သားျဖစ္သူ တကၠသိုလ္တက္ေရာက္ႏိုင္ေအာင္ ခရီးေဝးကေနကိုယ္တိုင္ဆိုင္ကယ္ေမာင္းၿပီးပို႔ေပးခဲ့တဲ့ မိခင္

မိခင္တစ္ေယာက္ရဲ့ ခ်စ္ျခင္းေမတၱာဟာ အကန္႔အသတ္မရွိဘူးလို့ ေျပာရင္ အဲဒါဟာ ဧကန္မုခ် အမွန္ပါဘဲ။အခုေျပာျပမဲ့ အေၾကာင္းအရာကေတာ့ သားျဖစ္သူကို ပညာဆက္လက္သင္ၾကားနိုင္ရန္အတြက္ အိမ္နဲ႔ ၅၀ကီလိုမီတာ အကြာမွာရွိတဲ့ တကၠသိုလ္သို့ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ ကိုယ္တိုင္ ပို့ေဆာင္ေပးခဲ့တဲ့ အေမတစ္ေယာက္အေၾကာင္းဘဲ ျဖစ္ပါတယ္။၎သတင္းဟာ လူမွု့မီဒီယာကို လွုပ္ခတ္သြားေစခဲ့ပါတယ္။သားျဖစ္သူအတြက္ အားကိုးစရာျဖစ္ေစခဲ့တဲ့ လမ္းေဘးေစ်းသည္တစ္ဦးျဖစ္တဲ့ Jumiati Masud ဟာ အမ်ားျပည္သူရဲ့ ခ်စ္ခင္ႏွစ္သက္ျခင္းကို ခံယူထိုက္ပါတယ္။သူတို့သားအမိႏွစ္ဦးဟာ Universiti Sains Malaysia(USM)တကၠသိုလ္သို့ ေရာက္ရွိလာခ်ိန္မွာ အိမ္မွ ပစၥည္းတခ်ိဳ့ကိုပါ သယ္ေဆာင္လာခဲ့ပါေသးတယ္။အဲဒါေတြက သားျဖစ္သူ Muhammad Izzulhaq Mohamed Hassan အား သင္ယူေလ့လာဖို့ ေကာင္းမြန္ေစတဲ့ ပတ္ဝန္းက်င္ရွိေစရန္ နည္းလမ္းမ်ားကို ေပးနိုင္ေၾကာင္း Jumiati ကဆိုပါတယ္။

USM ကေက်ာင္းသားမ်ားအား ေက်ာင္းအပ္ၿပီးလၽွင္ ကိုယ့္ေနရပ္ရွိအိမ္မွ ေက်ာင္းတက္ျခင္း၊ကိုယ္ေနတဲ့ဟိုတယ္မွ ေက်ာင္းတက္ျခင္း သို့မဟုတ္ သူတို့ေပးတဲ့အေဆာင္မွာေနကာ ေက်ာင္းတက္ျခင္း စတဲ့ အခြင့္အေရးသုံးခုေပးကာ Jumiatiဟာ ေနာက္ဆုံးတစ္ခ်က္ကို ေရြးခ်ယ္ခဲ့ပါတယ္။”သူ႔ကို ဒီမွာဘဲေလ့လာေစခ်င္တယ္၊အဲဒါက ပိုေကာင္းတယ္။အိမ္မွာက အင္တာနက္လိုင္းမရွိတာေၾကာင့္ Wi-Fiမရွိဘူး”ဟုဆိုပါတယ္။

ယခင္က ကြာလာလမ္ပူရွိ တကၠသိုလ္ တစ္ခုမွာ ပညာသင္ၾကားရန္ ကမ္းလွမ္းခံခဲ့ရေပမဲ့ အိမ္ႏွင့္ ပိုနီးစပ္တဲ့ USMကို ဘဲ ေရြးခ်ယ္ခဲ့ေၾကာင္း Jumiati ကဆိုထားပါေသးတယ္။”Simpang Empat ကို ျပန္မဲ့ အေမ့ရဲ့ အိမ္ျပန္ခရီးကို စိတ္ပူမိတယ္။ကၽြန္ေတာ္ ေအာင္ျမင္ဖို့အတြက္ အလုပ္ေတြ ႀကိဳးစားလုပ္ေနတဲ့ အေမ့ကို ျမင္ရင္ ကၽြန္ေတာ္ စိတ္မေကာင္းျဖစ္မိတယ္”ဟု သားျဖစ္သူက ဆိုပါတယ္။Muhammad Izzulhaq ႏွင့္အတူ တျခားသူ႔လို ေက်ာင္းသားေတြအတြက္ ေရွ႕ဆက္ေလၽွာက္ရမယ့္ လမ္းခရီးမွာ ေအာင္ျမင္မွုမ်ားစြာရရွိၾကပါေစလို့ ဂုဏ္ယူစြာနဲ႔ ဆုေတာင္းေပးလိုက္ပါတယ္။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ အကန့်အသတ်မရှိဘူးလို့ ပြောရင် အဲဒါဟာ ဧကန်မုချ အမှန်ပါဘဲ။အခုပြောပြမဲ့ အကြောင်းအရာကတော့ သားဖြစ်သူကို ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် အိမ်နဲ့ ၅၀ကီလိုမီတာ အကွာမှာရှိတဲ့ တက္ကသိုလ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ကိုယ်တိုင် ပို့ဆောင်ပေးခဲ့တဲ့ အမေတစ်ယောက်အကြောင်းဘဲ ဖြစ်ပါတယ်။၎င်းသတင်းဟာ လူမှု့မီဒီယာကို လှုပ်ခတ်သွားစေခဲ့ပါတယ်။သားဖြစ်သူအတွက် အားကိုးစရာဖြစ်စေခဲ့တဲ့ လမ်းဘေးဈေးသည်တစ်ဦးဖြစ်တဲ့ Jumiati Masud ဟာ အများပြည်သူရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံယူထိုက်ပါတယ်။သူတို့သားအမိနှစ်ဦးဟာ Universiti Sains Malaysia(USM)တက္ကသိုလ်သို့ ရောက်ရှိလာချိန်မှာ အိမ်မှ ပစ္စည်းတချို့ကိုပါ သယ်ဆောင်လာခဲ့ပါသေးတယ်။အဲဒါတွေက သားဖြစ်သူ Muhammad Izzulhaq Mohamed Hassan အား သင်ယူလေ့လာဖို့ ကောင်းမွန်စေတဲ့ ပတ်ဝန်းကျင်ရှိစေရန် နည်းလမ်းများကို ပေးနိုင်ကြောင်း Jumiati ကဆိုပါတယ်။

USM ကကျောင်းသားများအား ကျောင်းအပ်ပြီးလျှင် ကိုယ့်နေရပ်ရှိအိမ်မှ ကျောင်းတက်ခြင်း၊ကိုယ်နေတဲ့ဟိုတယ်မှ ကျောင်းတက်ခြင်း သို့မဟုတ် သူတို့ပေးတဲ့အဆောင်မှာနေကာ ကျောင်းတက်ခြင်း စတဲ့ အခွင့်အရေးသုံးခုပေးကာ Jumiatiဟာ နောက်ဆုံးတစ်ချက်ကို ရွေးချယ်ခဲ့ပါတယ်။”သူ့ကို ဒီမှာဘဲလေ့လာစေချင်တယ်၊အဲဒါက ပိုကောင်းတယ်။အိမ်မှာက အင်တာနက်လိုင်းမရှိတာကြောင့် Wi-Fiမရှိဘူး”ဟုဆိုပါတယ်။

ယခင်က ကွာလာလမ်ပူရှိ တက္ကသိုလ် တစ်ခုမှာ ပညာသင်ကြားရန် ကမ်းလှမ်းခံခဲ့ရပေမဲ့ အိမ်နှင့် ပိုနီးစပ်တဲ့ USMကို ဘဲ ရွေးချယ်ခဲ့ကြောင်း Jumiati ကဆိုထားပါသေးတယ်။”Simpang Empat ကို ပြန်မဲ့ အမေ့ရဲ့ အိမ်ပြန်ခရီးကို စိတ်ပူမိတယ်။ကျွန်တော် အောင်မြင်ဖို့အတွက် အလုပ်တွေ ကြိုးစားလုပ်နေတဲ့ အမေ့ကို မြင်ရင် ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်”ဟု သားဖြစ်သူက ဆိုပါတယ်။Muhammad Izzulhaq နှင့်အတူ တခြားသူ့လို ကျောင်းသားတွေအတွက် ရှေ့ဆက်လျှောက်ရမယ့် လမ်းခရီးမှာ အောင်မြင်မှုများစွာရရှိကြပါစေလို့ ဂုဏ်ယူစွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment