ပုံမွန္ဝတ္စုံေတြနဲ႔မတူဘဲ ေပါ့ပါးတဲ့ေႂကြထည္ေတြကိုအသုံးျပဳကာ ဂႏၲဝင္ဆန္တဲ့ဝတ္စုံေတြအျဖစ္ေျပာင္းလဲဖန္တီးျပခဲ့သူ

Candy Makeup Artist လို့လူသိမ်ားတဲ့အမ်ိဳးသမီးတစ္ဦးဟာ ကိုယ့္ကိုကိုယ္ self studyလုပ္ေနတဲ့ပေရာ္ဖက္ရွင္နယ္မိတ္ကပ္ပညာရွင္တစ္ဦးျဖစ္သလို stylistတစ္ဦးလဲျဖစ္ပါတယ္။သူမဟာ ပုံမွန္အဝတ္အစားေတြဖန္တီးရတာ ၿငီးေငြ႕လာၿပီး သူမကိုယ့္သူမေနာက္တစ္ဆင့္တက္ဖို့ အျမဲႏွိုးေဆာ္ေနတတ္သူျဖစ္တာေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ သူမဟာသူမရဲ့ေႂကြထည္၊ဖန္ထည္ေတြနဲ႔ျပဳလုပ္ဖန္တီးထားတဲ့ဝတ္စုံအခ်ိဳ့ကို ထုတ္ျပခဲ့ပါတယ္။အဆိုပါဝတ္စုံေတြဟာ ေပါ့ပါးတဲ့ေႂကြထည္ေတြနဲ႔ဖန္တီးထားေပမဲ့ ခႏၶာကိုယ္အရြယ္အစားလည္း အတိအက်တိုင္းမွ ဝတ္ဆင္နိုင္မွာျဖစ္ၿပီး ဝတ္စုံတစ္စုံရဲ့အစိတ္အပိုင္းတစ္ခုခ်င္းစီကို အခ်ိန္၃ပတ္ေလာက္အထိ အခ်ိန္ယူခဲ့ရပါတယ္။သူမရဲ့ေႂကြထည္ဝတ္စုံေတြဟာ ေရာဂါကာလအတြင္း ျပဳလုပ္ခဲ့တဲ့ ကမၻာ့ Bodypainting Festival ပြဲမွာ ပထမဆု ရခဲ့ၿပီး သူမက အကယ္လို့ကမၻာႀကီးျပန္က်န္းမာလာရင္ Rihanna ဒါမွမဟုတ္ Lady Gaga တို့က သူမရဲ့ဝတ္စုံေတြထဲကတစ္စုံကို ဝတ္ၾကဖို့ ေမၽွာ္လင့္ေနယုံဘဲ က်န္တယ္လို့လည္းဆိုထားပါေသးတယ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

26

Mia (Mckzone Daily)

Source : boredpanda

Unicode

Candy Makeup Artist လို့လူသိများတဲ့အမျိုးသမီးတစ်ဦးဟာ ကိုယ့်ကိုကိုယ် self studyလုပ်နေတဲ့ပရော်ဖက်ရှင်နယ်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်သလို stylistတစ်ဦးလဲဖြစ်ပါတယ်။သူမဟာ ပုံမှန်အဝတ်အစားတွေဖန်တီးရတာ ငြီးငွေ့လာပြီး သူမကိုယ့်သူမနောက်တစ်ဆင့်တက်ဖို့ အမြဲနှိုးဆော်နေတတ်သူဖြစ်တာကြောင့် ဒီတစ်ခေါက်မှာတော့ သူမဟာသူမရဲ့ကြွေထည်၊ဖန်ထည်တွေနဲ့ပြုလုပ်ဖန်တီးထားတဲ့ဝတ်စုံအချို့ကို ထုတ်ပြခဲ့ပါတယ်။အဆိုပါဝတ်စုံတွေဟာ ပေါ့ပါးတဲ့ကြွေထည်တွေနဲ့ဖန်တီးထားပေမဲ့ ခန္ဓာကိုယ်အရွယ်အစားလည်း အတိအကျတိုင်းမှ ဝတ်ဆင်နိုင်မှာဖြစ်ပြီး ဝတ်စုံတစ်စုံရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကို အချိန်၃ပတ်လောက်အထိ အချိန်ယူခဲ့ရပါတယ်။သူမရဲ့ကြွေထည်ဝတ်စုံတွေဟာ ရောဂါကာလအတွင်း ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ Bodypainting Festival ပွဲမှာ ပထမဆု ရခဲ့ပြီး သူမက အကယ်လို့ကမ္ဘာကြီးပြန်ကျန်းမာလာရင် Rihanna ဒါမှမဟုတ် Lady Gaga တို့က သူမရဲ့ဝတ်စုံတွေထဲကတစ်စုံကို ဝတ်ကြဖို့ မျှော်လင့်နေယုံဘဲ ကျန်တယ်လို့လည်းဆိုထားပါသေးတယ်။

Mia (Mckzone Daily)

Ghost Rider ႐ုပ္ရွင္ဇာတ္ကားထဲကလို ဆိုင္ကယ္ကိုမီး႐ႈိ့ပစ္ၿပီး လက္ေတြ႔ေမာင္းႏွင္ျပခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

၂၀၀၇ ခုႏွစ္က ထြက္ရွိခဲ့တဲ့နာမည္ႀကီး႐ုပ္ရွင္ဇာတ္ကားတစ္ခုျဖစ္တဲ့ Gost Rider ႐ုပ္ရွင္ဇာတ္ကားကိုေတာ့ ၾကည့္ဖူးၾကမွာပါ။အိႏၵိယနိုင္ငံရွိ Mr. India Hacker အမည္ရွိ YouTuber အမ်ိဳးသားတစ္ဦးဟာ Ghost Rider ႐ုပ္ရွင္ဇာတ္ကားကိုအတုခိုးၿပီး မေၾကာက္မလန္႔နဲ႔ သူ႔ရဲ့ေမာ္ေတာ္ဆိုင္ကယ္အား တမင္ မီးေလာင္ေအာင္လုပ္ခဲ့ပါတယ္။ဒီဗီဒီယိုဟာ likes ၅၀၀,၀၀၀ ေက်ာ္ရရွိခဲ့ေပမဲ့ အႏၲရာယ္မ်ားတဲ့ သူတို့ရဲ့လုပ္ရပ္ေတြကိုမႀကိဳက္တဲ့လူအေရအတြက္လည္း ၁၆၀၀၀ ေက်ာ္တိုးမ်ားလာခဲ့ပါတယ္။ဒီ YouTuber ရဲ့လွုပ္ရွားမွုဟာ ၂၀၀၇ ခုႏွစ္ကထြက္ရွိခဲ့တဲ့ Ghost Rider ႐ုပ္ရွင္ဇာတ္ကားထဲက Nicholas အျဖစ္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့စိတ္ကူးယဥ္ဇာတ္ေကာင္ကို ျပန္လည္တုပထားတာပါ။

Nicholas ဟာလူ႔အရိုးစုတစ္စုရဲ့ပုံသ႑ာန္နဲ႔ မီးေလာင္ေနတဲ့ခႏၶာကိုယ္ျဖင့္ မီးေလာင္ေနတဲ့ ဂႏၴဝင္ ေမာ္ေတာ္ဆိုင္ကယ္ကို စီးနင္းခဲ့တာပါ။Mr. Indian Hacker ဟာ တန္ဖိုးႀကီးေပးရေလာက္မယ့္ သူ႔ရဲ့Pulsar 220 ေမာ္ေတာ္ဆိုင္ကယ္ရဲ့ဘီးတာယာကို အဝတ္စနဲ႔ပတ္ၿပီး အဝတ္စကိုဓာတ္ဆီေတြေလာင္းခ်ပစ္ခဲ့ပါတယ္။သူ ဆိုင္ကယ္ေမာင္းေနစဥ္အတြင္း Ghost Rider ႐ုပ္ရွင္ဇာတ္ကားမွာေတြ႕ရတဲ့အတိုင္း တကယ္လည္း သူ႔ရဲ့ဆိုင္ကယ္ဘီးမွာ မီးေတြတဟုန္းဟုန္းေတာက္ေလာင္ေနခဲ့ပါတယ္။

Mr. Indian Hacker ဟာ သူ႔ရဲ့ဗီဒီယိုဟာ ေဖ်ာ္ေျဖဖို့သက္သက္သာရည္ရြယ္ၿပီး ဒီဗီဒီယိုလုပ္ေဆာင္မွုအားလုံးက လုံျခဳံစိတ္ခ်ရတဲ့ေနရာ၊ၿပီးျပည့္စုံတဲ့စက္ကိရိယာေတြနဲ႔သာျပဳလုပ္ထားေၾကာင္း သတိေပး​ခဲ့ပါတယ္။Mr. Indian Hacker က အိမ္၊ေက်ာင္း ဒါမွမဟုတ္ အျခားဘယ္ေနရာမွာမဆို သူ႔လို Ghost Rider ကိုလိုက္မတုပဖို့ လူအမ်ားကိုေတာင္းဆိုခဲ့ပါေသးတယ္။ဒီဗီဒီယိုရိုက္ကူးေနတုန္း ဘယ္သူမွထိခိုက္ဒဏ္ရာမရရွိခဲ့ဘူးလို့ Mr. Indian Hacker ကထပ္မံေျဖၾကားခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : siakapkeli

Unicode

၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ Gost Rider ရုပ်ရှင်ဇာတ်ကားကိုတော့ ကြည့်ဖူးကြမှာပါ။အိန္ဒိယနိုင်ငံရှိ Mr. India Hacker အမည်ရှိ YouTuber အမျိုးသားတစ်ဦးဟာ Ghost Rider ရုပ်ရှင်ဇာတ်ကားကိုအတုခိုးပြီး မကြောက်မလန့်နဲ့ သူ့ရဲ့မော်တော်ဆိုင်ကယ်အား တမင် မီးလောင်အောင်လုပ်ခဲ့ပါတယ်။ဒီဗီဒီယိုဟာ likes ၅၀၀,၀၀၀ ကျော်ရရှိခဲ့ပေမဲ့ အန္တရာယ်များတဲ့ သူတို့ရဲ့လုပ်ရပ်တွေကိုမကြိုက်တဲ့လူအရေအတွက်လည်း ၁၆၀၀၀ ကျော်တိုးများလာခဲ့ပါတယ်။ဒီ YouTuber ရဲ့လှုပ်ရှားမှုဟာ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Ghost Rider ရုပ်ရှင်ဇာတ်ကားထဲက Nicholas အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့စိတ်ကူးယဉ်ဇာတ်ကောင်ကို ပြန်လည်တုပထားတာပါ။

Nicholas ဟာလူ့အရိုးစုတစ်စုရဲ့ပုံသဏ္ဍာန်နဲ့ မီးလောင်နေတဲ့ခန္ဓာကိုယ်ဖြင့် မီးလောင်နေတဲ့ ဂန္ထဝင် မော်တော်ဆိုင်ကယ်ကို စီးနင်းခဲ့တာပါ။Mr. Indian Hacker ဟာ တန်ဖိုးကြီးပေးရလောက်မယ့် သူ့ရဲ့Pulsar 220 မော်တော်ဆိုင်ကယ်ရဲ့ဘီးတာယာကို အဝတ်စနဲ့ပတ်ပြီး အဝတ်စကိုဓာတ်ဆီတွေလောင်းချပစ်ခဲ့ပါတယ်။သူ ဆိုင်ကယ်မောင်းနေစဉ်အတွင်း Ghost Rider ရုပ်ရှင်ဇာတ်ကားမှာတွေ့ရတဲ့အတိုင်း တကယ်လည်း သူ့ရဲ့ဆိုင်ကယ်ဘီးမှာ မီးတွေတဟုန်းဟုန်းတောက်လောင်နေခဲ့ပါတယ်။

Mr. Indian Hacker ဟာ သူ့ရဲ့ဗီဒီယိုဟာ ဖျော်ဖြေဖို့သက်သက်သာရည်ရွယ်ပြီး ဒီဗီဒီယိုလုပ်ဆောင်မှုအားလုံးက လုံခြုံစိတ်ချရတဲ့နေရာ၊ပြီးပြည့်စုံတဲ့စက်ကိရိယာတွေနဲ့သာပြုလုပ်ထားကြောင်း သတိပေးခဲ့ပါတယ်။Mr. Indian Hacker က အိမ်၊ကျောင်း ဒါမှမဟုတ် အခြားဘယ်နေရာမှာမဆို သူ့လို Ghost Rider ကိုလိုက်မတုပဖို့ လူအများကိုတောင်းဆိုခဲ့ပါသေးတယ်။ဒီဗီဒီယိုရိုက်ကူးနေတုန်း ဘယ်သူမှထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ Mr. Indian Hacker ကထပ်မံဖြေကြားခဲ့ပါသေးတယ်။

Mia (Mckzone Daily)

မနက္ခင္းေကာ္ဖီပူပူေလးနဲ႔ေတာေတာင္ရွုခင္းအလွကိုခံစားၾကည့္ရွုနိုင္ဖို႔ ေခ်ာက္ကမ္းပါးေဘးမွာေဆာက္လုပ္ထားတဲ့တည္းခိုခန္း (႐ုပ္သံ)

Colombia နိုင္ငံ Antioquiaၿမိဳ့ရဲ့ Abejorral ေက်းလက္ေဒသရွိဧရာမေက်ာက္ေဆာင္တုံးႀကီးေပၚက ေကာ္ဖီရွုခင္းလို့လူသိမ်ားတဲ့ La Casa en el Aire (‘The House in the air’) အမည္ရွိသစ္သားျဖင့္တည္ေဆာက္ထားၿပီးအမိုးျဖဴနဲ႔ျပဳလုပ္ထားတဲ့အိမ္ဟာ ေျမျပင္အထက္မီတာ ၃၀ ခန႔္မွာရွိတဲ့ေခ်ာက္ကမ္းပါးေပၚမွာ တည္ရွိပါတယ္။La Casa en el Aire ကို သံမဏိဝါယာႀကိဳးေတြနဲ႔ခ်ိတ္ဆက္ထားၿပီး ေခ်ာက္ကမ္းပါးကိုဆန႔္က်င္ထားတဲ့ရွည္လ်ားတဲ့သစ္သားတိုင္ႀကီးတစ္ခုနဲ႔တည္ေဆာက္ထားတာပါ။La Casa en el Aire ဟာ ေျမမ်က္ႏွာျပင္အထက္မီတာ ၂၀ ခန႔္၊ ပင္လယ္ေရမ်က္ႏွာျပင္အထက္မီတာ ၂၅၀၀ ခန႔္မွာတည္ရွိတာပါ။ေခ်ာက္ကမ္းပါးမ်က္ႏွာျပင္တစ္ေလၽွာက္ကိုဆြဲထားတဲ့တံတားမွ ခရီးသည္ေတြကို ေတာင္ေပၚေတာင္ေအာက္ သယ္ေဆာင္နိုင္ဖို့အတြက္ ခိုင္ခံ့တဲ့သံႀကိဳးဆြဲယာဥ္ကိုပါ ခ်ိတ္ဆက္ထားပါတယ္။

La Casa en el Aire အိမ္ကို Nilton López အမည္ရွိတဲ့ေတာင္တက္သမားတစ္ဦးက တီထြင္ေဆာက္လုပ္ေပးခဲ့တာပါ။Niltonက ဒီထူးဆန္းတဲ့တည္းခိုခန္းကိုတည္ေဆာက္ရျခင္းက သူ႔ရဲ့အိမ္မက္ေဟာင္းကိုအေကာင္အထည္ေဖာ္နိုင္ဖို့လို့ဆိုထားပါတယ္။သူ႔တီထြင္မွုက ေရရွည္တည္တံ့ေနၿပီးလၽွပ္စစ္ဓာတ္အားကိုေနေရာင္ျခည္စြမ္းအင္ျဖင့္ထုတ္လုပ္နိုင္ျခင္း နဲ႔ အမွိုက္အားလုံးကိုလည္းစုေဆာင္းၿပီး Medellin သို့ပို့ေဆာင္နိုင္ျခင္းတို့ေၾကာင့္ သူအေတာ္ေလး စိတ္ခ်မ္းသာေနရပါတယ္တဲ့။

ဧရာမေက်ာက္တုံးႀကီးေပၚကတည္ေဆာက္ထားတဲ့အခန္းမွာ အနားယူ၊တည္းခိုနိုင္တဲ့အျပင္ La Casa en el Aire ရဲ့ခရီးသြားဧည့္သည္ေတြအတြက္ အလြန္စိတ္လွုပ္ရွားစရာေကာင္းတဲ့လွုပ္ရွားမွုေတြလည္း ပါဝင္ၿပီး အခန္းထဲကေန ခုန္ထြက္တာ ဒါမွမဟုတ္ အခန္းအထက္ကသံမဏိႀကိဳးေတြေပၚမွာ တပ္ထားတဲ့ပုခက္ထဲမွာ တစ္ညတာအိပ္စက္နိုင္တာပါဘဲ။La Casa en el Aire က Abejorralေက်းလက္ေဒသရဲ့ေဝးလံတဲ့ေနရာမွာတည္ရွိၿပီး အစားအစာကိုအလြယ္တကူမရရွိနိုင္တဲ့အတြက္ေၾကာင့္ အကယ္လို့ သြားေရာက္လည္ပတ္ခ်င္ရင္ ခရီးသြားဧည့္သည္ေတြအေနနဲ႔ ၾကာရွည္ခံအစားအစာေတြ (ေျခာက္ေသြ႕တဲ့ေပါင္မုန႔္၊ cookies စတာေတြ) အျပင္ ေရ ၅ လီတာဘူးကိုလည္းယူလာဖို့ တိုက္တြန္းထားပါေသးတယ္။

Mia (Mckzone Daily)

Source : odditycentral

Unicode

Colombia နိုင်ငံ Antioquiaမြို့ရဲ့ Abejorral ကျေးလက်ဒေသရှိဧရာမကျောက်ဆောင်တုံးကြီးပေါ်က ကော်ဖီရှုခင်းလို့လူသိများတဲ့ La Casa en el Aire (‘The House in the air’) အမည်ရှိသစ်သားဖြင့်တည်ဆောက်ထားပြီးအမိုးဖြူနဲ့ပြုလုပ်ထားတဲ့အိမ်ဟာ မြေပြင်အထက်မီတာ ၃၀ ခန့်မှာရှိတဲ့ချောက်ကမ်းပါးပေါ်မှာ တည်ရှိပါတယ်။La Casa en el Aire ကို သံမဏိဝါယာကြိုးတွေနဲ့ချိတ်ဆက်ထားပြီး ချောက်ကမ်းပါးကိုဆန့်ကျင်ထားတဲ့ရှည်လျားတဲ့သစ်သားတိုင်ကြီးတစ်ခုနဲ့တည်ဆောက်ထားတာပါ။La Casa en el Aire ဟာ မြေမျက်နှာပြင်အထက်မီတာ ၂၀ ခန့်၊ ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၂၅၀၀ ခန့်မှာတည်ရှိတာပါ။ချောက်ကမ်းပါးမျက်နှာပြင်တစ်လျှောက်ကိုဆွဲထားတဲ့တံတားမှ ခရီးသည်တွေကို တောင်ပေါ်တောင်အောက် သယ်ဆောင်နိုင်ဖို့အတွက် ခိုင်ခံ့တဲ့သံကြိုးဆွဲယာဉ်ကိုပါ ချိတ်ဆက်ထားပါတယ်။

La Casa en el Aire အိမ်ကို Nilton López အမည်ရှိတဲ့တောင်တက်သမားတစ်ဦးက တီထွင်ဆောက်လုပ်ပေးခဲ့တာပါ။Niltonက ဒီထူးဆန်းတဲ့တည်းခိုခန်းကိုတည်ဆောက်ရခြင်းက သူ့ရဲ့အိမ်မက်ဟောင်းကိုအကောင်အထည်ဖော်နိုင်ဖို့လို့ဆိုထားပါတယ်။သူ့တီထွင်မှုက ရေရှည်တည်တံ့နေပြီးလျှပ်စစ်ဓာတ်အားကိုနေရောင်ခြည်စွမ်းအင်ဖြင့်ထုတ်လုပ်နိုင်ခြင်း နဲ့ အမှိုက်အားလုံးကိုလည်းစုဆောင်းပြီး Medellin သို့ပို့ဆောင်နိုင်ခြင်းတို့ကြောင့် သူအတော်လေး စိတ်ချမ်းသာနေရပါတယ်တဲ့။

ဧရာမကျောက်တုံးကြီးပေါ်ကတည်ဆောက်ထားတဲ့အခန်းမှာ အနားယူ၊တည်းခိုနိုင်တဲ့အပြင် La Casa en el Aire ရဲ့ခရီးသွားဧည့်သည်တွေအတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့လှုပ်ရှားမှုတွေလည်း ပါဝင်ပြီး အခန်းထဲကနေ ခုန်ထွက်တာ ဒါမှမဟုတ် အခန်းအထက်ကသံမဏိကြိုးတွေပေါ်မှာ တပ်ထားတဲ့ပုခက်ထဲမှာ တစ်ညတာအိပ်စက်နိုင်တာပါဘဲ။La Casa en el Aire က Abejorralကျေးလက်ဒေသရဲ့ဝေးလံတဲ့နေရာမှာတည်ရှိပြီး အစားအစာကိုအလွယ်တကူမရရှိနိုင်တဲ့အတွက်ကြောင့် အကယ်လို့ သွားရောက်လည်ပတ်ချင်ရင် ခရီးသွားဧည့်သည်တွေအနေနဲ့ ကြာရှည်ခံအစားအစာတွေ (ခြောက်သွေ့တဲ့ပေါင်မုန့်၊ cookies စတာတွေ) အပြင် ရေ ၅ လီတာဘူးကိုလည်းယူလာဖို့ တိုက်တွန်းထားပါသေးတယ်။

Mia (Mckzone Daily)

သခင္ဓာတ္ပုံရိုက္ေနတုန္း ေဘးကသူငယ္ခ်င္းကို အေပၚကေနသိုင္းဖက္ရင္း ခ်စ္ဖို့ေကာင္းေအာင္ pose ေပးတတ္တဲ့ ေခြးေလး (႐ုပ္သံ)

ေကာင္းေကာင္းမြန္မြန္ေလ့က်င့္ေပးထားတဲ့ကယ္ဆယ္ေရးေခြးႏွစ္ေကာင္ဟာ သူတို့ကိုဓာတ္ပုံရိုက္ေနတုန္း ဘယ္လိုposeေပးရမယ္ဆိုတာကို ေကာင္းေကာင္းတုံ႔ျပန္ျပသခဲ့ပါတယ္။ဗီဒီယိုထဲအရ ဂ်ာမနီနိုင္ငံ Hamgbargၿမိဳ့ေဆာင္းရာသီသစ္ေတာလမ္းရွိအညိဳေရာင္သစ္ရြက္ေတြအၾကားက ေစာင္အျဖဴကိုက္ထားတဲ့၂ႏွစ္အရြယ္ Knutအမည္ရွိတဲ့ေခြးေလးဟာ သူ႔သခင္Antoniaက ဓာတ္ပုံရိုက္ေနတုန္း သူ႔ရဲ့အေဖာ္ဝက္အူေခ်ာင္းေခြး Pauliေလးကို အေပၚကေနသိုင္းဖက္ေပးရင္းႏွစ္ေကာင္သား ျပဳံးေနခဲ့ပါတယ္။ၿပီးခဲ့တဲ့နိုဝင္ဘာ ၁၉ရက္ေန႔ကတင္ခဲ့တဲ့အဆိုပါဗီဒီယိုဟာ လူသိမ်ားသြားခဲ့ၿပီး လူအမ်ားက Knutနဲ႔Pauliေလးတို့အၾကား ခ်စ္ဖို့ေကာင္းတဲ့ဆက္ဆံေရးကို သေဘာက်ေနခဲ့ၾကရပါတယ္။

“အဲ့ဟာေလးက ငါ့ကိုျပဳံးသြားေစတယ္၊Knutက ဥာဏ္ေကာင္းတဲ့ေကာင္ေလးဘဲ သူ႔ရဲ့လွည့္ကြက္ကို သေဘာက်တယ္”လို့လူအမ်ားက ဆိုထားၾကပါတယ္။Knutေလးကို သခင္ျဖစ္တဲ့Antoniaက Cyprus နိုင္ငံရွိ အျခားေခြးအေကာင္၄၀ေက်ာ္နဲ႔အတူသၿဂိဳလ္ေတာ့မယ့္သူ႔ကို ကယ္တင္ေပးနိုင္ခဲ့ၿပီး သူ ေလးလအရြယ္ကတည္းက ေမြးစားခဲ့တာပါ။၂၀၁၈ခုႏွစ္ ဩဂုတ္လမွာ ေမြးတဲ့Pauliကိုေတာ့ Antoniaရဲ့အေမ Sylviaက Hungaryနိုင္ငံမွေမြးစားခဲ့တာပါ။

1

2

3

4

5

6

Mia (Mckzone Daily)

Source : dailymail

Unicode

ကောင်းကောင်းမွန်မွန်လေ့ကျင့်ပေးထားတဲ့ကယ်ဆယ်ရေးခွေးနှစ်ကောင်ဟာ သူတို့ကိုဓာတ်ပုံရိုက်နေတုန်း ဘယ်လိုposeပေးရမယ်ဆိုတာကို ကောင်းကောင်းတုံ့ပြန်ပြသခဲ့ပါတယ်။ဗီဒီယိုထဲအရ ဂျာမနီနိုင်ငံ Hamgbargမြို့ဆောင်းရာသီသစ်တောလမ်းရှိအညိုရောင်သစ်ရွက်တွေအကြားက စောင်အဖြူကိုက်ထားတဲ့၂နှစ်အရွယ် Knutအမည်ရှိတဲ့ခွေးလေးဟာ သူ့သခင်Antoniaက ဓာတ်ပုံရိုက်နေတုန်း သူ့ရဲ့အဖော်ဝက်အူချောင်းခွေး Pauliလေးကို အပေါ်ကနေသိုင်းဖက်ပေးရင်းနှစ်ကောင်သား ပြုံးနေခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ ၁၉ရက်နေ့ကတင်ခဲ့တဲ့အဆိုပါဗီဒီယိုဟာ လူသိများသွားခဲ့ပြီး လူအများက Knutနဲ့Pauliလေးတို့အကြား ချစ်ဖို့ကောင်းတဲ့ဆက်ဆံရေးကို သဘောကျနေခဲ့ကြရပါတယ်။

“အဲ့ဟာလေးက ငါ့ကိုပြုံးသွားစေတယ်၊Knutက ဉာဏ်ကောင်းတဲ့ကောင်လေးဘဲ သူ့ရဲ့လှည့်ကွက်ကို သဘောကျတယ်”လို့လူအများက ဆိုထားကြပါတယ်။Knutလေးကို သခင်ဖြစ်တဲ့Antoniaက Cyprus နိုင်ငံရှိ အခြားခွေးအကောင်၄၀ကျော်နဲ့အတူသဂြိုလ်တော့မယ့်သူ့ကို ကယ်တင်ပေးနိုင်ခဲ့ပြီး သူ လေးလအရွယ်ကတည်းက မွေးစားခဲ့တာပါ။၂၀၁၈ခုနှစ် ဩဂုတ်လမှာ မွေးတဲ့Pauliကိုတော့ Antoniaရဲ့အမေ Sylviaက Hungaryနိုင်ငံမှမွေးစားခဲ့တာပါ။

Mia (Mckzone Daily)

ကိုဗစ္ကာလအတြင္း တစ္ေန႔တာျဖတ္သန္းေနထိုင္ေနရတဲ့ ကမာၻတစ္ဝန္းမွလူေတြရဲ႕ ပံုရိပ္မ်ား

ကၽြန္ေတာ္တို့ဟာ ၂၀၁၉အကုန္၂၀၂၀အစပိုင္းေလာက္ကတည္းက COVID-19 ေၾကာင့္ Lockdown ကာလအတြင္း အိမ္မွာဘဲ ကိုယ့္ရဲ့ပ်င္းရိစရာေကာင္းတဲ့တစ္ေန႔တာကို ေန႔စဥ္ေန႔တိုင္း ကုန္ဆုံးေနခဲ့ရတာပါ။အခုဓာတ္ပုံေတြကို ၿပီးခဲ့တဲ့ဇြန္လက စတင္ရိုက္ကူးထားခဲ့ၿပီး ရွုပ္ေထြးတဲ့စိတ္ခံစားခ်က္၊အိမ္တြင္းေနထိုင္ျခင္း၊ပ်င္းရိတဲ့တစ္ေန႔တာ စတဲ့လူသားေတြၾကဳံေတြ႕ေနရတဲ့Lockdown ကာလအတြင္း စိတ္က်ဥ္းက်ပ္ဖိစီးမွုေတြကို ကမၻာ့အႏွံ့ရွိထူးခၽြန္ဓာတ္ပုံပညာရွင္ေတြက နည္းအမ်ိဳးမ်ိဳးျဖင့္ မွတ္တမ္းတင္ထားခဲ့ၾကတာပါ။ဒီေတာ့ ကပ္ေရာဂါႀကီးအတြင္း ကမၻာ့တစ္ဝွမ္းကလူေတြရဲ့တစ္ေန႔တာဘယ္လိုကုန္ဆုံးသြားခဲ့ရတဲ့ပုံရိပ္ေတြကိုျပသေနတဲ့ဓာတ္ပုံအခ်ိဳ့ကို စာဖတ္သူတို့အဖို့ မၽွေဝခဲ့လိုက္ပါတယ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

Mia (Mckzone Daily)

Source : boredpanda

Unicode

ကျွန်တော်တို့ဟာ ၂၀၁၉အကုန်၂၀၂၀အစပိုင်းလောက်ကတည်းက COVID-19 ကြောင့် Lockdown ကာလအတွင်း အိမ်မှာဘဲ ကိုယ့်ရဲ့ပျင်းရိစရာကောင်းတဲ့တစ်နေ့တာကို နေ့စဉ်နေ့တိုင်း ကုန်ဆုံးနေခဲ့ရတာပါ။အခုဓာတ်ပုံတွေကို ပြီးခဲ့တဲ့ဇွန်လက စတင်ရိုက်ကူးထားခဲ့ပြီး ရှုပ်ထွေးတဲ့စိတ်ခံစားချက်၊အိမ်တွင်းနေထိုင်ခြင်း၊ပျင်းရိတဲ့တစ်နေ့တာ စတဲ့လူသားတွေကြုံတွေ့နေရတဲ့Lockdown ကာလအတွင်း စိတ်ကျဉ်းကျပ်ဖိစီးမှုတွေကို ကမ္ဘာ့အနှံ့ရှိထူးချွန်ဓာတ်ပုံပညာရှင်တွေက နည်းအမျိုးမျိုးဖြင့် မှတ်တမ်းတင်ထားခဲ့ကြတာပါ။ဒီတော့ ကပ်ရောဂါကြီးအတွင်း ကမ္ဘာ့တစ်ဝှမ်းကလူတွေရဲ့တစ်နေ့တာဘယ်လိုကုန်ဆုံးသွားခဲ့ရတဲ့ပုံရိပ်တွေကိုပြသနေတဲ့ဓာတ်ပုံအချို့ကို စာဖတ်သူတို့အဖို့ မျှဝေခဲ့လိုက်ပါတယ်။

Mia (Mckzone Daily)

McDonald ဆိုင္အျပင္ဘက္မွာျဖာက်ေနတဲ့ အလင္းေရာင္ကိုအားကိုးၿပီး အိမ္စာလုပ္ေနခဲ့တဲ့ အိုးမဲ့အိမ္မဲ့ကေလးငယ္

အခုသတင္းဟာ ၿပီးခဲ့တဲ့၂၀၁၉အေစာပိုင္းေလာက္ကသတင္းျဖစ္ၿပီး inspireျဖစ္ေစဖို့ေဖာ္ျပေပးလိုက္တာပါ။ကေလးေတာ္ေတာ္မ်ားမ်ားဟာ အိမ္စာလုပ္ဖို့မဝံ့မရဲျဖစ္ၾကၿပီး အိမ္စာလုပ္ဖို့လည္း ေရွာင္ဖယ္ေနတတ္ၾကသလိုေက်ာင္းကိုလုံးဝမသြားခ်င္ၾကတဲ့ကေလးေတြက onlineမွာအခ်ိန္ျဖဳန္းျခင္း သို့မဟုတ္ ဗီဒီယိုဂိမ္းကစားျခင္းေတြလုပ္တတ္ၾကပါတယ္။အဲဒီကေလးေတြက သူတို့ဘယ္ေလာက္ကံေကာင္းတယ္ဆိုတာကိုမသိၾကပါဘူး။ဖိလစ္ပိုင္နိုင္ငံ Mandaue ၿမိဳ့က ရည္မွန္းခ်က္ႀကီးတဲ့Daniel Cabrera အမည္ရွိအသက္၉ ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ဟာ McDonald စားေသာက္ဆိုင္ရဲ့အျပင္ဘက္မွာျဖာက်ေနတဲ့အလင္းေရာင္နဲ႔ ယာယီခုံတန္းရွည္ကိုသုံးၿပီး စိတ္ရွည္ရွည္နဲ႔ စာေလ့လာေနခဲ့ပါတယ္။သူ႔အိမ္စာလုပ္ေနတုန္း တစ္ေယာက္တည္းလမ္းေလၽွာက္ေနတဲ့Joyce Torrefranca အမည္ရွိေဆးေက်ာင္းသူတစ္ဦးက ေတြ႕သြားခဲ့ၿပီး စိတ္လွုပ္ရွားစရာေကာင္းတဲ့ျမင္ကြင္းေၾကာင့္ သူမဓာတ္ပုံရိုက္ကာ Facebook မွာ မၽွေဝလိုက္ၿပီးေနာက္ လ်င္ျမန္စြာ ပ်ံ႕ႏွံ့သြားခဲ့ၿပီး Netizen ေတြက Danielရဲ့ဇြဲလုံ႔လကိုသေဘာက်သြားခဲ့ၾကပါတယ္။

Torrefranca က လူအမ်ားရဲ့ေမတၱာကိုရခဲ့တာေၾကာင့္ “ရိုးရွင္းတဲ့ဓာတ္ပုံတစ္ပုံက ႀကီးမားတဲ့ျခားနားခ်က္ျဖစ္ေစနိုင္တာကို ကၽြန္မမသိခဲ့ဘူး။”လို့ဆိုကာ ေက်းဇူးတင္ခဲ့ပါတယ္။ဓာတ္ပုံေဝမၽွေပးခဲ့အတြက္ေၾကာင့္ သူမဟာ Danielရဲ့အိပ္မက္ကိုအေကာင္အထည္ေပၚေအာင္ ကူညီနိုင္ခဲ့ပါတယ္။သိပ္မၾကာခင္မွာပဲ လူေတြက က်ဥ္းက်ဳတ္ၿပီးနံရံမရွိတဲ့စားေသာက္ခန္းထဲမွာေနထိုင္တဲ့ တတိယတန္းေက်ာင္းသားDaniel တို့မိသားစုကို ေတြ႕ရွိခဲ့ၾကပါတယ္။သူတို့အိမ္ေဟာင္းကိုမီးရွို့ပစ္တဲ့ အေဖျဖစ္သူကေထာင္ထဲမွာဆုံးသြားခဲ့ၿပီး မိသားစုကဆင္းရဲႏြမ္းပါးေပမဲ့ Daniel က စာေလ့လာျခင္းကိုမရပ္တန႔္ခဲ့ပါဘူး။

အတန္းေဖာ္ေတြလမ္းေဘးမွာကစားေနတုန္း Daniel ဟာ McDonald ဆိုင္ရဲ့အလင္းေရာင္ကိုအသုံးျပဳၿပီး စာႀကိဳးစားေလ့လာေနခဲ့တာပါ။ခဲတံ၂ေခ်ာင္းတည္းသာရွိတဲ့Daniel ဟာ အျခားေက်ာင္းသားကသူ႔ရဲ့ခဲတံကိုခိုးယူခဲ့တာေၾကာင့္ တစ္ေန႔ ဆရာဝန္ ဒါမွမဟုတ္ ရဲတစ္ေယာက္ျဖစ္ဖို့ အိပ္မက္မက္ခဲ့ပါတယ္။တာဝန္ရွိတဲ့နိုင္ငံသားေတြက Daniel ရဲ့ပညာေရးရန္ပုံေငြအတြက္ ေဖာင္ေဒးရွင္းတစ္ခုကိုေထာင္ေပးခဲ့ၿပီး သူတို့ရဲ့ႀကိဳးပမ္းမွုေတြဟာ အရာထင္သြားခဲ့ပါတယ္။လွူဒါန္းမွုမွာ PHP ၂၂,၉၀၀ (အေမရိကန္ေဒၚလာ ၅၀၇ ခန႔္)ရွိခဲ့ၿပီး သူ႔ရဲ့ေက်ာင္းလိုအပ္ခ်က္ေတြအတြက္ PHP ၅၀,၀၀၀(ေဒၚလာ ၁၁၀၇ ခန႔္)ရရွိခဲ့ပါတယ္။ဒီေတာ့ ဘဝရဲ့ အႀကီးျမတ္ဆုံးသင္ခန္းစာေတြကို ေက်ာ္ၾကားတဲ့ပုဂၢိဳလ္ေတြဆီမွမဟုတ္ဘဲ Danielလို လုံလဝီရိယေကာင္းတဲ့လူေတြဆီကေနလည္း သင္ယူေလ့လာနိုင္ပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

အခုသတင်းဟာ ပြီးခဲ့တဲ့၂၀၁၉အစောပိုင်းလောက်ကသတင်းဖြစ်ပြီး inspireဖြစ်စေဖို့ဖော်ပြပေးလိုက်တာပါ။ကလေးတော်တော်များများဟာ အိမ်စာလုပ်ဖို့မဝံ့မရဲဖြစ်ကြပြီး အိမ်စာလုပ်ဖို့လည်း ရှောင်ဖယ်နေတတ်ကြသလိုကျောင်းကိုလုံးဝမသွားချင်ကြတဲ့ကလေးတွေက onlineမှာအချိန်ဖြုန်းခြင်း သို့မဟုတ် ဗီဒီယိုဂိမ်းကစားခြင်းတွေလုပ်တတ်ကြပါတယ်။အဲဒီကလေးတွေက သူတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုမသိကြပါဘူး။ဖိလစ်ပိုင်နိုင်ငံ Mandaue မြို့က ရည်မှန်းချက်ကြီးတဲ့Daniel Cabrera အမည်ရှိအသက်၉ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ McDonald စားသောက်ဆိုင်ရဲ့အပြင်ဘက်မှာဖြာကျနေတဲ့အလင်းရောင်နဲ့ ယာယီခုံတန်းရှည်ကိုသုံးပြီး စိတ်ရှည်ရှည်နဲ့ စာလေ့လာနေခဲ့ပါတယ်။သူ့အိမ်စာလုပ်နေတုန်း တစ်ယောက်တည်းလမ်းလျှောက်နေတဲ့Joyce Torrefranca အမည်ရှိဆေးကျောင်းသူတစ်ဦးက တွေ့သွားခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့မြင်ကွင်းကြောင့် သူမဓာတ်ပုံရိုက်ကာ Facebook မှာ မျှဝေလိုက်ပြီးနောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး Netizen တွေက Danielရဲ့ဇွဲလုံ့လကိုသဘောကျသွားခဲ့ကြပါတယ်။

Torrefranca က လူအများရဲ့မေတ္တာကိုရခဲ့တာကြောင့် “ရိုးရှင်းတဲ့ဓာတ်ပုံတစ်ပုံက ကြီးမားတဲ့ခြားနားချက်ဖြစ်စေနိုင်တာကို ကျွန်မမသိခဲ့ဘူး။”လို့ဆိုကာ ကျေးဇူးတင်ခဲ့ပါတယ်။ဓာတ်ပုံဝေမျှပေးခဲ့အတွက်ကြောင့် သူမဟာ Danielရဲ့အိပ်မက်ကိုအကောင်အထည်ပေါ်အောင် ကူညီနိုင်ခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ လူတွေက ကျဉ်းကျုတ်ပြီးနံရံမရှိတဲ့စားသောက်ခန်းထဲမှာနေထိုင်တဲ့ တတိယတန်းကျောင်းသားDaniel တို့မိသားစုကို တွေ့ရှိခဲ့ကြပါတယ်။သူတို့အိမ်ဟောင်းကိုမီးရှို့ပစ်တဲ့ အဖေဖြစ်သူကထောင်ထဲမှာဆုံးသွားခဲ့ပြီး မိသားစုကဆင်းရဲနွမ်းပါးပေမဲ့ Daniel က စာလေ့လာခြင်းကိုမရပ်တန့်ခဲ့ပါဘူး။

အတန်းဖော်တွေလမ်းဘေးမှာကစားနေတုန်း Daniel ဟာ McDonald ဆိုင်ရဲ့အလင်းရောင်ကိုအသုံးပြုပြီး စာကြိုးစားလေ့လာနေခဲ့တာပါ။ခဲတံ၂ချောင်းတည်းသာရှိတဲ့Daniel ဟာ အခြားကျောင်းသားကသူ့ရဲ့ခဲတံကိုခိုးယူခဲ့တာကြောင့် တစ်နေ့ ဆရာဝန် ဒါမှမဟုတ် ရဲတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပါတယ်။တာဝန်ရှိတဲ့နိုင်ငံသားတွေက Daniel ရဲ့ပညာရေးရန်ပုံငွေအတွက် ဖောင်ဒေးရှင်းတစ်ခုကိုထောင်ပေးခဲ့ပြီး သူတို့ရဲ့ကြိုးပမ်းမှုတွေဟာ အရာထင်သွားခဲ့ပါတယ်။လှူဒါန်းမှုမှာ PHP ၂၂,၉၀၀ (အမေရိကန်ဒေါ်လာ ၅၀၇ ခန့်)ရှိခဲ့ပြီး သူ့ရဲ့ကျောင်းလိုအပ်ချက်တွေအတွက် PHP ၅၀,၀၀၀(ဒေါ်လာ ၁၁၀၇ ခန့်)ရရှိခဲ့ပါတယ်။ဒီတော့ ဘဝရဲ့ အကြီးမြတ်ဆုံးသင်ခန်းစာတွေကို ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေဆီမှမဟုတ်ဘဲ Danielလို လုံလဝီရိယကောင်းတဲ့လူတွေဆီကနေလည်း သင်ယူလေ့လာနိုင်ပါတယ်။

Mia (Mckzone Daily)

စံျပဝန္ထမ္းတစ္ဦးအျဖစ္ သက္ေသျပနိုင္ဖို့ အိမ္သာခြက္ထဲကေရကိုတစ္ခါတည္းအကုန္ေမာ့ေသာက္ျပခဲ့တဲ့အမ်ိဳးသမီး (႐ုပ္သံ)

တ႐ုတ္နိုင္ငံရွိ သန္႔ရွင္းေရးသမားတစ္ဦးဟာ သူမအလုပ္ကို ဘယ္လိုေကာင္းမြန္ေအာင္ လုပ္ေဆာင္နိုင္တာကို သက္ေသျပဖို့ အိမ္သာထဲကေရကို ေသာက္ျပခဲ့ပါတယ္။ဗီဒီယိုထဲမွာေတာ့ အဆိုပါအမည္မေဖာ္ထားတဲ့အမ်ိဳးသမီးဟာ အလုပ္ခြင္ကသူ႔အထက္လူႀကီးအခ်ိဳ့ကို သူလုပ္ျပမယ့္အေၾကာင္းရွင္းျပရင္း ခြက္တစ္ခြက္ယူၿပီး အိမ္သာထဲကေရကိုခပ္ခဲ့ပါတယ္။အဲ့ဒီေနာက္ ျပန္ထြက္လာၿပီး အိမ္သာေရကို အကုန္ေမာ့ေသာက္ျပေတာ့ အေရွ႕က အထက္လူႀကီးေတြကလည္း လက္ခုပ္တီးေနခဲ့ပါတယ္။MailOnline သတင္းအရ ကုမၸဏီက သူမအား စံျပဝန္ထမ္းတစ္ဦးအျဖစ္ ေငြေပးထားခဲ့ၿပီး သူမရဲ့အရဲစြန္႔နိုင္မွုအတြက္ ခ်ီးက်ဴးေပးခဲ့တာပါတဲ့။

အဆိုပါသတင္းဟာ တ႐ုတ္နိုင္ငံ Shangdongျပည္နယ္ရွိ ဓာတ္ေျမဩဇာကုမၸဏီမွျဖစ္ၿပီး သူမအတိုင္း ဘယ္ဝန္ထမ္းကမွလိုက္မလုပ္ခဲ့ပါဘူးတဲ့။အင္တာနက္အသုံးျပဳသူေတြက “အႀကီးအကဲေတြေကာ ေသာက္ျပသင့္တယ္။အဲ့တာက သန္႔ရွင္းေရးသမားအတြက္ အေတာ္ေလးခက္ခဲေစမွာ”စတဲ့မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။အဆိုပါကုမၸဏီက သူမကို အိမ္သာေရမေသာက္ဖို့ေျပာခဲ့ေပမဲ့ သူမရဲ့သေဘာဆႏၵအေလ်ာက္ေသာက္ခဲ့တာပါတဲ့။

ကုမၸဏီရဲ့ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက အဆိုပါသန္႔ရွင္းေရးသမားဟာ သူမရဲ့စိတ္ပိုင္းဆိုင္ရာအတားအဆီးေတြကိုခ်ိဳးေဖာက္နိုင္ခဲ့ၿပီးေနာက္ပိုင္း အိမ္သာေရကို ၂ႏွစ္နီးပါးေသာက္ခဲ့ေၾကာင္း Red Star News သတင္းသို့ေျဖၾကားထားပါေသးတယ္။အဲ့ဒီေနာက္ ကုမၸဏီက ဝန္ထမ္းအားလုံးကို သူမထံမွ သင္ယူဖို့တိုက္တြန္းခဲ့ၿပီး”သူမက ငါတို့ရဲ့စံျပနမူနာဘဲ သူမကအလုပ္ကို အျမင့္ဆုံးအထိ လုပ္နိုင္ခဲ့တယ္”လို့လည္း ဆိုထားပါတယ္။လြန္ခဲ့တဲ့၂ႏွစ္တုန္းကလည္း တ႐ုတ္နိုင္ငံ Sichuan ျပည္နယ္ရွိဓာတ္ပုံကုမၸဏီတစ္ခုကလည္း ဝန္ထမ္းေတြအလုပ္တစ္ခုခုလႊဲေခ်ာ္သြားခဲ့ရင္ အဲ့လိုဘဲ အိမ္သာေရေသာက္ခိုင္းခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : ladbible

Unicode

တရုတ်နိုင်ငံရှိ သန့်ရှင်းရေးသမားတစ်ဦးဟာ သူမအလုပ်ကို ဘယ်လိုကောင်းမွန်အောင် လုပ်ဆောင်နိုင်တာကို သက်သေပြဖို့ အိမ်သာထဲကရေကို သောက်ပြခဲ့ပါတယ်။ဗီဒီယိုထဲမှာတော့ အဆိုပါအမည်မဖော်ထားတဲ့အမျိုးသမီးဟာ အလုပ်ခွင်ကသူ့အထက်လူကြီးအချို့ကို သူလုပ်ပြမယ့်အကြောင်းရှင်းပြရင်း ခွက်တစ်ခွက်ယူပြီး အိမ်သာထဲကရေကိုခပ်ခဲ့ပါတယ်။အဲ့ဒီနောက် ပြန်ထွက်လာပြီး အိမ်သာရေကို အကုန်မော့သောက်ပြတော့ အရှေ့က အထက်လူကြီးတွေကလည်း လက်ခုပ်တီးနေခဲ့ပါတယ်။MailOnline သတင်းအရ ကုမ္ပဏီက သူမအား စံပြဝန်ထမ်းတစ်ဦးအဖြစ် ငွေပေးထားခဲ့ပြီး သူမရဲ့အရဲစွန့်နိုင်မှုအတွက် ချီးကျူးပေးခဲ့တာပါတဲ့။

အဆိုပါသတင်းဟာ တရုတ်နိုင်ငံ Shangdongပြည်နယ်ရှိ ဓာတ်မြေဩဇာကုမ္ပဏီမှဖြစ်ပြီး သူမအတိုင်း ဘယ်ဝန်ထမ်းကမှလိုက်မလုပ်ခဲ့ပါဘူးတဲ့။အင်တာနက်အသုံးပြုသူတွေက “အကြီးအကဲတွေကော သောက်ပြသင့်တယ်။အဲ့တာက သန့်ရှင်းရေးသမားအတွက် အတော်လေးခက်ခဲစေမှာ”စတဲ့မှတ်ချက်တွေပေးခဲ့ကြပါတယ်။အဆိုပါကုမ္ပဏီက သူမကို အိမ်သာရေမသောက်ဖို့ပြောခဲ့ပေမဲ့ သူမရဲ့သဘောဆန္ဒအလျောက်သောက်ခဲ့တာပါတဲ့။

ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါသန့်ရှင်းရေးသမားဟာ သူမရဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုချိုးဖောက်နိုင်ခဲ့ပြီးနောက်ပိုင်း အိမ်သာရေကို ၂နှစ်နီးပါးသောက်ခဲ့ကြောင်း Red Star News သတင်းသို့ဖြေကြားထားပါသေးတယ်။အဲ့ဒီနောက် ကုမ္ပဏီက ဝန်ထမ်းအားလုံးကို သူမထံမှ သင်ယူဖို့တိုက်တွန်းခဲ့ပြီး”သူမက ငါတို့ရဲ့စံပြနမူနာဘဲ သူမကအလုပ်ကို အမြင့်ဆုံးအထိ လုပ်နိုင်ခဲ့တယ်”လို့လည်း ဆိုထားပါတယ်။လွန်ခဲ့တဲ့၂နှစ်တုန်းကလည်း တရုတ်နိုင်ငံ Sichuan ပြည်နယ်ရှိဓာတ်ပုံကုမ္ပဏီတစ်ခုကလည်း ဝန်ထမ်းတွေအလုပ်တစ်ခုခုလွှဲချော်သွားခဲ့ရင် အဲ့လိုဘဲ အိမ်သာရေသောက်ခိုင်းခဲ့ပါသေးတယ်။

Mia (Mckzone Daily)

ႏွင္းေပါက္ေလးေတြနဲ႔ ေတာက္ပေနတဲ့ေဆာင္းရာသီမွာ သမီးေလးေတြအတြက္ အလွပဆံုး အမွတ္တရ​ေတြဖန္တီးေပးခဲ့တဲ့ မိခင္

“ေမွာ္အတတ္ပညာက ကၽြန္မတို့ကိုဘယ္ေတာ့မွ မၿငီးေငြ႕သြားေစခဲ့ဘူး။ေမွာ္အဆန္ဆုံး ရာသီက ေဆာင္းရာသီပါ။အရာအားလုံးေအးခဲေနၿပီး ႏွင္းေပါက္ေလးေတြကလည္း တလက္လက္ ေတာက္ပေနတယ္။ေရခဲပုံေဆာင္ခဲေတြနဲ႔ၾကည္လင္ေအးစိမ့္တဲ့ေလထုက ကၽြန္မနဲ႔ ကၽြန္မသမီးေလးေတြကို ၾကည္စယ္ေနတယ္။ကၽြန္မတို့က ပုံျပင္ေတြကို ႀကိဳက္ႏွစ္သက္ၾကတာေၾကာင့္ သမီးအႀကီးဆုံးက သူမရဲ့ဓာတ္ပုံေတြကို သုံးၿပီး ဒ႑ာရီနတ္သမီးပုံျပင္မွာ ထည့္ေပးဖို့ ပူဆာေနတယ္။ဒီေတာ့ ကၽြန္မလည္း စိတ္ကူးေပါက္သလိုလုပ္ေပးလိုက္တယ္။ဒါကေဆာင္းရာသီ Wonderland မွာရွိတဲ့ ကၽြန္မသမီးေလးေတြေပါ့။” လို့ဆိုရင္း Maria Lindbergလို့ေခၚတဲ့အမ်ိဳးသမီးကေတာ့ ဒီႏွစ္ေဆာင္းရာသီရဲ့အလွတရားနဲ႔ ခ်စ္ဖို့ေကာင္းတဲ့သူမသမီးေလးတို့ရဲ့ဓာတ္ပုံေတြကို ေဝမၽွထားခဲ့ပါတယ္။

1

2

3

4

5

6

7

8

9

10

Mia (Mckzone Daily)

Source : boredpanda

Unicode

“မှော်အတတ်ပညာက ကျွန်မတို့ကိုဘယ်တော့မှ မငြီးငွေ့သွားစေခဲ့ဘူး။မှော်အဆန်ဆုံး ရာသီက ဆောင်းရာသီပါ။အရာအားလုံးအေးခဲနေပြီး နှင်းပေါက်လေးတွေကလည်း တလက်လက် တောက်ပနေတယ်။ရေခဲပုံဆောင်ခဲတွေနဲ့ကြည်လင်အေးစိမ့်တဲ့လေထုက ကျွန်မနဲ့ ကျွန်မသမီးလေးတွေကို ကြည်စယ်နေတယ်။ကျွန်မတို့က ပုံပြင်တွေကို ကြိုက်နှစ်သက်ကြတာကြောင့် သမီးအကြီးဆုံးက သူမရဲ့ဓာတ်ပုံတွေကို သုံးပြီး ဒဏ္ဍာရီနတ်သမီးပုံပြင်မှာ ထည့်ပေးဖို့ ပူဆာနေတယ်။ဒီတော့ ကျွန်မလည်း စိတ်ကူးပေါက်သလိုလုပ်ပေးလိုက်တယ်။ဒါကဆောင်းရာသီ Wonderland မှာရှိတဲ့ ကျွန်မသမီးလေးတွေပေါ့။” လို့ဆိုရင်း Maria Lindbergလို့ခေါ်တဲ့အမျိုးသမီးကတော့ ဒီနှစ်ဆောင်းရာသီရဲ့အလှတရားနဲ့ ချစ်ဖို့ကောင်းတဲ့သူမသမီးလေးတို့ရဲ့ဓာတ်ပုံတွေကို ဝေမျှထားခဲ့ပါတယ်။

Mia (Mckzone Daily)

အက္ေၾကာင္းေတြအျပည့္နဲ႔ဆိုေပမဲ့ အသံုးျပဳလို႔ရေသးတဲ့ ထူးျခားဗီဒိုဒီဇိုင္းေတြကို ဖန္တီးပံုေဖာ္ျပခဲ့သူ

ပ်က္စီးသြားတဲ့ ဒါမွမဟုတ္ အက္ကြဲသြားတဲ့ပရိေဘာဂေတြဟာ Henk Verhoeffအမည္ရွိတဲ့အမ်ိဳးသားရဲ့ထူးျခားဆန္းၾကယ္တဲ့ဗီဒိုေတြေၾကာင့္သာမဟုတ္ရင္ သူတို့ကစံျပအရာေတြမဟုတ္ပါဘူး။New Zealand နိုင္ငံ Aucklandၿမိဳ့က အၿငိမ္းစားလယ္သမားတစ္ဦးျဖစ္တဲ့Henkဟာ သမီးျဖစ္သူက Facebook ေပၚသူ႔ရဲ့အံ့ဩစရာေကာင္းတဲ့သစ္သားဗီဒိုေတြ မၽွေဝခဲ့ၿပီး ေနာက္ေန႔မွာဘဲ ခ်က္ခ်င္းလူသိမ်ားသြားခဲ့ပါတယ္။Henkက အဆိုပါဗီဒိုေတြကို ဒီဂ်စ္ထယ္နဲ႔ေျပာင္းလဲၾကည့္ေပမဲ့ သူကိုယ္တိုင္လက္နဲ႔ဘဲ ဒီဇိုင္းဆြဲၿပီး တီထြင္ပုံေဖာ္ခဲ့တာပါ။ဒါ့အျပင္ သူ႔တီထြင္မွုကို ပိုထင္ရွားေစတာက ဗီဒိုေတြဟာ ထင္ထင္ရွားရွားခ်ိဳ့ယြင္းခ်က္ေတြရွိေနေပမဲ့ ဆက္ၿပီးအလုပ္လုပ္နိုင္ေသးတာကိုပါ။

အံဆြဲေတြအားလုံးက ဖြင့္ပိတ္လုပ္လို့ရသလို ပစၥည္းေတြလည္းထဲလို့ရေနပါေသးတယ္။Henkက ထူးဆန္းတဲ့ပရိေဘာဂေတြ ဆိုင္မွာမျမင္ဖူးေသးတဲ့ပရိေဘာဂပစၥည္းေတြကို တီထြင္ရတာကို ႀကိဳက္ၿပီး အဆိုပါဗီဒိုေတြကို နာရီေပါင္း ၈၀ကေန၁၀၀အထိအခ်ိန္ယူျပဳလုပ္ခဲ့ရပါတယ္တဲ့။ဒါေပမဲ့ အဆိုပါနတ္သမီးပုံျပင္ဆန္တဲ့ဗီဒီေတြဟာ Henkက ေရာင္းခ်ဖို့လုပ္ခဲ့တာမဟုတ္ပါဘူး။”ငါသူတို့ကို ေရာင္းခ်င္တဲ့ရည္ရြယ္ခ်က္မရွိဘဲ စစ္မွန္တဲ့ခ်စ္ျခင္းေမတၱာအတြက္ ဖန္တီးခဲ့တာ ဒါေပမဲ့ငါ့အေျခအေနမေကာင္းလာခဲ့ရင္ေတာ့ သူတို့ကို ေလလံတင္ၿပီးအကုန္ထုတ္ေရာင္းမွာပါ ငါ့မိန္းမကလႊဲရင္ေပါ့”လို့ Henkကဟာသေႏွာၿပီးဆိုခဲ့ပါေသးတယ္။

Henkရဲ့သမီးLindaက ၿပီးခဲ့တဲ့အပတ္က သူ႔ရဲ့ဗီဒိုေတြကို ထုတ္ျပေပးခဲ့ၿပီး တုံ႔ျပန္ခ်က္ေတြကအရမ္းေကာင္းေနတာေၾကာင့္ Henkက ငါ့ဗီဒိုအေၾကာင္းကို ဘာလို့လူသိမ်ားသြားတာကို ေသခ်ာမသိခဲ့ဘူး တကယ္ေတာ့ ငါ့သမီးကpostတင္ေပးခဲ့တာကို ဒီလိုျဖစ္သြားမယ္လို့ မေမၽွာ္လင့္ထားပါဘူး ေပ်ာ္လြန္းလို့ မိုးေပၚေတာင္ပ်ံတက္သြားတယ္လို့လည္း ဆိုထားပါေသးတယ္။

Mia (Mckzone Daily)

Source : odditycentral

Unicode

ပျက်စီးသွားတဲ့ ဒါမှမဟုတ် အက်ကွဲသွားတဲ့ပရိဘောဂတွေဟာ Henk Verhoeffအမည်ရှိတဲ့အမျိုးသားရဲ့ထူးခြားဆန်းကြယ်တဲ့ဗီဒိုတွေကြောင့်သာမဟုတ်ရင် သူတို့ကစံပြအရာတွေမဟုတ်ပါဘူး။New Zealand နိုင်ငံ Aucklandမြို့က အငြိမ်းစားလယ်သမားတစ်ဦးဖြစ်တဲ့Henkဟာ သမီးဖြစ်သူက Facebook ပေါ်သူ့ရဲ့အံ့ဩစရာကောင်းတဲ့သစ်သားဗီဒိုတွေ မျှဝေခဲ့ပြီး နောက်နေ့မှာဘဲ ချက်ချင်းလူသိများသွားခဲ့ပါတယ်။Henkက အဆိုပါဗီဒိုတွေကို ဒီဂျစ်ထယ်နဲ့ပြောင်းလဲကြည့်ပေမဲ့ သူကိုယ်တိုင်လက်နဲ့ဘဲ ဒီဇိုင်းဆွဲပြီး တီထွင်ပုံဖော်ခဲ့တာပါ။ဒါ့အပြင် သူ့တီထွင်မှုကို ပိုထင်ရှားစေတာက ဗီဒိုတွေဟာ ထင်ထင်ရှားရှားချို့ယွင်းချက်တွေရှိနေပေမဲ့ ဆက်ပြီးအလုပ်လုပ်နိုင်သေးတာကိုပါ။

အံဆွဲတွေအားလုံးက ဖွင့်ပိတ်လုပ်လို့ရသလို ပစ္စည်းတွေလည်းထဲလို့ရနေပါသေးတယ်။Henkက ထူးဆန်းတဲ့ပရိဘောဂတွေ ဆိုင်မှာမမြင်ဖူးသေးတဲ့ပရိဘောဂပစ္စည်းတွေကို တီထွင်ရတာကို ကြိုက်ပြီး အဆိုပါဗီဒိုတွေကို နာရီပေါင်း ၈၀ကနေ၁၀၀အထိအချိန်ယူပြုလုပ်ခဲ့ရပါတယ်တဲ့။ဒါပေမဲ့ အဆိုပါနတ်သမီးပုံပြင်ဆန်တဲ့ဗီဒီတွေဟာ Henkက ရောင်းချဖို့လုပ်ခဲ့တာမဟုတ်ပါဘူး။”ငါသူတို့ကို ရောင်းချင်တဲ့ရည်ရွယ်ချက်မရှိဘဲ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာအတွက် ဖန်တီးခဲ့တာ ဒါပေမဲ့ငါ့အခြေအနေမကောင်းလာခဲ့ရင်တော့ သူတို့ကို လေလံတင်ပြီးအကုန်ထုတ်ရောင်းမှာပါ ငါ့မိန်းမကလွှဲရင်ပေါ့”လို့ Henkကဟာသနှောပြီးဆိုခဲ့ပါသေးတယ်။

Henkရဲ့သမီးLindaက ပြီးခဲ့တဲ့အပတ်က သူ့ရဲ့ဗီဒိုတွေကို ထုတ်ပြပေးခဲ့ပြီး တုံ့ပြန်ချက်တွေကအရမ်းကောင်းနေတာကြောင့် Henkက ငါ့ဗီဒိုအကြောင်းကို ဘာလို့လူသိများသွားတာကို သေချာမသိခဲ့ဘူး တကယ်တော့ ငါ့သမီးကpostတင်ပေးခဲ့တာကို ဒီလိုဖြစ်သွားမယ်လို့ မမျှော်လင့်ထားပါဘူး ပျော်လွန်းလို့ မိုးပေါ်တောင်ပျံတက်သွားတယ်လို့လည်း ဆိုထားပါသေးတယ်။

Mia (Mckzone Daily)

ေရာဂါကာလအတြင္းအျပင္ထြက္မလည္ေအာင္ သားျဖစ္သူကို ထိပ္ေျပာင္ဆံပင္ပံုစံညႇပ္ေပးၿပီး ထိန္းခ်ဳပ္ထားတဲ့ ဖခင္

ဖိလစ္ပိုင္နိုင္ငံရွိဖခင္တစ္ဦးဟာ အလ်င္အျမန္ပ်ံ႕ႏွံ့ေနတဲ့COVID-19 ေရာဂါေၾကာင့္ မၾကာေသးခင္ကျပန္ထုတ္ျပန္လိုက္တဲ့Lockdown ကာလအတြင္း သားျဖစ္သူကို အိမ္မွာဘဲေနေစဖို့ အႀကံအဖန္ေကာင္းတဲ့နည္းလမ္းတစ္ခုထုတ္သုံးခဲ့ရပါတယ္။ကူးစက္ေရာဂါက ကမၻာတစ္ဝွမ္းမွာဆက္လက္ပ်ံ႕ႏွံ့ေနဆဲျဖစ္ၿပီး ဖိလစ္ပိုင္နိုင္ငံကလည္း ႁခြင္းခ်က္မရွိပါဘူး။အျခားနိုင္ငံေတြလို အစိုးရက နိုင္ငံသားေတြအေနနဲ႔ မိမိတို့ေနအိမ္မွာသီးျခားေနထိုင္ဖို့၊တတ္နိုင္သေလာက္အိမ္ျပင္သိပ္မထြက္ဖို့စတာေတြျပဌာန္းထားတာပါ။ဒါေပမဲ့ အဲ့လိုေနထိုင္ဖို့ဆိုတာ မလြယ္ကူပါဘူး။အထူးသျဖင့္ ကေလးေတြပါ။သူတို့က အေပါင္းအသင္းေတြနဲ႔ကစားခ်ိန္ဆို ပုံမွန္အျပင္ထြက္တတ္ၾကပါတယ္။

ဒါေပမဲ့ မိဘေတြကေတာ့ အဲ့ဒီျပႆနာေတြကို ေျဖရွင္းဖို့ တီထြင္ဖန္တီးမွုအခ်ိဳ့ကို သိလာၾကပါၿပီ။ၿပီးခဲ့တဲ့အပတ္က ပုံမွန္မဟုတ္ေနတဲ့ ၾကည့္ရဆိုးတဲ့ဆံပင္ေကနဲ႔ငိုယိုေနခဲ့တဲ့ေကာင္ေလးတစ္ဦးရဲ့ဓာတ္ပုံေတြဟာ ဖိလစ္ပိုင္နိုင္ငံရဲ့social media မွာ ပ်ံ႕ႏွံ့သြားၿပီး လူသိမ်ားသြားခဲ့ရပါတယ္။ပုံထဲကေကာင္ေလးက အိမ္ထဲမွာေနဖို့အမိန္႔ကို ေခါင္းမာမာနဲ႔ျငင္းဆန္ေနခဲ့တာပါ။အဲ့တာေၾကာင့္ အေဖျဖစ္သူက သူ႔ကို စည္း႐ုံးသိမ္းသြင္းဖို့ နည္းလမ္းတစ္ခုတီထြင္ခဲ့ရပါတယ္။သူ႔ကို ဆူပူႀကိမ္းေမာင္းတာ သို့မဟုတ္ ဒဏ္ခတ္တာေတြလုပ္မယ့္အစား ဓားတစ္ေခ်ာင္းယူၿပီး သူအရွက္ရသြားေစဖို့ ထိပ္ေျပာင္ေက ညႇပ္ေပးပစ္လိုက္ပါတယ္။

ဓာတ္ပုံထဲအရ ေကာင္ေလးကသူ႔ဆံပင္ေကအသစ္ကို သိပ္ႀကိဳက္ပုံမထင္ရေပမဲ့ ျပဳံးေနတဲ့အေဖကေတာ့ သူ႔လက္ရာကို အေတာ္ေလးသေဘာက်ေနပုံပါဘဲ။အဆိုပါဓာတ္ပုံေတြကို ဘာလို့ေကာင္ေလးက ထိပ္ေျပာင္ေကညႇပ္ခဲ့ရတဲ့အေၾကာင္းရွင္းျပခဲ့တဲ့အဆိုပါေကာင္ေလးရဲ့အမက Facebook ေပၚတင္ခဲ့တာပါ။ေကာင္းပါၿပီ သူ႔အေဖလက္ရာက ေသေစနိုင္တဲ့ဗိုင္းရပ္ကူးစက္ျခင္းမွ သူ႔ကိုလုံျခဳံစြာထားနိုင္ခဲ့ရင္ေတာ့ သူ႔မ်က္ရည္ေတြအားလုံးက်ရက်ိဳးနပ္သြားပါလိမ့္မယ္။ကယ္ အျပင္မထြက္ဖို့ အတန္တန္မွာေနတဲ့အၾကားစကားနားမေထာင္ဘဲ ခိုးထြက္တတ္တဲ့ကေလးေတြရွိရင္လည္း အဲ့လို ထိပ္ေျပာင္ေက ညႇပ္ေပးပစ္လိုက္ပါ။

Mia (Mckzone Daily)

Source :odditycentral

Unicode

ဖိလစ်ပိုင်နိုင်ငံရှိဖခင်တစ်ဦးဟာ အလျင်အမြန်ပျံ့နှံ့နေတဲ့COVID-19 ရောဂါကြောင့် မကြာသေးခင်ကပြန်ထုတ်ပြန်လိုက်တဲ့Lockdown ကာလအတွင်း သားဖြစ်သူကို အိမ်မှာဘဲနေစေဖို့ အကြံအဖန်ကောင်းတဲ့နည်းလမ်းတစ်ခုထုတ်သုံးခဲ့ရပါတယ်။ကူးစက်ရောဂါက ကမ္ဘာတစ်ဝှမ်းမှာဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံကလည်း ခြွင်းချက်မရှိပါဘူး။အခြားနိုင်ငံတွေလို အစိုးရက နိုင်ငံသားတွေအနေနဲ့ မိမိတို့နေအိမ်မှာသီးခြားနေထိုင်ဖို့၊တတ်နိုင်သလောက်အိမ်ပြင်သိပ်မထွက်ဖို့စတာတွေပြဌာန်းထားတာပါ။ဒါပေမဲ့ အဲ့လိုနေထိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။အထူးသဖြင့် ကလေးတွေပါ။သူတို့က အပေါင်းအသင်းတွေနဲ့ကစားချိန်ဆို ပုံမှန်အပြင်ထွက်တတ်ကြပါတယ်။

ဒါပေမဲ့ မိဘတွေကတော့ အဲ့ဒီပြဿနာတွေကို ဖြေရှင်းဖို့ တီထွင်ဖန်တီးမှုအချို့ကို သိလာကြပါပြီ။ပြီးခဲ့တဲ့အပတ်က ပုံမှန်မဟုတ်နေတဲ့ ကြည့်ရဆိုးတဲ့ဆံပင်ကေနဲ့ငိုယိုနေခဲ့တဲ့ကောင်လေးတစ်ဦးရဲ့ဓာတ်ပုံတွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့social media မှာ ပျံ့နှံ့သွားပြီး လူသိများသွားခဲ့ရပါတယ်။ပုံထဲကကောင်လေးက အိမ်ထဲမှာနေဖို့အမိန့်ကို ခေါင်းမာမာနဲ့ငြင်းဆန်နေခဲ့တာပါ။အဲ့တာကြောင့် အဖေဖြစ်သူက သူ့ကို စည်းရုံးသိမ်းသွင်းဖို့ နည်းလမ်းတစ်ခုတီထွင်ခဲ့ရပါတယ်။သူ့ကို ဆူပူကြိမ်းမောင်းတာ သို့မဟုတ် ဒဏ်ခတ်တာတွေလုပ်မယ့်အစား ဓားတစ်ချောင်းယူပြီး သူအရှက်ရသွားစေဖို့ ထိပ်ပြောင်ကေ ညှပ်ပေးပစ်လိုက်ပါတယ်။

ဓာတ်ပုံထဲအရ ကောင်လေးကသူ့ဆံပင်ကေအသစ်ကို သိပ်ကြိုက်ပုံမထင်ရပေမဲ့ ပြုံးနေတဲ့အဖေကတော့ သူ့လက်ရာကို အတော်လေးသဘောကျနေပုံပါဘဲ။အဆိုပါဓာတ်ပုံတွေကို ဘာလို့ကောင်လေးက ထိပ်ပြောင်ကေညှပ်ခဲ့ရတဲ့အကြောင်းရှင်းပြခဲ့တဲ့အဆိုပါကောင်လေးရဲ့အမက Facebook ပေါ်တင်ခဲ့တာပါ။ကောင်းပါပြီ သူ့အဖေလက်ရာက သေစေနိုင်တဲ့ဗိုင်းရပ်ကူးစက်ခြင်းမှ သူ့ကိုလုံခြုံစွာထားနိုင်ခဲ့ရင်တော့ သူ့မျက်ရည်တွေအားလုံးကျရကျိုးနပ်သွားပါလိမ့်မယ်။ကယ် အပြင်မထွက်ဖို့ အတန်တန်မှာနေတဲ့အကြားစကားနားမထောင်ဘဲ ခိုးထွက်တတ်တဲ့ကလေးတွေရှိရင်လည်း အဲ့လို ထိပ်ပြောင်ကေ ညှပ်ပေးပစ်လိုက်ပါ။

Mia (Mckzone Daily)