“မိဘေတြရဲ႕အမွား ၊ ကားသမားရဲ႕အမွားမဟုတ္ဘူး “ဆိုၿပီးေဝမ်ွထားတဲ့ကေလးကို ကားတိုက္မိတဲ့ (႐ုပ္ / သံ)

ကေလးငယ္ေတြ ကားလမ္းျဖတ္ကူးေတာ့မဲ့အခ်ိန္ေတြဆိုရင္ မိဘေတြက ကေလးရဲ႕လက္ကိုဆြဲၿပီး ျဖတ္ကူးေပးတာ ဒါမွမဟုတ္ လမ္းရဲ႕ ဘယ္ဖက္၊ ညာဖက္ ႏွစ္ဖက္လံုးကိုၾကည့္ၿပီး ကားလမ္းျဖတ္ကူးရမယ္ဆိုၿပီး ကေလးငယ္ေတြကိုသင္ေပးထားရမွာ မိဘတိုင္းရဲ႕တာဝန္ပါ ။ တစ္ခ်ိဳ႕မိဘေတြက်ေတာ့လည္း မ်ားျပားလြန္းလွတဲ့အလုပ္ေတြေၾကာင့္ သားသမီးေတြကိုအခ်ိန္မေပးႏိုင္သလို တခ်ိဳ႕မိဘေတြက်ေတာ့လည္း ကေလးငယ္ကိုျခံဝင္းရဲ႕အျပင္ လမ္းေပၚမွာေတြပါ ေဆာ့ကစားခြင့္ေပးထားတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း MyWatch (@My-CrimeWatch) ဆိုတဲ့အမည္နဲ႔ Twitter စာမ်က္ႏွာတစ္ခုမွာ လမ္းမေပၚ႐ုတ္တရက္ေျပးၿပီး လမ္းကူးလာခဲ့တဲ့ ေကာင္ေလးကိုကားတိုက္မိလိုက္တဲ့ Video ကိုေဝမ်ွသြားခဲ့ပါတယ္ ။ ကားဆရာဟာ လမ္းေထာင့္ကေနကားကိုေကြ႔လာခဲ့ၿပီး လမ္းေျဖာင့္အတိုင္းသာေမာင္းႏွင္ေနခဲ့ရာမွ မီးပြိဳင့္မိေနလို႔ ရပ္ထားတဲ့ကားအတန္းရဲ႕ အဆံုးမွာေတာ့ ေကာင္ေလးဟာလမ္းမေပၚသို႔ ႐ုတ္တရက္ေျပးထြက္လာခဲ့ပါတယ္ ။ ကားအသြာအလာကို လံုးဝမၾကည့္ပဲ ကားေ႐ွ႕တည့္တည့္ေျပးထြက္လာခဲ့တဲ့ ကေလးငယ္ေၾကာင့္ ကားမွာဘရိတ္နင္းခ်ိန္မရလိုက္ပဲ ကေလးငယ္ကိုတိုက္မိခဲ့ပါေတာ့တယ္ ။

အဆိုပါ Video ဟာ ကားဆရာဖက္ကအျမင္ကို လံုးဝ႐ွင္း႐ွင္းလင္းလင္းေဖာ္ျပေပးလိုက္တာပါ ။ ထို႔ေၾကာင့္ Video ကိုၾကည့္မိခဲ့ၾကတဲ့ လူအမ်ားစုမွာေတာ့ အႏၱရာယ္မ်ားမွန္းသိရက္နဲ႔ လမ္းကိုမၾကည့္ပဲကူးခဲ့တဲ့ကေလးကို ျပစ္တင္ခဲ့ၾကပါတယ္ ။ ထို႔အျပင္ လမ္းတစ္ဖက္ကူးၿပီးရင္အျခားတစ္ဖက္ကိုၾကည့္ၿပီးမွ ကူးရမွာပါ ၊ အဲ့လိုကမွ တကယ့္လမ္းျဖတ္ကူးတဲ့နည္းလမ္းအမွန္ပါ ။ ကေလးငယ္လမ္းကူးေနတာကို မိဘေတြကလည္းဒီအတိုင္းပဲ ပစ္ထားရလား ဆိုၿပီးဝိုင္းဝန္းျပစ္တင္ခဲ့ၾကပါတယ္ ။ ထို႔အျပင္ ဒီျဖစ္ရပ္က ကေလးငယ္ရဲ႕မိဘေတြ အမွားဆိုၿပီးေတာ့လည္း comment ေပၚတြင္ေရးသားခဲ့ၾကပါတယ္ ။

အဆိုပါလမ္းေဘးဖက္နားက ေစ်းဆိုင္မွာ႐ွိတဲ့ အဘိုးရဲ႕ေျမးေလးျဖစ္ေနသည့္အတြက္ အဘိုးျဖစ္သူက ကေလးငယ္ကိုေဆးရံုသို႔ အလ်င္အျမန္ေခၚေဆာင္သြားခဲ့ၿပီး ႀကီးႀကီးမားမားဒဏ္ရာရ႐ွိခဲ့ျခင္းမ်ိဳးလည္း မ႐ွိခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။ ကေလးငယ္ နဲ႔ သူ၏မိသားစုဝင္မ်ားကလည္း အဆိုပါအျဖစ္အပ်က္ကို သင္ခန္းစာယူၿပီးေနာက္တစ္ႀကိမ္လမ္းျဖတ္ကူးတဲ့အခ်ိန္ေရာက္ရင္ သတိဝီရိယပို႐ွိၾကမယ္လို႔လည္း ထင္မိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကလေးငယ်တွေ ကားလမ်းဖြတ်ကူးတော့မဲ့အချိန်တွေဆိုရင် မိဘတွေက ကလေးရဲ့လက်ကိုဆွဲပြီး ဖြတ်ကူးပေးတာ ဒါမှမဟုတ် လမ်းရဲ့ ဘယ်ဖက်၊ ညာဖက် နှစ်ဖက်လုံးကိုကြည့်ပြီး ကားလမ်းဖြတ်ကူးရမယ်ဆိုပြီး ကလေးငယ်တွေကိုသင်ပေးထားရမှာ မိဘတိုင်းရဲ့တာဝန်ပါ ။ တစ်ချို့မိဘတွေကျတော့လည်း များပြားလွန်းလှတဲ့အလုပ်တွေကြောင့် သားသမီးတွေကိုအချိန်မပေးနိုင်သလို တချို့မိဘတွေကျတော့လည်း ကလေးငယ်ကိုခြံဝင်းရဲ့အပြင် လမ်းပေါ်မှာတွေပါ ဆော့ကစားခွင့်ပေးထားတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း MyWatch (@My-CrimeWatch) ဆိုတဲ့အမည်နဲ့ Twitter စာမျက်နှာတစ်ခုမှာ လမ်းမပေါ်ရုတ်တရက်ပြေးပြီး လမ်းကူးလာခဲ့တဲ့ ကောင်လေးကိုကားတိုက်မိလိုက်တဲ့ Video ကိုဝေမျှသွားခဲ့ပါတယ် ။ ကားဆရာဟာ လမ်းထောင့်ကနေကားကိုကွေ့လာခဲ့ပြီး လမ်းဖြောင့်အတိုင်းသာမောင်းနှင်နေခဲ့ရာမှ မီးပွိုင့်မိနေလို့ ရပ်ထားတဲ့ကားအတန်းရဲ့ အဆုံးမှာတော့ ကောင်လေးဟာလမ်းမပေါ်သို့ ရုတ်တရက်ပြေးထွက်လာခဲ့ပါတယ် ။ ကားအသွာအလာကို လုံးဝမကြည့်ပဲ ကားရှေ့တည့်တည့်ပြေးထွက်လာခဲ့တဲ့ ကလေးငယ်ကြောင့် ကားမှာဘရိတ်နင်းချိန်မရလိုက်ပဲ ကလေးငယ်ကိုတိုက်မိခဲ့ပါတော့တယ် ။

အဆိုပါ Video ဟာ ကားဆရာဖက်ကအမြင်ကို လုံးဝရှင်းရှင်းလင်းလင်းဖော်ပြပေးလိုက်တာပါ ။ ထို့ကြောင့် Video ကိုကြည့်မိခဲ့ကြတဲ့ လူအများစုမှာတော့ အန္တရာယ်များမှန်းသိရက်နဲ့ လမ်းကိုမကြည့်ပဲကူးခဲ့တဲ့ကလေးကို ပြစ်တင်ခဲ့ကြပါတယ် ။ ထို့အပြင် လမ်းတစ်ဖက်ကူးပြီးရင်အခြားတစ်ဖက်ကိုကြည့်ပြီးမှ ကူးရမှာပါ ၊ အဲ့လိုကမှ တကယ့်လမ်းဖြတ်ကူးတဲ့နည်းလမ်းအမှန်ပါ ။ ကလေးငယ်လမ်းကူးနေတာကို မိဘတွေကလည်းဒီအတိုင်းပဲ ပစ်ထားရလား ဆိုပြီးဝိုင်းဝန်းပြစ်တင်ခဲ့ကြပါတယ် ။ ထို့အပြင် ဒီဖြစ်ရပ်က ကလေးငယ်ရဲ့မိဘတွေ အမှားဆိုပြီးတော့လည်း comment ပေါ်တွင်ရေးသားခဲ့ကြပါတယ် ။

အဆိုပါလမ်းဘေးဖက်နားက ဈေးဆိုင်မှာရှိတဲ့ အဘိုးရဲ့မြေးလေးဖြစ်နေသည့်အတွက် အဘိုးဖြစ်သူက ကလေးငယ်ကိုဆေးရုံသို့ အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပြီး ကြီးကြီးမားမားဒဏ်ရာရရှိခဲ့ခြင်းမျိုးလည်း မရှိခဲ့ကြောင်းသိရှိရပါတယ် ။ ကလေးငယ် နဲ့ သူ၏မိသားစုဝင်များကလည်း အဆိုပါအဖြစ်အပျက်ကို သင်ခန်းစာယူပြီးနောက်တစ်ကြိမ်လမ်းဖြတ်ကူးတဲ့အချိန်ရောက်ရင် သတိဝီရိယပိုရှိကြမယ်လို့လည်း ထင်မိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "“မိဘေတြရဲ႕အမွား ၊ ကားသမားရဲ႕အမွားမဟုတ္ဘူး “ဆိုၿပီးေဝမ်ွထားတဲ့ကေလးကို ကားတိုက္မိတဲ့ (႐ုပ္ / သံ)"

Leave a comment

Your email address will not be published.


*