

ကိုယ္ေသခ်ာနားမလည္တဲ့ အရာတစ္ခုကို တစ္ႀကိမ္တည္းနဲ႔ လက္လြတ္စပယ္ မဆုံးျဖတ္ဘဲ ႏွစ္ႀကိမ္ေလာက္ေတာ့ ျပန္စစ္ေဆးသင့္ပါတယ္။လြန္ခဲ့တဲ့ႏွစ္ကအမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ့ တီရွပ္အကၤ်ီအသစ္ကို ဝတ္ဆင္ကာ လမ္းမေပၚမွာ ႂကြားလုံးထုတ္ခဲ့ပါတယ္။ေဟာလိုဝင္းညတစ္ညမွာ twitter အသုံးျပဳသူ @brohsen ဆိုသူဟာ ရည္းစားေဟာင္းထံမွ အကၤ်ီအသစ္တထည္ ရရွိခဲ့တဲ့ အမ်ိဳးသားတစ္ဦးရဲ့ပုံကို လူမွုကြန္ရက္ေပၚ မၽွေဝခဲ့တယ္။အကၤ်ီေပၚက စာသားဟာ “ခ်စ္တယ္”လို့ အဓိပၸာယ္ရတယ္လို့ ရည္းစားေဟာင္းက ေျပာခဲ့ေပမဲ့ သူကေတာ့ “လွပျခင္း”လို့ ထင္ပုံရပါတယ္။တြစ္တာမွာ ရယ္စရာ အျဖစ္အပ်က္တခု မျဖစ္ခင္ထိ သူ႔အတြက္ေတာ့ အခ်စ္ေတြ ေဝဆာေနခဲ့တယ္။

“BHENCHOD”ဆိုတဲ့ စကားလုံးဟာ ပန္ခ်ာ ဘာသာစကားမွာေတာ့ ရိုင္းစိုင္းတဲ့အသုံးအႏွုန္း ျဖစ္ပုံထင္ရပါတယ္။လူတကာရဲ့ အျမင္မွာ သူဟာဘယ္လိုေတာင္ ေပါ့တိေပါ့ျပတ္နိုင္လြန္းခဲ့မလဲ။အျပစ္မရွိတဲ့အျပဳံးေလးနဲ႔ သနားစရာေကာင္းေနတဲ့ အမ်ိဳးသားကေတာ့ သူဘာေတြ ဝတ္ထားလဲဆိုတာကို ရွင္းရွင္းလင္းလင္း သိပုံမရပါဘူး။@brohsenကေတာ့ ပုံတင္ၿပီးတဲ့ ေနာက္မွာေတာ့ ျပန္စာေတြ ေထာင္ခ်ီရရွိခဲ့ၿပီး တြစ္တာမွာလည္း ဟိုေလးတေက်ာ္ျဖစ္သြားခဲ့ပါတယ္။

သနားစရာအမ်ိဳးသားနဲ႔ ရည္းစားေဟာင္းတို့ႏွစ္ဦးၾကား ဘယ္လို အျဖစ္အပ်က္ေတြ ျဖစ္ပ်က္ခဲ့တယ္ဆိုတာကိုေတာ့ ခန္႔မွန္းမိၾကေလာက္မွာပါ။တခ်ိဳ့ကေတာ့ စက္ဆုပ္ဖြယ္အေၾကာင္းအရာနဲ႔ ထင္ေၾကးေပးထားၾကပါေသးတယ္။ဝမ္းနည္းဖို့ေကာင္းတာက သူ႔ရဲ့မေမ့နိုင္စရာေကာင္းတဲ့လက္ေဆာင္ပစၥည္းနဲ႔ အခုခ်ိန္ ဘယ္လိုေတြျဖစ္ေနမလဲဆိုတာကိုပါ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

ကိုယ်သေချာနားမလည်တဲ့ အရာတစ်ခုကို တစ်ကြိမ်တည်းနဲ့ လက်လွတ်စပယ် မဆုံးဖြတ်ဘဲ နှစ်ကြိမ်လောက်တော့ ပြန်စစ်ဆေးသင့်ပါတယ်။လွန်ခဲ့တဲ့နှစ်ကအမျိုးသားတစ်ဦးဟာ သူ့ရဲ့ တီရှပ်အင်္ကျီအသစ်ကို ဝတ်ဆင်ကာ လမ်းမပေါ်မှာ ကြွားလုံးထုတ်ခဲ့ပါတယ်။ဟောလိုဝင်းညတစ်ညမှာ twitter အသုံးပြုသူ @brohsen ဆိုသူဟာ ရည်းစားဟောင်းထံမှ အင်္ကျီအသစ်တထည် ရရှိခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ပုံကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့တယ်။အင်္ကျီပေါ်က စာသားဟာ “ချစ်တယ်”လို့ အဓိပ္ပာယ်ရတယ်လို့ ရည်းစားဟောင်းက ပြောခဲ့ပေမဲ့ သူကတော့ “လှပခြင်း”လို့ ထင်ပုံရပါတယ်။တွစ်တာမှာ ရယ်စရာ အဖြစ်အပျက်တခု မဖြစ်ခင်ထိ သူ့အတွက်တော့ အချစ်တွေ ဝေဆာနေခဲ့တယ်။

“BHENCHOD”ဆိုတဲ့ စကားလုံးဟာ ပန်ချာ ဘာသာစကားမှာတော့ ရိုင်းစိုင်းတဲ့အသုံးအနှုန်း ဖြစ်ပုံထင်ရပါတယ်။လူတကာရဲ့ အမြင်မှာ သူဟာဘယ်လိုတောင် ပေါ့တိပေါ့ပြတ်နိုင်လွန်းခဲ့မလဲ။အပြစ်မရှိတဲ့အပြုံးလေးနဲ့ သနားစရာကောင်းနေတဲ့ အမျိုးသားကတော့ သူဘာတွေ ဝတ်ထားလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိပုံမရပါဘူး။@brohsenကတော့ ပုံတင်ပြီးတဲ့ နောက်မှာတော့ ပြန်စာတွေ ထောင်ချီရရှိခဲ့ပြီး တွစ်တာမှာလည်း ဟိုလေးတကျော်ဖြစ်သွားခဲ့ပါတယ်။

သနားစရာအမျိုးသားနဲ့ ရည်းစားဟောင်းတို့နှစ်ဦးကြား ဘယ်လို အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကိုတော့ ခန့်မှန်းမိကြလောက်မှာပါ။တချို့ကတော့ စက်ဆုပ်ဖွယ်အကြောင်းအရာနဲ့ ထင်ကြေးပေးထားကြပါသေးတယ်။ဝမ်းနည်းဖို့ကောင်းတာက သူ့ရဲ့မမေ့နိုင်စရာကောင်းတဲ့လက်ဆောင်ပစ္စည်းနဲ့ အခုချိန် ဘယ်လိုတွေဖြစ်နေမလဲဆိုတာကိုပါ။

Jasmine (Mckzone Daily)

  • Leave a Comment