လူကိုသတ်ရတာအားမရလို့ အလောင်းရဲ့ဦးနှောက်ကိုခွဲထုတ်ပြီး ထမင်းပန်ကန်ပေါ်တင်ထားခဲ့ကြတဲ့ အမျိုးသားနှစ်ယောက်



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အမျိုးသားနှစ်ယောက်ဟာ လူဆိုးဂိုဏ်ဝင်တစ်ယောက်ကို သူ၏နေအိမ်ထဲမှာပင်သတ်ပစ်ခဲ့ပြီးနောက် ဦးနှောက်ကိုထုတ်ယူကာ စားသောက်ခဲ့စဉ်အသုံးပြုထားသည့် ထမင်းပန်ကန်ပြားပေါ်တွင် ချန်ထားခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ် ။ အဆိုပါသေဆုံးသွားတဲ့ အသက် 24နှစ်အရွယ် အမျိုးသားမှာ အိန္နိယပြည်နယ် Tamil Nadu မှာရှိတဲ့လူဆိုးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အဖွဲ့ဝင်တစ်ယောက်ကိုပြန်သတ်ဖို့စမ်းသပ်လေ့ကျင့်နေခဲ့တာဖြစ်ပါတယ် ။ သို့ပေမဲ့လည်း အသုံးစရိတ်များပျက်တောက်သွား၍ နေအိမ်ပြန်ခွင့်ရရှိခဲ့ပါတယ် ။ အဆိုပါ 24နှစ်အရွယ်လူဆိုးလေးဟာ လက်စားချေဖို့သူ့နောက်လူ 2ယောက်နောက်ယောင်ခံလိုက်လာနေခဲ့တာကို သိနေခဲ့ပါတယ် ။ ထို့အပြင် သူစိမ်းအမျိုးသားနှစ်ယောက်က သူကိုချဉ်းကပ်လာခဲ့သည်ကိုသိပြီးနောက် ညစာအလျင်အမြန်စားသောက်ခဲ့ပါတယ် ။ အဝေးသို့ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့လည်းအမျိုးသား 2ယောက်ဟာ သူ့အားဖမ်းမိခဲ့ပြီး သေတဲ့အထိဓားဖြင့် ထိုးနှက်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအမျိုးသားနှစ်ယောက်ဟာ လူဆိုးအဖွဲ့ဝင်ကောင်လေးကို သတ်ပစ်ခဲ့ရုံတင် အားမရသေးပါဘူး ။ လူဆိုးကောင်လေး၏ ဦးခေါင်းကိုပိုင်းဖြတ်ပြီး ဦးနှောက်ကိုထုတ်ကာ အစောပိုင်းစားသောက်နေခဲ့သည့် ထမင်းပန်ကန်ပြားပေါ်တွင် တင်ထားခဲ့ကြပါတယ် ။

အဆိုပါ လူသတ်မှုကို ရဲအရာရှိများစစ်ဆေးခဲ့ချိန်မှာတော့ လူသတ်သမားအမျိုးသား2ယောက်ဟာ သေဆုံးသွားတဲ့ကောင်လေးနှင့် ကမ္ဘာ့ရန်ဖြစ်နေခဲ့သော အမျိုးသမီး၏သားနှစ်ယောက်ဖြစ်ကြောင်း ရဲအရာရှိများကထုတ်ဖော်နိုင်ခဲ့ပါတယ် ။ အော်ဟစ်ဆဲဆိုကြပြီး ကိုယ်ထိလက်ရောက်အငြင်းအခုံဖြစ်ခဲ့ကြချိန်က သေဆုံးသွားခဲ့တဲ့လူဆိုးကောင်လေးဟာ လူသတ်သမားအမျိုးသားနှစ်ယောက်ရဲ့မိခင်၏ အဝတ်အစားများကို ဖြဲဆုတ်ပစ်ခဲ့၍ မကျေနပ်သောကြောင့် မိခင်အစားလက်စားချေခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လူကိုသတ်ရတာအားမရလို့ အလောင်းရဲ့ဦးနှောက်ကိုခွဲထုတ်ပြီး ထမင်းပန်ကန်ပေါ်တင်ထားခဲ့ကြတဲ့ အမျိုးသားနှစ်ယောက်"

Leave a comment

Your email address will not be published.


*