တ႐ုတ္နိုင္ငံရွိ Youyou လို့ေခၚတဲ့ အသက္(၃) ႏွစ္အရြယ္ သူငယ္တန္းကေလးငယ္တစ္ဦးဟာ စက္တင္ဘာ (၁) ရက္ေန႔မွာ ပထမဆုံးေက်ာင္းစတက္ခဲ့ပါတယ္။Youyouရဲ့ေက်ာင္းလြယ္အိတ္ဟာ ေလ့လာသင္ယူမွုႏွင့္လုံးဝမသက္ဆိုင္တဲ့အရာမ်ားပါေနၿပီး တျခားသူမ်ားႏွင့္ကြဲထြက္ေနမွုေၾကာင့္ လူမွု့မီဒီယာရဲ့ အာ႐ုံစိုက္မွုကိုရခဲ့ပါတယ္။Jiangsu ျပည္နယ္၊Changshu ၿမိဳ့မွာေနထိုင္တဲ့ Youyou ရဲ့အေမ Cao က သူမသားရဲ့လြယ္အိတ္ထဲရွိ ၾကက္သြန္နီႏွင့္ ပန္းသီးမ်ား၊အသင့္စားေခါက္ဆြဲထုပ္၊မုန႔္၊သစ္အယ္သီးေတြထည့္ေပးျခင္းဟာ အျခားသူေတြအတြက္ ထူးဆန္းေနေပမဲ့ သူတို့အတြက္ေတာ့ ထုံးစံျဖစ္တယ္ဟုေျပာျပထားပါတယ္။
“ဒါဟာ Changshu မွာရွိတဲ့ထူးျခားတဲ့ရိုးရာအစဥ္အလာတစ္ခုပါ” ဟု Cao ကတ႐ုတ္သတင္းမ်ားမွေျပာၾကားခဲ့ၿပီး “ကၽြန္မေက်ာင္းတက္ခဲ့စဥ္က ကၽြန္မရဲ့ဦးေလးျပဳလုပ္ေပးခဲ့သလို ကၽြန္မရဲ့သားYouYou ကိုလည္း ကံေကာင္းေစရန္အတြက္ ျပင္ဆင္ေပးခဲ့တယ္”လို့ဆိုပါတယ္။ CGTN ၏အဆိုအရပစၥည္းအားလုံးဟာ ေက်ာင္းသားႏွင့္သက္ဆိုင္ေသာ ကံေကာင္းေစသည့္ homophone မ်ားျဖစ္တယ္။ရယ္စရာေကာင္းတာက Youyou ရဲ့အိတ္ထဲရွိ ေခါက္ဆြဲတံဆိပ္ ၁၀၀ ဟာ ေက်ာင္းသားမ်ားရဲ့ စမ္းသပ္မွုကို ၁၀၀ရာခိုင္ႏွုန္းထိရေစခဲ့ပါတယ္။
Youyou ဟာ သူ႔ရဲ့ပစၥည္းမ်ားကို အတန္းေဖာ္သူငယ္ခ်င္းမ်ားအား ေဝမၽွၿပီး ေပ်ာ္ရႊင္ေနခဲ့ပါတယ္။”ၾကက္သြန္နီအစိမ္းက ကၽြန္ေတာ့္ကိုလိမၼာပါးနပ္ေစတဲ့အတြက္ ကၽြန္ေတာ္အိမ္ျပန္ယူသြားရမယ္”လို့Youyou ကဆိုပါေသးတယ္။
Jasmine (Mckzone Daily)
Source: /nextshark.
Unicode
တရုတ်နိုင်ငံရှိ Youyou လို့ခေါ်တဲ့ အသက်(၃) နှစ်အရွယ် သူငယ်တန်းကလေးငယ်တစ်ဦးဟာ စက်တင်ဘာ (၁) ရက်နေ့မှာ ပထမဆုံးကျောင်းစတက်ခဲ့ပါတယ်။Youyouရဲ့ကျောင်းလွယ်အိတ်ဟာ လေ့လာသင်ယူမှုနှင့်လုံးဝမသက်ဆိုင်တဲ့အရာများပါနေပြီး တခြားသူများနှင့်ကွဲထွက်နေမှုကြောင့် လူမှု့မီဒီယာရဲ့ အာရုံစိုက်မှုကိုရခဲ့ပါတယ်။Jiangsu ပြည်နယ်၊Changshu မြို့မှာနေထိုင်တဲ့ Youyou ရဲ့အမေ Cao က သူမသားရဲ့လွယ်အိတ်ထဲရှိ ကြက်သွန်နီနှင့် ပန်းသီးများ၊အသင့်စားခေါက်ဆွဲထုပ်၊မုန့်၊သစ်အယ်သီးတွေထည့်ပေးခြင်းဟာ အခြားသူတွေအတွက် ထူးဆန်းနေပေမဲ့ သူတို့အတွက်တော့ ထုံးစံဖြစ်တယ်ဟုပြောပြထားပါတယ်။
“ဒါဟာ Changshu မှာရှိတဲ့ထူးခြားတဲ့ရိုးရာအစဉ်အလာတစ်ခုပါ” ဟု Cao ကတရုတ်သတင်းများမှပြောကြားခဲ့ပြီး “ကျွန်မကျောင်းတက်ခဲ့စဉ်က ကျွန်မရဲ့ဦးလေးပြုလုပ်ပေးခဲ့သလို ကျွန်မရဲ့သားYouYou ကိုလည်း ကံကောင်းစေရန်အတွက် ပြင်ဆင်ပေးခဲ့တယ်”လို့ဆိုပါတယ်။ CGTN ၏အဆိုအရပစ္စည်းအားလုံးဟာ ကျောင်းသားနှင့်သက်ဆိုင်သော ကံကောင်းစေသည့် homophone များဖြစ်တယ်။ရယ်စရာကောင်းတာက Youyou ရဲ့အိတ်ထဲရှိ ခေါက်ဆွဲတံဆိပ် ၁၀၀ ဟာ ကျောင်းသားများရဲ့ စမ်းသပ်မှုကို ၁၀၀ရာခိုင်နှုန်းထိရစေခဲ့ပါတယ်။
Youyou ဟာ သူ့ရဲ့ပစ္စည်းများကို အတန်းဖော်သူငယ်ချင်းများအား ဝေမျှပြီး ပျော်ရွှင်နေခဲ့ပါတယ်။”ကြက်သွန်နီအစိမ်းက ကျွန်တော့်ကိုလိမ္မာပါးနပ်စေတဲ့အတွက် ကျွန်တော်အိမ်ပြန်ယူသွားရမယ်”လို့Youyou ကဆိုပါသေးတယ်။
Jasmine (Mckzone Daily)
Be the first to comment on "သားျဖစ္သူ ပထမဆုံးေက်ာင္းစတက္တဲ့ေန႔မွာ တမူထူးျခားတဲ့ လြယ္အိတ္ျပင္ေပးခဲ့တဲ့ မိခင္တစ္ဦး"