ENTERTAINMENT

စိတ်ထဲခံစားနေရတဲ့ ဝေဒနာတွေကို မြင်သာအောင် ပုံဖော်ပြထားတဲ့ဓာတ်ပုံများ

စိတ်ထဲခံစားနေရတဲ့အရာရာတိုင်းကို ထင်သာမြင်သာအောင် ဖန်တီးပြခဲ့တဲ့ ဓာတ်ပုံဆရာတွေရဲ့စွမ်းရည်ဟာ အတော်လေးကို လေးစားဖို့ကောင်းလွန်းလှပါတယ် ။ စိတ်အတွင်းပိုင်းက လူတွေမမြင်နိုင်တဲ့ ခက်ခဲနက်နဲတဲ့ဝေဒနာတွေကို အလှတရားနဲ့ပေါင်းစပ်ပြီး ရိုက်ကူးပုံဖော်ပြထားတာပါ ။ ဓာတ်ပုံဆရာကတော့ အသက် 20 အရွယ်သာရှိသေးတဲ့ Rachel Baran အမည်ရှိတဲ့ မိန်းကလေးပါ ။ လူတွေရဲ့ စိတ်ထဲကိုအရောက်ပို့ပေးတဲ့ သူမရဲ့ဓာတ်ပုံစွမ်းရည်ဟာ ငယ်ရွယ်တဲ့ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ စိတ်ခံစားချက်တွေကို သိသိသာသာပုံဖော်ပြပေးထားတာပါ ။ . . . . . ….

Read More

Photoshop နဲ့ ဓာတ်ပုံတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုပြင်ပြောင်းလဲပြခဲ့တဲ့ အမျိုးသား

တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားလွန်းကြတဲ့ ဓာတ်ပုံဆရာတွေဟာ ၎င်းတို့အစွမ်းကုန်ဖန်တီးပုံဖော်ထားတဲ့ ဓာတ်ပုံတွေကို ပရိသတ်တွေအတွက်ချပြလေ့ရှိပါတယ် ။ တချို့သောဓာတ်ပုံဆရာတွေရဲ့ တီထွင်ဖန်တီးမှုက တစ်ဖက်ကမ်းခက်အောင်ကို ထက်မြတ်လွန်းလှတယ်လို့ ပြောရလောက်အောင်ပါပဲ ။ ဒီတစ်ခေါက်မှာလည်း Martin De Pasquale အမည်ရှိတဲ့ ဓာတ်ပုံဆရာဟာ သူ့ရဲ့အလုပ်မှာ ဘယ်လောက်ကျွမ်းကျင်ထက်မြတ်နေသလဲဆိုတာကို ချပြခဲ့ပါတယ် ။ သူဖော်ပြထားတဲ့ဓာတ်ပုံတွေကတော့ ယုံကြည်နိုင်ဖို့ခက်ခဲလွန်းလှအောင်ကို ဆွဲဆောင်မှုရှိနေခဲ့တာပါ ။ Martin ရဲ့ဓာတ်ပုံတွေကိုကြည့်ပြီး မအံ့သြဘဲ မနေနိုင်လောက်အောင် ဖြစ်နေရလို့ စာဖတ်သူတို့လည်း ခံစားကြည့်ရှုနိုင်အောင် ဝေမျှပေးလိုက်ပါတယ်နော် ။…


တိရစ္ဆာန်လေးတွေရဲ့မျက်လုံးကို အစားထိုးပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ ဓာတ်ပုံမျိုးရိုက်ကူးပြခဲ့တဲ့ အမျိုးသမီး

Flora Borsi အမည်ရှိတဲ့ ဓာတ်ပုံဆရာမဟာ အခြားသူတွေနဲ့မတူ တစ်မူထူးခြားတဲ့ ဓာတ်ပုံမျိုးရိုက်ကူးပြခဲ့ပါတယ် ။ သူမရဲ့ ဓာတ်ပုံ series ကိုတော့ Animeyed လို့အမည်ပေးထားပါတယ် ။ အကြောင်းကတော့ ဓာတ်ပုံတစ်ပုံစီတိုင်းမှာ တိရစ္ဆာန်လေးတွေရဲ့ မျက်လုံးတွေကို အစားထိုးထားပြီး ၊ အံ့အားသင့်ဖွယ်ရိုက်ကူးပြထားလို့ပါပဲ ။ အဆိုပါ စိတ်ကူးအကြံမျိုးကိုတော့ Borsi ဟာ သူမရဲ့အိမ်မွေးခွေးလေးကို selfie ဓာတ်ပုံရိုက်ကူးပေးနေရင်းနဲ့ ခွေလေးရဲ့ မျက်ဝန်းအရောင်ဟာ သူမနဲ့ဆင်တူနေကြောင်း သတိထားမိခဲ့ပြီးနောက် ယခုလို…


ကလေးမယူခင်နှင့်ယူပြီးနောက် အခြေအနေတို့ရဲ့ ရယ်စရာဓာတ်ပုံတွေကို မျှဝေခဲ့တဲ့ မိဘများ(၁၇ပုံ)

မိဘတစ်ဦးဖြစ်ခြင်းက သင့်အား နက်နဲစွာ ပြောင်းလဲသွားစေပါတယ်။သင့်ဆီမှာ ကလေးတစ်ယောက်ရှိလာပြီဆိုရင်တော့ သင့်ရဲ့ carefree lifestyle က လုံးဝကို ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို တွေ့ကြုံစေပါလိမ့်မယ်။သင်ဟာ ပုံမှန် ညအစောကြီး အိပ်တတ်ပေမဲ့ ကလေးရှိလာတဲ့အခါ မအိပ်သေးတဲ့ ကလေးကို ချော့တိတ်ရင်းနဲ့ ည ၁၀ နာရီထိ ရောက်သွားတတ်သလို သင်အကြိုက်ဆုံး တီရှပ်အင်္ကျီကိုလည်း အန်ဖတ်တွေနဲ့ ဖုံးသွားစေပါလိမ့်မယ်။ကလေးရှိလာပြီဆိုတာနဲ့ သင်က သီးသန့်အချိန်လေးရဖို့ အတော်လေး ခက်ခဲသွားမှာပါ။သို့ပေမဲ့ ၎င်းအချိန်တွေကို ရရှိဖို့ ခက်ခဲသွားပေမဲ့လည်း…


မြင်သူတိုင်း စိတ်ရွှင်လန်းတက်ကြွမိသွားစေမယ့် တောရိုင်းတိရိစ္ဆာန်တို့ရဲ့ရယ်စရာပုံရိပ်များ(၁၂ပုံ)

ယခုလို မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ကမ္ဘာကြီးမှာ ကျွန်တော်တို့အားလုံးဟာ စိတ်ကို တက်ကြွလန်းဆန်းသွားစေမဲ့အရာအားလုံးကို ပြုလုပ်ပေးသင့်ပါတယ်။ကျွန်တော်တို့အများစုက အိမ်ထဲမှာဘဲ တည်ရှိနေဆဲ သို့မဟုတ် အပြင်ထွက်မရဖြစ်နေတယ်ဆိုပေမဲ့လည်း ကျွန်တော်တို့ကို ပျော်ရွှင်မှုအချို့ပေးစွမ်းဖို့အတွက် တိရိစ္ဆာန်နိုင်ငံတော်ကြီးကတော့ ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။ The Comedy Wildlife Photography Awards မှ မကြာသေးခင်က ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကနေ ယခုနှစ်အထိ အကောင်းဆုံးစာရင်းဝင်ဖြစ်တဲ့ ဓာတ်ပုံအချို့ကို ထုတ်ဖော်ပြသပေးခဲ့ပါတယ်။အခုလို မသေချာမရေရာတဲ့အချိန်ကြီးမှာ ၎င်းရယ်စရာကောင်းတဲ့ဓာတ်ပုံတွေက ကျွန်တော်တို့ကို အားတက်လာအောင် ပြုလုပ်ပေးနေပါလိမ့်မယ်။ဒီတော့ စာဖတ်သူတို့လည်း…


တိရိစ္ဆာန်ဆရာဝန်ဆီကနေ ရယ်စရာပုံစံနဲ့ အမွေးညှပ်ခံခဲ့ရတဲ့ ကြောင်လေးတွေရဲ့ပုံရိပ် (၃၀ပုံ)

Twitter အသုံးပြုသူ Ash က သူ့သူငယ်ချင်းတွေရဲ့ရယ်စရာကြောင်လေးပုံတွေကို online ပေါ် ‌တင်လိုက်တဲ့အခါမှာ အခုလိုလူအများအပြား စိတ်ဝင်စားလိမ့်မယ်လို့ သူကမထင်ခဲ့ပါဘူး။ သို့ပေမဲ့လည်း တိရိစ္ဆာန်ဆရာဝန်ဆီကနေ ရှေ့ခြေထောက်နှစ်ချောင်းရဲ့အမွေးတွေညှပ်ခံလိုက်ရတဲ့ အမည်းရောင်နဲ့ kitten လေးကတော့ internet ပေါ်မှာ လူကြိုက်များခဲ့ပါတယ်။ Ash ရဲ့ ကြောင်ပုံလေးတွေက like ပေါင်း 470 K လူကြိုက်များခဲ့ပါတယ်။ အခြားသူတွေကလည်း သူတို့ရဲ့ ပုံစံတူ ကြောင်လးပုံတွေနဲ့အတူ comment မှာ ဖော်ပြခဲ့ကြပါတယ်။…


ကမ္ဘာ့အနှံ့မှ ရိုက်ကူးယူထားတဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အလှဆုံးအပေါ်စီးမြင်ကွင်းဓာတ်ပုံများ(၃၀ပုံ)

လူတိုင်းက ခရီးထွက်ရတာကို ကြိုက်ကြပါတယ်။သို့ပေမဲ့ ကိုယ်သွားချင်တဲ့နေရာရဲ့ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး ငွေရေးကြေးရေးက အခက်တွေ့နေရဆဲမို့ အခုထိ လေယာဉ်ပျံစီးပြီး မိုးကောင်ကင်ကနေ လှပတဲ့မြင်ကွင်းတွေကို မကြည့်ရသေးတဲ့လူတွေလည်း ရှိနေအုံးမှာပါ။လူတော်တော်များများကလည်း ကမ္ဘာပေါ်မှာ တည်ရှိတဲ့နိုင်ငံအသီးသီးတို့ရဲ့ အပေါ်စီးမြင်ကွင်းကို ကြည့်ရတာကို သဘောကျကြပါတယ်။ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့ မမြင်ဖူးသေးတဲ့မြင်ကွင်းတွေကို အလှဆုံးရိုက်ကူးပေးပြီး ထုတ်ပြပေးလေ့ရှိတဲ့ ဓာတ်ပုံပညာရှင်တွေရှိနေတာကလည်း ကျွန်တော်တို့အတွက် ကံကောင်းခြင်းလို့ဘဲ ဆိုရမှာပါ။အခုလည်း ဓာတ်ပုံပညာရှင်တွေက ဖော်ပြပေးခဲ့တဲ့ နိုင်ငံအသီးသီးတို့ရဲ့bird’s eye view တို့ကို မျှဝေပေးသွားမှာပါ။၎င်းဓာတ်ပုံတွေကတော့ အရမ်းကို အံ့ဩစရာကောင်းလှပါတယ်။၎င်းဓာတ်ပုံတွေက…


စက်ဖြင့် ဆွဲထားတယ်လို့တောင် ထင်မိသွားစေမဲ့ အနုစိတ်ကျလွန်းတဲ့သစ်သားပန်းပုကို လှပစွာ ထုလုပ်ပြခဲ့သူ

Kenya နိုင်ငံမှာ မွေးပြီး လက်ရှိ New Zealand မှာ အခြေစိုက်နေတဲ့ ပန်းချီ နှင့် သစ်သားပန်းချီဆရာတစ်ဦးဖြစ်တဲ့ Gordon Pembridge ဟာ သဘာဝတရားကြီးနဲ့ ရာသက်ပန်နှောင်ကြိုးတစ်ခုရှိနေပုံပါဘဲ။ Pembridge ဟာ သဘာဝပတ်ဝန်းကျင် နှင့် ဒေသတွင်းတောရိုင်းတိရိစ္ဆာန်တွေရဲ့သရုပ်ဖော်ပုံများပါဝင်တဲ့ အောင်မြင်မှုတစ်ခုရရှိစေဖို့ သူ့ရဲ့ပတ်ဝန်းကျင်ကိုသာ မျှော်ကြည့်ခဲ့ပါတယ်။ဥပမာအားဖြင့် Pembridge ဟာ ဒေသတွင်းထွက်တဲ့သစ်သားတွေကို သူလိုချင်တဲ့ပုံသဏ္ဍာန်အတိုင်း ထွင်းထုပြီး ၎င်းပေါ်ကို သစ်ရွက်များ ၊ တိရိစ္ဆာန်များ နှင့် သူ့ရဲ့မွေးရပ်မြေက…


ကမ္ဘာကြီးနှစ်ခွဲကွဲသွားရင်တောင် လူနှစ်မျိုးနှစ်စားဆက်ပြီးတည်ရှိနေအုံးမှာကို သက်သေပြနေတဲ့ပုံရိပ်များ(၁၃ပုံ)

သင်ဟာ ဒူရင်းသီး ၊ နာနတ်သီးပီဇာကို ကြိုက်တာ ဒါမှမဟုတ် မကြိုက်တာဆိုရင်တော့ အဲ့တာက လမ်းအစပါဘဲ။ကျွန်တော်တို့လူသားတွေဟာ ဘယ်လောက်ဘဲ စိတ်တူကိုယ်တူရှိနေပါစေ အပြင်ပန်းပုံသဏ္ဍာန်ကိုကြည့်ရင်တော့ မဖြစ်မနေ နှစ်မျိုးကွဲထွက်သွားပါတယ်။ဥပမာ – ကလေးတွေထပ် ခွေးလေးတွေကို ပိုချစ်တဲ့လူ ၊ ပါတီပွဲမှာ ပျော်ဖို့ထပ် အိမ်မှာဘဲ အေးဆေးနေတန်သူ ၊ ကိုယ့်ပစ္စည်းတွေကို စနစ်တကျထားတာထပ် ရှုပ်ပွနေမှ ကြိုက်တတ်တဲ့လူတွေရှိပါတယ်။ဒီတော့ ကျွန်တော်တို့က ဒီကမ္ဘာကြီးမှာ ဘာတွေဘဲဖြစ်နေပါလေ့စေ လူတွေလည်း နှစ်မျိုးနှစ်စားကွဲထွက်နေတဲ့ပုံနဲ့ ၎င်းတို့ရဲ့အလေ့အထတွေကွဲပြားနေပုံတို့ကို စုဆောင်းထားပါတယ်။ဒီတော့…


အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးမှာသာ မြင်တွေ့နိုင်မဲ့ စိတ်အနှောက်အယှက်အဖြစ်ဆုံးပုံရိပ်များ(၂၁ပုံ)

နိုင်ငံသားတိုင်းအတွက် မြို့ပတ်ပတ်လည်ရှိနေရာများသို့သွားရန် အလွယ်ကူပြီး အသက်သာဆုံးဖြစ်စေမဲ့နည်းလမ်းတစ်ခုက အများပြည်သူသယ်ယူပို့ဆောင်ရေးဘဲ ဖြစ်ပါတယ်။အများပြည်သူသယ်ယူပို့ဆောင်ရေးဟာ အလုပ်သွားတဲ့လူတွေအတွက် နေ့စဉ်လမ်းကြောင်းဖြစ်တဲ့အပြင် အားကစားပွဲတစ်ခု (သို့) သောက်စားရန်အတွက် မြို့လယ်သို့ အလွယ်တကူသွားနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ဒါပေမဲ့ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးဟာ လူတန်းစားအမျိုးမျိုးမှ လူပေါင်းများစွာကို သယ်ဆောင်ပို့ဆောင်ပေးရတာပါ။အခုဖော်ပြပေးမဲ့ ပုံရိပ်တွေကြောင့် တစ်ခါတစ်ရံမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးက အနည်းငယ် အဆင်မပြေမှုတွေရှိနေတတ်ပါတယ်။လူအများစုဟာ အများသုံးတဲ့သယ်ယူပို့ဆောင်ရေးကို အခွင့်ကောင်းယူခဲ့စဉ်ကဖြစ်ပျက်ခဲ့တဲ့ ရယ်စရာဓာတ်ပုံတွေကို ကြည့်ပြီး ကျွန်တော် ဘာကိုဆိုလိုလဲဆိုတာကိုတော့ စာဖတ်သူတို့လည်း နားလည်သွားမှာပါ။ 1 2 3 4…