စာသင်ချိန်အတွင်း အမြဲလိုလိုဦးဆောင်ပြီးအိပ်နေလေ့ရှိတဲ့ တက္ကသိုလ်က ကြောင်ကလေး




Jasmine (Mckzone Daily)

Source: /worldofbuzz

Unicode

ဆရာမကရှေ့မှာ စာသင်နေချိန် အနောက်ခုံကနေ ခိုးအိပ်ဖူးကြပါသလား။ကျောင်းသားတိုင်းကတော့ ခိုးငိုက်ဖူးကြမှာပါ။စာသင်နေချိန်အတွင်း အိပ်ငိုက်၊အိပ်ပျော်ခြင်းဟာ တစ်ကမ္ဘာလုံးမှာ နေ့စဉ်ဖြစ်ပျက်နေတတ်တဲ့အရာ တစ်ခုဖြစ်ပြီး လူသားတွေဘဲ ဖြစ်ပျက်ရမယ်လို့ မသတ်မှတ်ထားဘဲ အခြားမျိုးစိတ်တွေလဲ ပါဝင်ပါတယ်။ဂျပန်နိုင်ငံ တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေတဲ့ ကြောင်လေးကို သူနဲ့နည်းတူ တက္ကသိုလ်အနီးအနား တစ်နေရာမှာ အမြဲအိပ်ပျော်နေတတ်တဲ့ သူ့ရဲ့အတန်းဖော်တွေက သူ့ရဲ့ ဓာတ်ပုံတစ်ချို့ကို မျှဝေခဲ့ပါတယ်။ကြောင်လေးဟာ သူ မအိပ်တဲ့အချိန်မှာတော့ ဘေးကအတန်းဖော်များအား လက်ကလေးနဲ့ပုတ်ခြင်း၊ပတ်ပတ်လည် ဝှေ့လည်ကြောင်ပတ်လုပ်ခြင်း တို့ကို ပြုလုပ်တတ်ပါသေးတယ်။

“လွတ်လပ်ခြင်းအပြည့်နဲ့ တက္ကသိုလ်ကကြောင်လေး”ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့ဓာတ်ပုံဟာ Twitter မှာ အကြိမ်ပေါင်း ၂၉၂,၀၀၀၊မှတ်ချက်ပေါင်း ၄၈,၀၀၀နှင့်ပြန်စာပေါင်းများစွာ ရရှိခဲ့ပါသေးတယ်။လိမ္မော်ရောင် အဆင်လေးနဲ့ ထိုကြောင်လေးဟာ Pantaလို့ အမည်ရပြီး ၂၀၁၇ခုနှစ်သို့မဟုတ် အဲ့မတိုင်မီလောက်ကတည်းက ကျောင်းဝင်း ဝန်းကျင်အတွင်းမှာ ရှိနေခဲ့ကြောင်း Netizenတွေက မှတ်ချက်ပေးထားပါတယ်။

ကြောင်လေးဟာ လူသားတွေလိုဘဲ အလုပ်အလွန်ကြိုးစားတာကြောင့် စာသင်ချိန်အတွင်း အိပ်ငိုက်တတ်ပြီး သူ့ကိုယ်သူလဲ ပြဿနာတစ်ခု မဟုတ် တစ်ခု အမြဲရှာနေတတ်ပါတယ်။ကောင်းပါပြီ၊Pantaလေးရဲ့ လူသားတစ်ဦးလို ပြုမူပြီး တက္ကသိုလ်ကျောင်းသားဘဝကို အကျိုးရှိရှိ တပျော်ကြီးနေထိုင်နေတဲ့ပုံလေးတွေကိုလည်း တွေ့ရမှာပါ။

Jasmine (Mckzone Daily)

  • Leave a Comment