မျက်ကပ်မှန်တပ်ပြီ ပင်လယ်ထဲရေကူးခဲ့မိလို့ မျက်လုံး လုံးဝကန်းသွားခဲ့ရတဲ့မိန်းကလေး

မျက်ကပ်မှန်တပ်ပြီး အပန်ဖြေခရီးထွက်မယ်ဆိုရင် မတော်တဆဖြစ်ရပ်တွေကြောင့် ဒုက္ခရောက်တတ်တယ်ဆိုတာ Miyaka Aiko-Murray လို့ခေါ်တဲ့ အသက်20အရွယ်မိန်းကလေးကတော့ ကောင်းကောင်းသိလောက်မှာပါ ။ လန်ဒန်မြို့မှာနေထိုင်တဲ့ အဆိုပါမိန်းကလေးဟာ Malta နိုင်ငံသို့အပန်ဖြေခရီးအနေနဲ့ ပြီးခဲ့တဲ့နှစ်က သွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး ၊ သူမဟာပင်လယ်ထဲရေမကူးခင်မှာ သူမရဲ့မျက်ကပ်မှန်ကိုဖြုတ်ခဲ့ဖို့ မေ့သွားခဲ့ပါတယ် ။ ထို့အပြင် သူမရေကူးနေတုန်း လှိုင်းတစ်ခုဟာသူမရဲ့မျက်နှာတည့်တည့်ကိုလာရိုက်မိခဲ့ပြီး သူမ၏ညာဖက်မျက်လုံးထဲဝင်သွားခဲ့ပါတယ် ။ တော်တော်လေးကိုကျိန်းစပ်စပ်ဖြစ်သွားခဲ့ပေမဲ့လည်း ဆိုးဆိုးရွားရွားဖြစ်လာခဲ့မယ်လို့ သူမ မတွေးထင်မိခဲ့ပါဘူး ။ တစ်ပတ်အကြာ သူမသူငယ်ချင်းရဲ့မင်္ဂလာပွဲသို့ သွားရောက်ခဲ့စဉ်မှာတော့ သူမရဲ့မျက်လုံးထဲမှအရည်များထွက်ကျနေခဲ့တာကို စတင်သတိထားမိခဲ့ပါတယ် ။ ထို့နောက်သူမ၏ ခေါင်းတစ်ခြမ်းမှာအတော်ကိုက်ခဲလာခဲ့ပြီး အကိုက်အခဲပျောက်ဆေးသောက်ကာ မင်္ဂလာပွဲမှာပဲအနားယူနေခဲ့ရပါတယ် ။ နာကျင်မှုဟာ သူမရဲ့မျက်လုံးထဲမှာ သတ္တုခံနေသလိုနာကျင်နေခဲ့တဲ့အတွက် နောက်ထပ်3ရက်အကြာမှာလည်း သူမ၏အချိန်ပြည့်အလုပ်ကိုစတင်လုပ်ဆောင်ရတော့မှာဖြစ်တဲ့အတွက် သူမဆေးခန်းတွင် သွားရောက်ပြသခဲ့ပါတယ် ။

သို့ပေမဲ့လည်း ဆရာဝန်ကအရေးမထားခဲ့တဲ့အတွက် တစ်ရက်မှာတော့ သူမအိပ်ယာကနေထလာခဲ့တဲ့အချိန် သူမမျက်လုံးဟာလုံးဝကိုမမြင်ရတော့ပါဘူး ။ ” ပါရဂူက ကျွန်မကိုမျက်လုံးတအားနာကျင်နေတယ်ဆိုရင် A&E ကိုသွားခိုင်းခဲ့ပါတယ် ။ ကျွန်မသွားခဲ့တယ် ဒါပေမဲ့သူတို့သေချာမကြည့်ပေးဘူး ၊ 5မိနစ်အကြာမှာပဲ ကျွန်မကိုအိမ်ပြန်ခိုင်းခဲ့ကြတယ် ။ နာကျင်မှုတွေက တဖြေးဖြေးပိုများလာတဲ့ချိန်မှာတော့ တစ်ရက်မှာအိပ်ယာကနေထလာတော့ ကျွန်မဘာကိုမှ မမြင်ရတော့ပါဘူး ၊ မီးဖွင့်ထားရင်တောင် ဘားမှမမြင်ရဘူး ၊ ကျွန်မအမေ့ကို အော်ခေါ်ခဲ့တယ် ။ တော်တော်လေးကို ထိတ်လန့်ခဲ့ပါတယ် ” ဆိုပြီး သူမရဲ့အဖြစ်အပျက်ကိုရှင်းပြသွားခဲ့ပါတယ် ။ လအနည်းငယ်အကြာမှာတော့ Ancanthamoeba Keratitis (AK) လို့ခေါ်တဲ့ ရှားပါးလွန်းတဲ့ရောဂါကူးစက်မှုကြောင့် သူမ၏မျက်လုံးအရှေ့ဖက်ပိုင်းစာ ပျက်ဆီးသွားခဲ့တာဖြစ်ကြောင်း အဖြေရှာတွေ့ခဲ့ပါတယ် ။ မျက်ကပ်မှန်ကနေ ရောဂါပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ် ။ ထို့ကြောင့် ရေချိုးတဲ့ချိန် ၊ ရေကူးတဲ့ချိန် ၊ ရေနွေးစိမ်တဲ့ချိန်တွေမှာဆိုရင် မျက်ကပ်မှန်တပ်ထားခြင်းက အဆိပ်အတောက်ပိုးမွှားတွေပါဝင်နေသည့်ရေများက မျက်ကပ်မှန်ထဲတွင်ခံနေတက်ပြီး ဆိုးဝါးတဲ့ရောဂါကူးစက်မှုမျိုးကို ဖြစ်ပေါ်စေတက်ပါတယ် ။

အဆိုပါ ဘက်တီးရီးယားရောဂါပိုးမွှားများက မျက်လုံးကိုကန်စေရုံတင်မကပါဘူး ကိုမာရောဂါများကိုပါဖြစ်ပွားစေနိုင်ကြောင်း သိရှိရပါတယ် ။ Miyako ကိုကုသပေးခဲ့တဲ့ ဆရာဝန်ကတော့သူမကိုတစ်လခန့် မျက်လုံးထဲမျက်စင်းခတ်ရည်ထည့်ဖို့ပြောခဲ့တဲ့အတွက် မျက်လုံးထဲဆေးရည်ထဲလိုက်ခြင်းက အရောင်ချွတ်ဆေးထည့်လိုက်သကဲ့သို့အတော်လေးနာကျင်စေခဲ့ကြောင်း သူမကပြောဆိုခဲ့ပါတယ် ။ ထို့နောက်သူမဟာ အလုပ်ကနေ ဒီဇင်ဘာလ 2018 မှာထွက်ခဲ့ပြီး ယခုချိန်မှာတော့ဆေးကုသမှုစရိတ်အတွက် လုံးပန်းနေရကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း မတ်လ 2019 မှာတော့ သူမရဲ့ဘဝဟာပိုမိုဆိုးဝါးလာခဲ့ပြီး ဒုတိယအကြိမ်ဘတ်တီးရီးယားရောဂါဝင်ရောက်ခဲ့တဲ့အတွက် သူမရဲ့ဘယ်ဖက်မျက်လုံးပါ လုံဝပျက်ဆီးသွားခဲ့ရပါတယ် ။ အခုချိန်မှာ သူမမျက်လုံးပြန်မြင်ချင်တယ်ဆိုရင်တော့ မျက်ကြည်လွာပြန်လဲပစ်ဖို့လိုအပ်နေကြောင်းသိရပါတယ် ။ ယခုချိန်မှာတော့ သူမဟာ လုံးဝမမြင်နိုင်တော့တဲ့အတွက် ကမ္ဘာကြီးနှင့်အဆက်အသွယ်ပျက်နေသလိုခံစားခဲ့ရကြောင်း သူမကရင်ဖွင့်ခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "မျက်ကပ်မှန်တပ်ပြီ ပင်လယ်ထဲရေကူးခဲ့မိလို့ မျက်လုံး လုံးဝကန်းသွားခဲ့ရတဲ့မိန်းကလေး"

Leave a comment

Your email address will not be published.


*