ျပင္းထန္တဲ့ငလ်င္လႈပ္ခတ္ေနတုန္း customerႏွစ္ဦးကို အလ်င္အျမန္ ကာကြယ္ေပးခဲ့တဲ့ စတိုးဆိုင္၀န္ထမ္းရဲ႕လုပ္ရပ္

ေတာင္ကိုရီးယားနိုင္ငံရွိ နို၀င္ဘာ ၁၅ ရက္ေန႔က ျဖစ္ပြါးခဲ့တဲ့ ၅.၄ ျပင္းအားရွိတဲ့ငလ်င္လွုပ္ခတ္မွုမွာ Pohang ၿမိဳ့ရွိ စတိုးဆိုင္တစ္ခုရဲ့၀န္ထမ္းတစ္ဦးဟာ ေၾကာက္လန႔္တုန္လွုပ္ေနတဲ့ဧည့္သည္ႏွစ္ဦးအား ကိုယ္က်ိဳးစြန႔္ကာကြယ္ေပးခဲ့ပါတယ္။ညေန ၂:၃၀ ဝန္းက်င္ ငလ်င္လွုပ္စဥ္ကာလအတြင္း ေတာင္ဘက္ဆိပ္ကမ္းၿမိဳ့ Pohang ရွိ စတိုးဆိုင္ရဲ့ CCTV ဗီဒီယိုဖိုင္ကို Channel A News မွထုတ္လႊင့္ျပသေပးခဲ့တာပါ။ငလ်င္ျပင္းထန္စြာတုန္လွုပ္ေနစဥ္အတြင္း စားသုံးသူေတြႏွင့္ ၀န္ထမ္းေတြက စားပြဲခုံႏွင့္စာေရးခုံေတြေအာက္မွာ ပုန္းေအာင္းေနခဲ့ၾကခ်ိန္မွာေတာ့ ေကာင္တာရွိအမ်ိဳးသမီးေဖာက္သည္ႏွစ္ဦးကိုကူညီခဲ့တဲ့ ရဲရင့္တဲ့စတိုးဆိုင္ဝန္ထမ္းတစ္ဦးဟာ အင္တာနက္အသုံးျပဳသူတိုင္းရဲ့အာ႐ုံကိုဖမ္းစားနိုင္ခဲ့ပါတယ္။

အေဆာက္အဦးေတြ ပ်က္စီးလာနိုင္ေျခရွိၿပီး သူတို့ရဲ့ဦးေခါင္းေပၚကို က်လာတာေၾကာင့္ သူတို့ကိုအႏၲရာယ္ကေနကာကြယ္ေပးဖို့အတြက္ အဆိုပါ၀န္ထမ္းဟာ သူ႔ေရွ႕မွာရွိတဲ့ကုန္စုံျခင္းေတာင္းကိုခ်က္ခ်င္းဆုပ္ကိုင္ၿပီး အမ်ိဳးသမီးႏွစ္တို့ရဲ့ေခါင္းႏွစ္လုံးကို အျမန္အဆန္ ဖုံးအုပ္ေပးခဲ့ပါတယ္။လူေတာ္ေတာ္မ်ားမ်ားဟာ သူရဲေကာင္းလုပ္ရပ္ေတြအတြက္ အဆိုပါဝန္ထမ္းကို ေကာင္းမြန္တဲ့စကားေတြ ခ်ီးက်ဴးေျပာဆိုခဲ့ၾကပါတယ္။အခ်ိဳ့လူအမ်ားစုက သူတို့ရဲ့ကိုယ္ပိုင္လုံျခဳံမွုကိုပထမဥဦးစားေပး ကာကြယ္တတ္ၾကေပမဲ့ ဒီဝန္ထမ္းကေတာ့ ကိုယ္က်ိဳးမငဲ့ဘဲ ဧည့္သည္ေတြကို အေကာင္းဆုံးကာကြယ္ေပးခဲ့တာပါ။

ငလ်င္ႀကီးလွုပ္ခတ္တုန္ခါမွုက တိုင္းျပည္ရဲ့ၿမိဳ့ေတာ္ဆိုးလ္ကို အနည္းငယ္ထိမွန္ခဲ့ေၾကာင္း South China Morning Post မွေဖာ္ျပခဲ့ပါတယ္။ဒီငလ်င္ဟာ သူ႔တို့နိုင္ငံရဲ့ဒုတိယအင္အားအႀကီးဆုံး ငလ်င္ျဖစ္ေၾကာင္း ဆိုထားပါတယ္။၂၀၁၆ ခုႏွစ္၊ စက္တင္ဘာလမွာ ျပင္းအား ၅.၈ ျပင္းအားတုန္ခါမွုေၾကာင့္ အေရွ႕ေတာင္ဘက္ၿမိဳ့ေတာ္ Gyeongju ကိုပါ ထိခိုက္ေစခဲ့ပါေသးတယ္။ကံေကာင္းေထာက္မစြာနဲ႔ ငလ်င္လွုပ္ခတ္မွုက ျပင္းထန္ခဲ့ေပမဲ့လည္း ထိခိုက္ေသဆုံးမွုမရွိခဲ့ရပါဘူး။

Mia (Mckzone Daily)

Source : nextshark

Unicode

တောင်ကိုရီးယားနိုင်ငံရှိ နိုဝင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွါးခဲ့တဲ့ ၅.၄ ပြင်းအားရှိတဲ့ငလျင်လှုပ်ခတ်မှုမှာ Pohang မြို့ရှိ စတိုးဆိုင်တစ်ခုရဲ့ဝန်ထမ်းတစ်ဦးဟာ ကြောက်လန့်တုန်လှုပ်နေတဲ့ဧည့်သည်နှစ်ဦးအား ကိုယ်ကျိုးစွန့်ကာကွယ်ပေးခဲ့ပါတယ်။ညနေ ၂:၃၀ ဝန်းကျင် ငလျင်လှုပ်စဉ်ကာလအတွင်း တောင်ဘက်ဆိပ်ကမ်းမြို့ Pohang ရှိ စတိုးဆိုင်ရဲ့ CCTV ဗီဒီယိုဖိုင်ကို Channel A News မှထုတ်လွှင့်ပြသပေးခဲ့တာပါ။ငလျင်ပြင်းထန်စွာတုန်လှုပ်နေစဉ်အတွင်း စားသုံးသူတွေနှင့် ဝန်ထမ်းတွေက စားပွဲခုံနှင့်စာရေးခုံတွေအောက်မှာ ပုန်းအောင်းနေခဲ့ကြချိန်မှာတော့ ကောင်တာရှိအမျိုးသမီးဖောက်သည်နှစ်ဦးကိုကူညီခဲ့တဲ့ ရဲရင့်တဲ့စတိုးဆိုင်ဝန်ထမ်းတစ်ဦးဟာ အင်တာနက်အသုံးပြုသူတိုင်းရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။

အဆောက်အဦးတွေ ပျက်စီးလာနိုင်ခြေရှိပြီး သူတို့ရဲ့ဦးခေါင်းပေါ်ကို ကျလာတာကြောင့် သူတို့ကိုအန္တရာယ်ကနေကာကွယ်ပေးဖို့အတွက် အဆိုပါဝန်ထမ်းဟာ သူ့ရှေ့မှာရှိတဲ့ကုန်စုံခြင်းတောင်းကိုချက်ချင်းဆုပ်ကိုင်ပြီး အမျိုးသမီးနှစ်တို့ရဲ့ခေါင်းနှစ်လုံးကို အမြန်အဆန် ဖုံးအုပ်ပေးခဲ့ပါတယ်။လူတော်တော်များများဟာ သူရဲကောင်းလုပ်ရပ်တွေအတွက် အဆိုပါဝန်ထမ်းကို ကောင်းမွန်တဲ့စကားတွေ ချီးကျူးပြောဆိုခဲ့ကြပါတယ်။အချို့လူအများစုက သူတို့ရဲ့ကိုယ်ပိုင်လုံခြုံမှုကိုပထမဥဦးစားပေး ကာကွယ်တတ်ကြပေမဲ့ ဒီဝန်ထမ်းကတော့ ကိုယ်ကျိုးမငဲ့ဘဲ ဧည့်သည်တွေကို အကောင်းဆုံးကာကွယ်ပေးခဲ့တာပါ။

ငလျင်ကြီးလှုပ်ခတ်တုန်ခါမှုက တိုင်းပြည်ရဲ့မြို့တော်ဆိုးလ်ကို အနည်းငယ်ထိမှန်ခဲ့ကြောင်း South China Morning Post မှဖော်ပြခဲ့ပါတယ်။ဒီငလျင်ဟာ သူ့တို့နိုင်ငံရဲ့ဒုတိယအင်အားအကြီးဆုံး ငလျင်ဖြစ်ကြောင်း ဆိုထားပါတယ်။၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ ပြင်းအား ၅.၈ ပြင်းအားတုန်ခါမှုကြောင့် အရှေ့တောင်ဘက်မြို့တော် Gyeongju ကိုပါ ထိခိုက်စေခဲ့ပါသေးတယ်။ကံကောင်းထောက်မစွာနဲ့ ငလျင်လှုပ်ခတ်မှုက ပြင်းထန်ခဲ့ပေမဲ့လည်း ထိခိုက်သေဆုံးမှုမရှိခဲ့ရပါဘူး။

Mia (Mckzone Daily)

ဒုကၡေရာက္ခ်ိန္ကူညီကယ္တင္ေပးခဲ့တဲ့ ကယ္တင္႐ွင္ႀကီးကို အျမဲမွတ္မိေနခဲ့တဲ့ သစၥာ႐ွိလြန္းလွတဲ့ လမ္းေဘးေခြးေလး

အျပစ္မဲ့တိရိစၧာန္ေလးေတြကို တစ္ကိုယ္ေကာင္းဆန္တဲ့လူေတြက သူတို့ရဲ့ေပ်ာ္ရႊင္တစ္ခုတည္းအတြက္နဲ႔ အလြဲသုံးစားျပဳလုပ္တတ္တဲ့အေၾကာင္းေတြကို မၾကာခဏၾကားဖူးၾကမွာပါ။Arm ဆိုတဲ့အမ်ိဳးသားဟာ သူ႔ရဲ့႐ုံးေရွ႕မွာထိုင္ေနတုန္း Bobby လို့ေခၚတဲ့ေခြးေလးနဲ႔ပထမဆုံးေတြ႕ဆုံခဲ့ၿပီး ဘီစကစ္အနည္းငယ္ေကၽြးခဲ့တဲ့အေၾကာင္းတခ်ိဳ့ကို Facebook ပိုစ့္တစ္ခုမွာ မၽွေဝခဲ့ပါတယ္။အဲ့ဒီေနာက္ပိုင္း Bobby ေလးဟာ မိုးရြာသည္ျဖစ္ေစ၊ေနသာသည္ျဖစ္ေစ Arm ႐ုံးအလာကို ေစာင့္ဆိုင္းေနခဲ့ၿပီး တစ္ေန႔မွာေတာ့ Armဟာ ခ်ဳံပုတ္ထဲမွာ ပါးနပ္တဲ့Bobbyရဲ့ခ်စ္စဖြယ္ေခြးေပါက္ငါးေကာင္ကို ေတြ႕ရွိခဲ့ရပါတယ္။ကံမေကာင္းစြာနဲ႔ မုန္တိုင္းတစ္ခုေၾကာင့္ သူမရဲ့ေခြးေပါက္စတစ္ေကာင္ ေသဆုံးသြားခဲ့ရၿပီးေနာက္ အလြန္အမင္းစိတ္ပူေနတဲ့Arm ဟာ Bobbyနဲ႔ သူမရဲ့ေခြးေပါက္ေလးေတြအတြက္ ယာယီခိုလွုံနိုင္မယ့္ေနရာတစ္ခုကို ဖန္တီးေပးခဲ့ပါတယ္။

အဆိုပါဖန္တီးေပးမွုဟာ သူ႔အတြက္ အရမ္းစိတ္လွုပ္ရွားဖို့ေကာင္းတဲ့အခိုက္အတန႔္ျဖစ္ေၾကာင္းလည္းဝန္ခံထားပါတယ္။အခ်ိန္အတန္ၾကာၿပီးေနာက္ Arm ဟာ Bobbyနဲ႔သူမရဲ့ေခြးေပါက္အားလုံးကိုဂ႐ုစိုက္ေပးဖို့ဆႏၵရွိေနတဲ့မိသားစုကိုေအာင္ျမင္စြာရွာေဖြနိုင္ခဲ့ၿပီး Bobbyေလးကိုလည္း အထည္တစ္ခုေပးကာ ႏုတ္ဆက္ခဲ့ပါတယ္။Bobby တို့အတြက္အိမ္အသစ္တစ္လုံးရွာေပးခဲ့တဲ့အျပင္ Bobbyနဲ႔သူမရဲ့ေခြးေပါက္ေလးေတြအတြက္ ရန္ပုံေငြစုေဆာင္းနိုင္ဖို့ Bobbyအေၾကာင္းကို Arm က စာအုပ္ထုတ္ေဝခဲ့ပါေသးတယ္။လအနည္းငယ္အၾကာမွာ Armဟာ႐ုပ္ဖ်က္ၿပီး Bobbyတို့ဆီကို အလည္သြားေတာ့ သူ႔ရဲ့လွည့္စားဟန္ေဆာင္မွုကို Bobbyက ခ်က္ခ်င္းရိပ္မိကာ သိသြားခဲ့ပါတယ္။

Arm လုပ္ေပးခဲ့တဲ့အၾကင္နာတရားကို အသိအမွတ္ျပဳေပးေနတဲ့ Bobby နဲ႔အရြယ္ေရာက္ေခြးကေလးေတြရဲ့ပုံကို ေတြ႕ရမွာပါ။Armဟာ Bobbyနဲ႔ေခြးေပါက္ေလးေတြအေပၚ သူ႔ရဲ့တာ၀န္ဝတၱရားေတြမရွိေတာ့ေပမဲ့လည္း သူ႔မိတ္ေဆြေလးေတြအတြက္ လစဥ္လတိုင္းေထာက္ပံ့ေပးေနမယ္ျဖစ္ေၾကာင္း ကတိေပးေျပာၾကားခဲ့ပါေသးတယ္။Armလိုအျပစ္မဲ့သတၱဝါေလးေတြကိုၾကင္နာတတ္တဲ့လူေတြဟာ ကၽြန္ေတာ္တို့လူသားေတြရဲ့ယုံၾကည္မွုေတြကို ျပန္ရဖို့ထိုက္တန္ေနစျမဲပါ။Arm နဲ႔ Bobby တို့အၾကား သံေယာဇဥ္ေႏွာင္ႀကိဳးဟာ ခင္ဗ်ားတို့ရဲ့ႏွလုံးသားကိုေႏြးေထြးေစၿပီး ၂၀၂၀ ျပည့္ႏွစ္မွာ ကၽြန္ေတာ္တို့လူသားအားလုံးအတြက္ အက်ိဳးရွိေစတဲ့စြမ္းအားတစ္ခု ျဖစ္ေနေစမွာပါ။

4

5

6

7

8

9

10

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အပြစ်မဲ့တိရိစ္ဆာန်လေးတွေကို တစ်ကိုယ်ကောင်းဆန်တဲ့လူတွေက သူတို့ရဲ့ပျော်ရွှင်တစ်ခုတည်းအတွက်နဲ့ အလွဲသုံးစားပြုလုပ်တတ်တဲ့အကြောင်းတွေကို မကြာခဏကြားဖူးကြမှာပါ။Arm ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့ရုံးရှေ့မှာထိုင်နေတုန်း Bobby လို့ခေါ်တဲ့ခွေးလေးနဲ့ပထမဆုံးတွေ့ဆုံခဲ့ပြီး ဘီစကစ်အနည်းငယ်ကျွေးခဲ့တဲ့အကြောင်းတချို့ကို Facebook ပိုစ့်တစ်ခုမှာ မျှဝေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း Bobby လေးဟာ မိုးရွာသည်ဖြစ်စေ၊နေသာသည်ဖြစ်စေ Arm ရုံးအလာကို စောင့်ဆိုင်းနေခဲ့ပြီး တစ်နေ့မှာတော့ Armဟာ ချုံပုတ်ထဲမှာ ပါးနပ်တဲ့Bobbyရဲ့ချစ်စဖွယ်ခွေးပေါက်ငါးကောင်ကို တွေ့ရှိခဲ့ရပါတယ်။ကံမကောင်းစွာနဲ့ မုန်တိုင်းတစ်ခုကြောင့် သူမရဲ့ခွေးပေါက်စတစ်ကောင် သေဆုံးသွားခဲ့ရပြီးနောက် အလွန်အမင်းစိတ်ပူနေတဲ့Arm ဟာ Bobbyနဲ့ သူမရဲ့ခွေးပေါက်လေးတွေအတွက် ယာယီခိုလှုံနိုင်မယ့်နေရာတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။

အဆိုပါဖန်တီးပေးမှုဟာ သူ့အတွက် အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့အခိုက်အတန့်ဖြစ်ကြောင်းလည်းဝန်ခံထားပါတယ်။အချိန်အတန်ကြာပြီးနောက် Arm ဟာ Bobbyနဲ့သူမရဲ့ခွေးပေါက်အားလုံးကိုဂရုစိုက်ပေးဖို့ဆန္ဒရှိနေတဲ့မိသားစုကိုအောင်မြင်စွာရှာဖွေနိုင်ခဲ့ပြီး Bobbyလေးကိုလည်း အထည်တစ်ခုပေးကာ နုတ်ဆက်ခဲ့ပါတယ်။Bobby တို့အတွက်အိမ်အသစ်တစ်လုံးရှာပေးခဲ့တဲ့အပြင် Bobbyနဲ့သူမရဲ့ခွေးပေါက်လေးတွေအတွက် ရန်ပုံငွေစုဆောင်းနိုင်ဖို့ Bobbyအကြောင်းကို Arm က စာအုပ်ထုတ်ဝေခဲ့ပါသေးတယ်။လအနည်းငယ်အကြာမှာ Armဟာရုပ်ဖျက်ပြီး Bobbyတို့ဆီကို အလည်သွားတော့ သူ့ရဲ့လှည့်စားဟန်ဆောင်မှုကို Bobbyက ချက်ချင်းရိပ်မိကာ သိသွားခဲ့ပါတယ်။

Arm လုပ်ပေးခဲ့တဲ့အကြင်နာတရားကို အသိအမှတ်ပြုပေးနေတဲ့ Bobby နဲ့အရွယ်ရောက်ခွေးကလေးတွေရဲ့ပုံကို တွေ့ရမှာပါ။Armဟာ Bobbyနဲ့ခွေးပေါက်လေးတွေအပေါ် သူ့ရဲ့တာဝန်ဝတ္တရားတွေမရှိတော့ပေမဲ့လည်း သူ့မိတ်ဆွေလေးတွေအတွက် လစဉ်လတိုင်းထောက်ပံ့ပေးနေမယ်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ပါသေးတယ်။Armလိုအပြစ်မဲ့သတ္တဝါလေးတွေကိုကြင်နာတတ်တဲ့လူတွေဟာ ကျွန်တော်တို့လူသားတွေရဲ့ယုံကြည်မှုတွေကို ပြန်ရဖို့ထိုက်တန်နေစမြဲပါ။Arm နဲ့ Bobby တို့အကြား သံယောဇဉ်နှောင်ကြိုးဟာ ခင်ဗျားတို့ရဲ့နှလုံးသားကိုနွေးထွေးစေပြီး ၂၀၂၀ ပြည့်နှစ်မှာ ကျွန်တော်တို့လူသားအားလုံးအတွက် အကျိုးရှိစေတဲ့စွမ်းအားတစ်ခု ဖြစ်နေစေမှာပါ။

Mia (Mckzone Daily)

ေအးစိမ့္လြန္းတဲ့ ရာသီဥတုဒဏ္ကို မခံႏိုင္ေတာ့လို႔ ကားအင္ဂ်င္ထဲမွာဝင္ခိုေနမိခဲ့တဲ့ ေၾကာင္ေလးရဲ႕အျဖစ္

အခုအခ်ိန္မွာ ရာသီဥတုစိုစြတ္ၿပီး အေအးမ်ားလာတာေၾကာင့္ ေၾကာင္ေလးေတြဟာ အေအးဒဏ္ခံနိုင္တဲ့အေႏြးဓာတ္ေတြ ရွာေဖြဖို့ လိုအပ္လာပါတယ္။ဒါေၾကာင့္ တစ္ခါတစ္ရံ သူတို့ေတြဟာ ကားအင္ဂ်င္ေတြထဲဝင္ေနတတ္ၾကပါတယ္။မေလးရွားမီးေဘးႏွင့္ကယ္ဆယ္ေရးအဖြဲ႕က ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၅ရက္ေန႔က မေလးရွားနိုင္ငံ Subangၿမိဳ့ရွိ ကားအင္ဂ်င္ထဲမွာဝင္ေနတဲ့ ေၾကာင္ေပါက္ေလးကို ကယ္ဆယ္ခဲ့ေၾကာင္း သူတို့ရဲ့Facebook pageမွာ ေဖာ္ျပထားပါတယ္။

“Subangၿမိဳ့ Jalan SS15/6Aက ေၾကာင္ေလးကို အထူးဝန္ေဆာင္မွုေပးခဲ့တယ္။ကားအင္ဂ်င္ထဲက ေၾကာင္ကို ကယ္ဆယ္ေရးအဖြဲ႕က ေအာင္ျမင္စြာ ကယ္တင္နိုင္ခဲ့တယ္”လို့ ေရးထားပါတယ္။လြန္ခဲ့တဲ့ရက္သတၱပတ္ေတြေလာက္က မိုးရြာလိုက္မရြာလိုက္ျဖစ္တာေၾကာင့္ တေနရာရာသြားရင္ သင့္ကားပတ္ပတ္လည္သို့မဟုတ္အတြင္းထဲမွာခိုလွုံေနတတ္တဲ့ေၾကာင္ေလးေတြမရွိေနေအာင္ သင္တို့ရဲ့ကားအင္ဂ်င္နဲ႔တာယာေတြေအာက္ကို စစ္ေဆးေပးဖို့ အထူးလိုအပ္ပါတယ္။

အဲ့လိုစစ္ေဆးေပးဖို့က မခက္ခဲေပမဲ့ အေတာ္ေလးအေရးႀကီးပါတယ္။အထူးသျဖင့္ ပစၥည္းေတြနဲ႔ရွုပ္ေနတတ္တဲ့ကားေနရာေတြမွာပါ။ ဘာလို့လဲဆိုေတာ့ ဘယ္သူကမွ အျပစ္မဲ့တိရိစၧာန္ေလးေတြကို မေတာ္တဆမသတ္ျဖတ္လိုၾကတာေၾကာင့္ပါ။ဒီေတာ့ အင္ဂ်င္ထဲဝင္ေနတဲ့ေၾကာင္ေလးကို အျမန္ေတြ႕သြားတဲ့ကားပိုင္ရွင္နဲ႔ အႏၲရာယ္ကင္းကင္းကယ္ထုတ္ေပးခဲ့ၾကတဲ့ ကယ္ဆယ္ေရးအဖြဲ႕ေတြကိုလည္း ေက်းဇူးအထူးတင္မိၿပီး စာဖတ္သူတို့လည္း အိမ္မွာအေကာင္ေလးေတြရွိခဲ့ရင္ အထူးဂ႐ုစိုက္ၾကပါလို့ ေျပာခဲ့ခ်င္ပါတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အခုအချိန်မှာ ရာသီဥတုစိုစွတ်ပြီး အအေးများလာတာကြောင့် ကြောင်လေးတွေဟာ အအေးဒဏ်ခံနိုင်တဲ့အနွေးဓာတ်တွေ ရှာဖွေဖို့ လိုအပ်လာပါတယ်။ဒါကြောင့် တစ်ခါတစ်ရံ သူတို့တွေဟာ ကားအင်ဂျင်တွေထဲဝင်နေတတ်ကြပါတယ်။မလေးရှားမီးဘေးနှင့်ကယ်ဆယ်ရေးအဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ရက်နေ့က မလေးရှားနိုင်ငံ Subangမြို့ရှိ ကားအင်ဂျင်ထဲမှာဝင်နေတဲ့ ကြောင်ပေါက်လေးကို ကယ်ဆယ်ခဲ့ကြောင်း သူတို့ရဲ့Facebook pageမှာ ဖော်ပြထားပါတယ်။

“Subangမြို့ Jalan SS15/6Aက ကြောင်လေးကို အထူးဝန်ဆောင်မှုပေးခဲ့တယ်။ကားအင်ဂျင်ထဲက ကြောင်ကို ကယ်ဆယ်ရေးအဖွဲ့က အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တယ်”လို့ ရေးထားပါတယ်။လွန်ခဲ့တဲ့ရက်သတ္တပတ်တွေလောက်က မိုးရွာလိုက်မရွာလိုက်ဖြစ်တာကြောင့် တနေရာရာသွားရင် သင့်ကားပတ်ပတ်လည်သို့မဟုတ်အတွင်းထဲမှာခိုလှုံနေတတ်တဲ့ကြောင်လေးတွေမရှိနေအောင် သင်တို့ရဲ့ကားအင်ဂျင်နဲ့တာယာတွေအောက်ကို စစ်ဆေးပေးဖို့ အထူးလိုအပ်ပါတယ်။

အဲ့လိုစစ်ဆေးပေးဖို့က မခက်ခဲပေမဲ့ အတော်လေးအရေးကြီးပါတယ်။အထူးသဖြင့် ပစ္စည်းတွေနဲ့ရှုပ်နေတတ်တဲ့ကားနေရာတွေမှာပါ။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ အပြစ်မဲ့တိရိစ္ဆာန်လေးတွေကို မတော်တဆမသတ်ဖြတ်လိုကြတာကြောင့်ပါ။ဒီတော့ အင်ဂျင်ထဲဝင်နေတဲ့ကြောင်လေးကို အမြန်တွေ့သွားတဲ့ကားပိုင်ရှင်နဲ့ အန္တရာယ်ကင်းကင်းကယ်ထုတ်ပေးခဲ့ကြတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း ကျေးဇူးအထူးတင်မိပြီး စာဖတ်သူတို့လည်း အိမ်မှာအကောင်လေးတွေရှိခဲ့ရင် အထူးဂရုစိုက်ကြပါလို့ ပြောခဲ့ချင်ပါတယ်။

Mia (Mckzone Daily)

ဘဏ္တစ္ခုထဲသို႔ ဝင္ေရာက္က်ဴးေက်ာ္ခဲ့ၾကတဲ့ေတာရိုင္းဓားျပေကာင္ေလးမ်ား

အျဖဴအနက္အမွတ္အသားပါတဲ့မ်က္ႏွာနဲ႔အၿမီးဖြားဖြား ဝက္ဝံအႏြယ္ Raccoonလို့ေခၚတဲ့အေကာင္ေလးေတြဟာ သူတို့ရဲ့ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေပၚက သဘာဝရာဇ၀တ္မွုမ်က္ႏွာဖုံးေတြရွိေနျခင္းဟာ ရယ္စရာေကာင္းတဲ့တိုက္ဆိုင္မွုတစ္ခုမဟုတ္ေၾကာင္းကို ကမၻာႀကီးအား ထပ္မံျပသခဲ့ပါတယ္။ၿပီးခဲ့တဲ့ရက္အနည္းငယ္က California မွာတည္ရွိတဲ့ Redwood ၿမိဳ့ရဲ့ဘဏ္တစ္ခုအတြင္းသို့ က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ Raccoonႏွစ္ေကာင္အား ATMသုံးၿပီးေငြထုတ္ေနတဲ့အမ်ိဳးသားတစ္ဦးကေတြ႕ရွိခဲ့ၿပီး ကံေကာင္းစြာနဲ႔ Peninsula Humane Society နဲ႔ SPCA ကယ္ဆယ္ေရးအဖြဲ႕က အျမန္လာေရာက္ဖမ္းဆီးကယ္ဆယ္နိုင္ခဲ့ပါတယ္။Raccoon ေလးေတြဟာဘဏ္အျပင္ဘက္ရွိ သစ္ပင္တစ္ပင္ကေန ဘဏ္ေခါင္မိုးေပၚတက္ကာ ေလႁပြန္ပိုက္ေတြထဲသို့တစ္နည္းနည္းျဖင့္ဝင္သြားခဲ့ၾကၿပီးေနာက္ ဘဏ္ၾကမ္းျပင္တေနရာေပၚသို့ ဆင္းလာကာ ကြန္ပ်ဴတာေပၚရွိ စာရြက္ေတြကိုေခါက္ရင္းကစားေနခဲ့ပါတယ္။

“တိရစၧာန္အဖြဲ႕အစည္းတစ္ခုဟာ ဘဏ္ေဖာက္ခြဲမွုတစ္ခုကိုကိုင္တြယ္ေျဖရွင္းဖို့ေန႔တိုင္းေတာင္းဆိုမခံရေပမဲ့ ဘဏ္ဓားျပေလးေတြက ေတာရိုင္းအေကာင္ေလးေတြျဖစ္ေနေတာ့ ကၽြန္ေတာ္တို့အျမန္သြားလိုက္ရတယ္” ဟု Peninsula Humane Society ႏွင့္ SPCA ရဲ့ဆက္သြယ္ေရးမန္ေနဂ်ာ Buffy Martin က Tarbox ကသတင္းထုတ္ျပန္ခ်က္တစ္ခုမွာေျပာၾကားခဲ့ပါတယ္။ဘဏ္မန္ေနဂ်ာေတြက ကယ္ဆယ္ေရးအဖြဲ႕အား ဘဏ္ထဲကို၀င္ခြင့္ေပးလိုက္ၿပီး Raccoonေလးေတြဟာ ဘဏ္ထဲကေန မထြက္ခ်င္ခဲ့တာေၾကာင့္ Peninsula Humane Society & SPCA ၀န္ထမ္းမေတြဟာ က်ဴးေက်ာ္သူေလးေတြကိုလိုက္လံဖမ္းဆီးရန္ ၁၀ မိနစ္ခန႔္အခ်ိန္ယူခဲ့ရၿပီး ေတာရိုင္းအေကာင္ေလးေတြကို ထိခိုက္ဒဏ္ရာရျခင္းမရွိဘဲဖမ္းဆီးကယ္ဆယ္နိုင္ခဲ့ၾကပါတယ္။

Jasmine (Mckzone Daily)

Source: boredpanda.

Unicode

အဖြူအနက်အမှတ်အသားပါတဲ့မျက်နှာနဲ့အမြီးဖွားဖွား ဝက်ဝံအနွယ် Raccoonလို့ခေါ်တဲ့အကောင်လေးတွေဟာ သူတို့ရဲ့ချစ်စရာကောင်းတဲ့မျက်နှာပေါ်က သဘာဝရာဇဝတ်မှုမျက်နှာဖုံးတွေရှိနေခြင်းဟာ ရယ်စရာကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုမဟုတ်ကြောင်းကို ကမ္ဘာကြီးအား ထပ်မံပြသခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်အနည်းငယ်က California မှာတည်ရှိတဲ့ Redwood မြို့ရဲ့ဘဏ်တစ်ခုအတွင်းသို့ ကျူးကျော်ဝင်ရောက်လာတဲ့ Raccoonနှစ်ကောင်အား ATMသုံးပြီးငွေထုတ်နေတဲ့အမျိုးသားတစ်ဦးကတွေ့ရှိခဲ့ပြီး ကံကောင်းစွာနဲ့ Peninsula Humane Society နဲ့ SPCA ကယ်ဆယ်ရေးအဖွဲ့က အမြန်လာရောက်ဖမ်းဆီးကယ်ဆယ်နိုင်ခဲ့ပါတယ်။Raccoon လေးတွေဟာဘဏ်အပြင်ဘက်ရှိ သစ်ပင်တစ်ပင်ကနေ ဘဏ်ခေါင်မိုးပေါ်တက်ကာ လေပြွန်ပိုက်တွေထဲသို့တစ်နည်းနည်းဖြင့်ဝင်သွားခဲ့ကြပြီးနောက် ဘဏ်ကြမ်းပြင်တနေရာပေါ်သို့ ဆင်းလာကာ ကွန်ပျူတာပေါ်ရှိ စာရွက်တွေကိုခေါက်ရင်းကစားနေခဲ့ပါတယ်။

“တိရစ္ဆာန်အဖွဲ့အစည်းတစ်ခုဟာ ဘဏ်ဖောက်ခွဲမှုတစ်ခုကိုကိုင်တွယ်ဖြေရှင်းဖို့နေ့တိုင်းတောင်းဆိုမခံရပေမဲ့ ဘဏ်ဓားပြလေးတွေက တောရိုင်းအကောင်လေးတွေဖြစ်နေတော့ ကျွန်တော်တို့အမြန်သွားလိုက်ရတယ်” ဟု Peninsula Humane Society နှင့် SPCA ရဲ့ဆက်သွယ်ရေးမန်နေဂျာ Buffy Martin က Tarbox ကသတင်းထုတ်ပြန်ချက်တစ်ခုမှာပြောကြားခဲ့ပါတယ်။ဘဏ်မန်နေဂျာတွေက ကယ်ဆယ်ရေးအဖွဲ့အား ဘဏ်ထဲကိုဝင်ခွင့်ပေးလိုက်ပြီး Raccoonလေးတွေဟာ ဘဏ်ထဲကနေ မထွက်ချင်ခဲ့တာကြောင့် Peninsula Humane Society & SPCA ဝန်ထမ်းမတွေဟာ ကျူးကျော်သူလေးတွေကိုလိုက်လံဖမ်းဆီးရန် ၁၀ မိနစ်ခန့်အချိန်ယူခဲ့ရပြီး တောရိုင်းအကောင်လေးတွေကို ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲဖမ်းဆီးကယ်ဆယ်နိုင်ခဲ့ကြပါတယ်။

Jasmine (Mckzone Daily)

ပင္လယ္နက္ထဲရွိ ပလပ္စတစ္ခြက္ထဲခိုေအာင္ေနတဲ့ ေရဘဝဲေပါက္စေလးကို ကမာေကာင္အခြံထဲ ေနရာေရႊ႔ေပးခဲ့တဲ့ ေရငုပ္သမား (႐ုပ္သံ)

စြန႔္ပစ္ပစၥည္းေတြဟာ ကၽြန္ေတာ့္တို့ရဲ့လွပတဲ့သမုဒၵရာထဲဘယ္လိုေရာက္ရွိသြားေၾကာင္းဆိုတဲ့သတင္းတစ္ပုဒ္မပါဘဲ တစ္ေန႔တာကိုကုန္ဆုံးသြားေစခဲ့ျခင္းမရွိပါဘူး။အဲ့လိုအျဖစ္အပ်က္ေတြေၾကာင့္ ေရထုညစ္ညမ္းမွုကိုတားဆီးရန္ အားစိုက္ထုတ္မွုေတြ ပိုမိုတိုးပြါးလာခဲ့ၾကပါတယ္။သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးသမားမ်ားရဲ့ခန႔္မွန္းခ်က္အရ စြန႔္ပစ္ပစၥည္းအေရအတြက္ဟာ ထရီလီယံေပါင္းမ်ားစြာရွိေနၿပီး ပင္လယ္သမုဒၵရာအတြင္းယိုယြင္းေနတဲ့ ပလပ္စတစ္စြန႔္ပစ္ပစၥည္းတန္ခ်ိန္ ၂၆၀,၀၀၀ ေက်ာ္ရွိေနပါတယ္။မ်ိဳးစုံတဲ့ပလတ္စတစ္ေတြဟာ ေရကိုညစ္ညမ္းေစ႐ုံသာမက ပင္လယ္သမုဒၵရာရွိသက္ရွိေတြကိုပါထိခိုက္ေစနိုင္ပါတယ္။ေရငုပ္သမားမ်ားရဲ့ အင္ဒိုနီးရွားနိုင္ငံရွိ Lembeh ေရလက္ၾကားမွ ေရဘဝဲအား ပလတ္စတစ္ခြက္တစ္ခုမွ ကမာေကာင္ရဲ့အခြံတစ္ခုသို့ ေနအိမ္ေျပာင္းေရြ႕ရန္ေသြးေဆာင္ေနတဲ့ဗီဒီယိုတစ္ခုဟာလူသိမ်ားသြားခဲ့ပါတယ္။

Pall Sigurdsson ဟာ Iceland မွအင္ဂ်င္နီယာတစ္ဦး ျဖစ္ၿပီး ေရေအာက္သတၱဝါေလးမ်ားရဲ့စြန႔္စားမွုေတြကို ရိုက္ကူးရန္ႀကိဳက္ႏွစ္သက္သူတစ္ဦးလည္းျဖစ္ပါတယ္။ေရငုပ္ေနတဲ့သူငယ္ခ်င္းတစ္ဦးက Sigurdsson ကိုလက္ျဖင့္အခ်က္ျပၿပီး ဒီပလတ္စတစ္ခြက္ထဲမွာရွိေနတဲ့ ေရဘဝဲကို ကူညီနိုင္မလားဟုေမးခဲ့ၿပီး Sigurdsson ႏွင့္ အျခားေရငုပ္သမားမ်ားဟာ ေသးငယ္တဲ့ေရဘဝဲေလးကိုကူညီရန္ အလြန္စိတ္၀င္စားေနခဲ့တာေၾကာင့္ သူတို့ရဲ့ေအာက္စီဂ်င္မ်ားစြာကိုေရေအာက္မွာကုန္ဆုံးေစခဲ့ပါတယ္။ေနာက္ဆုံးေတာ့ သူတို့ရွာေဖြေတြ႕ရွိခဲ့တဲ့သူငယ္ခ်င္းအသစ္ေလးအား အိမ္ၿခံေျမေျပာင္းရန္ ဆြဲေဆာင္နိုင္ခဲ့ပါတယ္။

“သမုဒၵရာေရစီးေၾကာင္းေပၚ မူတည္ၿပီး ေကာင္းမြန္တဲ့ေန႔ရက္ေတြရွိသလို အခ်ိဳ့ရက္မွာေတာ့ အမွိုက္မ်ားစြာကိုေတြ႕ေနရတယ္၊အဲတာအျပင္ ပင္လယ္ေရေအာက္သတၱဝါေတြကိုအမွိုက္မပါပဲရိုက္ကူးဖို့ဆိုတာမျဖစ္နိုင္ဘူး”၊”လူေတြပင္လယ္သမုဒၵရာကိုၾကည့္လိုက္တဲ့အခါ အလွပဆုံးျဖစ္ေနေအာင္ ငါတို့အတတ္နိုင္ဆုံးႀကိဳးစားေနပါတယ္။အရင္တစ္ေခါက္က ပ်က္ဆီးေနတဲ့ဘက္ထရီတစ္ခုမွာ Anemone ငါးရွိေနတာကို ေတြ႕လိုက္ရေသးတယ္။ဒါဟာေၾကကြဲစရာပဲ”ဟု Sigurdsson သက္ျပင္းခ်ၿပီးေျပာလိုက္ပါေသးတယ္။ပလတ္စတစ္ေတြဟာ ပင္လယ္သမုဒၵရာေရထုညစ္ညမ္းမွုကိုအဓိက ျဖစ္ေစၿပီး ပင္လယ္သမုဒၵရာႀကီးက်န္းမာၿပီးလွပေကာင္းမြန္တဲ့ေနရာတစ္ခုျဖစ္ေစရန္အတြက္လည္း လူသားတိုင္းမွာ တာဝန္ကိုယ္စီရွိေနပါတယ္။အဲ့ဒီတာဝန္ကိုလည္း ေက်ပြန္စြာ ထမ္းေဆာင္နိုင္မယ္လို့လည္း ေမၽွာ္လင့္မိေနပါတယ္။

Jasmine (Mckzone Daily)

Source: boredpanda

Unicode

စွန့်ပစ်ပစ္စည်းတွေဟာ ကျွန်တော့်တို့ရဲ့လှပတဲ့သမုဒ္ဒရာထဲဘယ်လိုရောက်ရှိသွားကြောင်းဆိုတဲ့သတင်းတစ်ပုဒ်မပါဘဲ တစ်နေ့တာကိုကုန်ဆုံးသွားစေခဲ့ခြင်းမရှိပါဘူး။အဲ့လိုအဖြစ်အပျက်တွေကြောင့် ရေထုညစ်ညမ်းမှုကိုတားဆီးရန် အားစိုက်ထုတ်မှုတွေ ပိုမိုတိုးပွါးလာခဲ့ကြပါတယ်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများရဲ့ခန့်မှန်းချက်အရ စွန့်ပစ်ပစ္စည်းအရေအတွက်ဟာ ထရီလီယံပေါင်းများစွာရှိနေပြီး ပင်လယ်သမုဒ္ဒရာအတွင်းယိုယွင်းနေတဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတန်ချိန် ၂၆၀,၀၀၀ ကျော်ရှိနေပါတယ်။မျိုးစုံတဲ့ပလတ်စတစ်တွေဟာ ရေကိုညစ်ညမ်းစေရုံသာမက ပင်လယ်သမုဒ္ဒရာရှိသက်ရှိတွေကိုပါထိခိုက်စေနိုင်ပါတယ်။ရေငုပ်သမားများရဲ့ အင်ဒိုနီးရှားနိုင်ငံရှိ Lembeh ရေလက်ကြားမှ ရေဘဝဲအား ပလတ်စတစ်ခွက်တစ်ခုမှ ကမာကောင်ရဲ့အခွံတစ်ခုသို့ နေအိမ်ပြောင်းရွေ့ရန်သွေးဆောင်နေတဲ့ဗီဒီယိုတစ်ခုဟာလူသိများသွားခဲ့ပါတယ်။

Pall Sigurdsson ဟာ Iceland မှအင်ဂျင်နီယာတစ်ဦး ဖြစ်ပြီး ရေအောက်သတ္တဝါလေးများရဲ့စွန့်စားမှုတွေကို ရိုက်ကူးရန်ကြိုက်နှစ်သက်သူတစ်ဦးလည်းဖြစ်ပါတယ်။ရေငုပ်နေတဲ့သူငယ်ချင်းတစ်ဦးက Sigurdsson ကိုလက်ဖြင့်အချက်ပြပြီး ဒီပလတ်စတစ်ခွက်ထဲမှာရှိနေတဲ့ ရေဘဝဲကို ကူညီနိုင်မလားဟုမေးခဲ့ပြီး Sigurdsson နှင့် အခြားရေငုပ်သမားများဟာ သေးငယ်တဲ့ရေဘဝဲလေးကိုကူညီရန် အလွန်စိတ်ဝင်စားနေခဲ့တာကြောင့် သူတို့ရဲ့အောက်စီဂျင်များစွာကိုရေအောက်မှာကုန်ဆုံးစေခဲ့ပါတယ်။နောက်ဆုံးတော့ သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့သူငယ်ချင်းအသစ်လေးအား အိမ်ခြံမြေပြောင်းရန် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

“သမုဒ္ဒရာရေစီးကြောင်းပေါ် မူတည်ပြီး ကောင်းမွန်တဲ့နေ့ရက်တွေရှိသလို အချို့ရက်မှာတော့ အမှိုက်များစွာကိုတွေ့နေရတယ်၊အဲတာအပြင် ပင်လယ်ရေအောက်သတ္တဝါတွေကိုအမှိုက်မပါပဲရိုက်ကူးဖို့ဆိုတာမဖြစ်နိုင်ဘူး”၊”လူတွေပင်လယ်သမုဒ္ဒရာကိုကြည့်လိုက်တဲ့အခါ အလှပဆုံးဖြစ်နေအောင် ငါတို့အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။အရင်တစ်ခေါက်က ပျက်ဆီးနေတဲ့ဘက်ထရီတစ်ခုမှာ Anemone ငါးရှိနေတာကို တွေ့လိုက်ရသေးတယ်။ဒါဟာကြေကွဲစရာပဲ”ဟု Sigurdsson သက်ပြင်းချပြီးပြောလိုက်ပါသေးတယ်။ပလတ်စတစ်တွေဟာ ပင်လယ်သမုဒ္ဒရာရေထုညစ်ညမ်းမှုကိုအဓိက ဖြစ်စေပြီး ပင်လယ်သမုဒ္ဒရာကြီးကျန်းမာပြီးလှပကောင်းမွန်တဲ့နေရာတစ်ခုဖြစ်စေရန်အတွက်လည်း လူသားတိုင်းမှာ တာဝန်ကိုယ်စီရှိနေပါတယ်။အဲ့ဒီတာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်မယ်လို့လည်း မျှော်လင့်မိနေပါတယ်။

Jasmine (Mckzone Daily)

ေက်ာခ်မ္းစရာေကာင္းေနေပမဲ့ လူေတာ္ေတာ္မ်ားမ်ားမသိၾကတဲ့ သခ်ႋဳင္းေနာက္ကြယ္ကအေၾကာင္း

အေမရိကန္နိုင္ငံေတာင္ပိုင္းMississippiျပည္နယ္ရွိ Natchez City သခၤ်ိဳင္းအုတ္ဂူေတြဟာ အေပၚယံအားျဖင့္ၾကည့္ရင္ သာမန္သခ်ႋဳင္းတစ္ခုလိုျဖစ္ေနေပမဲ့ အဆိုပါသခ်ႋဳင္းနားကိုပိုမိုနီးကပ္စြာလမ္းေလၽွာက္ၾကည့္ပါက သၤခ်ိဳင္းမွတ္တိုင္ေတြရဲ့ေနာက္ဘက္မွာ ဆန္းၾကယ္ၿပီးလ်ိွ့ဝွက္ ေလွကားတံခါးေတြရွိေနတာကို သတိထားမိသြားပါလိမ့္မယ္။ဒီထူးျခားတဲ့သခၤ်ိဳင္းဟာ ၁၈၇၁ ခုႏွစ္မွာ အသားဝါေရာဂါနဲ႔ေသဆုံးခဲ့တဲ့ ၁၀ ႏွစ္အရြယ္ Florence Irene Ford ဆိုတဲ့ကေလးမေလးႏွင့္သက္ဆိုင္ေနပါၿပီး မိခင္ျဖစ္သူ Ellen က သမီးရဲ့အေခါင္းထိပ္မွာ က်ဥ္းေျမာင္းၿပီးေျခာက္ေပခန္႔ရွိတဲ့ေလွကားထစ္ေတြရဲ့အေပၚကိုျပတင္းေပါက္ငယ္ေလးတစ္ခုတပ္ဆင္ကာတည္ေဆာက္ေပးခဲ့ပါတယ္။ဘာလို့အေမျဖစ္သူကအဲ့လိုေဆာက္ခဲ့လည္းဆိုရင္ေတာ့ Florenceေလးဟာ တစ္ေယာက္တည္းရွိေနခ်ိန္မုန္တိုင္း၀င္လာတိုင္းမိခင္ဆီကိုေျပးသြားတတ္ၿပီး မိခင္ျဖစ္သူကလည္းေႏြးေထြးစြာ ေပြ႕ဖက္ေပးနိုင္ေအာင္လို့ပါ။

သမီးျဖစ္သူကြယ္လြန္သြားေတာ့ Ellenဟာ သမီးကိုႏွစ္သိမ့္ေပးရန္မျဖစ္နိုင္ေတာ့ဘူးဆိုတဲ့အေတြးကိုမခံစားနိုင္တဲ့အတြက္ေၾကာင့္ သမီးျဖစ္သူရဲ့သခၤ်ိဳင္းကို သူမျဖစ္ခ်င္တဲ့စိတ္ခံစားခ်က္ႏွင့္ပိုမိုနီးစပ္စြာခံစားနိုင္ေအာင္ ထူးျခားတဲ့ေျပာင္းလဲမွုေတြျပဳလုပ္ေပးခဲ့ပါတယ္။ႏွစ္ေပါင္းမ်ားစြာၾကာေနၿပီျဖစ္ေပမဲ့ သၤခ်ိဳင္းေတြဟာ ေျပာင္းလဲသြားျခင္းမရွိေသးပါဘူး။ေျပာင္းလဲသြားတဲ့တစ္ခုတည္းအရာကေတာ့ ၁၉၅၀ ျပည့္ႏွစ္ေလာက္က လက္သရမ္းဖ်က္ဆီးေခ်ရွိတဲ့ လုပ္ရပ္ေတြကိုတားဆီးနိုင္ရန္ မွန္ျပတင္းေပါက္ေတြကိုအစားထိုးအသုံးျပဳခဲ့ၾကတာကို ေတြ႕ရွိရပါတယ္။မိခင္တစ္ေယာက္ရဲ့ခ်စ္ျခင္းေမတၱာဟာ အႏွိုင္းမဲ့ႀကီးမားလွပုံကို Florenceေလးရဲ့ မိခင္ကို ၾကည့္ျခင္းအားျဖင့္ သိနိုင္ပါတယ္။

Jasmine (Mckzone Daily)

Source: boredpanda

Unicode

အမေရိကန်နိုင်ငံတောင်ပိုင်းMississippiပြည်နယ်ရှိ Natchez City သင်္ချိုင်းအုတ်ဂူတွေဟာ အပေါ်ယံအားဖြင့်ကြည့်ရင် သာမန်သင်္ချိုင်းတစ်ခုလိုဖြစ်နေပေမဲ့ အဆိုပါသင်္ချိုင်းနားကိုပိုမိုနီးကပ်စွာလမ်းလျှောက်ကြည့်ပါက င်္သချိုင်းမှတ်တိုင်တွေရဲ့နောက်ဘက်မှာ ဆန်းကြယ်ပြီးလျှိ့ဝှက် လှေကားတံခါးတွေရှိနေတာကို သတိထားမိသွားပါလိမ့်မယ်။ဒီထူးခြားတဲ့သင်္ချိုင်းဟာ ၁၈၇၁ ခုနှစ်မှာ အသားဝါရောဂါနဲ့သေဆုံးခဲ့တဲ့ ၁၀ နှစ်အရွယ် Florence Irene Ford ဆိုတဲ့ကလေးမလေးနှင့်သက်ဆိုင်နေပါပြီး မိခင်ဖြစ်သူ Ellen က သမီးရဲ့အခေါင်းထိပ်မှာ ကျဉ်းမြောင်းပြီးခြောက်ပေခန့်ရှိတဲ့လှေကားထစ်တွေရဲ့အပေါ်ကိုပြတင်းပေါက်ငယ်လေးတစ်ခုတပ်ဆင်ကာတည်ဆောက်ပေးခဲ့ပါတယ်။ဘာလို့အမေဖြစ်သူကအဲ့လိုဆောက်ခဲ့လည်းဆိုရင်တော့ Florenceလေးဟာ တစ်ယောက်တည်းရှိနေချိန်မုန်တိုင်းဝင်လာတိုင်းမိခင်ဆီကိုပြေးသွားတတ်ပြီး မိခင်ဖြစ်သူကလည်းနွေးထွေးစွာ ပွေ့ဖက်ပေးနိုင်အောင်လို့ပါ။

သမီးဖြစ်သူကွယ်လွန်သွားတော့ Ellenဟာ သမီးကိုနှစ်သိမ့်ပေးရန်မဖြစ်နိုင်တော့ဘူးဆိုတဲ့အတွေးကိုမခံစားနိုင်တဲ့အတွက်ကြောင့် သမီးဖြစ်သူရဲ့သင်္ချိုင်းကို သူမဖြစ်ချင်တဲ့စိတ်ခံစားချက်နှင့်ပိုမိုနီးစပ်စွာခံစားနိုင်အောင် ထူးခြားတဲ့ပြောင်းလဲမှုတွေပြုလုပ်ပေးခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပေမဲ့ င်္သချိုင်းတွေဟာ ပြောင်းလဲသွားခြင်းမရှိသေးပါဘူး။ပြောင်းလဲသွားတဲ့တစ်ခုတည်းအရာကတော့ ၁၉၅၀ ပြည့်နှစ်လောက်က လက်သရမ်းဖျက်ဆီးချေရှိတဲ့ လုပ်ရပ်တွေကိုတားဆီးနိုင်ရန် မှန်ပြတင်းပေါက်တွေကိုအစားထိုးအသုံးပြုခဲ့ကြတာကို တွေ့ရှိရပါတယ်။မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာဟာ အနှိုင်းမဲ့ကြီးမားလှပုံကို Florenceလေးရဲ့ မိခင်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

Jasmine (Mckzone Daily)

အရိုးကင္ဆာေရာဂါခံစားေနရေပမဲ့ ပတ္ဝန္းက်င္သန္႔ရွင္းေနေစဖို႔အတြက္ အမိႈက္ေတြလိုက္ေကာက္ေနခဲ့တဲ့အမ်ိဳးသား

မေလးရွားနိုင္ငံရွိ လမ္း၊ပန္းၿခံ၊ကမ္းေျခႏွင့္အျခား အမ်ားပိုင္ေနရာေတြရွိ အမွိုက္သရိုက္ေတြဟာ မေလးရွားယဥ္ေက်းမွုထဲကတစ္ခုလိုပါဝင္လာျခင္းမွာ မေလးရွားလူမ်ိဳးေတြအတြက္ အိမ္မက္ဆိုးႀကီးလိုျဖစ္ေနပါတယ္။အသက္၄၂ႏွစ္အရြယ္ မေလးအမ်ိဳးသားတစ္ဦးျဖစ္တဲ့ Umat Usmanေခၚ Pak Long ဟာ လမ္းေပၚ ျပန္႔က်ဲေနတဲ့အမွိုက္သရိုက္မ်ားလာတာကိုျမင္ေတာ့ စိတ္ခုကာ ပလပ္စတစ္အိတ္၊ဘူးခြံ စတဲ့ အမွိုက္ေတြကို ေကာက္ရင္း ဝင္ေငြပါရွာခဲ့ပါတယ္ ။Bernamaသတင္းအရ Pak Long ဟာ ဆုေတာင္းျခင္းအၿပီး Kuala Perlisကမ္းေျခတစ္ေလ်ာက္ ေန႔တိုင္း ကီလို၁၀အကြာအေဝးခန္႔ လမ္းေလၽွာက္ရင္းအမွိုက္သရိုက္စုေဆာင္းကာ သူ႔ရဲ့တစ္ေန႔တာကို စတင္ပါတယ္။”လူေတြကငါ့ကို အမွိုက္ေကာက္သမားလို့ေခၚရင္ ငါစိတ္အေႏွာက္အယွက္မျဖစ္ပါဘူး၊ဒါေပမဲ့ ငါ့မွာ အမွိုက္ေတြ စုေဆာင္းရတဲ့အေၾကာင္းျပခ်က္ေတြရွိတယ္။အမွိုက္ေကာက္တဲ့အလုပ္က အသုံးမက်ေပမဲ့ ပုလင္းေဟာင္းေတြ၊ဘူးခြံေတြနဲ႔ တျခားအမွိုက္ေတြကို ေရာင္းရင္ေတာ့ မင္းကို ဝင္ေငြအနည္းငယ္ရေစလိမ့္မယ္”ဟုဆိုထားပါတယ္။

သူဟာ လစဥ္ ပလပ္စတစ္ဘူးေတြနဲ႔ သံဘူးေတြကို ၁၁၆ကီလိုဂရမ္အထိ စုေဆာင္းနိုင္ၿပီး အဲဒီအတြက္ ရင္းဂစ္ ၂၀၃ခန္႔ရရွိၿပီး”အမွန္က အဲေလာက္ရင္းဂစ္ဘဲရတာ မတန္ဘူး။တျခားသူေတြအတြက္လည္း တန္မွာမဟုတ္ဘူး။ငါလတိုင္း စုေဆာင္းတဲ့အမွိုက္ေတြက ၁၀၀ကီလိုဂရမ္မွ ရင္းဂစ္၂၀၀ေလာက္ဘဲရနိုင္ေပမဲ့ စိတ္ေက်နပ္ေစတာတစ္ခုက ပတ္ဝန္းက်င္ကို တစ္ခ်ိန္တည္းကာကြယ္နိုင္တာကိုဘဲ”ဟု Pak Longကဆိုထားပါတယ္။သူဟာ အရိုးကင္ဆာေရာဂါေဝသနာခံစားေနရေပမဲ့ ကမၻာႀကီးကို ကယ္တင္ဖို့အတြက္ ပိုစိတ္အားထက္သန္ေနခဲ့ပါတယ္။သူဟာ အမွိုက္ကို စည္းကမ္းမရွိစြန္႔ပစ္ျခင္းက ပင္လယ္ျပင္ကို ညစ္ညမ္းေစနိုင္သလို ငါးဖမ္းသမားေတြအတြက္လည္း အခက္ေတြ႕ေစနိုင္တာေၾကာင့္ ကမ္းေျခရွိအမွိုက္ပစ္ေနၾကတာကို ရပ္တန႔္ေစရန္ အမ်ားျပည္သူအားႏွိုးေဆာ္ခဲ့ပါေသးတယ္။

“ဒီမွာ ငါးဖမ္းသမားတခ်ိဳ့ကသူတို့ငါးဖမ္းပိုက္ေတြထဲ ငါးထက္ အမွိုက္ပိုမ်ားလာတယ္လို့ ၿငီးျငဴလာၾကတယ္”ဟုဆိုထားပါေသးတယ္။Perlis ပတ္ဝန္းက်င္ဦးစီးဌာန(DOE)ဒါရိုက္တာ Azman Shah lsmailဟာ Pak Longရဲ့လုပ္ရပ္ေတြကို ခ်ီးက်ဴးေျပာဆိုခဲ့႐ုံသာမက သူ႔အတြက္ေဆးဖိုးဝါးခေတြပါလွူဒါန္းခဲ့ၿပီးပတ္ဝန္းက်င္ထိန္းသိမ္းမွုကို ျမႇင့္တင္ရန္လည္း လူထုအား တိုက္တြန္းခဲ့ပါတယ္။တကယ္ေတာ့ ပတ္ဝန္းက်င္ကို ထိန္းသိမ္းကာကြယ္ျခင္းဟာ ကၽြန္ေတာ္တို့လူသားအားလုံးရဲ့တာဝန္ဝတၱရားတစ္ခုဘဲျဖစ္ပါတယ္။ဒါေၾကာင့္ ကၽြန္ေတာ္တို့ကမၻာႀကီးကိုကာကြယ္နိုင္ရန္အတြက္ စာဖတ္သူတို့လည္း Pak Longလို့ မလုပ္နိုင္ခဲ့ရင္ေတာင္ နည္းနည္းေလးဘဲျဖစ္ျဖစ္ပါဝင္ပူးေပါင္းကူညီနိုင္မယ္လို့လည္း ေမၽွာ္လင့္မိပါတယ္။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံရှိ လမ်း၊ပန်းခြံ၊ကမ်းခြေနှင့်အခြား အများပိုင်နေရာတွေရှိ အမှိုက်သရိုက်တွေဟာ မလေးရှားယဉ်ကျေးမှုထဲကတစ်ခုလိုပါဝင်လာခြင်းမှာ မလေးရှားလူမျိုးတွေအတွက် အိမ်မက်ဆိုးကြီးလိုဖြစ်နေပါတယ်။အသက်၄၂နှစ်အရွယ် မလေးအမျိုးသားတစ်ဦးဖြစ်တဲ့ Umat Usmanခေါ် Pak Long ဟာ လမ်းပေါ် ပြန့်ကျဲနေတဲ့အမှိုက်သရိုက်များလာတာကိုမြင်တော့ စိတ်ခုကာ ပလပ်စတစ်အိတ်၊ဘူးခွံ စတဲ့ အမှိုက်တွေကို ကောက်ရင်း ဝင်ငွေပါရှာခဲ့ပါတယ် ။Bernamaသတင်းအရ Pak Long ဟာ ဆုတောင်းခြင်းအပြီး Kuala Perlisကမ်းခြေတစ်လျောက် နေ့တိုင်း ကီလို၁၀အကွာအဝေးခန့် လမ်းလျှောက်ရင်းအမှိုက်သရိုက်စုဆောင်းကာ သူ့ရဲ့တစ်နေ့တာကို စတင်ပါတယ်။”လူတွေကငါ့ကို အမှိုက်ကောက်သမားလို့ခေါ်ရင် ငါစိတ်အနှောက်အယှက်မဖြစ်ပါဘူး၊ဒါပေမဲ့ ငါ့မှာ အမှိုက်တွေ စုဆောင်းရတဲ့အကြောင်းပြချက်တွေရှိတယ်။အမှိုက်ကောက်တဲ့အလုပ်က အသုံးမကျပေမဲ့ ပုလင်းဟောင်းတွေ၊ဘူးခွံတွေနဲ့ တခြားအမှိုက်တွေကို ရောင်းရင်တော့ မင်းကို ဝင်ငွေအနည်းငယ်ရစေလိမ့်မယ်”ဟုဆိုထားပါတယ်။

သူဟာ လစဉ် ပလပ်စတစ်ဘူးတွေနဲ့ သံဘူးတွေကို ၁၁၆ကီလိုဂရမ်အထိ စုဆောင်းနိုင်ပြီး အဲဒီအတွက် ရင်းဂစ် ၂၀၃ခန့်ရရှိပြီး”အမှန်က အဲလောက်ရင်းဂစ်ဘဲရတာ မတန်ဘူး။တခြားသူတွေအတွက်လည်း တန်မှာမဟုတ်ဘူး။ငါလတိုင်း စုဆောင်းတဲ့အမှိုက်တွေက ၁၀၀ကီလိုဂရမ်မှ ရင်းဂစ်၂၀၀လောက်ဘဲရနိုင်ပေမဲ့ စိတ်ကျေနပ်စေတာတစ်ခုက ပတ်ဝန်းကျင်ကို တစ်ချိန်တည်းကာကွယ်နိုင်တာကိုဘဲ”ဟု Pak Longကဆိုထားပါတယ်။သူဟာ အရိုးကင်ဆာရောဂါဝေသနာခံစားနေရပေမဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ပိုစိတ်အားထက်သန်နေခဲ့ပါတယ်။သူဟာ အမှိုက်ကို စည်းကမ်းမရှိစွန့်ပစ်ခြင်းက ပင်လယ်ပြင်ကို ညစ်ညမ်းစေနိုင်သလို ငါးဖမ်းသမားတွေအတွက်လည်း အခက်တွေ့စေနိုင်တာကြောင့် ကမ်းခြေရှိအမှိုက်ပစ်နေကြတာကို ရပ်တန့်စေရန် အများပြည်သူအားနှိုးဆော်ခဲ့ပါသေးတယ်။

“ဒီမှာ ငါးဖမ်းသမားတချို့ကသူတို့ငါးဖမ်းပိုက်တွေထဲ ငါးထက် အမှိုက်ပိုများလာတယ်လို့ ငြီးငြူလာကြတယ်”ဟုဆိုထားပါသေးတယ်။Perlis ပတ်ဝန်းကျင်ဦးစီးဌာန(DOE)ဒါရိုက်တာ Azman Shah lsmailဟာ Pak Longရဲ့လုပ်ရပ်တွေကို ချီးကျူးပြောဆိုခဲ့ရုံသာမက သူ့အတွက်ဆေးဖိုးဝါးခတွေပါလှူဒါန်းခဲ့ပြီးပတ်ဝန်းကျင်ထိန်းသိမ်းမှုကို မြှင့်တင်ရန်လည်း လူထုအား တိုက်တွန်းခဲ့ပါတယ်။တကယ်တော့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ခြင်းဟာ ကျွန်တော်တို့လူသားအားလုံးရဲ့တာဝန်ဝတ္တရားတစ်ခုဘဲဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ကမ္ဘာကြီးကိုကာကွယ်နိုင်ရန်အတွက် စာဖတ်သူတို့လည်း Pak Longလို့ မလုပ်နိုင်ခဲ့ရင်တောင် နည်းနည်းလေးဘဲဖြစ်ဖြစ်ပါဝင်ပူးပေါင်းကူညီနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Jasmine (Mckzone Daily)

Homemade ေခါက္ဆြဲလုပ္စားၾကရင္း တစ္မိသားစုလံုး အဆိပ္သင့္ကာ ေသဆံုးခဲ့ရတဲ့အျဖစ္

ရက္လြန္ေနၿပီျဖစ္တဲ့ အစားအစာေတြဆိုရင္ လံုးဝကို စားသံုးရန္မသင့္ေတာ္ပါဘူးေလ ။ သို႔ေပမဲ့လည္း အခ်ိဳ႕ေသာသူေတြကေတာ့ အစားအေသာက္ေတြကို မစြန္႔ပစ္ျခင္လို႔ဆိုၿပီး ရက္လြန္ေနတဲ့ အစားအစာေတြကို ဆက္ၿပီး စားေသာက္ေနတာမ်ိဳး႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ ၊ Jixi ၿမိဳ႕မွာ႐ွိတဲ့ မိသားစုဝင္ 9 ဦးဟာဆိုရင္ ေနအိမ္မွာ ေျပာင္းဖူးေခါက္ဆြဲလုပ္စားၾကရင္း အသက္ေသဆံုးသြားခဲ့ရပါတယ္ ။ မိသားစုဝင္အားလံုး 12 ေယာက္႐ွိၿပီး ၊ ကေလးငယ္ 3 ဦးကေတာ့ ေခါက္ဆြဲအရသာက ထူးဆန္းေနလို႔ဆိုၿပီး စားဖို႔ျငင္းခဲ့ၾကပါတယ္ ။ က်န္တဲ့ မိသားစုဝင္ 9 ဦးဟာ စားေသာက္ၿပီး နာရီအေတာ္ၾကာမွ အဆိပ္သင့္ကာ ေအာ့အန္ခဲ့ၾကၿပီး 8ဦးမွာေတာ့ October 11 ရက္ေန႔မွာ အသက္ေသဆံုးသြားခဲ့ပါတယ္ ။ က်န္ အသက္ 47 ႏွစ္ အမ်ိဳးသမီးမွာေတာ့ ေနာက္တစ္ရက္မွ အသက္ဆံုး႐ႈံးခဲ့ရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါ ေခါက္ဆြဲလုပ္စားဖို႔အသံုးျပဳခဲ့တဲ့ ေအးခဲထားတဲ့ ဟင္းအမယ္ေတြဟာ သက္တမ္းကုန္ဆံုးၿပီး တစ္ႏွစ္နီးပါးၾကာ႐ွိေနၿပီျဖစ္တဲ့ အစားအစာမ်ားျဖစ္ေနေၾကာင္း စစ္ေဆးမႈအရသိ႐ွိရပါတယ္ ။ အဆိုပါအစားအစာကို လူေတြသာမက တိရစာၦန္ေတြစားေသာက္ခဲ့ရင္လည္း အဆိပ္ျပင္းလြန္းလို႔ ကုသႏိုင္မွာမဟုတ္ဘဲ ေသဆံုးႏိုင္တဲ့ အျဖစ္မ်ိဳးျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ဒါေၾကာင့္ သက္တမ္းကုန္ဆံုးေနၿပီျဖစ္တဲ့ အစားအေသာက္ေတြကို မႏွေျမာပဲ စြန္႔ပစ္ၾကဖို႔ သတိေပးေျပာဆိုလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ရက်လွန်နေပြီဖြစ်တဲ့ အစားအစာတွေဆိုရင် လုံးဝကို စားသုံးရန်မသင့်တော်ပါဘူးလေ ။ သို့ပေမဲ့လည်း အချို့သောသူတွေကတော့ အစားအသောက်တွေကို မစွန့်ပစ်ခြင်လို့ဆိုပြီး ရက်လွန်နေတဲ့ အစားအစာတွေကို ဆက်ပြီး စားသောက်နေတာမျိုးရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Jixi မြို့မှာရှိတဲ့ မိသားစုဝင် 9 ဦးဟာဆိုရင် နေအိမ်မှာ ပြောင်းဖူးခေါက်ဆွဲလုပ်စားကြရင်း အသက်သေဆုံးသွားခဲ့ရပါတယ် ။ မိသားစုဝင်အားလုံး 12 ယောက်ရှိပြီး ၊ ကလေးငယ် 3 ဦးကတော့ ခေါက်ဆွဲအရသာက ထူးဆန်းနေလို့ဆိုပြီး စားဖို့ငြင်းခဲ့ကြပါတယ် ။ ကျန်တဲ့ မိသားစုဝင် 9 ဦးဟာ စားသောက်ပြီး နာရီအတော်ကြာမှ အဆိပ်သင့်ကာ အော့အန်ခဲ့ကြပြီး 8ဦးမှာတော့ October 11 ရက်နေ့မှာ အသက်သေဆုံးသွားခဲ့ပါတယ် ။ ကျန် အသက် 47 နှစ် အမျိုးသမီးမှာတော့ နောက်တစ်ရက်မှ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါ ခေါက်ဆွဲလုပ်စားဖို့အသုံးပြုခဲ့တဲ့ အေးခဲထားတဲ့ ဟင်းအမယ်တွေဟာ သက်တမ်းကုန်ဆုံးပြီး တစ်နှစ်နီးပါးကြာရှိနေပြီဖြစ်တဲ့ အစားအစာများဖြစ်နေကြောင်း စစ်ဆေးမှုအရသိရှိရပါတယ် ။ အဆိုပါအစားအစာကို လူတွေသာမက တိရစ္ဆာန်တွေစားသောက်ခဲ့ရင်လည်း အဆိပ်ပြင်းလွန်းလို့ ကုသနိုင်မှာမဟုတ်ဘဲ သေဆုံးနိုင်တဲ့ အဖြစ်မျိုးဖြစ်ကြောင်း သိရှိရပါတယ် ။ ဒါကြောင့် သက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ့ အစားအသောက်တွေကို မနှမြောပဲ စွန့်ပစ်ကြဖို့ သတိပေးပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

ကိုးရီးယားမင္းသား Park Seo Joon ကို အ႐ူးအမူးစြဲလမ္းတဲ့ အသက္ 70 အရြယ္ အဘြားအိုရဲ႕ ေမြးေန႔ပြဲ

ေဆာင္းဦးရြက္ေႂကြခ်စ္သက္ေသဇာတ္ကားအား ကမၻာအႏွံ့ကိုမိတ္ဆက္ေပးလိုက္ၿပီးကတည္းက လူေတြဟာကိုရီးယားနိုင္ငံအေၾကာင္းကို ပိုစိတ္ဝင္တစားရွိလာခဲ့ၾကပါတယ္။ယေန႔ေခတ္မွာေတာ့ မ်ိဳးစုံတဲ့ကိုရီးယားရွိုးပြဲေတြကို onlineေပၚသို့မဟုတ္K-drama ေတြကိုလည္းတီဗီမွာၾကည့္ရွုနိုင္ေနပါၿပီ။K-wave ဟာ ကမၻာႀကီးကိုလႊမ္းမိုးလာတာနဲ႔အမၽွ ဖိလစ္ပိုင္နိုင္ငံရွိ Aurelia လို့ေခၚတဲ့ အသက္၇၀ႏွစ္အရြယ္အဘြားတစ္ဦးဟာ ကိုရီးယားမင္းသား Park Seo-Joon ရဲ့အာမာခံပရိသတ္တစ္ဦးျဖစ္လာခဲ့ပါတယ္။ေအာက္တိုဘာ ၁၅ ရက္ေန႔တြင္သမီးျဖစ္သူ Mel Galarrita Menes ဟာ မိခင္ Aureliaရဲ့ အသက္ ၇၀ ျပည့္ေမြးေန႔အားကိုးရီးယားမင္းသား Park Seo-Joon ရဲ့ပုံတူအ႐ုပ္ေတြႏွင့္ဓာတ္ပုံမ်ားစြာျဖင့္ ေမြးေန႔ပါတီက်င္းပ ေပးခဲ့ပုံကို သူမရဲ့ Facebook ေပၚမၽွေဝခဲ့ၿပီးေနာက္မွာေတာ့ ကမၻာတဝွမ္းရွိပရိသတ္ေတြရဲ့အာ႐ုံစူးစိုက္မွုမ်ားစြာကို ရရွိခဲ့ပါတယ္။ယခုႏွစ္ေရာဂါျဖစ္ပြါးမွုေၾကာင့္ Melဟာ မိခင္အားအခ်ိန္မေပးနိုင္ခဲ့တဲ့အတြက္ေၾကာင့္ မိခင္ျဖစ္သူအား Park Seo Joon မင္းသားႏွင့္အံ့အားသင့္သြားေစမဲ့ပါတီတစ္ခုျပဳလုပ္ေပးရန္ဆုံးျဖတ္ခဲ့ၿပီးေနာက္ သူငယ္ခ်င္းမ်ားႏွင့္မိသားစုအားလုံးဟာ မိခင္ျဖစ္သူႏွင့္အတူေပ်ာ္ရႊင္စြာပါ၀င္ဆင္ႏႊဲခဲ့ၾကပါတယ္။

အစ္ကိုျဖစ္သူCarlo ဟာ မိခင္ႏွင့္အတူရွိေနေပးခဲ့ကာ အစ္ကိုျဖစ္သူPaoloမွာေတာ့ အဆင္တန္ဆာနဲ႔အစားအေသာက္ေတြအတြက္ ေငြေပးေခ်ေပးခဲ့ၿပီး Mel အတြက္လွပခမ္းနားတဲ့ဗီဒီယိုကိုတည္းျဖတ္ေပးခဲ့တာေၾကာင့္ Aureliaရဲ့ဗီဒီယိုဟာအင္တာနက္ထိပ္ဆုံးေပၚသို့ေရာက္သြားခဲ့ပါတယ္။ပရိသတ္ေတြဟာ Melအား ပါတီပြဲရွိ Park Seo Joon ရဲ့ပုံတူအ႐ုပ္ကိုေပးနိုင္မလားဟုေမးေတာ့ သူမက Park Seo Joonပုံတူအ႐ုပ္ဟာ အေမျဖစ္သူရဲ့အခန္းမွာသာ ေနထိုင္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့ပါတယ္။Quarantine ကာလမွာ မိခင္ျဖစ္သူဟာ တစ္ေန႔ Park Seo Joon မင္းသားနဲ႔ေတြ႕ဆုံျဖစ္ရင္ စကားေျပာနိုင္ရန္ ကိုးရီးယားဘာသာစကားကိုေလ့လာေနေၾကာင္း ထပ္မံေျပာဆိုခဲ့ပါတယ္။“ Park Seo Joon ကသူမကိုႏုပ်ိဳေစတယ္ ”ဟု Aurelia ကေျပာထားပါေသးတယ္။

Jasmine (Mckzone Daily)

Source: worldofbuzz

5

6

7

8

9

10

Unicode

ဆောင်းဦးရွက်ကြွေချစ်သက်သေဇာတ်ကားအား ကမ္ဘာအနှံ့ကိုမိတ်ဆက်ပေးလိုက်ပြီးကတည်းက လူတွေဟာကိုရီးယားနိုင်ငံအကြောင်းကို ပိုစိတ်ဝင်တစားရှိလာခဲ့ကြပါတယ်။ယနေ့ခေတ်မှာတော့ မျိုးစုံတဲ့ကိုရီးယားရှိုးပွဲတွေကို onlineပေါ်သို့မဟုတ်K-drama တွေကိုလည်းတီဗီမှာကြည့်ရှုနိုင်နေပါပြီ။K-wave ဟာ ကမ္ဘာကြီးကိုလွှမ်းမိုးလာတာနဲ့အမျှ ဖိလစ်ပိုင်နိုင်ငံရှိ Aurelia လို့ခေါ်တဲ့ အသက်၇၀နှစ်အရွယ်အဘွားတစ်ဦးဟာ ကိုရီးယားမင်းသား Park Seo-Joon ရဲ့အာမာခံပရိသတ်တစ်ဦးဖြစ်လာခဲ့ပါတယ်။အောက်တိုဘာ ၁၅ ရက်နေ့တွင်သမီးဖြစ်သူ Mel Galarrita Menes ဟာ မိခင် Aureliaရဲ့ အသက် ၇၀ ပြည့်မွေးနေ့အားကိုးရီးယားမင်းသား Park Seo-Joon ရဲ့ပုံတူအရုပ်တွေနှင့်ဓာတ်ပုံများစွာဖြင့် မွေးနေ့ပါတီကျင်းပ ပေးခဲ့ပုံကို သူမရဲ့ Facebook ပေါ်မျှဝေခဲ့ပြီးနောက်မှာတော့ ကမ္ဘာတဝှမ်းရှိပရိသတ်တွေရဲ့အာရုံစူးစိုက်မှုများစွာကို ရရှိခဲ့ပါတယ်။ယခုနှစ်ရောဂါဖြစ်ပွါးမှုကြောင့် Melဟာ မိခင်အားအချိန်မပေးနိုင်ခဲ့တဲ့အတွက်ကြောင့် မိခင်ဖြစ်သူအား Park Seo Joon မင်းသားနှင့်အံ့အားသင့်သွားစေမဲ့ပါတီတစ်ခုပြုလုပ်ပေးရန်ဆုံးဖြတ်ခဲ့ပြီးနောက် သူငယ်ချင်းများနှင့်မိသားစုအားလုံးဟာ မိခင်ဖြစ်သူနှင့်အတူပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

အစ်ကိုဖြစ်သူCarlo ဟာ မိခင်နှင့်အတူရှိနေပေးခဲ့ကာ အစ်ကိုဖြစ်သူPaoloမှာတော့ အဆင်တန်ဆာနဲ့အစားအသောက်တွေအတွက် ငွေပေးချေပေးခဲ့ပြီး Mel အတွက်လှပခမ်းနားတဲ့ဗီဒီယိုကိုတည်းဖြတ်ပေးခဲ့တာကြောင့် Aureliaရဲ့ဗီဒီယိုဟာအင်တာနက်ထိပ်ဆုံးပေါ်သို့ရောက်သွားခဲ့ပါတယ်။ပရိသတ်တွေဟာ Melအား ပါတီပွဲရှိ Park Seo Joon ရဲ့ပုံတူအရုပ်ကိုပေးနိုင်မလားဟုမေးတော့ သူမက Park Seo Joonပုံတူအရုပ်ဟာ အမေဖြစ်သူရဲ့အခန်းမှာသာ နေထိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။Quarantine ကာလမှာ မိခင်ဖြစ်သူဟာ တစ်နေ့ Park Seo Joon မင်းသားနဲ့တွေ့ဆုံဖြစ်ရင် စကားပြောနိုင်ရန် ကိုးရီးယားဘာသာစကားကိုလေ့လာနေကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။“ Park Seo Joon ကသူမကိုနုပျိုစေတယ် ”ဟု Aurelia ကပြောထားပါသေးတယ်။

Jasmine (Mckzone Daily)

အင္တာနက္ေပၚရွိနာမည္ႀကီးတဲ့ ေၾကာင္႐ုပ္ေလးေတြကို ခ်စ္စရာကာတြန္းပံုစံျဖင့္ ျပန္လည္ပံုေဖာ္ခဲ့သူ

အင္တာနက္ေပၚမွာ ေၾကာင္ေလးေတြရဲ့ ခ်စ္စရာေကာင္းသလို ရယ္စရာလည္းေကာင္းေနတတ္တဲ့memeပုံေလးေတြဟာ ျဖစ္ရိုးျဖစ္စဥ္တစ္ခုအလား ရွိေနပါတယ္။သူတို့ေလးေတြဟာ ေတာ္႐ုံတန္႐ုံဆို စိတ္မလွုပ္ရွားတတ္ၾကေပမဲ့ စိတ္လွုပ္ရွားလို့ျဖစ္သြားတတ္တဲ့ မ်က္ႏွာအမူအရာေတြကလည္း အဖိုးမျဖတ္နိုင္ေအာင္၊မွတ္မိစရာေကာင္းေအာင္ျဖစ္ရတာေၾကာင့္သူ႔တို့ရဲ့memeဓာတ္ပုံေတြဟာ အင္တာနက္ကို အနိုင္ပိုင္းကာ ေနရာတိုင္းလိုလိုမွာရွိေနတတ္ပါတယ္။Tactooncatလို့လူသိမ်ားတဲ့ အင္ဒိုနီးရွားအႏုပညာရွင္တစ္ဦးဟာ အင္တာနက္ေပၚရွိေက်ာ္ၾကားေနတဲ့ေၾကာင္ပုံေလးေတြကို ကာတြန္းပုံစံျပန္ေရးဆြဲကာအံ့ဩစရာေကာင္းၿပီးရယ္စရာလည္းေကာင္းေနတဲ့ပုံေလးေတြအျဖစ္ ေျပာင္းလဲနိုင္သူတစ္ေယာက္ပါ။သူဟာ သူေရးဆြဲထားတဲ့ေၾကာင္ပုံေလးေတြကိုေန႔တိုင္းတင္ေလ့ရွိၿပီး Instagram မွာလည္း ပရိသတ္အခိုင္အမာရရွိထားပါတယ္။Tactooncatရဲ့အႏုပညာစတိုင္ဟာ ရိုးရွင္းေပမဲ့ memeပုံနဲ႔ ပိုတူေနၿပီး နာက်င္မွု၊ေပ်ာ္ရႊင္မွု၊စိတ္ရွုပ္ေထြးမွုစတဲ့ ေၾကာင္ေလးေတြရဲ့ စိတ္ခံစားခ်က္ကို ထင္ရွားစြာ ျမင္ေတြ႕ေစမွာပါ။ဒါေၾကာင့္ စာဖတ္သူတို့ ဘယ္လိုထင္ၿပီး ဘယ္ပုံကအႀကိဳက္ဆုံးဆိုတာကို အတူတူခံစားသိရွိေစရန္ Tactooncatရဲ့ခ်စ္စရာေကာင္းတဲ့ေၾကာင္ memeပုံေလးေတြကို ေဖာ္ျပေပးခဲ့လိုက္ပါတယ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

27

28

Jasmine (Mckzone Daily)

Source: boredpanda

Unicode

အင်တာနက်ပေါ်မှာ ကြောင်လေးတွေရဲ့ ချစ်စရာကောင်းသလို ရယ်စရာလည်းကောင်းနေတတ်တဲ့memeပုံလေးတွေဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုအလား ရှိနေပါတယ်။သူတို့လေးတွေဟာ တော်ရုံတန်ရုံဆို စိတ်မလှုပ်ရှားတတ်ကြပေမဲ့ စိတ်လှုပ်ရှားလို့ဖြစ်သွားတတ်တဲ့ မျက်နှာအမူအရာတွေကလည်း အဖိုးမဖြတ်နိုင်အောင်၊မှတ်မိစရာကောင်းအောင်ဖြစ်ရတာကြောင့်သူ့တို့ရဲ့memeဓာတ်ပုံတွေဟာ အင်တာနက်ကို အနိုင်ပိုင်းကာ နေရာတိုင်းလိုလိုမှာရှိနေတတ်ပါတယ်။Tactooncatလို့လူသိများတဲ့ အင်ဒိုနီးရှားအနုပညာရှင်တစ်ဦးဟာ အင်တာနက်ပေါ်ရှိကျော်ကြားနေတဲ့ကြောင်ပုံလေးတွေကို ကာတွန်းပုံစံပြန်ရေးဆွဲကာအံ့ဩစရာကောင်းပြီးရယ်စရာလည်းကောင်းနေတဲ့ပုံလေးတွေအဖြစ် ပြောင်းလဲနိုင်သူတစ်ယောက်ပါ။သူဟာ သူရေးဆွဲထားတဲ့ကြောင်ပုံလေးတွေကိုနေ့တိုင်းတင်လေ့ရှိပြီး Instagram မှာလည်း ပရိသတ်အခိုင်အမာရရှိထားပါတယ်။Tactooncatရဲ့အနုပညာစတိုင်ဟာ ရိုးရှင်းပေမဲ့ memeပုံနဲ့ ပိုတူနေပြီး နာကျင်မှု၊ပျော်ရွှင်မှု၊စိတ်ရှုပ်ထွေးမှုစတဲ့ ကြောင်လေးတွေရဲ့ စိတ်ခံစားချက်ကို ထင်ရှားစွာ မြင်တွေ့စေမှာပါ။ဒါကြောင့် စာဖတ်သူတို့ ဘယ်လိုထင်ပြီး ဘယ်ပုံကအကြိုက်ဆုံးဆိုတာကို အတူတူခံစားသိရှိစေရန် Tactooncatရဲ့ချစ်စရာကောင်းတဲ့ကြောင် memeပုံလေးတွေကို ဖော်ပြပေးခဲ့လိုက်ပါတယ်။

Jasmine (Mckzone Daily)