ခ်စ္သူရဲ့နာမည္နဲ႔တက္တူးထိုးခဲ့ေပမယ့္ တစ္ပတ္အၾကာမွာဘဲ လမ္းခြဲခံလိုက္ရတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးရဲ့အျဖစ္

ငယ္ရြယ္ေသးတဲ့အခ်စ္ကို သင္တို့ၾကဳံဖူးပါသလား။၁၅ႏွစ္အရြယ္တုန္းက အခ်စ္ဦးလိုေပါ့။လူေတာ္ေတာ္မ်ားမ်ားဟာ သူတို့ရဲ့အထက္တန္းေက်ာင္းအခ်စ္ဇာတ္လမ္းေတြမွာ ဘယ္လိုေတာင္ကေလးဆန္ၿပီးမိုက္မဲတဲ့လုပ္ရပ္ေတြလုပ္ခဲ့ဖူးတာကို ျပန္ေတြးၾကည့္တိုင္း ရယ္ေမာေနၾကရပါလိမ့္မယ္။ဗီယက္နမ္နိုင္ငံရွိ ၁၆ ႏွစ္အရြယ္စုံတြဲတစ္တြဲဟာ မၾကာေသးခင္ကမွ ခ်ိန္းေတြ႕ခဲ့ၾကေပမဲ့လည္း သူတို့ရဲ့ခ်စ္ျခင္းေမတၱာဟာ ထာဝရျဖစ္ေၾကာင္းနဲ႔သူတို့တစ္သက္တာလုံးအတူတကြေနထိုင္သြားၾကမယ္လို့ ရဲရဲရင့္ရင့္ေႂကြးေၾကာ္ေနခဲ့ၾကပါတယ္။သူတို့ရဲ့ ထာဝရခ်စ္ျခင္းေမတၱာကို တရားဝင္ေၾကာညာတဲ့အေနနဲ႔ ေကာင္ေလးဟာ သူ႔ရည္းစားရဲ့နာမည္ နဲ႔ သူတို့စတြဲတဲ့ရက္စြဲကို သူ႔ရဲ့လက္ေမာင္းမွာ တက္တူးထိုးဖို့ တက္တူးဆရာအား အျပင္းအထန္ေတာင္းဆိုခဲ့ပါတယ္တဲ့။

အဆိုပါတက္တူးဆရာက ေကာင္ေလးကို မထိုးဖို့ အမ်ိဳးမ်ိဳးႀကိဳးစားေဖ်ာင္းဖ်ခဲ့ေပမယ့္လည္း အရာမေရာက္ခဲ့ပါဘူး။ကံမေကာင္းခ်င္ေတာ့ တစ္ပတ္အၾကာမွာဘဲ အဆိုပါေကာင္ေလးဟာ သူ႔ရည္းစားနဲ႔လမ္းခြဲခဲ့ၿပီး တက္တူးဆရာဆီ စိတ္ထိခိုက္ေၾကကြဲရင္းျပန္လာခဲ့ပါတယ္တဲ့။သူဟာ လက္ေမာင္းမွာထိုးခဲ့တဲ့တက္တူးကို ဖယ္ရွားပစ္ခ်င္ခဲ့ၿပီး အေတာ္အသင့္ေလာက္ႀကီးေနတဲ့တက္တူးကို ဖယ္ရွားဖို့ဆိုတာေစ်းႀကီး႐ုံသာမက အေတာ္ေလးလည္းအသားနာမွာပါ။

အင္တာနက္သုံးစြဲသူေတြက အဆိုပါေကာင္ေလးရဲ့အေျခအေနအရ သူဟာဘဝအေတြ႕အၾကဳံမရွိေသးသလို ဒီလိုအျဖစ္အပ်က္ေတြကလည္း လူငယ္ေတာ္ေတာ္မ်ားမ်ားမွာသာေတြ႕ရေၾကာင္း မွတ္ခ်က္ေပးခဲ့ၾကပါတယ္။တက္တူးဆိုတဲ့အရာက အျမဲထာဝရအတြက္ျဖစ္တာေၾကာင့္ သင့္ရဲ့ခ်စ္ရသူထက္ သင့္အိမ္ေမြးတိရိစၧာန္ေလးရဲ့ပုံေတြကို အမွတ္တရအျဖစ္တက္တူးထိုးဖို့သာ ပိုအႀကံျပဳခ်င္ပါတယ္။အနည္းဆုံးေတာ့ သင့္ရဲ့အိမ္ေမြးတိရိစၧာန္ေလးက သင့္ရဲ့ခ်စ္ျခင္းေမတၱာေတြကို ထာဝရနဲ႔အႂကြင္းမဲ့ျပန္ခ်စ္ေပးလိမ့္မယ္ဆိုတာကို သင္လည္းသိေနမွာပါ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ငယ်ရွယ်သေးတဲ့အချစ်ကို သင်တို့ကြုံဖူးပါသလား။၁၅နှစ်အရွယ်တုန်းက အချစ်ဦးလိုပေါ့။လူတော်တော်များများဟာ သူတို့ရဲ့အထက်တန်းကျောင်းအချစ်ဇာတ်လမ်းတွေမှာ ဘယ်လိုတောင်ကလေးဆန်ပြီးမိုက်မဲတဲ့လုပ်ရပ်တွေလုပ်ခဲ့ဖူးတာကို ပြန်တွေးကြည့်တိုင်း ရယ်မောနေကြရပါလိမ့်မယ်။ဗီယက်နမ်နိုင်ငံရှိ ၁၆ နှစ်အရွယ်စုံတွဲတစ်တွဲဟာ မကြာသေးခင်ကမှ ချိန်းတွေ့ခဲ့ကြပေမဲ့လည်း သူတို့ရဲ့ချစ်ခြင်းမေတ္တာဟာ ထာဝရဖြစ်ကြောင်းနဲ့သူတို့တစ်သက်တာလုံးအတူတကွနေထိုင်သွားကြမယ်လို့ ရဲရဲရင့်ရင့်ကြွေးကြော်နေခဲ့ကြပါတယ်။သူတို့ရဲ့ ထာဝရချစ်ခြင်းမေတ္တာကို တရားဝင်ကြောညာတဲ့အနေနဲ့ ကောင်လေးဟာ သူ့ရည်းစားရဲ့နာမည် နဲ့ သူတို့စတွဲတဲ့ရက်စွဲကို သူ့ရဲ့လက်မောင်းမှာ တက်တူးထိုးဖို့ တက်တူးဆရာအား အပြင်းအထန်တောင်းဆိုခဲ့ပါတယ်တဲ့။

အဆိုပါတက်တူးဆရာက ကောင်လေးကို မထိုးဖို့ အမျိုးမျိုးကြိုးစားဖျောင်းဖျခဲ့ပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။ကံမကောင်းချင်တော့ တစ်ပတ်အကြာမှာဘဲ အဆိုပါကောင်လေးဟာ သူ့ရည်းစားနဲ့လမ်းခွဲခဲ့ပြီး တက်တူးဆရာဆီ စိတ်ထိခိုက်ကြေကွဲရင်းပြန်လာခဲ့ပါတယ်တဲ့။သူဟာ လက်မောင်းမှာထိုးခဲ့တဲ့တက်တူးကို ဖယ်ရှားပစ်ချင်ခဲ့ပြီး အတော်အသင့်လောက်ကြီးနေတဲ့တက်တူးကို ဖယ်ရှားဖို့ဆိုတာဈေးကြီးရုံသာမက အတော်လေးလည်းအသားနာမှာပါ။

အင်တာနက်သုံးစွဲသူတွေက အဆိုပါကောင်လေးရဲ့အခြေအနေအရ သူဟာဘဝအတွေ့အကြုံမရှိသေးသလို ဒီလိုအဖြစ်အပျက်တွေကလည်း လူငယ်တော်တော်များများမှာသာတွေ့ရကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။တက်တူးဆိုတဲ့အရာက အမြဲထာဝရအတွက်ဖြစ်တာကြောင့် သင့်ရဲ့ချစ်ရသူထက် သင့်အိမ်မွေးတိရိစ္ဆာန်လေးရဲ့ပုံတွေကို အမှတ်တရအဖြစ်တက်တူးထိုးဖို့သာ ပိုအကြံပြုချင်ပါတယ်။အနည်းဆုံးတော့ သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးက သင့်ရဲ့ချစ်ခြင်းမေတ္တာတွေကို ထာဝရနဲ့အကြွင်းမဲ့ပြန်ချစ်ပေးလိမ့်မယ်ဆိုတာကို သင်လည်းသိနေမှာပါ။

Mia (Mckzone Daily)

ခ်စ္သူအတြက္ ေဒၚလာသန္းေပါင္းမ်ားစြာ ျဖဳန္းတီးခဲ့ၿပီး ေငြျပန္မဆပ္နိုင္တာေၾကာင့္ ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ သူေဌးသား

တ႐ုတ္နိုင္ငံ Zhejiangျပည္နယ္ Hangzhouၿမိဳ့ေတာ္မွ အသက္၂၉ႏွစ္အရြယ္ Zhang Xiaoen အမည္ရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ေမာ္ဒယ္နဲ႔live-streamerတစ္ဦးျဖစ္တဲ့ခ်စ္သူေကာင္မေလးအတြက္ ေဒၚလာသန္းေပါင္းမ်ားစြာ အကုန္အက်ခံခဲ့ၿပီးေနာက္ တရား႐ုံးမွာ အမွုရင္ဆိုင္ေနခဲ့ရပါတယ္။ Zhang ဟာ ခ်မ္းသာႂကြယ္ဝတဲ့တ႐ုတ္မိသားစုမွေမြးဖြားခဲ့ၿပီး သူလိုခ်င္တဲ့အရာမွန္တမၽွအတြက္ ေငြအေျမာက္အမ်ားသုံးစြဲျခင္းရဲ့ဇိမ္ခံတဲ့ဘဝပုံစံနဲ႔အကၽြမ္းတဝင္ရွိခဲ့တာပါ။ဒါေပမဲ့ သူဟာ လြန္ခဲ့တဲ့၂ႏွစ္တုန္းက Yang Yizhenအမည္ရွိတဲ့အလြတ္တန္းေမာ္ဒယ္တစ္ဦးနဲ႔ ေတြ႕ဆုံခဲ့ၿပီးေနာက္မွာေတာ့ သူဟာ ေငြေၾကးပိုင္းဆိုင္ရာကို မွားယြင္းစြာ သုံးစြဲခဲ့ေၾကာင္း တ႐ုတ္မီဒီယာတစ္ခုကေဖာ္ျပထားပါတယ္။

Zhangဟာ ဒီဇိုင္းနာခ်ဴပ္အဝတ္အစား၊လက္ဝတ္ရတနာ၊ကားေတြ နဲ႔ဒူဘိုင္းသို့အကုန္အက်မ်ားတဲ့ခရီးစဥ္ စတဲ့တန္ဖိုးႀကီးလက္ေဆာင္ေတြနဲ႔ Yangကို အျမဲဆြဲေဆာင္ကာ ေပ်ာ္ရႊင္ေစခဲ့ပါတယ္။သူက ခ်မ္းသာႂကြယ္ဝတဲ့မိသားစုဝင္တစ္ဦးျဖစ္ေပမဲ့ Yangရဲ့လိုအပ္ခ်က္အားလုံးကို မျဖည့္ဆည္းေပးနိုင္ခဲ့ပါဘူး။ဒါေပမဲ့ သူဆက္လုပ္ဖို့ သူ႔အေဖကုမၸဏီမွ ယြမ္ သန္း၇၀(သိန္းေပါင္း ၁သိန္း၃ေသာင္းေက်ာ္) ေခ်းယူခဲ့ၿပီး အဲ့ဒီေနာက္ သူ႔အေဖပိုက္ဆံေတြကို ျပန္ဆပ္ဖို့ ခ်မ္းသာတဲ့သူ႔အေပါင္းအသင္းေတြထံမွ ပိုက္ဆံေတြနဲ႔အေလာင္းအစားလုပ္ခဲ့ေပမဲ့ ေနာက္ဆုံး ယြမ္ သန္း ၁၇၀(သိန္းေပါင္း ၃သိန္း၂ေသာင္းေက်ာ္)အထိ အေလာင္းအစား ရွုံးသြားခဲ့ပါတယ္။

Zhangဟာ သူေခ်းထားတဲ့ပိုက္ဆံေတြအားလုံးကို ျပန္မဆပ္နိုင္တဲ့အတြက္ အေႂကြးရွင္ေတြက ရဲကို တိုင္ၾကားခဲ့ၾကပါတယ္။ေနာက္ဆုံးအဖမ္းခံခဲ့ရၿပီး Zhangက သူ႔ရဲ့ဘ႑ေငြစီမံခန္႔ခြဲမွုမွာဘယ္ေလာက္ညံ့ဖ်င္းေၾကာင္းဝန္ခံခဲ့ၿပီး သူ႔ရည္းစားက သူမနဲ႔အတူ အေလာင္းအစားလုပ္ဖို့ အားေပးခဲ့ေၾကာင္း သူ႔ရည္းစားကို အျပစ္တင္ေျပာဆိုခဲ့ပါေသးတယ္။Zhangဟာ သူ႔ရဲ့လက္ရွိရည္းစားေဟာင္း Yangက သူ႔အား အမွုတစ္ခုျပဳလုပ္ဖို့ အစိုးရေရွ႕ေနေတြနဲ႔ပူးေပါင္းခဲ့ၿပီးေနာက္ေတာ့ လိမ္လည္မွုျဖင့္ တရားစြဲဆိုခံခဲ့ရပါတယ္။Yangကေတာ့ လက္ရွိ social media မွာ တစ္ျခားအမ်ိဳးသားေတြနဲ႔လည္း ထပ္ၿပီး ပလူပ်ံျမဲ ပ်ံေနဆဲပါဘဲ။

Mia (Mckzone Daily)

Source : nextshark

Unicode

တရုတ်နိုင်ငံ Zhejiangပြည်နယ် Hangzhouမြို့တော်မှ အသက်၂၉နှစ်အရွယ် Zhang Xiaoen အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ မော်ဒယ်နဲ့live-streamerတစ်ဦးဖြစ်တဲ့ချစ်သူကောင်မလေးအတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံခဲ့ပြီးနောက် တရားရုံးမှာ အမှုရင်ဆိုင်နေခဲ့ရပါတယ်။ Zhang ဟာ ချမ်းသာကြွယ်ဝတဲ့တရုတ်မိသားစုမှမွေးဖွားခဲ့ပြီး သူလိုချင်တဲ့အရာမှန်တမျှအတွက် ငွေအမြောက်အများသုံးစွဲခြင်းရဲ့ဇိမ်ခံတဲ့ဘဝပုံစံနဲ့အကျွမ်းတဝင်ရှိခဲ့တာပါ။ဒါပေမဲ့ သူဟာ လွန်ခဲ့တဲ့၂နှစ်တုန်းက Yang Yizhenအမည်ရှိတဲ့အလွတ်တန်းမော်ဒယ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာတော့ သူဟာ ငွေကြေးပိုင်းဆိုင်ရာကို မှားယွင်းစွာ သုံးစွဲခဲ့ကြောင်း တရုတ်မီဒီယာတစ်ခုကဖော်ပြထားပါတယ်။

Zhangဟာ ဒီဇိုင်းနာချူပ်အဝတ်အစား၊လက်ဝတ်ရတနာ၊ကားတွေ နဲ့ဒူဘိုင်းသို့အကုန်အကျများတဲ့ခရီးစဉ် စတဲ့တန်ဖိုးကြီးလက်ဆောင်တွေနဲ့ Yangကို အမြဲဆွဲဆောင်ကာ ပျော်ရွှင်စေခဲ့ပါတယ်။သူက ချမ်းသာကြွယ်ဝတဲ့မိသားစုဝင်တစ်ဦးဖြစ်ပေမဲ့ Yangရဲ့လိုအပ်ချက်အားလုံးကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ဒါပေမဲ့ သူဆက်လုပ်ဖို့ သူ့အဖေကုမ္ပဏီမှ ယွမ် သန်း၇၀(သိန်းပေါင်း ၁သိန်း၃သောင်းကျော်) ချေးယူခဲ့ပြီး အဲ့ဒီနောက် သူ့အဖေပိုက်ဆံတွေကို ပြန်ဆပ်ဖို့ ချမ်းသာတဲ့သူ့အပေါင်းအသင်းတွေထံမှ ပိုက်ဆံတွေနဲ့အလောင်းအစားလုပ်ခဲ့ပေမဲ့ နောက်ဆုံး ယွမ် သန်း ၁၇၀(သိန်းပေါင်း ၃သိန်း၂သောင်းကျော်)အထိ အလောင်းအစား ရှုံးသွားခဲ့ပါတယ်။

Zhangဟာ သူချေးထားတဲ့ပိုက်ဆံတွေအားလုံးကို ပြန်မဆပ်နိုင်တဲ့အတွက် အကြွေးရှင်တွေက ရဲကို တိုင်ကြားခဲ့ကြပါတယ်။နောက်ဆုံးအဖမ်းခံခဲ့ရပြီး Zhangက သူ့ရဲ့ဘဏ္ဍငွေစီမံခန့်ခွဲမှုမှာဘယ်လောက်ညံ့ဖျင်းကြောင်းဝန်ခံခဲ့ပြီး သူ့ရည်းစားက သူမနဲ့အတူ အလောင်းအစားလုပ်ဖို့ အားပေးခဲ့ကြောင်း သူ့ရည်းစားကို အပြစ်တင်ပြောဆိုခဲ့ပါသေးတယ်။Zhangဟာ သူ့ရဲ့လက်ရှိရည်းစားဟောင်း Yangက သူ့အား အမှုတစ်ခုပြုလုပ်ဖို့ အစိုးရရှေ့နေတွေနဲ့ပူးပေါင်းခဲ့ပြီးနောက်တော့ လိမ်လည်မှုဖြင့် တရားစွဲဆိုခံခဲ့ရပါတယ်။Yangကတော့ လက်ရှိ social media မှာ တစ်ခြားအမျိုးသားတွေနဲ့လည်း ထပ်ပြီး ပလူပျံမြဲ ပျံနေဆဲပါဘဲ။

Mia (Mckzone Daily)

ခ်စ္ၾကည္ႏူးေနၾကတဲ့ဓာတ္ပုံေတြေၾကာင့္ လူအမ်ားရဲ့အာ႐ုံကိုဖမ္းစားရင္း ေက်ာ္ၾကားထင္ရွားလာခဲ့တဲ့ ျမင္းစုံတြဲ

တ႐ုတ္နိုင္ငံ Chengduၿမိဳ့မွာ ေနထိုင္တဲ့ျမင္းစုံတြဲတစ္တြဲဟာ သူတို့ရဲ့ ခ်စ္ျခင္းေမတၱာကိုေဖာ္ၾကဴးျပထားတဲ့ဓာတ္ပုံစီးရီးတစ္ခု ထြက္ၿပီးေနာက္မွာေတာ့ လူသိမ်ားေက်ာ္ၾကားသြားခဲ့ပါတယ္။အခုလက္ရွိေက်ာ္ၾကားေနတဲ့အဆိုပါျမင္းစုံတြဲဟာ တ႐ုတ္နိုင္ငံရဲ့singleမ်ားေန႔ကို က်င္းပၿပီးရက္အနည္းအၾကာမွာ တ႐ုတ္ social media မွာလူသိမ်ားသြားခဲ့တာပါ။ကြဲျပားတဲ့အေရာင္ေတြရွိေနေပမဲ့ သူတို့ဟာ ဥေရာပတိုက္မွလာၾကတဲ့ေနာက္ခံခ်င္းအတူတူပါဘဲ။အျဖဴေရာင္တစ္ေကာင္က နယ္သာလန္နိုင္ငံဇာတိျဖစ္ၿပီး အနက္ေရာင္တစ္ေကာင္က ျပင္သစ္နိုင္ငံဇာတိျဖစ္ပါတယ္။အဆိုပါျမင္းႏွစ္ေကာင္ဟာ အေတာ္ေလးအဖိုးတန္ပါတယ္။

အျဖဴေရာင္တစ္ေကာင္ကို ယြမ္ ၄၀၀,၀၀၀(သိန္း ၇ေထာင္ေက်ာ္)ေပးဝယ္ရခ်ိန္ အနက္ေရာင္တစ္ေကာင္ကိုေတာ့ တ႐ုတ္နိုင္ငံရဲ့ေလလံတင္ပြဲအမ်ိဳးမ်ိဳးဆီမွာ အနိုင္ရရွိခဲ့ရတာပါ။ China Daily သတင္းအရ အဆိုပါစုံတြဲရဲ့နည္းျပဆရာ Zhang Yi က အဆိုပါထူးျခားတဲ့ျမင္းတစ္ေကာင္စီဟာ ေန႔စဥ္ ၄၅ မိနစ္ခန္႔ ေလ့က်င့္ခန္းလုပ္ဖို့ လိုအပ္ေၾကာင္းဆိုထားၿပီး အဆိုပါျမင္းစုံတြဲက ေလ့က်င့္ခန္းလုပ္ခ်ိန္မွာ ေလ့က်င့္ခန္းမသိပ္လုပ္ဘဲ သူတို့အခ်င္းခ်င္း က်ီစယ္ရင္း ေပ်ာ္ေမြ႕ၾကည့္ႏူးေနတဲ့အခ်ိန္ေတြလည္း ရွိေနတတ္ေသးပါတယ္တဲ့။

Zheng Yi က အဆိုပါျမင္းစုံတြဲဟာ တ႐ုတ္ျပည္စေရာက္လာတဲ့အခ်ိန္ကစၿပီး အခ်င္းခ်င္းခ်စ္ခင္ရင္းႏွီးမွုေတြရွိေနခဲ့ၿပီး သူတို့ရဲ့ခ်စ္စရာေကာင္းတဲ့relationship ကို အမွတ္တရျဖစ္ေအာင္ ဓာတ္ပုံရိုက္ကူးေပးရျခင္းျဖစ္ေၾကာင္းလည္း ထပ္မံေျပာျပထားပါေသးတယ္။

Mia (Mckzone Daily)

Source : nextshark

Unicode

တရုတ်နိုင်ငံ Chengduမြို့မှာ နေထိုင်တဲ့မြင်းစုံတွဲတစ်တွဲဟာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကိုဖော်ကြူးပြထားတဲ့ဓာတ်ပုံစီးရီးတစ်ခု ထွက်ပြီးနောက်မှာတော့ လူသိများကျော်ကြားသွားခဲ့ပါတယ်။အခုလက်ရှိကျော်ကြားနေတဲ့အဆိုပါမြင်းစုံတွဲဟာ တရုတ်နိုင်ငံရဲ့singleများနေ့ကို ကျင်းပပြီးရက်အနည်းအကြာမှာ တရုတ် social media မှာလူသိများသွားခဲ့တာပါ။ကွဲပြားတဲ့အရောင်တွေရှိနေပေမဲ့ သူတို့ဟာ ဥရောပတိုက်မှလာကြတဲ့နောက်ခံချင်းအတူတူပါဘဲ။အဖြူရောင်တစ်ကောင်က နယ်သာလန်နိုင်ငံဇာတိဖြစ်ပြီး အနက်ရောင်တစ်ကောင်က ပြင်သစ်နိုင်ငံဇာတိဖြစ်ပါတယ်။အဆိုပါမြင်းနှစ်ကောင်ဟာ အတော်လေးအဖိုးတန်ပါတယ်။

အဖြူရောင်တစ်ကောင်ကို ယွမ် ၄၀၀,၀၀၀(သိန်း ၇ထောင်ကျော်)ပေးဝယ်ရချိန် အနက်ရောင်တစ်ကောင်ကိုတော့ တရုတ်နိုင်ငံရဲ့လေလံတင်ပွဲအမျိုးမျိုးဆီမှာ အနိုင်ရရှိခဲ့ရတာပါ။ China Daily သတင်းအရ အဆိုပါစုံတွဲရဲ့နည်းပြဆရာ Zhang Yi က အဆိုပါထူးခြားတဲ့မြင်းတစ်ကောင်စီဟာ နေ့စဉ် ၄၅ မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ကြောင်းဆိုထားပြီး အဆိုပါမြင်းစုံတွဲက လေ့ကျင့်ခန်းလုပ်ချိန်မှာ လေ့ကျင့်ခန်းမသိပ်လုပ်ဘဲ သူတို့အချင်းချင်း ကျီစယ်ရင်း ပျော်မွေ့ကြည့်နူးနေတဲ့အချိန်တွေလည်း ရှိနေတတ်သေးပါတယ်တဲ့။

Zheng Yi က အဆိုပါမြင်းစုံတွဲဟာ တရုတ်ပြည်စရောက်လာတဲ့အချိန်ကစပြီး အချင်းချင်းချစ်ခင်ရင်းနှီးမှုတွေရှိနေခဲ့ပြီး သူတို့ရဲ့ချစ်စရာကောင်းတဲ့relationship ကို အမှတ်တရဖြစ်အောင် ဓာတ်ပုံရိုက်ကူးပေးရခြင်းဖြစ်ကြောင်းလည်း ထပ်မံပြောပြထားပါသေးတယ်။

Mia (Mckzone Daily)

အထီးက်န္ဆန္လြန္းတာေၾကာင့္ ရည္းစားရဖို႔ အိမ္ေရွ႕မွာဆိုင္းဘုတ္တပ္ေၾကာ္ျငာခဲ့တဲ့ ၆၅ႏွစ္အရြယ္ အဖြားအို

ထိုင္းနိုင္ငံ Ubon Ratchathaniျပည္နယ္ရွိအသက္၆၅ႏွစ္အရြယ္အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ့က်န္ရွိေနတဲ့ဘဝနဲ႔အတူတူျဖတ္သန္းေပးနိုင္မယ့္ အမ်ိဳးသားတစ္ဦးရွာေဖြေနေၾကာင္းကိုေၾကာ္ျငာထားခဲ့ၿပီးေနာက္ သူမရဲ့သတင္းဟာ လူသိမ်ားေက်ာ္ၾကားသြားခဲ့ပါတယ္။Sompong Chomphupraphet အမည္ရွိတဲ့အဆိုပါအမ်ိဳးသမီးနဲ႔တြဲရိုက္ထားတဲ့အမ်ိဳးသားတစ္ဦးရဲ့ဓာတ္ပုံ အင္တာနက္ေပၚတက္လာတာေၾကာင့္ လူအမ်ားက အေတာ္ေလး အံ့ဩသြားခဲ့ၾကပါတယ္။လူအခ်ိဳ့က သူမရဲ့ဘဝအတြက္ရည္းစားအသစ္ရွာေတြ႕သြားၿပီလို့ထင္ေနၾကေပမဲ့ တစ္ကယ္ေတာ့ အဆိုပါအမ်ိဳးသားက သူမနဲ႔ဓာတ္ပုံအရမ္းတြဲရိုက္ခ်င္ေနခဲ့တဲ့သူမရဲ့ပရိသတ္ႀကီးျဖစ္ေနခဲ့ပါတယ္။

သူမက “အသက္ ၆၀-၇၀ အရြယ္၊ေဖာ္ေရြသေဘာေကာင္းတဲ့ရည္းစားတစ္ေယာက္အလိုရွိသည္”ဆိုတဲ့ဆိုင္းဘုတ္ကို သူမရဲ့အိမ္ေရွ႕သံပန္းတံခါးမွာ တပ္ဆင္ေၾကျငာထားခဲ့တာပါ။သူမလက္ထပ္ခဲ့ေပမယ့္ အဆင္မေျပတဲ့အိမ္ေထာင္ေရးကိုျဖတ္သန္းခဲ့ရၿပီးေနာက္ တစ္ကိုယ္တည္းအထီးက်န္လာတာေၾကာင့္ အခုလို ေၾကျငာရျခင္းျဖစ္ပါတယ္တဲ့ေလ။ Sompong ဟာ တစ္ခ်ိန္က ေလတပ္အရာရွိနဲ႔လက္ထပ္ခဲ့ၿပီး ကေလးႏွစ္ေယာက္ရခဲ့ေပမဲ့ ခင္ပြန္းရဲ့အရက္အလြန္အၾကဴးေသာက္တတ္တဲ့ျပႆနာေၾကာင့္ ေနာက္ဆုံးသူတို့ရဲ့ဆက္ဆံေရးျပတ္ေတာက္သြားခဲ့ေၾကာင္း AsiaOneက ေဖာ္ျပထားပါတယ္။

ကြာရွင္းျပတ္စဲသြားၿပီးေနာက္မွာေတာ့ သူမဟာ ဂ်ာမနီနိုင္ငံသားတစ္ဦးနဲ႔ထပ္ေတြ႕ခဲ့ၿပီး ခ်စ္ႀကိဳက္သြားခဲ့ၾကပါတယ္။အဲ့တာနဲ႔ သူတို့ႏွစ္ဦးလက္ထပ္ခဲ့ၾကၿပီး သူမဟာ ဂ်ာမနီနိုင္ငံသို့လိုက္သြားခဲ့ကာ ၁၃ႏွစ္အၾကာေနထိုင္ခဲ့ပါတယ္။ဒါေပမဲ့ Sompongဟာ သူမရဲ့ဒုတိယေျမာက္အမ်ိဳးသားကိုလည္း ကြာရွင္းခဲ့ၿပီး ထိုင္းနိုင္ငံကို ျပန္လာခဲ့ပါတယ္။Sompongဟာ အခုအခ်ိန္မွာေတာ့ တစ္ကိုယ္တည္းျဖစ္ေနၿပီး သူမရဲ့ေနာက္ဆုံးထြက္သက္အထိ အတူတူရွိေပးေနမယ့္လူကိုလည္း ရွာေဖြေနဆဲျဖစ္ပါတယ္။တစ္ကိုယ္တည္းသမားေလးေတြလည္း ဒီအဖြားရဲ့နည္းလမ္းလို လိုက္လုပ္ၾကည့္ၾကပါ ရလိုရျငားေပါ့ေလ။

Mia (Mckzone Daily)

Source : nextshark

Unicode

ထိုင်းနိုင်ငံ Ubon Ratchathaniပြည်နယ်ရှိအသက်၆၅နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ကျန်ရှိနေတဲ့ဘဝနဲ့အတူတူဖြတ်သန်းပေးနိုင်မယ့် အမျိုးသားတစ်ဦးရှာဖွေနေကြောင်းကိုကြော်ငြာထားခဲ့ပြီးနောက် သူမရဲ့သတင်းဟာ လူသိများကျော်ကြားသွားခဲ့ပါတယ်။Sompong Chomphupraphet အမည်ရှိတဲ့အဆိုပါအမျိုးသမီးနဲ့တွဲရိုက်ထားတဲ့အမျိုးသားတစ်ဦးရဲ့ဓာတ်ပုံ အင်တာနက်ပေါ်တက်လာတာကြောင့် လူအများက အတော်လေး အံ့ဩသွားခဲ့ကြပါတယ်။လူအချို့က သူမရဲ့ဘဝအတွက်ရည်းစားအသစ်ရှာတွေ့သွားပြီလို့ထင်နေကြပေမဲ့ တစ်ကယ်တော့ အဆိုပါအမျိုးသားက သူမနဲ့ဓာတ်ပုံအရမ်းတွဲရိုက်ချင်နေခဲ့တဲ့သူမရဲ့ပရိသတ်ကြီးဖြစ်နေခဲ့ပါတယ်။

သူမက “အသက် ၆၀-၇၀ အရွယ်၊ဖော်ရွေသဘောကောင်းတဲ့ရည်းစားတစ်ယောက်အလိုရှိသည်”ဆိုတဲ့ဆိုင်းဘုတ်ကို သူမရဲ့အိမ်ရှေ့သံပန်းတံခါးမှာ တပ်ဆင်ကြေငြာထားခဲ့တာပါ။သူမလက်ထပ်ခဲ့ပေမယ့် အဆင်မပြေတဲ့အိမ်ထောင်ရေးကိုဖြတ်သန်းခဲ့ရပြီးနောက် တစ်ကိုယ်တည်းအထီးကျန်လာတာကြောင့် အခုလို ကြေငြာရခြင်းဖြစ်ပါတယ်တဲ့လေ။ Sompong ဟာ တစ်ချိန်က လေတပ်အရာရှိနဲ့လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက်ရခဲ့ပေမဲ့ ခင်ပွန်းရဲ့အရက်အလွန်အကြူးသောက်တတ်တဲ့ပြဿနာကြောင့် နောက်ဆုံးသူတို့ရဲ့ဆက်ဆံရေးပြတ်တောက်သွားခဲ့ကြောင်း AsiaOneက ဖော်ပြထားပါတယ်။

ကွာရှင်းပြတ်စဲသွားပြီးနောက်မှာတော့ သူမဟာ ဂျာမနီနိုင်ငံသားတစ်ဦးနဲ့ထပ်တွေ့ခဲ့ပြီး ချစ်ကြိုက်သွားခဲ့ကြပါတယ်။အဲ့တာနဲ့ သူတို့နှစ်ဦးလက်ထပ်ခဲ့ကြပြီး သူမဟာ ဂျာမနီနိုင်ငံသို့လိုက်သွားခဲ့ကာ ၁၃နှစ်အကြာနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ Sompongဟာ သူမရဲ့ဒုတိယမြောက်အမျိုးသားကိုလည်း ကွာရှင်းခဲ့ပြီး ထိုင်းနိုင်ငံကို ပြန်လာခဲ့ပါတယ်။Sompongဟာ အခုအချိန်မှာတော့ တစ်ကိုယ်တည်းဖြစ်နေပြီး သူမရဲ့နောက်ဆုံးထွက်သက်အထိ အတူတူရှိပေးနေမယ့်လူကိုလည်း ရှာဖွေနေဆဲဖြစ်ပါတယ်။တစ်ကိုယ်တည်းသမားလေးတွေလည်း ဒီအဖွားရဲ့နည်းလမ်းလို လိုက်လုပ်ကြည့်ကြပါ ရလိုရငြားပေါ့လေ။

Mia (Mckzone Daily)

မေမးမျမန္းဘဲ ၄၄သိန္းဖိုးကုန္က်တဲ့animeအ႐ုပ္ေတြကို လႊင့္ပစ္လိုက္တဲ့ခ်စ္သူအား လမ္းခြဲပစ္လိုက္တဲ့ အမ်ိဳးသား

ႏွစ္တစ္ႏွစ္ရဲ့ရာသီတိုင္းမွာ animeခ်စ္သူေတြေမၽွာ္လင့္နိုင္တဲ့ anime စီးရီးအနည္းငယ္ထြက္ရွိတတ္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္က anime Demon Slayerဟာ အရမ္းေကာင္းတာေၾကာင့္ ပရိသတ္ေတြလည္း အမ်ားႀကီးရရွိခဲ့ပါတယ္။ဒီထိုင္ဝမ္အမ်ိဳးသားလည္း သူတို့ထဲက တစ္ေယာက္ပါ။သူဟာ animeဇာတ္ေကာင္ေတြထဲက လူႀကိဳက္မ်ားတဲ့ Nezukoဇာတ္ေကာင္ရဲ့႐ုပ္တုေတြကို ဝယ္ဖို့အတြက္ ပိုက္ဆံအမ်ားႀကီးသုံးခဲ့ပါတယ္။အဆိုပါအမ်ိဳးသားဟာ ၄၄သိန္းေက်ာ္ကုန္က်တဲ့သူ႔ရဲ့႐ုပ္တုေတြကို ေကာင္မေလးျဖစ္သူက လႊင့္ပစ္ ပစ္လိုက္တဲ့အေၾကာင္း social media ေပၚ တိုင္တန္းထားပါေသးတယ္။သူ႔ေကာင္မေလးက သူအလုပ္ႀကိဳးစားၿပီးဝယ္ယူစုေဆာင္းခဲ့ရတဲ့အ႐ုပ္ေတြကို လႊင့္ပစ္ဖို့ သူ႔ေမြးရပ္ေျမကို ျပန္သလိုနဲ႔ အခြင့္ေကာင္းယူခဲ့ၿပီး ေၾကာင္းစုံေမးျမန္းလိုက္ေတာ့ အ႐ုပ္ေတြက သူတို့ႏွစ္ၾကားဆက္ဆံေရးကို ေဝးကြာေစလို့ အမွိုက္အိတ္ထဲထည့္ထုတ္ၿပီး လႊင့္ပစ္လိုက္တာပါ။

အဲ့တာနဲ႔ သူက သူ႔အခ်စ္ေတာ္ေလးေတြကို ျပန္ရနိုင္ဖို့ အမွိုက္ကားကုမၸဏီကို အျမန္ဖုန္းလွမ္းဆက္ခဲ့ေပမဲ့လည္း အခ်ိန္မမီနိုင္ခဲ့ပါဘူး။ဒါ့အျပင္ ေကာင္မေလးက သူ႔ကို ကမၻာတစ္ဝွမ္းမွာ ႐ုံတင္ျပသတဲ့ Demon Slayer: Infinity Train ႐ုပ္ရွင္ကိုေတာင္ ေပးမၾကည့္ေၾကာင္းနဲ႔ “မင္း ကိုးရီးယား drama ေတြၾကည့္ၿပီး မင္းသားေတြကို လိုက္ရွုးေနတာေတာင္ ငါဂ႐ုမစိုက္ခဲ့ဘူး၊မင္းတျခားသူေတြရဲ့အႀကိဳက္ကို ေလးစားလိုက္နာဖို့ အခက္ေတြ႕ေနတာလား၊ မင္းရဲ့ခြင့္ျပဳခ်က္ရဖို့ အဲ့အခ်ိန္တုန္းက ငါ့အႀကိဳက္ေတြကို ဖုံးကြယ္ခဲ့ရတာကို ေတြးမိေတာ့ ငါအေတာ္ေလးတုံးအခဲ့တာဘဲ”လို့ ဆိုထားပါတယ္။

အဲ့ဒီေနာက္ ေကာင္မေလးနဲ႔ျပတ္သြားခဲ့ၿပီး သူ႔ေကာင္မေလးကလည္း သူ႔ကို”နင္အမွိုက္ေတြကို အရမ္းႀကိဳက္တာဘဲ အဲ့တာေတြက စိတ္ပ်က္စရာေကာင္းတယ္”လို့ ဆိုးဆိုးရြားရြား တုံ႔ျပန္ခဲ့ေၾကာင္း ဆိုထားပါေသးတယ္။ေကာင္မေလးရဲ့လုပ္ရပ္ကလည္း လုံးဝမမွန္ကန္ေနသလို ခြင့္ျပဳခ်က္မေတာင္းဘဲ တစ္စုံတစ္ဦးရဲ့ပစၥည္းကို မလႊင့္ပစ္သင့္ပါဘူး။အကယ္လို့ သူ႔ရဲ့ပစၥည္းေတြကို မေမးျမန္းဘဲ လႊင့္ပစ္လိုက္ရင္ သူမႀကိဳက္သလိုဘဲ တစ္ျခားသူေတြလည္း ႀကိဳက္ႏွစ္သက္မွာ မဟုတ္ပါဘူးေနာ္။သင္တိုေကာ ဒီကိစၥကို ဘယ္လို ထင္ပါသလဲ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

နှစ်တစ်နှစ်ရဲ့ရာသီတိုင်းမှာ animeချစ်သူတွေမျှော်လင့်နိုင်တဲ့ anime စီးရီးအနည်းငယ်ထွက်ရှိတတ်ပါတယ်။ပြီးခဲ့တဲ့နှစ်က anime Demon Slayerဟာ အရမ်းကောင်းတာကြောင့် ပရိသတ်တွေလည်း အများကြီးရရှိခဲ့ပါတယ်။ဒီထိုင်ဝမ်အမျိုးသားလည်း သူတို့ထဲက တစ်ယောက်ပါ။သူဟာ animeဇာတ်ကောင်တွေထဲက လူကြိုက်များတဲ့ Nezukoဇာတ်ကောင်ရဲ့ရုပ်တုတွေကို ဝယ်ဖို့အတွက် ပိုက်ဆံအများကြီးသုံးခဲ့ပါတယ်။အဆိုပါအမျိုးသားဟာ ၄၄သိန်းကျော်ကုန်ကျတဲ့သူ့ရဲ့ရုပ်တုတွေကို ကောင်မလေးဖြစ်သူက လွှင့်ပစ် ပစ်လိုက်တဲ့အကြောင်း social media ပေါ် တိုင်တန်းထားပါသေးတယ်။သူ့ကောင်မလေးက သူအလုပ်ကြိုးစားပြီးဝယ်ယူစုဆောင်းခဲ့ရတဲ့အရုပ်တွေကို လွှင့်ပစ်ဖို့ သူ့မွေးရပ်မြေကို ပြန်သလိုနဲ့ အခွင့်ကောင်းယူခဲ့ပြီး ကြောင်းစုံမေးမြန်းလိုက်တော့ အရုပ်တွေက သူတို့နှစ်ကြားဆက်ဆံရေးကို ဝေးကွာစေလို့ အမှိုက်အိတ်ထဲထည့်ထုတ်ပြီး လွှင့်ပစ်လိုက်တာပါ။

အဲ့တာနဲ့ သူက သူ့အချစ်တော်လေးတွေကို ပြန်ရနိုင်ဖို့ အမှိုက်ကားကုမ္ပဏီကို အမြန်ဖုန်းလှမ်းဆက်ခဲ့ပေမဲ့လည်း အချိန်မမီနိုင်ခဲ့ပါဘူး။ဒါ့အပြင် ကောင်မလေးက သူ့ကို ကမ္ဘာတစ်ဝှမ်းမှာ ရုံတင်ပြသတဲ့ Demon Slayer: Infinity Train ရုပ်ရှင်ကိုတောင် ပေးမကြည့်ကြောင်းနဲ့ “မင်း ကိုးရီးယား drama တွေကြည့်ပြီး မင်းသားတွေကို လိုက်ရှုးနေတာတောင် ငါဂရုမစိုက်ခဲ့ဘူး၊မင်းတခြားသူတွေရဲ့အကြိုက်ကို လေးစားလိုက်နာဖို့ အခက်တွေ့နေတာလား၊ မင်းရဲ့ခွင့်ပြုချက်ရဖို့ အဲ့အချိန်တုန်းက ငါ့အကြိုက်တွေကို ဖုံးကွယ်ခဲ့ရတာကို တွေးမိတော့ ငါအတော်လေးတုံးအခဲ့တာဘဲ”လို့ ဆိုထားပါတယ်။

အဲ့ဒီနောက် ကောင်မလေးနဲ့ပြတ်သွားခဲ့ပြီး သူ့ကောင်မလေးကလည်း သူ့ကို”နင်အမှိုက်တွေကို အရမ်းကြိုက်တာဘဲ အဲ့တာတွေက စိတ်ပျက်စရာကောင်းတယ်”လို့ ဆိုးဆိုးရွားရွား တုံ့ပြန်ခဲ့ကြောင်း ဆိုထားပါသေးတယ်။ကောင်မလေးရဲ့လုပ်ရပ်ကလည်း လုံးဝမမှန်ကန်နေသလို ခွင့်ပြုချက်မတောင်းဘဲ တစ်စုံတစ်ဦးရဲ့ပစ္စည်းကို မလွှင့်ပစ်သင့်ပါဘူး။အကယ်လို့ သူ့ရဲ့ပစ္စည်းတွေကို မမေးမြန်းဘဲ လွှင့်ပစ်လိုက်ရင် သူမကြိုက်သလိုဘဲ တစ်ခြားသူတွေလည်း ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူးနော်။သင်တိုကော ဒီကိစ္စကို ဘယ်လို ထင်ပါသလဲ။

Mia (Mckzone Daily)

ခ်စ္သူရဲ႕ကားအတြက္ တပ္ဆင္ခအပါအဝင္ ၁၇သိန္းက်သင့္တဲ့ဘရိတ္ကစ္အသစ္တစ္ခုဝယ္ေပးကာ အခ်စ္ႀကီးခ်စ္ျပခဲ့တဲ့ မိန္းကေလး

မေလးရွားနိုင္ငံမွာ ကားေတြအလွဆင္ျပဳျပင္ျခင္းကို အေတာ္ေလးႏွစ္သက္ၿပီး ကားကို အဆင့္ျမႇင့္တင္ဖို့ ေငြအေျမာက္အမ်ားသုံးစြဲတတ္ၾကတဲ့ ေကာင္ေလးေတြနဲ႔မိန္းကေလးေတြအမ်ားႀကီးရွိပါတယ္။ဒါေပမဲ့ သူတို့မိသားစုဝင္ေတြက ကားအတြက္ေငြအေျမာက္အမ်ားသုံးစြဲဖို့မလိုေၾကာင္း ထင္ျမင္ယူဆၾကတာေၾကာင့္ သူတို့ရဲ့ဝါသနာကို သေဘာတူလက္ခံေပးၾကမွာမဟုတ္ပါဘူး။ဒါေပမဲ့ ဒီမေလးရွားေကာင္ေလးကေတာ့ သူ႔ကားအိမ္မက္ေတြအားလုံးကို ပံ့ပိုးေပးၿပီး ကားဘရိတ္ကလစ္ေတြကိုပါ ဝယ္ေပးခဲ့တဲ့ေကာင္မေလးတစ္ေယာက္ရထားျခင္းဟာ သူ႔အတြက္အေတာ္ေလး ကံေကာင္းေနပါၿပီ။

Aaron Ganအမည္ရွိတဲ့အဆိုပါေကာင္ေလးဟာ သူ႔ Mazdaကားရဲ့original ဘရိတ္ကစ္က ဘယ္လိုက်ိဳးပဲ့သြားၿပီး စက္႐ုံထုတ္ original ေစ်းႏွုန္းက တစ္ခုကို ရင္းဂစ္ ၃,၃၀၀(၁၀သိန္း၅ေသာင္းေက်ာ္)နဲ႔ တပ္ဆင္ခက ရင္းဂစ္ ၂,၀၀၀( ၆သိန္း၃ေသာင္းေက်ာ္)ထပ္ကုန္က်အုံးမဲ့အေၾကာင္းကို Facebook မွာ တင္ခဲ့ပါတယ္။သူဟာ ဘရိတ္ကလစ္အတြက္ ပိုက္ဆံအမ်ားႀကီး အကုန္ခံမယ့္အစား သူ႔ကားကိုသာေျပာင္းလိုက္ခ်င္တယ္လို့ေတြးေနခဲ့ရေပမဲ့ သူ႔ရည္းစားက သေဘာမတူဘဲ သူ႔အား ကားအသစ္မလဲပစ္ဖို့ ႀကိဳးစားဆြဲေဆာင္ခဲ့ပါတယ္။

သူ႔ရည္းစားက သူ႔အတြက္ ဘရိတ္ကစ္တစ္ခုဝယ္ေပးလိုက္တာကို သူနည္းနည္းေလးေတာင္ မရိပ္မိခဲ့ပါဘူး။ေနာက္ဆုံး Aaron Ganက baby blueေရာင္ဘရိတ္ကလစ္အသစ္နဲ႔ သူ႔ရည္းစားနဲ႔သူ႔ပုံကိုမၽွေဝခဲ့ကာ သူက”မင္းရဲ့ခ်စ္ျခင္းေမတၱာအတြက္ ေက်းဇူးတင္ပါတယ္၊ မင္းကို ဂ႐ုစိုက္တဲ့အတြက္ မင္းဆီကေန ဘာတစ္ခုမွျပန္ရဖို့ မစဥ္းစားခဲ့ဖူးဘူး၊ မင္းရဲ့လက္ေဆာင္အတြက္ ေက်းဇူးတင္ပါတယ္၊ Nashin N3 Big 4 Pot Monoblock Caliper”ဆိုၿပီး သူ႔ဘရိတ္ကလစ္တံဆိပ္ကို ႂကြားလုံးထုတ္ခဲ့ပါေသးတယ္။ဘယ္လိုေတာင္ရက္ရက္ေရာေရာပံ့ပိုးေပးနိုင္တဲ့ေကာင္မေလးပါလိမ့္ေနာ္။သင္တို့ေကာ မနာလိုအူတိုျဖစ္ေနၿပီမလား။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

မလေးရှားနိုင်ငံမှာ ကားတွေအလှဆင်ပြုပြင်ခြင်းကို အတော်လေးနှစ်သက်ပြီး ကားကို အဆင့်မြှင့်တင်ဖို့ ငွေအမြောက်အများသုံးစွဲတတ်ကြတဲ့ ကောင်လေးတွေနဲ့မိန်းကလေးတွေအများကြီးရှိပါတယ်။ဒါပေမဲ့ သူတို့မိသားစုဝင်တွေက ကားအတွက်ငွေအမြောက်အများသုံးစွဲဖို့မလိုကြောင်း ထင်မြင်ယူဆကြတာကြောင့် သူတို့ရဲ့ဝါသနာကို သဘောတူလက်ခံပေးကြမှာမဟုတ်ပါဘူး။ဒါပေမဲ့ ဒီမလေးရှားကောင်လေးကတော့ သူ့ကားအိမ်မက်တွေအားလုံးကို ပံ့ပိုးပေးပြီး ကားဘရိတ်ကလစ်တွေကိုပါ ဝယ်ပေးခဲ့တဲ့ကောင်မလေးတစ်ယောက်ရထားခြင်းဟာ သူ့အတွက်အတော်လေး ကံကောင်းနေပါပြီ။

Aaron Ganအမည်ရှိတဲ့အဆိုပါကောင်လေးဟာ သူ့ Mazdaကားရဲ့original ဘရိတ်ကစ်က ဘယ်လိုကျိုးပဲ့သွားပြီး စက်ရုံထုတ် original ဈေးနှုန်းက တစ်ခုကို ရင်းဂစ် ၃,၃၀၀(၁၀သိန်း၅သောင်းကျော်)နဲ့ တပ်ဆင်ခက ရင်းဂစ် ၂,၀၀၀( ၆သိန်း၃သောင်းကျော်)ထပ်ကုန်ကျအုံးမဲ့အကြောင်းကို Facebook မှာ တင်ခဲ့ပါတယ်။သူဟာ ဘရိတ်ကလစ်အတွက် ပိုက်ဆံအများကြီး အကုန်ခံမယ့်အစား သူ့ကားကိုသာပြောင်းလိုက်ချင်တယ်လို့တွေးနေခဲ့ရပေမဲ့ သူ့ရည်းစားက သဘောမတူဘဲ သူ့အား ကားအသစ်မလဲပစ်ဖို့ ကြိုးစားဆွဲဆောင်ခဲ့ပါတယ်။

သူ့ရည်းစားက သူ့အတွက် ဘရိတ်ကစ်တစ်ခုဝယ်ပေးလိုက်တာကို သူနည်းနည်းလေးတောင် မရိပ်မိခဲ့ပါဘူး။နောက်ဆုံး Aaron Ganက baby blueရောင်ဘရိတ်ကလစ်အသစ်နဲ့ သူ့ရည်းစားနဲ့သူ့ပုံကိုမျှဝေခဲ့ကာ သူက”မင်းရဲ့ချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်ပါတယ်၊ မင်းကို ဂရုစိုက်တဲ့အတွက် မင်းဆီကနေ ဘာတစ်ခုမှပြန်ရဖို့ မစဉ်းစားခဲ့ဖူးဘူး၊ မင်းရဲ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်၊ Nashin N3 Big 4 Pot Monoblock Caliper”ဆိုပြီး သူ့ဘရိတ်ကလစ်တံဆိပ်ကို ကြွားလုံးထုတ်ခဲ့ပါသေးတယ်။ဘယ်လိုတောင်ရက်ရက်ရောရောပံ့ပိုးပေးနိုင်တဲ့ကောင်မလေးပါလိမ့်နော်။သင်တို့ကော မနာလိုအူတိုဖြစ်နေပြီမလား။

Mia (Mckzone Daily)

႐ုပ္ရည္ေၾကာင့္ ခ်စ္သူရဲ႕လမ္းခြဲျခင္းခံလိုက္ရလို႔ ၁၉ ႏွစ္အရြယ္မွာတင္ ခြဲစိတ္ျပဳျပင္မႈလုပ္ခဲ့တဲ့ မိန္းကေလး

ဗီယက္နမ္နိုင္ငံရဲ့social media ဟာ ႐ုပ္ရည္ေၾကာင့္ ခ်စ္သူေကာင္ေလးနဲ႔လမ္းခြဲခဲ့ၿပီး အသက္၁၉ႏွစ္အရြယ္ကတည္းက ပလပ္စတစ္ဆာဂ်ဴရီလုပ္ခဲ့တဲ့ေကာင္မေလးရဲ့အေၾကာင္းေၾကာင့္ ေခါင္းရွုပ္ေနၾကရပါတယ္။Dak Lakျပည္နယ္ရွိ လက္ရွိအသက္၂၁ႏွစ္အရြယ္ Nguyen Tuong Vyအမည္ရွိတဲ့မိန္းကေလးတစ္ဦးဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ပလပ္စတစ္ဆာဂ်ဴရီမလုပ္ရေသးတဲ့သူမရဲ့မ်က္ႏွာပုံကို social media မွာတင္လိုက္ၿပီးေနာက္ ညတြင္းခ်င္း ဗီယက္နမ္နိုင္ငံရဲ့ေခါင္းႀကီးပိုင္းသတင္းအထိေရာက္သြားခဲ့ပါတယ္။Vyက သူမကို တစ္ခ်ိန္လုံးခ်စ္တယ္လို့တစ္ဖြဖြေျပာေနေပမဲ့ သူ႔သူငယ္ခ်င္းေတြနဲ႔ေတာ့ လုံးဝမမိတ္ဆက္ေပးခဲ့တဲ့အထက္တန္းေက်ာင္းသူအရြယ္ အသက္၁၇ႏွစ္တုန္းက တြဲခဲ့တဲ့ေကာင္ေလးနဲ႔ျပတ္သြားၿပီးေနာက္ သူမရဲ့အသြင္အျပင္ကို ေျပာင္းလဲပစ္ဖို့ ဆုံးျဖတ္ခဲ့တာပါတဲ့။ေကာင္ေလးရဲ့သူငယ္ခ်င္းက ပါတီပြဲဖိတ္ေတာ့ ပြဲထဲကလူေတြက သူမကို ဝိုင္းၾကည့္ၿပီး ၾကည့္ေကာင္းတဲ့ေကာင္ေလးက ဘယ္လိုေတာင္ဆိုး႐ုပ္တဲ့ရည္းစားကို ေရြးခ်ယ္နိုင္ရတာလဲ လို့အတင္းေျပာေနတာကို သူမျမင္ေတြ႕ခဲ့ရတဲ့အေၾကာင္း ျပန္ေျပာျပထားပါတယ္။

ခ်စ္သူေကာင္ေလးကလည္း သူမကို မကာကြယ္ေပးတဲ့အျပင္ မိတ္မဆက္ေပးဘဲေနေနခဲ့ပါေသးတယ္တဲ့။အဲ့တာနဲ႔ သူမလုံးဝစိတ္ထိခိုက္သြားခဲ့ရၿပီး လမ္းခြဲဖို့ေျပာေတာ့ ေကာင္ေလးက ခ်က္ခ်င္းေတာင္သေဘာတူခဲ့ေသးတာေၾကာင့္ ၁၇ႏွစ္အရြယ္ေကာင္မေလးအတြက္ အေတာ္ေလးစိတ္နာစရာေကာင္းေနမွာပါ။လမ္းခြဲၿပီးမၾကာေတာ့ ေကာင္ေလးကသူ႔ထက္လွတဲ့ေကာင္မေလးနဲ႔တြဲေနတာကို ျမင္ခဲ့ရၿပီး Vyဟာ သူမရဲ့႐ုပ္ပိုင္းဆိုင္ရာ ခ်ိဳ့ယြင္းခ်က္ကို မုန္းသြား႐ုံသာမက သူတို့ေၾကာင့္ တစ္ခုခုလုပ္ဖို့စဥ္းစားခဲ့ရင္း အေမျဖစ္သူကို ပလပ္စတစ္ဆာဂ်ဴရီလုပ္ဖို့ ပူဆာခဲ့ၿပီး အေမျဖစ္သူလည္း သေဘာတူကာ ေဆးခန္းတစ္ခုသို့ ေခၚေဆာင္သြားခဲ့ပါတယ္။

အထက္တန္းေက်ာင္းၿပီးလို့အသက္၁၉ႏွစ္မွာေတာ့ သူမဟာ ႏွာေခါင္း၊ပါးစပ္၊ႏွုတ္ခမ္းနဲ႔ေမးေစ့စတာေတြကို ခြဲစိတ္ကုသေျပာင္းလဲခဲ့ပါတယ္။ခုခ်ိန္ေတာ့ Vyဟာ လူအမ်ားရဲ့ခ်စ္ျခင္းကို ခံေနရၿပီး”ကၽြန္မရည္းစားေဟာင္းကို လြန္ခဲ့တဲ့၄ႏွစ္ကတည္းက အျပင္မွာမေတြ႕ေတာ့ေပမဲ့ သူကေတာ့ social media မွာ ကၽြန္မကိုအျမဲေတာက္ေထာင့္ေစာင့္ၾကည့္ေနၿပီး ကၽြန္မဓာတ္ပုံေတြလည္း likeေပးေနေသးတယ္”လို့ဆိုထားပါတယ္။သူမက ရည္းစားေဟာင္းကို ေက်းဇူးတင္ေၾကာင္းလည္းဆိုထားပါတယ္။လူအမ်ားက Vyရဲ့ရည္မွန္းခ်က္နဲ႔ သူမကိုယ္သူမတိုးတက္ေအာင္လုပ္လိုတဲ့ဆႏၵအေပၚ ခ်ီးမြမ္းစကားေျပာဆိုေပးခဲ့ၾကပါတယ္။အသက္ ၁၉ႏွစ္ကတည္းက ပလပ္စတစ္ဆာဂ်ဴရီလုပ္တယ္ဆိုေတာ့ နည္းေနာတဲ့သတၱိမဟုတ္ပါလား ဒါေပမဲ့ စိတ္နာသြားတဲ့ဒဏ္က အေၾကာက္တရားကိုေတာင္မမူဘဲ ေက်ာ္လႊားနိုင္ပါတယ္။

Mia (Mckzone Daily)

Source : odditycentral

Unicode

ဗီယက်နမ်နိုင်ငံရဲ့social media ဟာ ရုပ်ရည်ကြောင့် ချစ်သူကောင်လေးနဲ့လမ်းခွဲခဲ့ပြီး အသက်၁၉နှစ်အရွယ်ကတည်းက ပလပ်စတစ်ဆာဂျူရီလုပ်ခဲ့တဲ့ကောင်မလေးရဲ့အကြောင်းကြောင့် ခေါင်းရှုပ်နေကြရပါတယ်။Dak Lakပြည်နယ်ရှိ လက်ရှိအသက်၂၁နှစ်အရွယ် Nguyen Tuong Vyအမည်ရှိတဲ့မိန်းကလေးတစ်ဦးဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပလပ်စတစ်ဆာဂျူရီမလုပ်ရသေးတဲ့သူမရဲ့မျက်နှာပုံကို social media မှာတင်လိုက်ပြီးနောက် ညတွင်းချင်း ဗီယက်နမ်နိုင်ငံရဲ့ခေါင်းကြီးပိုင်းသတင်းအထိရောက်သွားခဲ့ပါတယ်။Vyက သူမကို တစ်ချိန်လုံးချစ်တယ်လို့တစ်ဖွဖွပြောနေပေမဲ့ သူ့သူငယ်ချင်းတွေနဲ့တော့ လုံးဝမမိတ်ဆက်ပေးခဲ့တဲ့အထက်တန်းကျောင်းသူအရွယ် အသက်၁၇နှစ်တုန်းက တွဲခဲ့တဲ့ကောင်လေးနဲ့ပြတ်သွားပြီးနောက် သူမရဲ့အသွင်အပြင်ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့တာပါတဲ့။ကောင်လေးရဲ့သူငယ်ချင်းက ပါတီပွဲဖိတ်တော့ ပွဲထဲကလူတွေက သူမကို ဝိုင်းကြည့်ပြီး ကြည့်ကောင်းတဲ့ကောင်လေးက ဘယ်လိုတောင်ဆိုးရုပ်တဲ့ရည်းစားကို ရွေးချယ်နိုင်ရတာလဲ လို့အတင်းပြောနေတာကို သူမမြင်တွေ့ခဲ့ရတဲ့အကြောင်း ပြန်ပြောပြထားပါတယ်။

ချစ်သူကောင်လေးကလည်း သူမကို မကာကွယ်ပေးတဲ့အပြင် မိတ်မဆက်ပေးဘဲနေနေခဲ့ပါသေးတယ်တဲ့။အဲ့တာနဲ့ သူမလုံးဝစိတ်ထိခိုက်သွားခဲ့ရပြီး လမ်းခွဲဖို့ပြောတော့ ကောင်လေးက ချက်ချင်းတောင်သဘောတူခဲ့သေးတာကြောင့် ၁၇နှစ်အရွယ်ကောင်မလေးအတွက် အတော်လေးစိတ်နာစရာကောင်းနေမှာပါ။လမ်းခွဲပြီးမကြာတော့ ကောင်လေးကသူ့ထက်လှတဲ့ကောင်မလေးနဲ့တွဲနေတာကို မြင်ခဲ့ရပြီး Vyဟာ သူမရဲ့ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကို မုန်းသွားရုံသာမက သူတို့ကြောင့် တစ်ခုခုလုပ်ဖို့စဉ်းစားခဲ့ရင်း အမေဖြစ်သူကို ပလပ်စတစ်ဆာဂျူရီလုပ်ဖို့ ပူဆာခဲ့ပြီး အမေဖြစ်သူလည်း သဘောတူကာ ဆေးခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

အထက်တန်းကျောင်းပြီးလို့အသက်၁၉နှစ်မှာတော့ သူမဟာ နှာခေါင်း၊ပါးစပ်၊နှုတ်ခမ်းနဲ့မေးစေ့စတာတွေကို ခွဲစိတ်ကုသပြောင်းလဲခဲ့ပါတယ်။ခုချိန်တော့ Vyဟာ လူအများရဲ့ချစ်ခြင်းကို ခံနေရပြီး”ကျွန်မရည်းစားဟောင်းကို လွန်ခဲ့တဲ့၄နှစ်ကတည်းက အပြင်မှာမတွေ့တော့ပေမဲ့ သူကတော့ social media မှာ ကျွန်မကိုအမြဲတောက်ထောင့်စောင့်ကြည့်နေပြီး ကျွန်မဓာတ်ပုံတွေလည်း likeပေးနေသေးတယ်”လို့ဆိုထားပါတယ်။သူမက ရည်းစားဟောင်းကို ကျေးဇူးတင်ကြောင်းလည်းဆိုထားပါတယ်။လူအများက Vyရဲ့ရည်မှန်းချက်နဲ့ သူမကိုယ်သူမတိုးတက်အောင်လုပ်လိုတဲ့ဆန္ဒအပေါ် ချီးမွမ်းစကားပြောဆိုပေးခဲ့ကြပါတယ်။အသက် ၁၉နှစ်ကတည်းက ပလပ်စတစ်ဆာဂျူရီလုပ်တယ်ဆိုတော့ နည်းနောတဲ့သတ္တိမဟုတ်ပါလား ဒါပေမဲ့ စိတ်နာသွားတဲ့ဒဏ်က အကြောက်တရားကိုတောင်မမူဘဲ ကျော်လွှားနိုင်ပါတယ်။

Mia (Mckzone Daily)

ေတာင္းစားလို႔ ရလာတဲ့စားစရာေတြကို ညီမေလးအား ခြံ႔ေကၽြးရင္း ေက်နပ္ပီတိၿပီးျပံဳးေပ်ာ္ေနခဲ့တဲ့ ေကာင္ေလး

ဆင္းရဲႏြမ္းပါးစြာ ႀကီးျပင္းလာတဲ့ကေလးငယ္တစ္ဦးဟာ လမ္းေပၚမွာ အမ်ားျပည္သူေတြထံ ေတာင္းစားေနတာကို ေတြ႕ရျခင္းဟာ အဆန္းမဟုတ္ေတာ့ပါဘူး။လမ္းေပၚမွာ အဆိုပါကေလးငယ္မ်ားစြာကိုေနရာတိုင္းမွာေတြ႕နိုင္ၿပီး ကေလးအခ်ိဳ့ဟာ သူတို့အားေငြမ်ားေပးဖို့အတင္းအက်ပ္ဖိအားေပးၿပီးလူအမ်ားကိုေႏွာက္ယွက္ျခင္းေၾကာင့္ ေမာင္းထုတ္ခံေနရတတ္ပါတယ္။လမ္းေပၚက ကေလးေတြဟာ ခိုးတာ လုတာေတြလည္း လုပ္တတ္ပါေသးတယ္။ဖိလစ္ပိုင္နိုင္ငံ မနီလာၿမိဳ့က Geo Tolentino Ringor အမည္ရွိတဲ့အမ်ိဳးသမီးႏွင့္ သူမရဲ့ခင္ပြန္း John Benedict Ringor တို့ကေတာ့ သူတို့အား အေကာင္းဆုံးနည္းျဖင့္ အံ့အားသင့္သြားေစခဲ့တဲ့လမ္းေပၚက ေကာင္ေလးတစ္ဦးနဲ႔ေတြ႕ဆုံခဲ့ၾကပါတယ္။

သူတို့ ဇနီးေမာင္ႏွံဟာ မနီလာၿမိဳ့ေတာ္ရဲ့ ထင္ရွားတဲ့ Jollibee ဆိုတဲ့အသင့္စား အစားအစာဆိုင္မွာရွိေနခဲ့ရင္း ဆိုင္အျပင္ဘက္မွာေကာင္ေလးတစ္ေယာက္ အစားအစာေတာင္းစားေနတာကို ခင္ပြန္းJohn Benedict က သတိျပဳမိခဲ့ပါတယ္။John Benedictက အဆိုပါေကာင္ေလးကိုပိုက္ဆံေပးမယ့္အစား ဇနီးျဖစ္သူGeoကို ေကာင္ေလးအတြက္ Jollibee အစာဘူးတစ္ခုဝယ္ေပးဖို့ေျပာၿပီး ေကာင္ေလးကိုေပးခဲ့ၿပီး အဆိုပါေကာင္ေလးကလည္း ယူၿပီးတာနဲ႔ ခ်က္ခ်င္းဘဲ အျမန္ထြက္သြားခဲ့ပါတယ္။သူတို့ဇနီးေမာင္ႏွံကလည္း ေကာင္ေလးထြက္သြားတာကို အေထြအထူးမေတြးခဲ့ၾကပါဘူး။အဲ့ဒီေနာက္ Geo နဲ႔John Benedict တို့ဟာ အဆိုပါဆိုင္မွအထြက္ သူတို့ဆီအစာေတာင္းစားခဲ့တဲ့ေကာင္ေလးကို သူ႔ရဲ့ညီမေလးလို့ထင္ရတဲ့ကေလးမေလးတစ္ေယာက္နဲ႔အတူရွိေနတာကို ေတြ႕ခဲ့ၾကပါတယ္။

အဆိုပါကေလးႏွစ္ေယာက္ဟာ Jollibeeဆိုင္ ထြက္ေပါက္အနီးရွိ ကြန္ကရစ္တုံးေပၚမွာ ထိုင္ေနၾကၿပီး ေကာင္ေလးက သူတို့ေပးတဲ့အစားအစာကို ညီမေလးျဖစ္သူအား ခြံ့ေကၽြးေနတာကိုျမင္ခဲ့ၾကပါတယ္။Geoက အဆိုပါၾကည္ႏူးစရာေကာင္းတဲ့ ျမင္ကြင္းကို ဓာတ္ပုံအခ်ိဳ့ရိုက္ယူခဲ့ၿပီး ဓာတ္ပုံတစ္ပုံမွာ အဆိုပါေကာင္ေလးကသူ႔ညီမေလးအား အစာခြံ့ေကၽြးၿပီးေနာက္ သူ႔မ်က္ႏွာေပၚမွာ ရႊင္လန္းမွုအျပည့္နဲ႔ ပီတိအျပဳံးျပဳံးေနတာကို ေတြ႕ခဲ့ရပါတယ္။အဆိုပါ ေကာင္ေလးဟာ ကိုယ္တိုင္ကငယ္ရြယ္ေနေသးေပမဲ့လည္း ညီမေလးအတြက္ေတာ့ ကိုယ္က်ိဳးစြန႔္ဖို့ အဆင္သင့္ရွိေနၿပီးသားျဖစ္ေနတာကို သူ႔ရဲ့ပီတိျဖစ္ေနတဲ့အျပဳံးကို ၾကည့္ျခင္းအားျဖင့္ သိနိုင္ပါတယ္။ကမၻာေပၚမွာ ဒီလို ကေလးေလးေတြ ေနရာအႏွံ့ရွိေနတတ္ေပမဲ့ သူတို့ကို ကူညီေပးနိုင္မယ့္လူေတြက အနည္းအက်ဥ္းသာရွိေနတတ္ပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာတဲ့ကလေးငယ်တစ်ဦးဟာ လမ်းပေါ်မှာ အများပြည်သူတွေထံ တောင်းစားနေတာကို တွေ့ရခြင်းဟာ အဆန်းမဟုတ်တော့ပါဘူး။လမ်းပေါ်မှာ အဆိုပါကလေးငယ်များစွာကိုနေရာတိုင်းမှာတွေ့နိုင်ပြီး ကလေးအချို့ဟာ သူတို့အားငွေများပေးဖို့အတင်းအကျပ်ဖိအားပေးပြီးလူအများကိုနှောက်ယှက်ခြင်းကြောင့် မောင်းထုတ်ခံနေရတတ်ပါတယ်။လမ်းပေါ်က ကလေးတွေဟာ ခိုးတာ လုတာတွေလည်း လုပ်တတ်ပါသေးတယ်။ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က Geo Tolentino Ringor အမည်ရှိတဲ့အမျိုးသမီးနှင့် သူမရဲ့ခင်ပွန်း John Benedict Ringor တို့ကတော့ သူတို့အား အကောင်းဆုံးနည်းဖြင့် အံ့အားသင့်သွားစေခဲ့တဲ့လမ်းပေါ်က ကောင်လေးတစ်ဦးနဲ့တွေ့ဆုံခဲ့ကြပါတယ်။

သူတို့ ဇနီးမောင်နှံဟာ မနီလာမြို့တော်ရဲ့ ထင်ရှားတဲ့ Jollibee ဆိုတဲ့အသင့်စား အစားအစာဆိုင်မှာရှိနေခဲ့ရင်း ဆိုင်အပြင်ဘက်မှာကောင်လေးတစ်ယောက် အစားအစာတောင်းစားနေတာကို ခင်ပွန်းJohn Benedict က သတိပြုမိခဲ့ပါတယ်။John Benedictက အဆိုပါကောင်လေးကိုပိုက်ဆံပေးမယ့်အစား ဇနီးဖြစ်သူGeoကို ကောင်လေးအတွက် Jollibee အစာဘူးတစ်ခုဝယ်ပေးဖို့ပြောပြီး ကောင်လေးကိုပေးခဲ့ပြီး အဆိုပါကောင်လေးကလည်း ယူပြီးတာနဲ့ ချက်ချင်းဘဲ အမြန်ထွက်သွားခဲ့ပါတယ်။သူတို့ဇနီးမောင်နှံကလည်း ကောင်လေးထွက်သွားတာကို အထွေအထူးမတွေးခဲ့ကြပါဘူး။အဲ့ဒီနောက် Geo နဲ့John Benedict တို့ဟာ အဆိုပါဆိုင်မှအထွက် သူတို့ဆီအစာတောင်းစားခဲ့တဲ့ကောင်လေးကို သူ့ရဲ့ညီမလေးလို့ထင်ရတဲ့ကလေးမလေးတစ်ယောက်နဲ့အတူရှိနေတာကို တွေ့ခဲ့ကြပါတယ်။

အဆိုပါကလေးနှစ်ယောက်ဟာ Jollibeeဆိုင် ထွက်ပေါက်အနီးရှိ ကွန်ကရစ်တုံးပေါ်မှာ ထိုင်နေကြပြီး ကောင်လေးက သူတို့ပေးတဲ့အစားအစာကို ညီမလေးဖြစ်သူအား ခွံ့ကျွေးနေတာကိုမြင်ခဲ့ကြပါတယ်။Geoက အဆိုပါကြည်နူးစရာကောင်းတဲ့ မြင်ကွင်းကို ဓာတ်ပုံအချို့ရိုက်ယူခဲ့ပြီး ဓာတ်ပုံတစ်ပုံမှာ အဆိုပါကောင်လေးကသူ့ညီမလေးအား အစာခွံ့ကျွေးပြီးနောက် သူ့မျက်နှာပေါ်မှာ ရွှင်လန်းမှုအပြည့်နဲ့ ပီတိအပြုံးပြုံးနေတာကို တွေ့ခဲ့ရပါတယ်။အဆိုပါ ကောင်လေးဟာ ကိုယ်တိုင်ကငယ်ရွယ်နေသေးပေမဲ့လည်း ညီမလေးအတွက်တော့ ကိုယ်ကျိုးစွန့်ဖို့ အဆင်သင့်ရှိနေပြီးသားဖြစ်နေတာကို သူ့ရဲ့ပီတိဖြစ်နေတဲ့အပြုံးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ကမ္ဘာပေါ်မှာ ဒီလို ကလေးလေးတွေ နေရာအနှံ့ရှိနေတတ်ပေမဲ့ သူတို့ကို ကူညီပေးနိုင်မယ့်လူတွေက အနည်းအကျဉ်းသာရှိနေတတ်ပါတယ်။

Mia (Mckzone Daily)

ကိုယ့္ထက္အရပ္ပုေနတဲ့ခင္ပြန္းေတြကို ထုတ္ႂကြားရင္း ခ်စ္မဝျဖစ္ေနၾကတဲ့ အမ်ိဳးသမီးမ်ား

ခ်စ္ျခင္းေမတၱာမွာ ကိုယ္ခႏၶာကိုယ္အရြယ္အစားက အေရးပါတယ္လို့ ထင္ပါသလား။ေကာင္းပါၿပီ တစ္ခ်ိဳ့ေသာအမ်ိဳးသမီးေတြအတြက္ကေတာ့ အဆင္ေျပေနပုံပါဘဲ။အိမ္ေထာင္သက္တမ္း၇ႏွစ္ရွိၿပီျဖစ္တဲ့ Lizz Adamအမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ အရပ္၅ေပ၅လက္မအျမင့္သာရွိတဲ့ခင္ပြန္းျဖစ္သူနဲ႔တြဲရိုက္ထားတဲ့ဓာတ္ပုံကို သူမသေဘာက်ၿပီးႏွစ္သက္ေၾကာင္းကို ခ်စ္စနိုးနဲ႔အရႊန္းေဖာက္ကာ Twitter မွာမၽွေဝခဲ့ၿပီး ခင္ပြန္းျဖစ္သူကိုလည္း သူမအတြက္ ပဲ့ကိုင္ရွင္လို့လည္းဆိုထားပါတယ္။အဆိုပါ သူမရဲ့ပိုစ့္ဟာ ခ်က္ခ်င္းအာ႐ုံစိုက္မွုမ်ားစြာရရွိခဲ့ၿပီး သိသိသာသာထင္ရွားတဲ့အရပ္ကြာျခားေနေပမဲ့ အမ်ိဳးသမီးေတြဟာ သူတို့ခ်စ္မဝတဲ့ခင္ပြန္းနဲ႔ခ်စ္သူေကာင္ေလး​ေတြကို သေဘာက်ႏွစ္သက္ေၾကာင္းလည္း ပုံနဲ႔တကြ ျပန္လည္မၽွေဝခဲ့ၾကပါေသးတယ္။တကယ္လည္း အခ်စ္စစ္ရင္ အရပ္ဘဲျဖစ္ျဖစ္ ဘာေတြဘဲျဖစ္ျဖစ္ ျပႆနာရွိေနမွာမဟုတ္ပါဘူး။ဒီေတာ့ ကိုယ့္ထက္အရပ္ပုေနတဲ့ခင္ပြန္းေတြကို ခ်စ္မဝျဖစ္ေနၾကတဲ့အမ်ိဳးသမီးတို့ရဲ့အျဖစ္သည္းပုံေလးေတြကိုလည္း ၾကည့္ရွုခဲ့လိုက္ၾကပါအုံး။

1

2

3

4

5

6

7

8

9

10

11

Mia (Mckzone Daily)

Source : elitereaders

Unicode

ချစ်ခြင်းမေတ္တာမှာ ကိုယ်ခန္ဓာကိုယ်အရွယ်အစားက အရေးပါတယ်လို့ ထင်ပါသလား။ကောင်းပါပြီ တစ်ချို့သောအမျိုးသမီးတွေအတွက်ကတော့ အဆင်ပြေနေပုံပါဘဲ။အိမ်ထောင်သက်တမ်း၇နှစ်ရှိပြီဖြစ်တဲ့ Lizz Adamအမည်ရှိအမျိုးသမီးတစ်ဦးဟာ အရပ်၅ပေ၅လက်မအမြင့်သာရှိတဲ့ခင်ပွန်းဖြစ်သူနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံကို သူမသဘောကျပြီးနှစ်သက်ကြောင်းကို ချစ်စနိုးနဲ့အရွှန်းဖောက်ကာ Twitter မှာမျှဝေခဲ့ပြီး ခင်ပွန်းဖြစ်သူကိုလည်း သူမအတွက် ပဲ့ကိုင်ရှင်လို့လည်းဆိုထားပါတယ်။အဆိုပါ သူမရဲ့ပိုစ့်ဟာ ချက်ချင်းအာရုံစိုက်မှုများစွာရရှိခဲ့ပြီး သိသိသာသာထင်ရှားတဲ့အရပ်ကွာခြားနေပေမဲ့ အမျိုးသမီးတွေဟာ သူတို့ချစ်မဝတဲ့ခင်ပွန်းနဲ့ချစ်သူကောင်လေးတွေကို သဘောကျနှစ်သက်ကြောင်းလည်း ပုံနဲ့တကွ ပြန်လည်မျှဝေခဲ့ကြပါသေးတယ်။တကယ်လည်း အချစ်စစ်ရင် အရပ်ဘဲဖြစ်ဖြစ် ဘာတွေဘဲဖြစ်ဖြစ် ပြဿနာရှိနေမှာမဟုတ်ပါဘူး။ဒီတော့ ကိုယ့်ထက်အရပ်ပုနေတဲ့ခင်ပွန်းတွေကို ချစ်မဝဖြစ်နေကြတဲ့အမျိုးသမီးတို့ရဲ့အဖြစ်သည်းပုံလေးတွေကိုလည်း ကြည့်ရှုခဲ့လိုက်ကြပါအုံး။

Mia (Mckzone Daily)

ေပ၈၀အျမင့္ရွိတဲ့ ႀကိဳးတန္းေပၚလမ္းေလၽွာက္ရင္း ေလထဲမွာ လက္ထပ္ပြဲက်င္းပခဲ့တဲ့ ခ်စ္သူစုံတြဲ (႐ုပ္သံ)

အသက္၃၇ႏွစ္အရြယ္Chris Bullအမည္ရွိတဲ့အမ်ိဳးသားနဲ႔အသက္၂၅ႏွစ္အရြယ္ Phoebe Bakerအမည္ရွိတဲ့အမ်ိဳးသမီးတို့ဟာ ေျမျပင္ေပၚမွေပ ၈၀အျမင့္ရွိတဲ့ႀကိဳးတစ္ေခ်ာင္းေပၚလမ္းေလၽွာက္ရင္းေလထဲမွာလက္ထပ္ထိမ္းျမားတဲ့ သူတို့လူမ်ိဳးရဲ့အစဥ္အလာတစ္ခုကို ျပန္ျပဳလုပ္ဖို့ ဆုံးျဖတ္ခဲ့ၾကပါတယ္။သူတို့ႏွစ္ဦးဟာ တရားဝင္မဂၤလာေဆာင္ဝတ္စုံေတြကို ဝတ္ဆင္ထားၿပီး ေပ၂၅၀ရွည္လ်ားတဲ့ဝိုင္ယာႀကိဳးရဲ့ဆန္႔က်င္ဘက္အဆုံးတစ္ဖက္ဆီမွ မ်က္ႏွာခ်င္းဆိုင္လမ္းေလၽွာက္လာကာ ႀကိဳးရဲ့အလယ္မွာ ကတိကဝတ္သစၥာျပဳၿပီးလက္ထပ္ခဲ့ၾကပါတယ္။အဆိုပါပြဲကိုEnglandနိုင္ငံ Somerestေဒသမွာျပဳလုပ္က်င္းပခဲ့ၿပီး သူတို့ကို စိုးရိမ္တႀကီးနဲ႔ေမာ့ၾကည့္ေနၾကတဲ့ဧည့္သည္အေယာက္၁၀၀ေက်ာ္ကို အေပၚစီးကေနစိတ္ဝင္တစားနဲ႔ၾကည့္ခဲ့ရေၾကာင္း သူတို့ႏွစ္ဦးကဆိုထားပါတယ္။သူတို့ႏွစ္ဦးဟာ ဆပ္ကပ္ေလာကမွာ ေတြ႕ဆုံခဲ့ၾကတာပါ။

Chrisဟာ ၁၂ႏွစ္ေက်ာ္သက္တမ္းရွိၿပီျဖစ္တဲ့ ပေရာ္ဖက္ရွင္နယ္ ႀကိဳးတန္းေပၚလမ္းေလၽွာက္သူတစ္ဦးျဖစ္ၿပီး Phoebe Bakerကေတာ့ ဝတ္စုံဒီဇိုင္နာတစ္ဦးပါ။Chrisရဲ့အိမ္မက္က အကယ္လို့ လက္ထပ္ျဖစ္ခဲ့ရင္ ႀကိဳးတန္းေပၚလမ္းေလၽွာက္ရင္းလက္ထပ္ခ်င္တာပါ။Chrisက “ငါ့ကို သေဘာတူေပးမယ့္ဇနီးရွာေတြ႕လိမ့္မယ္လို့ ဘယ္ေတာ့မွမထင္ထားဘူး Phoebeကို ျမန္မာျပည္မွာ လက္ထပ္ခြင့္ေတာင္းခဲ့တယ္ ငါသူ႔နဲ႔ပထမဆုံးစေျပာတဲ့စကားက ႀကိဳးတန္းေပၚလမ္းေလၽွာက္ရင္းလက္ထပ္တာကအရမ္းမိုက္တယ္လို့ ေျပာေတာ့ သူကဘယ္လိုေတာင္မိုက္မဲတာလဲလို့ေျပာခဲ့ေပမဲ့ ငါ့အတြက္ သူႀကိဳးတန္းေပၚတက္မယ္လို့ေျပာခဲ့တယ္”လို့ ေျပာျပခဲ့ပါတယ္။

အဆိုပါအခမ္းအနားက တရားမဝင္ေပမဲ့ သူတို့ႏွစ္ဦးဟာ အဆိုပါလက္ထပ္ပြဲမတိုင္မီကတည္းက တရားဝင္လက္မွတ္ေရးထိုးထားၿပီးျဖစ္ပါတယ္။လက္စြပ္ဆရာအျဖစ္ Chrisရဲ့သူငယ္ခ်င္းက ေအာက္ကေျမျပင္ေပၚကေန လူတိုင္းၾကားနိုင္မယ့္ေအာ္လန္ျဖင့္ သစၥာစကားတစ္ခ်ိဳ့တိုင္တည္ေပးၿပီး သူတို့ႏွစ္ဦးရဲ့လက္ထပ္ပြဲလည္း ေဘးကင္းလုံျခဳံစြာ ၿပီးဆုံးသြားခဲ့ပါတယ္။အဆိုပါ ႀကိဳးတန္းေပၚလမ္းေလၽွာက္ရင္းလက္ထပ္ထိမ္းျမားျခင္းဟာ ျပင္သစ္နိုင္ငံမွာ ၁၉၅၄ခုႏွစ္ကတည္းက ရွိခဲ့ၿပီး လူအမ်ားက အဆိုပါလက္ထပ္ပြဲဟာ အိမ္ေထာင္ေရးတည္ျမဲေအာင္ျပဳလုပ္ဖို့ ခက္ခဲတဲ့အခက္အခဲေတြေဖာ္ျပေပးတယ္လို့ဆိုထားေၾကာင္း သတင္းတစ္ခုကေဖာ္ျပထားပါတယ္။၁၉၅၉ခုႏွစ္ မတ္လ၂၂ရက္ေန႔က ျပင္သစ္နိုင္ငံက စုံတြဲတစ္တြဲဟာ အဆိုပါကဲ့သို့ ႀကိဳးတန္းေပၚလမ္းေလၽွာက္ရင္းလက္ထပ္ထိမ္းျမားခဲ့ၾကပါေသးတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

အသက်၃၇နှစ်အရွယ်Chris Bullအမည်ရှိတဲ့အမျိုးသားနဲ့အသက်၂၅နှစ်အရွယ် Phoebe Bakerအမည်ရှိတဲ့အမျိုးသမီးတို့ဟာ မြေပြင်ပေါ်မှပေ ၈၀အမြင့်ရှိတဲ့ကြိုးတစ်ချောင်းပေါ်လမ်းလျှောက်ရင်းလေထဲမှာလက်ထပ်ထိမ်းမြားတဲ့ သူတို့လူမျိုးရဲ့အစဉ်အလာတစ်ခုကို ပြန်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာ တရားဝင်မင်္ဂလာဆောင်ဝတ်စုံတွေကို ဝတ်ဆင်ထားပြီး ပေ၂၅၀ရှည်လျားတဲ့ဝိုင်ယာကြိုးရဲ့ဆန့်ကျင်ဘက်အဆုံးတစ်ဖက်ဆီမှ မျက်နှာချင်းဆိုင်လမ်းလျှောက်လာကာ ကြိုးရဲ့အလယ်မှာ ကတိကဝတ်သစ္စာပြုပြီးလက်ထပ်ခဲ့ကြပါတယ်။အဆိုပါပွဲကိုEnglandနိုင်ငံ Somerestဒေသမှာပြုလုပ်ကျင်းပခဲ့ပြီး သူတို့ကို စိုးရိမ်တကြီးနဲ့မော့ကြည့်နေကြတဲ့ဧည့်သည်အယောက်၁၀၀ကျော်ကို အပေါ်စီးကနေစိတ်ဝင်တစားနဲ့ကြည့်ခဲ့ရကြောင်း သူတို့နှစ်ဦးကဆိုထားပါတယ်။သူတို့နှစ်ဦးဟာ ဆပ်ကပ်လောကမှာ တွေ့ဆုံခဲ့ကြတာပါ။

On March 22, 1959, on a 80 m.long cable between the two towers of La Rochelle harbour, two aerialists, Roland SCHMIDT and Francine PARY got married 20 m. up the gound.
Le 22 mars 1959, sur un câble d’acier long de 80 mètres tendu entre les deux vieilles tours-lanternes du port de La Rochelle, deux funambules, Roland SCHMIDT et Francine PARY sont mariés à 20 mètres du sol.

Chrisဟာ ၁၂နှစ်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ပရော်ဖက်ရှင်နယ် ကြိုးတန်းပေါ်လမ်းလျှောက်သူတစ်ဦးဖြစ်ပြီး Phoebe Bakerကတော့ ဝတ်စုံဒီဇိုင်နာတစ်ဦးပါ။Chrisရဲ့အိမ်မက်က အကယ်လို့ လက်ထပ်ဖြစ်ခဲ့ရင် ကြိုးတန်းပေါ်လမ်းလျှောက်ရင်းလက်ထပ်ချင်တာပါ။Chrisက “ငါ့ကို သဘောတူပေးမယ့်ဇနီးရှာတွေ့လိမ့်မယ်လို့ ဘယ်တော့မှမထင်ထားဘူး Phoebeကို မြန်မာပြည်မှာ လက်ထပ်ခွင့်တောင်းခဲ့တယ် ငါသူ့နဲ့ပထမဆုံးစပြောတဲ့စကားက ကြိုးတန်းပေါ်လမ်းလျှောက်ရင်းလက်ထပ်တာကအရမ်းမိုက်တယ်လို့ ပြောတော့ သူကဘယ်လိုတောင်မိုက်မဲတာလဲလို့ပြောခဲ့ပေမဲ့ ငါ့အတွက် သူကြိုးတန်းပေါ်တက်မယ်လို့ပြောခဲ့တယ်”လို့ ပြောပြခဲ့ပါတယ်။

အဆိုပါအခမ်းအနားက တရားမဝင်ပေမဲ့ သူတို့နှစ်ဦးဟာ အဆိုပါလက်ထပ်ပွဲမတိုင်မီကတည်းက တရားဝင်လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။လက်စွပ်ဆရာအဖြစ် Chrisရဲ့သူငယ်ချင်းက အောက်ကမြေပြင်ပေါ်ကနေ လူတိုင်းကြားနိုင်မယ့်အော်လန်ဖြင့် သစ္စာစကားတစ်ချို့တိုင်တည်ပေးပြီး သူတို့နှစ်ဦးရဲ့လက်ထပ်ပွဲလည်း ဘေးကင်းလုံခြုံစွာ ပြီးဆုံးသွားခဲ့ပါတယ်။အဆိုပါ ကြိုးတန်းပေါ်လမ်းလျှောက်ရင်းလက်ထပ်ထိမ်းမြားခြင်းဟာ ပြင်သစ်နိုင်ငံမှာ ၁၉၅၄ခုနှစ်ကတည်းက ရှိခဲ့ပြီး လူအများက အဆိုပါလက်ထပ်ပွဲဟာ အိမ်ထောင်ရေးတည်မြဲအောင်ပြုလုပ်ဖို့ ခက်ခဲတဲ့အခက်အခဲတွေဖော်ပြပေးတယ်လို့ဆိုထားကြောင်း သတင်းတစ်ခုကဖော်ပြထားပါတယ်။၁၉၅၉ခုနှစ် မတ်လ၂၂ရက်နေ့က ပြင်သစ်နိုင်ငံက စုံတွဲတစ်တွဲဟာ အဆိုပါကဲ့သို့ ကြိုးတန်းပေါ်လမ်းလျှောက်ရင်းလက်ထပ်ထိမ်းမြားခဲ့ကြပါသေးတယ်။

Mia (Mckzone Daily)