1နှစ်ခွဲအရွယ်ကလေးငယ်က အငိုမတိတ်လို့ဆိုပြီးသေဆုံးတဲ့ထိရိုက်နှက်ခဲ့ကြတဲ့ ဆယ်ကျော်သက်မိန်းကလေး4ယောက်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လက်ရှိအဆင်ပြေဖို့သာစိတ်ကူးကြပြီး နောက်ပိုင်းဖြစ်လာမဲ့ပြသာနာတွေကိုဂရုစိုက်ဘဲ စိတ်စေရာထင်ရာ ပြုလုပ်တတ်တဲ့ ဆယ်ကျော်သက်တွေရဲ့ ပြစ်မှုတွေကတစ်ဖြည်းဖြည်းဆိုးရွားလို့လာနေပါတယ် ။ ဒီတစ်ခါမှာလည်း မလေးရှားနိုင်ငံ Sabah ပြည်နယ်က ဆယ်ကျော်သက်မိန်းကလေး4ယောက်ဟာ 1နှစ်နဲ့8လသားအရွယ်ကလေးငယ်ကို သေတဲ့အထိအနိုင်ကျင့်ကာရိုက်နှက်ခဲ့ကြပါတယ် ။ အဆိုပါ မိန်းကလေး 4ယောက်ဟာ အသက် 16နှစ် နှင့် 19နှစ်ကြားအရွယ် မိန်းကလေးတွေဖြစ်ကြပြီး တစ်အိမ်ထဲအတူနေတဲ့ကလေးငယ်၏မိခင်ဖြစ်သူက အဝေးတစ်နေရာသွားဖို့ကိစ္စရှိလာခဲ့၍ ကလေးငယ်ကိုအဆိုပါမိန်းကလေးများကို ခဏတစ်ဖြုတ်ကြည့်ရှုပေးဖို့ အပ်ထားခဲ့ပါတယ် ။ သို့ပေမဲ့ ပြီးခဲ့တဲ့ Septemberလ 20ရက်နေ့က ကလေးဖြစ်သူမှာအတော်လေးကိုအားအင်တွေဆုတ်ယုတ်နေခဲ့ပြီး အသားရေများကလည်း ဖြူ ဖပ်ဖြူ ရော်ဖြစ်နေတာကို မိခင်ဖြစ်သူကသတိထားမိသွားခဲ့ပါတယ် ။အဆိုပါမိန်းကလေးများဟာ ကလေးငယ်ကိုကြမ်းကြမ်းတမ်းတမ်းရိုက်နှက်ပြီး ကိုင်တွယ်ခဲ့ကြကြောင်း မျက်မြင်သက်သေတစ်ယောက်the star သတင်းဌာနကိုပြောကြားခဲ့ပါတယ် ။ ကလေးငယ်၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများဟာ ဆယ်ကျော်သက်မိန်းကလေးများ၏ ရိုက်နှက်ခြင်း ၊ ထိုးကြိတ်ခြင်း ၊ ကန်ကျောက်ခြင်း နှင့် မွေ့ရာပေါ်တွင်ပစ်ပေါက်ခဲ့ခြင်းတို့မှ ရရှိခဲ့တာဖြစ်ပြီး ထို့အပြင်မိန်းကလေးတစ်ယောက်မှာ ကလေးငယ်၏ကျောပေါ် တက်နင်းခဲ့သေးကြောင်းလည်း သိရှိရပါတယ် ။ သူတို့ကလေးငယ်ကို မွေ့ရာပေါ်မှဆွဲချချိန်မှာ ကလေးငယ်၏မျက်နှာမှာ ကုတင်ဘောင်နှင့် ရိုက်မိခဲ့သေးကြောင်း သိရှိရပါတယ် ။ ကလေးငယ်ဟာ ဆေးရုံသို့ရောက်ရှိခဲ့ချိန်မှာတော့ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့်ပြည့်နှက်နေခဲ့ပြီး ကံဆိုးစွာနဲ့ပဲ ဒဏ်ရာများဟာမသက်သာနိုင်တော့ဘဲ ညနေပိုင်းမှာပဲကလေးငယ်ဟာ အသက်ဆုံးရှုံးသွားခဲ့ရပါတယ် ။

ထို့အပြင် အဆိုပါမိန်းကလေးများဟာနိုင်ငံခြားသူများဖြစ်ကြပြီး ၊ ပြစ်မှုဖြစ်ပွားချိန်မှာ မူးယစ်ဆေးဝါးများသုံးစွဲခဲ့ကြောင်းလည်း ထွက်ဆိုခဲ့ကြပါတယ် ။ ရဲအရာရှိများကလည်း ကလေးငယ်သေဆုံးရခြင်းရဲ့အဓိကအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါတယ် ။

ရဲအရာရှိများ၏ပြောကြားချက်အရ ကလေးငယ်ဟာလုံးဝအငိုမတိတ်ခဲ့တဲ့အတွက် မိန်းကလေးငယ်များက အဆိုပါပြစ်မှုမျိုးကိုကျူ းလွန်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် မိန်းကလေးငယ်များက၎င်းတို့၏လုပ်ရပ်များအတွက် အတော်လေးနောင်တရမိကြောင်း ထွက်ဆိုခဲ့ပါသေးတယ် ။ မိန်းကလေးငယ်တွေဟာ သူတို့ကိုဖမ်းဆီးခဲ့ချိန်ကတည်းကစပြီး မရပ်မနားတမ်းငိုယိုနေခဲ့ကြောင်းလည်း သိရှိရပါတယ် ။ စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးချိန်မှာတော့ အဆိုပါမိန်းကလေးအုပ်စုဟာ ထောင်ဒဏ်ကျခံရနိုင်ချေရှိကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "1နှစ်ခွဲအရွယ်ကလေးငယ်က အငိုမတိတ်လို့ဆိုပြီးသေဆုံးတဲ့ထိရိုက်နှက်ခဲ့ကြတဲ့ ဆယ်ကျော်သက်မိန်းကလေး4ယောက်"

Leave a comment

Your email address will not be published.


*