ေဖ်ာ္ေျဖတင္ဆက္ေနစဥ္ စင္ေပၚကေန မထနိုင္ဘဲ အိပ္ေမာက်ေနခဲ့တဲ့ ခ်စ္စရာမူႀကိဳေက်ာင္းသူေလး ( ႐ုပ္သံ)

ေက်ာင္းကပြဲေဖ်ာ္ေျဖတင္ဆက္ေနရင္း အိပ္ခ်င္မူးတူးနဲ႔ ႏွစ္ႀကိမ္ထပ္မက အိပ္ငိုက္ခဲ့တဲ့ ၃ႏွစ္အရြယ္မူႀကိဳေက်ာင္းသူေလးရဲ့ ဗီဒီယိုဖိုင္ဟာ လူမွုကြန္ရက္ေပၚ ခ်က္ခ်င္းပ်ံ႕ႏွံသြားခဲ့ပါတယ္။Shanghaiish သတင္းအရ ဒီေဖ်ာ္ေျဖပြဲကို ယခုလအေစာပိုင္းေလာက္က မြန္ဂိုလီးယားနိုင္ငံ Hulumbuir ၿမိဳ့ရွိ ေက်ာင္းတစ္ေက်ာင္းမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ပရိတ္သတ္ တစ္ဦးက ေတာက္ပတဲ့ေရာင္စုံဝတ္ဆင္ထားၿပီး ခ်စ္စရာ့ တီးလုံးသံစဥ္ေနာက္ လိုက္ကေနၾကတဲ့ အကအဖြဲ႕ထဲမွ စင္ျမင့္ထက္ ၾကမ္းျပင္တစ္ေနရာမွာ ေမွာက္လၽွက္အေနအထားနဲ႔ အိပ္ေပ်ာ္ေနတဲ့ ကေလးမေလးကို ႐ုတ္တရက္ သတိထားမိလိုက္ပါတယ္။ထိုကေလးမ အိပ္ေပ်ာ္ေနပုံဟာ ခန္းမထဲရွိ ပရိသတ္ေတြအတြက္ ဟာသတခုလိုျဖစ္ကာ ရယ္ေမာခဲ့ၾကပါတယ္။

ထို့ေနာက္ ပြဲစီစဥ္သူေတြက သီခ်င္းကို ရပ္တန္႔ခိုင္းၿပီး ဝန္ထမ္းနစ္ဦးအား စင္ေပၚသို့ အျမန္တက္ခိုင္းကာ အိပ္ေပ်ာ္ေနတဲ့ အလွေလးအား နိုးေစခဲ့ၿပီး သီခ်င္းကို အစျပန္စကာ ေဖ်ာ္ေျဖမွုကို ဆက္က်င္းပေစခဲ့ပါတယ္။ဒါေပမဲ့ ကေလးမေလးဟာ ေနာက္တစ္ႀကိမ္ထပ္လဲက်ျပန္တယ္၊၊အဲလိုနဲ႔ ထပ္ခါတလဲလဲ ျဖစ္ေနတာေၾကာင့္ အေစာက ဝန္ထမ္းႏွစ္ဦးက အလ်င္စလို မခ်ဥ္းကပ္ေတာ့ဘဲ ေဘးကေန အရိပ္တၾကည္ၾကည္သာၾကည့္ေနခဲ့ရတဲ့ပုံဟာ ရယ္စရာတစ္ခုလို ျဖစ္ေနခဲ့ျပန္ပါတယ္။

ကေလးမ်ားရဲ့ စကားအရ သူတို့ဟာ အစမ္းေလ့က်င့္ဖို့ မနက္၆နာရီထခဲ့ရတာေၾကာင့္ ကေလးမေလးအတြက္ စင္ျမင့္ေပၚ ေဖ်ာ္ေျဖေနခ်ိန္အတြင္း အိပ္ေပ်ာ္ရန္ အရမ္းေကာင္းတဲ့ အေၾကာင္းျပခ်က္ေလးရွိေနခဲ့ပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

ကျောင်းကပွဲဖျော်ဖြေတင်ဆက်နေရင်း အိပ်ချင်မူးတူးနဲ့ နှစ်ကြိမ်ထပ်မက အိပ်ငိုက်ခဲ့တဲ့ ၃နှစ်အရွယ်မူကြိုကျောင်းသူလေးရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ် ချက်ချင်းပျံ့နှံသွားခဲ့ပါတယ်။Shanghaiish သတင်းအရ ဒီဖျော်ဖြေပွဲကို ယခုလအစောပိုင်းလောက်က မွန်ဂိုလီးယားနိုင်ငံ Hulumbuir မြို့ရှိ ကျောင်းတစ်ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ပရိတ်သတ် တစ်ဦးက တောက်ပတဲ့ရောင်စုံဝတ်ဆင်ထားပြီး ချစ်စရာ့ တီးလုံးသံစဉ်နောက် လိုက်ကနေကြတဲ့ အကအဖွဲ့ထဲမှ စင်မြင့်ထက် ကြမ်းပြင်တစ်နေရာမှာ မှောက်လျှက်အနေအထားနဲ့ အိပ်ပျော်နေတဲ့ ကလေးမလေးကို ရုတ်တရက် သတိထားမိလိုက်ပါတယ်။ထိုကလေးမ အိပ်ပျော်နေပုံဟာ ခန်းမထဲရှိ ပရိသတ်တွေအတွက် ဟာသတခုလိုဖြစ်ကာ ရယ်မောခဲ့ကြပါတယ်။

ထို့နောက် ပွဲစီစဉ်သူတွေက သီချင်းကို ရပ်တန့်ခိုင်းပြီး ဝန်ထမ်းနစ်ဦးအား စင်ပေါ်သို့ အမြန်တက်ခိုင်းကာ အိပ်ပျော်နေတဲ့ အလှလေးအား နိုးစေခဲ့ပြီး သီချင်းကို အစပြန်စကာ ဖျော်ဖြေမှုကို ဆက်ကျင်းပစေခဲ့ပါတယ်။ဒါပေမဲ့ ကလေးမလေးဟာ နောက်တစ်ကြိမ်ထပ်လဲကျပြန်တယ်၊၊အဲလိုနဲ့ ထပ်ခါတလဲလဲ ဖြစ်နေတာကြောင့် အစောက ဝန်ထမ်းနှစ်ဦးက အလျင်စလို မချဉ်းကပ်တော့ဘဲ ဘေးကနေ အရိပ်တကြည်ကြည်သာကြည့်နေခဲ့ရတဲ့ပုံဟာ ရယ်စရာတစ်ခုလို ဖြစ်နေခဲ့ပြန်ပါတယ်။

ကလေးများရဲ့ စကားအရ သူတို့ဟာ အစမ်းလေ့ကျင့်ဖို့ မနက်၆နာရီထခဲ့ရတာကြောင့် ကလေးမလေးအတွက် စင်မြင့်ပေါ် ဖျော်ဖြေနေချိန်အတွင်း အိပ်ပျော်ရန် အရမ်းကောင်းတဲ့ အကြောင်းပြချက်လေးရှိနေခဲ့ပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "ေဖ်ာ္ေျဖတင္ဆက္ေနစဥ္ စင္ေပၚကေန မထနိုင္ဘဲ အိပ္ေမာက်ေနခဲ့တဲ့ ခ်စ္စရာမူႀကိဳေက်ာင္းသူေလး ( ႐ုပ္သံ)"

Leave a comment

Your email address will not be published.


*