ENTERTAINMENT

နာမည်ကြီးဇာတ်ကောင်တို့ရဲ့ရုပ်ပုံတွေအတိုင်း အချိန်ခဏအတွင်တစ်ပုံစံတည်း ပြောင်းလဲနိုင်တဲ့ မိတ်ကပ်ပညာရှင်

Justyna Sosenka Sosnowska ဆိုတဲ့ အမျိုးသမီးဟာ ပါရမီရှင် cosplayerတစ်ဦးဖြစ်သလို ပိုလန်နိုင်ငံမှ SFX မိတ်ကပ်ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ပိုစိတ်ဝင်စားစရာကောင်းတာက သူမဟာ အဲဒီပညာရပ်ကို လွန်ခဲ့တဲ့၃နှစ်လောက်ကမှ စတင်အပြည့်အဝစိတ်ဝင်စားခဲ့ပြီး အချိန်တိုတိုလေးအတွင်းမှာဘဲ သူမကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခဲ့ပါတယ်။Cosplayerတစ်ဦးလည်းဖြစ်တဲ့Sosenkaဟာ social media ပေါ်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပြီး အဆိုပါပရိသတ်တွေဟာ နောက်တစ်ခေါက်ကျ့ရင် သူမရဲ့ဘယ်လိုအထင်ကြီးစရာကောင်းတဲ့ဇာတ်ကောင်ဝတ်စားဆင်ယင်ပုံကို မြင်တွေ့ရမလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေကြရပါတယ်။သူမရဲ့တချို့ပုံတွေဆို လုံးဝအစစ်အလားတောင် ထင်ယောင်ထင်မှားဖြစ်စေပါတယ်။အကယ်လို့ သင်လည်း သိချင်နေမယ်ဆိုရင် လက်တွေ့ဘဝမှာပြန်လည်ဖန်တီးနိုင်မယ်လို့ကျွန်တော်တို့ တစ်ခါမှ စိတ်မကူးကြည့်ဖူးတဲ့ Sosenkaရဲ့…


ပေါကြောင်ကြောင်နိုင်လွန်းသလို ဂေါ်ထွက်မိမိုက်နေတတ်တဲ့ လူတို့ရဲ့အသစ်အဆန်းဖန်တီးမှုများ

ကျွန်တော်တို့ထဲမှလူတချို့တွေဟာ တခြားသူတွေထက် တမူထူးခြားပြီး ကမ္ဘာပေါ်မှာ မဖြစ်၊မရှိသေးတဲ့အရာတွေကို ဖန်တီးချင်တတ်ကြပါတယ်။ဖန်တီးလို့ထွက်လာတဲ့ရလဒ်တွေကလည်း တော်တော်လေးကြောင်တောင်တောင်ဖြစ်နေနိုင်သလို မိမိုက်ဂေါ်ထွက်နေတဲ့အရာတွေလည်း ရှိနေတတ်ပါတယ်။အကယ်လို့ သင်လည်းတမူထူးခြားသွားအောင်စမ်းကြည့်ချင်နေရင်တော့ စိတ်ပိုင်းဖြတ်ပြီးစိတ်ကူးပေါက်ရင်ပေါက်သလိုသာ လုပ်ချကြည့်လိုက်ပါ။ထွက်လာတဲ့ရလဒ်တွေက သင့်ကို စိတ်ခံစားချက်အသစ်အဆန်းတွေပေးပါလိမ့်မယ်။ဒါကြောင့် သင်လည်း စိတ်ကူးစိတ်သန်းအသစ်လေးတွေရရှိသွားအောင် လူတို့ရဲ့ပေါတောတောနိုင်သလို ဂေါ်ထွက်မိမိုက်နေတဲ့ဓာတ်ပုံတချို့ကို ဖော်ပြပေးခဲ့လိုက်ပါတယ်။ 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16…


ဘုရားတရင်း ထွက်ပြေးနေရမဲ့ကမ္ဘာ့အန္တရာယ်အများဆုံးသတ္တဝါတွေနဲ့ပြည့်နက်​နေတဲ့နေရာ

လူတော်တော်များများဟာ ဩစတြေးလျကို ခုန်စွခုန်စွသားပိုက်ကောင်လေးတွေနဲ့ချစ်စရာကောင်းတဲ့ကိုလာဝက်ဝံလေးတွေဘဲရှိတဲ့နေရာလို့ ထင်နေတတ်ကြပါတယ်။တကယ်တော့ အဲ့တာက အမှန်မဟုတ်ပါဘူး။ကမ္ဘာပေါ်မှာ တကယ့်အန္တရာယ်အများဆုံးတိရိစ္ဆာန်တွေ၊အင်းဆက်ပိုးကောင်တွေနဲ့ပြည့်နက်နေတဲ့ မြေနေရာကြီးပါ။ပင့်ကူကြီးတွေကအစ အဆိပ်ပြင်းတဲ့မြွေတွေအဆုံး သူတို့တွေကသင်ကို “အမလေး”လို့အော်ကာဘုရားတရင်းထွက်ပြေးရအောင် လုပ်ပေးပါလိမ့်မယ်။လူတွေ ဩစတြေးလျကို”Land of nope”လို့ဘာကြောင့်ခေါ်ရလည်းဆိုတာ အဲဒါတွေကြောင့်မို့ပါ။ဘယ်လောက်ကြောက်စရာကောင်းပြီးကျောချမ်းစရာကောင်းနေလဲဆိုတာကို သင်တို့သိစေဖို့ ဩစတြေးလျရှိကြောက်စရာအကောင်းဆုံးသတ္တဝါတွေထဲကတချို့ရဲ့ ဓာတ်ပုံတွေကို ကျွန်တော်တို့ရှာဖွေတွေ့ရှိထားပါတယ်။ဩစတြေးလျမှာလှပပြီးအန္တရာယ်ကင်းတဲ့နေရာတွေလည်းရှိကောင်းရှိနေမှာပါ။ဒါပေမဲ့ ဝေးလံခေါင်ပါးပြီး လူနေနည်းတဲ့နေရာတွေမှာ နေ့စဉ်လူတွေ နဖူးတွေ့ဒူးတွေ့ကြုံနေရတဲ့ ဩစတြေးလျရှိသတ္တဝါတွေရဲ့ ဓာတ်ပုံတချို့ကို ဆက်လက်ရှုစားလိုက်ကြပါအုံး။ 1 2 3 4 5 6 7 8…


မတူညီတဲ့ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ကောင်တွေကိုပေါင်းစည်းကာ ပုံဖော်ထားတဲ့ ရယ်စရာဖန်တီးပုံဖော်မှုများ

Ace Ventura နဲ့ The Joker ရုပ်ရှင်ဇာတ်ကားကိုတစ်ကားတည်းပေါင်းလိုက်ရင် ဘယ်လိုဖြစ်သွားမယ်ဆိုတာကို သင်စဉ်းစားကြည့်ဖူးပါသလား။ Deadpool နဲ့ Vincent Vega တို့ပေါင်းလိုက်ရင်ကော။ကောင်းပါပြီ၊Pixelfakerဆိုတဲ့အနုပညာရှင်တစ်ဦးဟာ ဘယ်လိုပုံဖြစ်သွားမလဲဆိုတာကိုပြသနိုင်ရန်အတွက် ဒီလိုရယ်စရာကောင်းတဲ့တည်းဖြတ်မှုတွေကို ဖန်တီးခဲ့ပါတယ်။သူဟာ ကျွန်တော်တို့အားလုံးသိပြီးကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲကို မပါဝင်တဲ့ဇာတ်ကောင်တွေထည့်သွင်းကာ ပျော်စရာကောင်းသလိုရယ်စရာလည်းကောင်းနေတဲ့ပုံရိပ်တွေကိုဖန်တီးပေးခဲ့ပါတယ်။လူအများစုကလည်း ဒီရုပ်ရှင်တွေ သို့မဟုတ် ပြပွဲတွေရဲ့တစ်ဝက်စီပေါင်းစပ်ထားတဲ့အပိုင်းကို အသေအချာကြည့်ချင်နေကြလိမ့်မယ်လို့လည်းထင်မိပါတယ်။Pixelfakerဟာ Instagramမှာပရိတ်သတ်အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပြီး ဒီလိုတည်းဖြတ်မှုတွေကိုလည်းမကြာခဏတင်လေ့ရှိပါတယ်။ဒါကြောင့် ဒီတည်းဖြတ်မှုတွေကိုသင်ဘယ်လိုထင်သလဲ၊သင်ကကောဘယ်ဇာတ်ကားကိုဘယ်ဇာတ်ကားနဲ့ပေါင်းစပ်စေချင်ပါသလဲ။ 1 2 3 4 5 6 7 8…


လသာဆောင်မှာအမြဲလိုလို လာစူးစမ်းနေတတ်တဲ့တောရှဥ့်လေးတွေရဲ့ ချစ်စရာဓာတ်ပုံလေးများ

တိရိစ္ဆာန်လေးတွေထဲ အရိပ်အကဲခတ်တော်ပြီး ထွက်ပြေးတာမြန်ကြတဲ့အကောင်တွေထဲမှာ ရှဥ့်လေးတွေဟာ အပါအဝင်ပါ။အဲ့တာကြောင့် သူတို့ရဲ့သဘာဝလှုပ်ရှားမှုပုံတွေကို ရိုက်ကူးရတာလည်း မလွယ်ကူပါဘူး။ဆွီဒင်နိုင်ငံ အလယ်ပိုင်းတောအုပ်ထဲရှိတစ်နေရာမှာ လသာဆောင်ပါတဲ့အိမ်တစ်လုံးကိုဆောက်ခဲ့ပြီးနောက် တောရိုင်းတိရိစ္ဆာန်လေးတွေက အမြဲလိုလို တထူးတဆန်းလာချောင်းကြည့်နေကြတာကြောင့် အိမ်ပိုင်ရှင်အမျိုးသားဟာ အဆိုပါအကောင်လေးတွေကို ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။အစပိုင်းမှာတော့ မြေခွေးတစ်ကောင်ဘဲရောက်လာပြီး နောက်ပိုင်းတော့ တောရှဥ့်လေးတွေပါနေ့တိုင်းနီးပါးလာရောက်ကာ မီးချောင်ရှိအစာအစားတွေကို ခိုးယူစားလေ့ရှိကြပါတယ်။မီးဖိုချောင်ဟာ လသာဆောင်နဲ့ကပ်ရပ်ရှိနေပြီး အဲဒါနဲ့ သူဟာ လသာဆောင်ကိုပစ္စည်းတချို့လေးတွေနဲ့အလှဆင်ကာ အစာတွေနဲ့ရှဉ်လေးတွေကို ဆွဲဆောင်ပြီး ပုံတချို့ကို ရိုက်ကူးခဲ့ပါတယ်။ဒါကြောင့် ရှဥ့်လေးတွေရဲ့သဘာဝဆန်ဆန်လှုပ်ရှားနေပြီး ချစ်စရာကောင်းနေတဲ့ဓာတ်ပုံလေးတွေကို စာဖတ်သူတို့အဖို့ မျှဝေပေးလိုက်ပါတယ်။ 1 2…


ရဲစခန်းမှာ လက်ခလယ်ထောင်ပြီး selfies ဆွဲခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး အဖမ်းခံရ

လူတိုင်းကတော့ ကိုယ့်ရဲ့ဓာတ်ပုံတွေကိုအလှပဆုံး ၊ ဆွဲဆောင်မှုအရှိဆုံးဖြစ်ချင်ကြမှာပါ ။ တစ်ခါတစ်လေမှာတော့ တစ်ချို့သောသူတွေဟာဖြစ်သင့်ဖြစ်ထိုက်တာထက် တော်တော်လေးပိုပြီး လွန်ကဲသွားတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်နိုင်ငံ မှာနေထိုင်တဲ့ အသက် 19နှစ်အရွယ်ကောင်လေးဟာ ရဲစခန်းထဲမှာ ညစ်ညမ်းနဲ့လက္ခဏာဖြစ်တဲ့ လက်ခလယ်ကိုထောင်ပြီး selfies ဆွဲခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပါတယ် ။ဖြစ်စဉ်ကတော့ Mark Jhun Ejorcadas အမည်ရှိတဲ့ကောင်လေးဟာ လုယက်မှုနှင့်အဖမ်းခံခဲ့ရတဲ့အစ်ကိုဖြစ်သူကိုသွားရောက်လည်ပတ်ခဲ့ချိန်တုန်းက ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ် ။Mark ၏ပြောပြချက်အရ အစ်ကိုဖြစ်သူကိုဖမ်းချုပ်ထားလို့ ရဲအရာရှိများကိုစိတ်ဆိုးဒေါသထွက်ခြင်းမျိုးကြောင့်မဟုတ်ဘဲ သူ၏ social…


တံခါးပေါက်ဝထင်ပြီး မှန်ကို 3ကြိမ်ဆက်တိုက်ဝင်စောင့်လို့ လူကြားထဲမှာအရှက်ကွဲခဲ့တဲ့မိန်းကလေး (ရုပ်/သံ)

ယခုဖြစ်ရပ်မှာလည်း Video ထဲမှာဖော်ပြခံခဲ့ရတဲ့မိန်းကလေးဟာ လူအများကြည့်ရှုနေကြတဲ့ကြားကမှ မှန်ကို အပေါက်ဝထင်ပြီး 3ကြိမ်ဆက်တိုက် အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်ခဲ့မိလို့တော်တော်လေး အရှက်ရခဲ့ပါတယ် ။ သူမနေရာမှာကိုယ်သာဆိုရင် ဆက်ပြီး ခေါင်မော့ပြီးတော့ ဘားမှမဖြစ်သလိုပဲသွားလိုက်ရမလား ၊ ခေါင်းငုံ့ပြီးတော့မှပဲသွားလိုက်ရမလား ဆိုပြီတွေဝေနေခဲ့မိမှာပါ ။ Videoထဲမှာတော့ အဆိုပါမိန်းကလေးဟာ ကြက်တောင်ရိုက်တဲ့ကစားကွင်းလို့ထင်ရတဲ့နေရာမှာ အလျင်အမြန်လမ်းလျှောက်နေခဲ့ပြီး ပတ်ပတ်လည်မှန်နဲ့ကာထားတဲ့ နံရံတွေကိုအပေါက်ဝထင်ပြီး ဝင်စောင့်ခဲ့မိပါတယ် ။သူမဟာ နောက်ပြန်ဆုတ်ပြီးခေါင်းကိုငုံ့ကာ ဘယ်ဖက်ကိုရွေ့ပြီး ထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့လည်း နောက်တစ်ကြိမ်မှန်နဲ့ 2ကြိမ်မြောက် ဝင်တိုက်ခဲ့ပါတယ် ။ သူမကိုကြည့်ရှုနေကြတဲ့သူများကိုရှက်ပြီး မျက်နှာကိုအုပ်ကာ…


ပညာရှင်အချင်းချင်းနားလည်မှုလွဲသွားလို့ ရုပ်ဆိုးသွားခဲ့ရတဲ့ ဆောက်လုပ်ရေး စီမံကိန်းများ

ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က တလွဲဟာသပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ပုံလေးတပုံချင်းစီကို ကြည့်ပီး ဘယ်နေရာလေးတွေ လွဲနေလဲဆိုတာ ရှာကြည့်ပြီး ရှာတွေ့သွားတဲ့အခါ ရယ်မောနိုင်ပါစေနော်။ တချို့ပုံတွေမှာဆိုရင် တကယ့်နေရာ ကျဉ်းကျဉ်းလေးမှာတောင် မဖြစ်ဖြစ်အောင် ဆောက်ပြသွားတဲ့ စကေးလေးတွေကိုလည်း တွေ့ရမှာပါ။ ပုံတချို့မှာတော့ ဆောက်လက်စလား ဆောက်လို့ပီးသွားပီလားတောင် မခွဲခြားနိုင်တဲ့ အဆောက်အအုံပုံရိပ်တွေတောင်ပါဝင်ပါတယ်။ အခုပုံမှာ မြင်တွေ့နေရတဲ့ အဆောက်အအုံဒီဇိုင်းတွေဟာ ဒီဇိုင်းဆွဲသူရဲ့ လိုအပ်ချက်တွေကြောင့် လုပ်ငန်းခွင်မှာ အမှားအယွင်း ဖြစ်သွားပြီး အခုလို တလွဲဟာသပုံရိပ်လေးတွေ ဖြစ်လာခဲ့ရတာပဲ…