လူကြိုက်များတဲ့ cosplayer ဇာတ်ကောင်အမျိုးသားရဲ့ နောက်ကွယ်က မယုံနိုင်စရာပြောင်းလဲမှုရဲ့ သရုပ်မှန်




1

2

3

4

5

6

7

Mia (Mckzone Daily)

Source : odditycentral

Unicode

Instagram တစ်ခုတည်းမှာမှ followerပေါင်း ၁.၅ သန်းကျော်ရှိတဲ့ Hakken Ryou အမည်ရှိမလေးရှား cosplayerတစ်ဦးရဲ့မယုံနိုင်စရာပြောင်းလဲမှုတွေကြောင့် လူအများက သူ့ရဲ့လိင်ကွဲပြားမှုကို အမြဲတမ်းသံသယဖြစ်နေခဲ့ကြရတာပါ။Naruto, Arknights, Demon Slayer, ဒါမှမဟုတ် Nobless စတဲ့ လူကြိုက်များတဲ့ Anime ဗီဒီယိုဂိမ်းထဲရှိ အထင်ကရအမျိုးသားဇာတ်ကောင်တွေရဲ့ပုံပန်းသဏ္ဍန်ကိုကြည့်လိုက်တဲ့အခါ Hakken ထက်သာတဲ့တစ်စုံတစ်ဦးကို ရှာတွေ့ဖို့ ခက်ခဲသွားပါလိမ့်မယ်။ တကယ်လည်း အမျိုးသမီးတစ်ဦးဖြစ်နေတဲ့ Hakkenဟာ မိတ်ကပ်နဲ့ဆံပင်ပုံစံကို ကျွမ်းကျွမ်းကျင်ကျင်ပုံဖော်နိုင်တဲ့အပြင် ဒစ်ဂျစ်တယ်တည်းဖြတ်မှုတွေကိုလည်း သပ်ရပ်စွာ ပြသနိုင်ခြင်းကြောင့် သူမရွေးချယ်ထားတဲ့ဇာတ်ကောင်အားလုံးနီးပါးက အကောင်းတကာ့ အကောင်းဆုံးဖြစ်နေခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်တွေ သန်းချီရှိနေခြင်းကလည်း သူမအတွက် အံ့ဩစရာမဟုတ်နေတော့ပါဘူး။Hakken ရဲ့ပရိတ်သတ်အများစုကတော့ သူမဟာ မိန်းကလေးတစ်ဦးဆိုတာကိုသိထားကြပြီး အဆိုပါလိမ်လည်ထားတဲ့လုပ်ရပ်တွေက သူမရဲ့ cosplay စီမံကိန်းတွေအတွက် ကျားမအတားအဆီးကိုကျော်လွှားနိုင်ဖို့ဆိုတာကိုလည်း သိထားကြပါတယ်။

ဒါပေမဲ့ သူမကို ပထမဆုံးအကြိမ် တကယ့်အမျိုးသမီးအဖြစ် တွေ့ဖူးခဲ့ကြတဲ့လူတွေကတော့ အတော်လေး အံ့ဩသွားခဲ့ကြပါတယ်။Hakken Ryou ရဲ့လိင်ကွဲပြားမှုနဲ့ပတ်သက်တဲ့ထင်မြင်ယူဆချက်တွေကို Social Media မှာ လူအများက အပြောများနေကြတုန်းပါပဲ။ဒါပေမဲ့လည်း ယနေ့ခေတ်လူငယ်တော်တော်များများက လိင်အပိုင်းအခြားကို အဓိက မထားဘဲ ကိုယ့်စိတ်ကြိုက်တိုင်း လုပ်ချင်တာလုပ်လာကြတာကို သိကြမှာပါ။

Mia (Mckzone Daily)

အသက် 53နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဘောလိဝုဒ်မင်းသားကြီး Irrfan Khan




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဘောလိဝုဒ် နှင့် ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့ မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ Irrfan Khan ဟာ ပြီးခဲ့တဲ့ April 29 ရက်နေ့က မွန်ဘိုင်းမြို့ရှိ Kokilaben Dhirubhai Ambani ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ် ။ မင်းသားကြီးဟာ ကင်ဆာရောဂါကို 2018 ခုနှစ်ကတည်းက စတင်ခံစားနေခဲ့ရတာဖြစ်ပြီး ၊ ကျန်းမာရေးအခြေအနေဆိုးဝါးလာခဲ့လို့ April 28 ရက်နေ့မှာ အရေးပေါ်စောင့်ကြပ်လူနာခန်းမှာ ကုသမှုခံယူခဲ့ရပေမဲ့လည်း April 29 ရက်နေ့မှာတော့ ကွယ်လွန်သွားခဲ့ပါတယ် ။

ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ မင်းသားကြီးဟာ နောက်ဆုံးထွက်သက်အချိန်ထိ အရှုံးမပေးဘဲ ၊ ပြန်လည်ကောင်းမွန်လာဖို့ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။ မင်းသားကြီးဟာ အပြောအဆို စကားနည်းပြီး ၊ သူ၏နက်နဲတဲ့ အကြည့်တွေ တိတ်ဆိတ်တဲ့ မျက်နှာထားအမှုအရာတွေနဲ့ သရုပ်ဆောင်မှုတွေဟာ ရုပ်ရှင်ပိတ်ကားထပ်ပေါ်က မမေ့ဖျောက်နိုင်တဲ့ သရုပ်ဆောင်မှုတွေပါပဲ ။

မင်းသားကြီး Irrfan Khan ဟာ ရုပ်ရှင်လောကထဲသို့ ဝင်ရောက်လာခဲ့စဉ်က လုပ်ကွက်မရှိတဲ့ အရာမရောက်တဲ့ ဇာတ်ဆောင်တွေမှာ သရုပ်ဆောင်ခဲ့ရပေမဲ့လည်း ၊ နောက်ပိုင်းမှာတော့ ဟောလိဝုဒ်ရုပ်ရှင်လောကအထိအောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကာ The Amazing Spiderman, Jurassic World နှင့် Life Of Pi စတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ် ။ ယခုချိန်မှာမင်းသားကြီး Irrfan Khan ဟာ ဇနီးဖြစ်သူ နှင့် သား နှစ်ဦးတို့ကို ချန်ထားခဲ့ပြီး လူ့လောက ကနေအပြီးထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

သူ့ပို့စ်အောက်မှာ ဈေးလာရောင်းသူကို ပညာသားပါပါနဲ့ ချစ်စရာကောင်းအောင် တုံ့ပြန်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုမက အားပေးခဲ့ရတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း လူပျိုကြီးအဖြစ် တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာလည်း သီချင်းတွေဆိုရင်း ပရိသတ်တွေကို ပျော်ပျော်ကြီး ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

စကားပြောတတ်လွန်းပြီး အနေတတ်လွန်းလို့ လို့ ပရိသတ်တွေ ချစ်ရတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီတစ်ခေါက်မှာလည်း သူလုပ်ခဲ့တဲ့ အပြုအမူတစ်ခုကြောင့် ပရိသတ်တွေ သဘောကျပြီး ရယ်စရာဖြစ်ခဲ့ရပါတယ်။

အဲ့ဒါကတော့ စိုင်းစိုင်းခမ်းလှိုင်တင်ထားတဲ့ ပိုစ့်အောက်မှာ ဈေးလာရောင်းတဲ့ ပရိသတ်တစ်ဦးကို စိုင်းစိုင်းက မထင်မှတ်ထားတဲ့ စကားပြောပြီး စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းက သူ့ပို့စ်အောက်မှာ ဈေးလာရောင်းသူကို “ကျွန်တော့ ပို့စ်မှာဝင်ကြော်ငြာရင် ၂၀၀၀ ကျပ် ကျပါတယ်။” ဆိုပြီး ပြန်လည်စနောက်ခဲ့တာဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ မထင်ရင် မထင်သလို ပရိသတ်တွေကို စနောက်တတ်သူလည်း ဖြစ်ပါတယ်။ အဲ့လို အပြုအမူတွေကြောင့်လည်း ပရိသတ်တွေက စိုင်းစိုင်းကို သဘောကျ အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

Source: Sai Sai Kham Leng’s fb

credit – Momolay

Unicode

ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုမက အားပေးခဲ့ရတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း လူပျိုကြီးအဖြစ် တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာလည်း သီချင်းတွေဆိုရင်း ပရိသတ်တွေကို ပျော်ပျော်ကြီး ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

စကားပြောတတ်လွန်းပြီး အနေတတ်လွန်းလို့ လို့ ပရိသတ်တွေ ချစ်ရတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီတစ်ခေါက်မှာလည်း သူလုပ်ခဲ့တဲ့ အပြုအမူတစ်ခုကြောင့် ပရိသတ်တွေ သဘောကျပြီး ရယ်စရာဖြစ်ခဲ့ရပါတယ်။

အဲ့ဒါကတော့ စိုင်းစိုင်းခမ်းလှိုင်တင်ထားတဲ့ ပိုစ့်အောက်မှာ ဈေးလာရောင်းတဲ့ ပရိသတ်တစ်ဦးကို စိုင်းစိုင်းက မထင်မှတ်ထားတဲ့ စကားပြောပြီး စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းက သူ့ပို့စ်အောက်မှာ ဈေးလာရောင်းသူကို “ကျွန်တော့ ပို့စ်မှာဝင်ကြော်ငြာရင် ၂၀၀၀ ကျပ် ကျပါတယ်။” ဆိုပြီး ပြန်လည်စနောက်ခဲ့တာဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ မထင်ရင် မထင်သလို ပရိသတ်တွေကို စနောက်တတ်သူလည်း ဖြစ်ပါတယ်။ အဲ့လို အပြုအမူတွေကြောင့်လည်း ပရိသတ်တွေက စိုင်းစိုင်းကို သဘောကျ အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။