တိရိစၧာန္႐ုံ႐ွိအေကာင္ေလးေတြထံ သြားေရာက္လည္ပတ္ခြင့္ အခမဲ့ရ႐ွိခဲ့တဲ့ အိမ္ေမြးတိရစာၦန္ေလးေတြ (႐ုပ္သံ)

လူသားေတြဟာ ယခုလို ေရာဂါကာလအတြင္း ဘယ္မွမသြားနိုင္ဘဲ အိမ္ထဲမွာသာ ပိတ္ေလွာင္ခံေနၾကရၿပီး ေတာတြင္းတိရိစၧာန္ေလးေတြအတြက္ကေတာ့ လြတ္လပ္ၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ အခ်ိန္လိုျဖစ္ေနပါတယ္။သူတို့ေလးေတြဟာ လူသူကင္းမဲ့ေနတဲ့လမ္း ဒါမဟုတ္ လစ္ဟာေနတဲ့ ကုန္တိုက္ႀကီးေတြမွာ တေရးတေမာ အိပ္စက္နိုင္ရန္အတြက္ အခြင့္အေရးတစ္ခုတဖြယ္ျဖစ္ေနပါတယ္။အထူးသျဖင့္ တိရိစၧာန္႐ုံက တိရိစၧာန္ေလးေတြ အတြက္ကေတာ့ အေပ်ာ္ရႊင္ဆုံး အခ်ိန္တစ္ခုလိုပါဘဲ၊၊အေဆာက္အဦးတစ္ခုမွာ တစ္တမတ္တည္း ေနထိုင္ခဲ့ရၿပီး အခုခ်ိန္မွာေတာ့ တျခား မိတ္ေဆြေလးေတြနဲ႔ ေတြ႕ဆုံဖို့ အခြင့္အေရးၾကဳံလာပါတယ္။အိမ္ေမြးတိရိစၧာန္အမ်ိဳးအစားျဖစ္တဲ့ ေခြး၊ေၾကာင္ေလးတို့က Sa Antonio တိရိစၧာန္႐ုံသို့ ဧည့္သည္အျဖစ္ ေရာက္ရွိလာပါတယ္။

ၿပီးခဲ့တဲ့လက တကၠဆက္ျပည္နယ္တိရိစၧာန္ ထိန္းသိမ္းကာကြယ္ေရး အဖြဲ႕ဟာ ေခြး၊ေၾကာင္ေလးမ်ားအား တိရိစၧာန္႐ုံသို့ ေခၚေဆာင္ခဲ့ၾကကာ ျခေသၤ့၊က်ားသစ္၊ေမ်ာက္၊သစ္ကုလားအုတ္ အစရွိတဲ့ တိရိစၧာန္ေတြဟာ ေန႔စဥ္ျမင္ေတြ႕ေနရတဲ့ အရာနဲ႔ မတူဘဲ ကြာျပားေနခဲ့တာေၾကာင့္ စိတ္ဝင္တစားရွိကာ ေလ့လာစူးစမ္းခဲ့ၾကၿပီး သူတို့ဟာ အခ်င္းခ်င္း ႐ူရွိုက္ၾကည့္ရင္း အျမႇီးေလးေတြကို လွုပ္ရမ္းေနခဲ့ၾကပါတယ္။တိရိစၧာန္႐ုံမွူးႀကီး Michelle Thorson က”ယခုလို COVID-19 ကာလမွာ ဒီေနရာဟာ တိတ္ဆိတ္ၿငိမ္သက္ေနၿပီး သူတို့ေလးေတြအတြက္ အားလပ္ရက္ရွည္ႀကီးလို ျဖစ္ေနေပမဲ့ မေမၽွာ္လင့္ဘဲ ပိတ္သိမ္းလိုက္ရၿပီးေနာက္ တိရိစၧာန္႐ုံဟာ အေျခအေနမဟန္ဘဲ ခက္ခဲခဲ့ရၿပီး ယခုလို လူမွု့ကြန္ရက္ေပၚ မၽွေဝလိုက္ျခင္းအားျဖင့္ ရန္ပုံေငြ၊အလွူေငြ မ်ားစြာကို လက္ခံရရွိခဲ့ရပါတယ္”ဟု ဆိုထားပါတယ္။

ဘယ္လိုဘဲျဖစ္ျဖစ္ ယခုလိုအခ်ိန္မွာေတာ့ လူသားေတြဘဲ အခက္ေတြ႕ ကာက်ပ္တည္းေနရတာမဟုတ္ဘဲ တိရိစၧာန္ေလးေတြကလည္း တိတ္ဆိတ္မွု၊အထီးက်န္မွုနဲ႔ အစာေရဆာ ျပတ္လပ္မွု တို့ကို ထပ္တူ ၾကဳံေတြ႕ေနၾကရပါတယ္။

Jasmine (Mckzone Daily)

Source: .boredpanda

Unicode

လူသားတွေဟာ ယခုလို ရောဂါကာလအတွင်း ဘယ်မှမသွားနိုင်ဘဲ အိမ်ထဲမှာသာ ပိတ်လှောင်ခံနေကြရပြီး တောတွင်းတိရိစ္ဆာန်လေးတွေအတွက်ကတော့ လွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လိုဖြစ်နေပါတယ်။သူတို့လေးတွေဟာ လူသူကင်းမဲ့နေတဲ့လမ်း ဒါမဟုတ် လစ်ဟာနေတဲ့ ကုန်တိုက်ကြီးတွေမှာ တရေးတမော အိပ်စက်နိုင်ရန်အတွက် အခွင့်အရေးတစ်ခုတဖွယ်ဖြစ်နေပါတယ်။အထူးသဖြင့် တိရိစ္ဆာန်ရုံက တိရိစ္ဆာန်လေးတွေ အတွက်ကတော့ အပျော်ရွှင်ဆုံး အချိန်တစ်ခုလိုပါဘဲ၊၊အဆောက်အဦးတစ်ခုမှာ တစ်တမတ်တည်း နေထိုင်ခဲ့ရပြီး အခုချိန်မှာတော့ တခြား မိတ်ဆွေလေးတွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေးကြုံလာပါတယ်။အိမ်မွေးတိရိစ္ဆာန်အမျိုးအစားဖြစ်တဲ့ ခွေး၊ကြောင်လေးတို့က Sa Antonio တိရိစ္ဆာန်ရုံသို့ ဧည့်သည်အဖြစ် ရောက်ရှိလာပါတယ်။

ပြီးခဲ့တဲ့လက တက္ကဆက်ပြည်နယ်တိရိစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့ဟာ ခွေး၊ကြောင်လေးများအား တိရိစ္ဆာန်ရုံသို့ ခေါ်ဆောင်ခဲ့ကြကာ ခြင်္သေ့၊ကျားသစ်၊မျောက်၊သစ်ကုလားအုတ် အစရှိတဲ့ တိရိစ္ဆာန်တွေဟာ နေ့စဉ်မြင်တွေ့နေရတဲ့ အရာနဲ့ မတူဘဲ ကွာပြားနေခဲ့တာကြောင့် စိတ်ဝင်တစားရှိကာ လေ့လာစူးစမ်းခဲ့ကြပြီး သူတို့ဟာ အချင်းချင်း ရူရှိုက်ကြည့်ရင်း အမြှီးလေးတွေကို လှုပ်ရမ်းနေခဲ့ကြပါတယ်။တိရိစ္ဆာန်ရုံမှူးကြီး Michelle Thorson က”ယခုလို COVID-19 ကာလမှာ ဒီနေရာဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး သူတို့လေးတွေအတွက် အားလပ်ရက်ရှည်ကြီးလို ဖြစ်နေပေမဲ့ မမျှော်လင့်ဘဲ ပိတ်သိမ်းလိုက်ရပြီးနောက် တိရိစ္ဆာန်ရုံဟာ အခြေအနေမဟန်ဘဲ ခက်ခဲခဲ့ရပြီး ယခုလို လူမှု့ကွန်ရက်ပေါ် မျှဝေလိုက်ခြင်းအားဖြင့် ရန်ပုံငွေ၊အလှူငွေ များစွာကို လက်ခံရရှိခဲ့ရပါတယ်”ဟု ဆိုထားပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ယခုလိုအချိန်မှာတော့ လူသားတွေဘဲ အခက်တွေ့ ကာကျပ်တည်းနေရတာမဟုတ်ဘဲ တိရိစ္ဆာန်လေးတွေကလည်း တိတ်ဆိတ်မှု၊အထီးကျန်မှုနဲ့ အစာရေဆာ ပြတ်လပ်မှု တို့ကို ထပ်တူ ကြုံတွေ့နေကြရပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment