စံျပဝန္ထမ္းတစ္ဦးအျဖစ္ သက္ေသျပနိုင္ဖို့ အိမ္သာခြက္ထဲကေရကိုတစ္ခါတည္းအကုန္ေမာ့ေသာက္ျပခဲ့တဲ့အမ်ိဳးသမီး (႐ုပ္သံ)

တ႐ုတ္နိုင္ငံရွိ သန္႔ရွင္းေရးသမားတစ္ဦးဟာ သူမအလုပ္ကို ဘယ္လိုေကာင္းမြန္ေအာင္ လုပ္ေဆာင္နိုင္တာကို သက္ေသျပဖို့ အိမ္သာထဲကေရကို ေသာက္ျပခဲ့ပါတယ္။ဗီဒီယိုထဲမွာေတာ့ အဆိုပါအမည္မေဖာ္ထားတဲ့အမ်ိဳးသမီးဟာ အလုပ္ခြင္ကသူ႔အထက္လူႀကီးအခ်ိဳ့ကို သူလုပ္ျပမယ့္အေၾကာင္းရွင္းျပရင္း ခြက္တစ္ခြက္ယူၿပီး အိမ္သာထဲကေရကိုခပ္ခဲ့ပါတယ္။အဲ့ဒီေနာက္ ျပန္ထြက္လာၿပီး အိမ္သာေရကို အကုန္ေမာ့ေသာက္ျပေတာ့ အေရွ႕က အထက္လူႀကီးေတြကလည္း လက္ခုပ္တီးေနခဲ့ပါတယ္။MailOnline သတင္းအရ ကုမၸဏီက သူမအား စံျပဝန္ထမ္းတစ္ဦးအျဖစ္ ေငြေပးထားခဲ့ၿပီး သူမရဲ့အရဲစြန္႔နိုင္မွုအတြက္ ခ်ီးက်ဴးေပးခဲ့တာပါတဲ့။

အဆိုပါသတင္းဟာ တ႐ုတ္နိုင္ငံ Shangdongျပည္နယ္ရွိ ဓာတ္ေျမဩဇာကုမၸဏီမွျဖစ္ၿပီး သူမအတိုင္း ဘယ္ဝန္ထမ္းကမွလိုက္မလုပ္ခဲ့ပါဘူးတဲ့။အင္တာနက္အသုံးျပဳသူေတြက “အႀကီးအကဲေတြေကာ ေသာက္ျပသင့္တယ္။အဲ့တာက သန္႔ရွင္းေရးသမားအတြက္ အေတာ္ေလးခက္ခဲေစမွာ”စတဲ့မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။အဆိုပါကုမၸဏီက သူမကို အိမ္သာေရမေသာက္ဖို့ေျပာခဲ့ေပမဲ့ သူမရဲ့သေဘာဆႏၵအေလ်ာက္ေသာက္ခဲ့တာပါတဲ့။

ကုမၸဏီရဲ့ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက အဆိုပါသန္႔ရွင္းေရးသမားဟာ သူမရဲ့စိတ္ပိုင္းဆိုင္ရာအတားအဆီးေတြကိုခ်ိဳးေဖာက္နိုင္ခဲ့ၿပီးေနာက္ပိုင္း အိမ္သာေရကို ၂ႏွစ္နီးပါးေသာက္ခဲ့ေၾကာင္း Red Star News သတင္းသို့ေျဖၾကားထားပါေသးတယ္။အဲ့ဒီေနာက္ ကုမၸဏီက ဝန္ထမ္းအားလုံးကို သူမထံမွ သင္ယူဖို့တိုက္တြန္းခဲ့ၿပီး”သူမက ငါတို့ရဲ့စံျပနမူနာဘဲ သူမကအလုပ္ကို အျမင့္ဆုံးအထိ လုပ္နိုင္ခဲ့တယ္”လို့လည္း ဆိုထားပါတယ္။လြန္ခဲ့တဲ့၂ႏွစ္တုန္းကလည္း တ႐ုတ္နိုင္ငံ Sichuan ျပည္နယ္ရွိဓာတ္ပုံကုမၸဏီတစ္ခုကလည္း ဝန္ထမ္းေတြအလုပ္တစ္ခုခုလႊဲေခ်ာ္သြားခဲ့ရင္ အဲ့လိုဘဲ အိမ္သာေရေသာက္ခိုင္းခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : ladbible

Unicode

တရုတ်နိုင်ငံရှိ သန့်ရှင်းရေးသမားတစ်ဦးဟာ သူမအလုပ်ကို ဘယ်လိုကောင်းမွန်အောင် လုပ်ဆောင်နိုင်တာကို သက်သေပြဖို့ အိမ်သာထဲကရေကို သောက်ပြခဲ့ပါတယ်။ဗီဒီယိုထဲမှာတော့ အဆိုပါအမည်မဖော်ထားတဲ့အမျိုးသမီးဟာ အလုပ်ခွင်ကသူ့အထက်လူကြီးအချို့ကို သူလုပ်ပြမယ့်အကြောင်းရှင်းပြရင်း ခွက်တစ်ခွက်ယူပြီး အိမ်သာထဲကရေကိုခပ်ခဲ့ပါတယ်။အဲ့ဒီနောက် ပြန်ထွက်လာပြီး အိမ်သာရေကို အကုန်မော့သောက်ပြတော့ အရှေ့က အထက်လူကြီးတွေကလည်း လက်ခုပ်တီးနေခဲ့ပါတယ်။MailOnline သတင်းအရ ကုမ္ပဏီက သူမအား စံပြဝန်ထမ်းတစ်ဦးအဖြစ် ငွေပေးထားခဲ့ပြီး သူမရဲ့အရဲစွန့်နိုင်မှုအတွက် ချီးကျူးပေးခဲ့တာပါတဲ့။

အဆိုပါသတင်းဟာ တရုတ်နိုင်ငံ Shangdongပြည်နယ်ရှိ ဓာတ်မြေဩဇာကုမ္ပဏီမှဖြစ်ပြီး သူမအတိုင်း ဘယ်ဝန်ထမ်းကမှလိုက်မလုပ်ခဲ့ပါဘူးတဲ့။အင်တာနက်အသုံးပြုသူတွေက “အကြီးအကဲတွေကော သောက်ပြသင့်တယ်။အဲ့တာက သန့်ရှင်းရေးသမားအတွက် အတော်လေးခက်ခဲစေမှာ”စတဲ့မှတ်ချက်တွေပေးခဲ့ကြပါတယ်။အဆိုပါကုမ္ပဏီက သူမကို အိမ်သာရေမသောက်ဖို့ပြောခဲ့ပေမဲ့ သူမရဲ့သဘောဆန္ဒအလျောက်သောက်ခဲ့တာပါတဲ့။

ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါသန့်ရှင်းရေးသမားဟာ သူမရဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုချိုးဖောက်နိုင်ခဲ့ပြီးနောက်ပိုင်း အိမ်သာရေကို ၂နှစ်နီးပါးသောက်ခဲ့ကြောင်း Red Star News သတင်းသို့ဖြေကြားထားပါသေးတယ်။အဲ့ဒီနောက် ကုမ္ပဏီက ဝန်ထမ်းအားလုံးကို သူမထံမှ သင်ယူဖို့တိုက်တွန်းခဲ့ပြီး”သူမက ငါတို့ရဲ့စံပြနမူနာဘဲ သူမကအလုပ်ကို အမြင့်ဆုံးအထိ လုပ်နိုင်ခဲ့တယ်”လို့လည်း ဆိုထားပါတယ်။လွန်ခဲ့တဲ့၂နှစ်တုန်းကလည်း တရုတ်နိုင်ငံ Sichuan ပြည်နယ်ရှိဓာတ်ပုံကုမ္ပဏီတစ်ခုကလည်း ဝန်ထမ်းတွေအလုပ်တစ်ခုခုလွှဲချော်သွားခဲ့ရင် အဲ့လိုဘဲ အိမ်သာရေသောက်ခိုင်းခဲ့ပါသေးတယ်။

Mia (Mckzone Daily)

အလုပ္ႀကိဳးစားတဲ့ဝန္ထမ္းေပါင္း ၄,၀၀၀ေက်ာ္ကို လက္ေဆာင္အျဖစ္ လိုင္စင္ကားအသစ္တစ္စီးစီ ဆုခ်ေပးခဲ့တဲ့ ကုမၸဏီ

တ႐ုတ္နိုင္ငံရွိ ကုမၸဏီတစ္ခုဟာ ဝန္ထမ္းေပါင္း ၄,၁၁၆ ဦးအား လက္ေဆာင္အျဖစ္ တစ္ဦးခ်င္းစီကို ကားအသစ္တစ္စီးစီေပးခဲ့တဲ့သတင္းဟာ လူအမ်ားကို အားက်ေစခဲ့ၿပီး လူသိမ်ားသြားခဲ့ပါတယ္။ Jiangxi West Dajiu ဆိုတဲ့ သံႏွင့္စတီးေကာ္ပိုေရးရွင္း ကုမၸဏီဟာ သူတို့ရဲ့ကုမၸဏီအျမတ္အစြန္းကို ၅ႏွစ္ဆက္တိုက္ ေအာင္ျမင္စြာ ရရွိနိုင္ခဲ့ၿပီးေနာက္ ဝန္ထမ္းေတြအား ကားအသစ္ေပးခဲ့တာပါ။ကုမၸဏီက လြန္ခဲ့တဲ့၅ႏွစ္အတြင္း ႏွစ္တိုင္းအျမတ္အစြန္းေတြတိုးလာခဲ့ေၾကာင္း အရင္ခံထားပါတယ္။ဒါ့ေၾကာင့္ စီမံခန္႔မွု့အဖြဲ႕က သူတို့ရဲ့ဝန္ထမ္းေတြကို အထူးေက်းဇူးတင္ၿပီး တစ္ေယာက္ခ်င္းစီကို ကားအသစ္တစ္စီးစီလက္ေဆာင္ေပးဖို့ ဆုံးျဖတ္ခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့ေအာက္တိုဘာ ၁ရက္ေန႔က အဆိုပါကုမၸဏီဟာ ေအာင္ျမင္မွုကို ဂုဏ္ျပဳနိုင္ဖို့ ပြဲတစ္ခုျပဳလုပ္ခဲ့ၿပီး ႏွစ္တိုင္းတိုးတက္လာတဲ့ဝန္ထမ္းေတြရဲ့ႀကိဳးစားအားထုတ္မွုအတြက္ ဆုေတြခ်ီးျမင့္ေပးခဲ့ပါတယ္။ဝန္ထမ္းေပါင္း ၄,၁၁၆ ဦးအနက္ ၂,၉၃၃ ဦးက Jiangling Ford Territory ကားကိုရရွိမွာျဖစ္ၿပီး က်န္ ၁,၁၈၃ ဦးကေတာ့ FAW-Volkswagen Magotan ကားကို ရရွိၾကမွာပါ။

အဲ့တာေတြအျပင္ ကုမၸဏီဟာ အဆိုပါကားေတြအတြက္ လိုင္စင္ကတ္ျပားထုတ္ျခင္း၊၅ႏွစ္တာ အာမခံခ်က္ႏွင့္ ေမာ္ေတာ္ယာဥ္အခြန္ေတြကိုပါ ေပးေခ်ေပးအုံးမွာပါ။ကုမၸဏီကေတာ့ ဝန္ထမ္းေတြကို ေက်းဇူးဆက္တတ္လိုက္တာဗ်ာ။ဒီနိုင္ငံမွာေကာ အဲ့လိုေလးလုပ္ေပးတဲ့ကုမၸဏီေလးမရွိဘူးလား။အခုလိုေတာ့ အႀကီးႀကီးမေပးၾကေပမဲ့ တစ္ခ်ိဳ့တစ္ေလေတာ့ ရွိေနမွာပါ။

Mia (Mckzone Daily)

Source : siakapkeli

Unicode

တရုတ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းပေါင်း ၄,၁၁၆ ဦးအား လက်ဆောင်အဖြစ် တစ်ဦးချင်းစီကို ကားအသစ်တစ်စီးစီပေးခဲ့တဲ့သတင်းဟာ လူအများကို အားကျစေခဲ့ပြီး လူသိများသွားခဲ့ပါတယ်။ Jiangxi West Dajiu ဆိုတဲ့ သံနှင့်စတီးကော်ပိုရေးရှင်း ကုမ္ပဏီဟာ သူတို့ရဲ့ကုမ္ပဏီအမြတ်အစွန်းကို ၅နှစ်ဆက်တိုက် အောင်မြင်စွာ ရရှိနိုင်ခဲ့ပြီးနောက် ဝန်ထမ်းတွေအား ကားအသစ်ပေးခဲ့တာပါ။ကုမ္ပဏီက လွန်ခဲ့တဲ့၅နှစ်အတွင်း နှစ်တိုင်းအမြတ်အစွန်းတွေတိုးလာခဲ့ကြောင်း အရင်ခံထားပါတယ်။ဒါ့ကြောင့် စီမံခန့်မှု့အဖွဲ့က သူတို့ရဲ့ဝန်ထမ်းတွေကို အထူးကျေးဇူးတင်ပြီး တစ်ယောက်ချင်းစီကို ကားအသစ်တစ်စီးစီလက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့အောက်တိုဘာ ၁ရက်နေ့က အဆိုပါကုမ္ပဏီဟာ အောင်မြင်မှုကို ဂုဏ်ပြုနိုင်ဖို့ ပွဲတစ်ခုပြုလုပ်ခဲ့ပြီး နှစ်တိုင်းတိုးတက်လာတဲ့ဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုအတွက် ဆုတွေချီးမြင့်ပေးခဲ့ပါတယ်။ဝန်ထမ်းပေါင်း ၄,၁၁၆ ဦးအနက် ၂,၉၃၃ ဦးက Jiangling Ford Territory ကားကိုရရှိမှာဖြစ်ပြီး ကျန် ၁,၁၈၃ ဦးကတော့ FAW-Volkswagen Magotan ကားကို ရရှိကြမှာပါ။

အဲ့တာတွေအပြင် ကုမ္ပဏီဟာ အဆိုပါကားတွေအတွက် လိုင်စင်ကတ်ပြားထုတ်ခြင်း၊၅နှစ်တာ အာမခံချက်နှင့် မော်တော်ယာဉ်အခွန်တွေကိုပါ ပေးချေပေးအုံးမှာပါ။ကုမ္ပဏီကတော့ ဝန်ထမ်းတွေကို ကျေးဇူးဆက်တတ်လိုက်တာဗျာ။ဒီနိုင်ငံမှာကော အဲ့လိုလေးလုပ်ပေးတဲ့ကုမ္ပဏီလေးမရှိဘူးလား။အခုလိုတော့ အကြီးကြီးမပေးကြပေမဲ့ တစ်ချို့တစ်လေတော့ ရှိနေမှာပါ။

Mia (Mckzone Daily)

ၿမိဳ့ထဲကေဂါက္ကြင္းတစ္ခုရွိ ျမက္ခင္းစိမ္းေပၚမွာ စိတ္ေအးလက္ေအးလမ္းေလၽွာက္ထြက္ေနခဲ့တဲ့ မိေက်ာင္း (႐ုပ္သံ)

အေမရိကန္နိုင္ငံ Florida ျပည္နယ္မွာ ရိုးရိုးမိေက်ာင္းနဲ႔မိေက်ာင္းေခါင္းတိုေတြကို ျမင္ေတြ႕ရျခင္းဟာ အထူးအဆန္းမဟုတ္ေပမဲ့ ေဒသခံေတြက အခုမိေက်ာင္းရဲ့အရြယ္အစားကို ၾကည့္ၿပီး ေၾကာက္လန္႔သြားခဲ့ၾကပါတယ္။ဗုဒၶဟူးေန႔က onlineေပၚမၽွေဝခဲ့တဲ့ဗီဒီယိုမွာေတာ့ Florida ျပည္နယ္ Naplesၿမိဳ့ရဲ့ Valenciaေဂါက္ကြင္းမွာ မိေက်ာင္းတစ္ေကာင္ဟာ ေရထဲဆင္းဖို့ ကားယားကားယားနဲ႔ျမက္ခင္းေပၚမွာ လမ္းေလၽွာက္ေနခဲ့တာပါ။လူအမ်ားစုက မိေက်ာင္းလမ္းေလၽွာက္ေနတဲ့ပုံက ရယ္စရာေကာင္းေနတာေၾကာင့္ photoshop လုပ္ထားတယ္လို့ထင္ေနခဲ့ၾကပါတယ္။ဒါေပမဲ့ အဆိုပါပုံရိပ္ကို Matt Devitt အမည္ရွိတဲ့WINK Newsနဲ႔မိုးေလဝသပညာရွင္က အတည္ျပဳရိုက္ကူးျပထားတာပါ။

အဆိုပါျပည္နယ္မွာ မိေက်ာင္းေခါင္းတိုေတြ ၂သန္းေက်ာ္ရွိၿပီး ၁၀ေပအထိရွည္လ်ားၾကပါတယ္။ရိုးရိုးမိေက်ာင္းကေတာ့ ရွားပါးၿပီး အေကာင္ေရ ၁,၅၀၀ ခန္႔သာအဲ့ဒီမွာေနထိုင္ၾကေပမဲ့ သူတို့အားလုံး​ဟာ ဖယ္ဒရယ္အစိုးရရဲ့တရားမဝင္အမိန္႔ေၾကာင့္ Florida ျပည္နယ္မွာ ရွိေနၾကရတာပါ။တကယ္ေတာ့ ႀကီးမားတဲ့တြားသြားသတၱဝါေတြက Florida ရဲ့ဇာတိသက္ရွိေတြမဟုတ္ပါဘူး။ဩစေၾတးလ်နိုင္ငံကသာ မိေက်ာင္းေတြအေျမာက္အမ်ားရွိတဲ့ေနရာလို့လူသိမ်ားတာပါ။

ဒါေပမဲ့အမဲလိုက္မုဆိုးေတြက Florida ျပည္နယ္ေျမာက္ပိုင္းနယ္ေျမပိုင္နက္အပန္းေျဖေနရာတစ္ခုမွာ ၃၅၀ ကီလိုဂရမ္(၇၇ေပါင္)ရွိတဲ့မိေက်ာင္းတစ္ေကာင္အား ဖမ္းဆီးနိုင္ခဲ့ၿပီး အဆိုပါမိေက်ာင္းက ကားတစ္စီးစာေလာက္ အရြယ္အစား ႀကီးေနခဲ့ပါတယ္။

Mia (Mckzone Daily)

Source : ladbible

Unicode

အမေရိကန်နိုင်ငံ Florida ပြည်နယ်မှာ ရိုးရိုးမိကျောင်းနဲ့မိကျောင်းခေါင်းတိုတွေကို မြင်တွေ့ရခြင်းဟာ အထူးအဆန်းမဟုတ်ပေမဲ့ ဒေသခံတွေက အခုမိကျောင်းရဲ့အရွယ်အစားကို ကြည့်ပြီး ကြောက်လန့်သွားခဲ့ကြပါတယ်။ဗုဒ္ဓဟူးနေ့က onlineပေါ်မျှဝေခဲ့တဲ့ဗီဒီယိုမှာတော့ Florida ပြည်နယ် Naplesမြို့ရဲ့ Valenciaဂေါက်ကွင်းမှာ မိကျောင်းတစ်ကောင်ဟာ ရေထဲဆင်းဖို့ ကားယားကားယားနဲ့မြက်ခင်းပေါ်မှာ လမ်းလျှောက်နေခဲ့တာပါ။လူအများစုက မိကျောင်းလမ်းလျှောက်နေတဲ့ပုံက ရယ်စရာကောင်းနေတာကြောင့် photoshop လုပ်ထားတယ်လို့ထင်နေခဲ့ကြပါတယ်။ဒါပေမဲ့ အဆိုပါပုံရိပ်ကို Matt Devitt အမည်ရှိတဲ့WINK Newsနဲ့မိုးလေဝသပညာရှင်က အတည်ပြုရိုက်ကူးပြထားတာပါ။

အဆိုပါပြည်နယ်မှာ မိကျောင်းခေါင်းတိုတွေ ၂သန်းကျော်ရှိပြီး ၁၀ပေအထိရှည်လျားကြပါတယ်။ရိုးရိုးမိကျောင်းကတော့ ရှားပါးပြီး အကောင်ရေ ၁,၅၀၀ ခန့်သာအဲ့ဒီမှာနေထိုင်ကြပေမဲ့ သူတို့အားလုံးဟာ ဖယ်ဒရယ်အစိုးရရဲ့တရားမဝင်အမိန့်ကြောင့် Florida ပြည်နယ်မှာ ရှိနေကြရတာပါ။တကယ်တော့ ကြီးမားတဲ့တွားသွားသတ္တဝါတွေက Florida ရဲ့ဇာတိသက်ရှိတွေမဟုတ်ပါဘူး။ဩစတြေးလျနိုင်ငံကသာ မိကျောင်းတွေအမြောက်အများရှိတဲ့နေရာလို့လူသိများတာပါ။

ဒါပေမဲ့အမဲလိုက်မုဆိုးတွေက Florida ပြည်နယ်မြောက်ပိုင်းနယ်မြေပိုင်နက်အပန်းဖြေနေရာတစ်ခုမှာ ၃၅၀ ကီလိုဂရမ်(၇၇ပေါင်)ရှိတဲ့မိကျောင်းတစ်ကောင်အား ဖမ်းဆီးနိုင်ခဲ့ပြီး အဆိုပါမိကျောင်းက ကားတစ်စီးစာလောက် အရွယ်အစား ကြီးနေခဲ့ပါတယ်။

Mia (Mckzone Daily)

အိမ္ေခါင္မိုးေပၚျပဳတ္က်လာတဲ့ ေပါင္ ၁.၄ သန္းေက်ာ္တန္ဖိုးရွိဥကၠာပ်ံတစ္ခုေၾကာင့္ သန္းႂကြယ္သူေဌးျဖစ္လာေတာ့မယ့္ အမ်ိဳးသား (႐ုပ္သံ)

အာကာသမွအံ့ဩစရာေကာင္းတဲ့၄.၅ ဘီလီယံသက္တမ္းရွိဥကၠာခဲဟာ Josua Hutagalungအမည္ရွိတဲ့အမ်ိဳးသားရဲ့အိမ္ေခါင္မိုးေပၚမွတစ္ဆင့္ အရွိန္ျပင္းျပင္းနဲ႔သူ႔ၿခံဝင္းကေျမႀကီးထဲကို ၆ လက္မေလာက္ျမႇုပ္ဝင္သြားၿပီးေနာက္ သူ႔ဟာ ခ်က္ခ်င္းဘဝေျပာင္းလဲသြားခဲ့ပါတယ္။Josua မွာ ေပါင္ ၁ ဒသမ ၄ သန္းတန္ဖိုးရွိတဲ့အာကာသေက်ာက္တုံးရွိတယ္ဆိုတဲ့သတင္းစကားေတြေျပာလာၾကေတာ့ ကၽြမ္းက်င္သူတစ္ဦးက Josua ဆီမွ ဝယ္ယူဖို့အတြက္ Sumatraျပည္နယ္ေျမာက္ပိုင္း Kolang ၿမိဳ့ရွိJosuaရဲ့ေနအိမ္သို့ အျမန္ေျပးလာခဲ့ရပါတယ္။Josuaက အိမ္လွုပ္ခတ္ေနတဲ့အသံကိုၾကားေတာ့ သူဟာအိမ္ေရွ႕ကလမ္းေဘးမွာအလုပ္လုပ္ေနၿပီး သူတို့အိမ္အေပၚသစ္ပင္တစ္ပင္လဲက်လာတယ္လို့ထင္ေနခဲ့တာပါတဲ့။ဇနီးျဖစ္သူက တူးထုတ္ဖို့ကူညီေပးခဲ့ၿပီး Josua က ဥကၠာခဲကို မလိုက္ေတာ့ ေႏြးေနပါေသးတယ္တဲ့။

အသံကက်ယ္ေလာင္လြန္းလို့ အိမ္ရဲ့အစိတ္အပိုင္းေတြလွုပ္ခါေနခဲ့ၿပီး တစ္ခ်ိဳ့အစိတ္အပိုင္းေတြကပ်က္စီးသြားခဲ့ေၾကာင္းလည္း ဆိုထားပါတယ္။ကၽြမ္းက်င္သူေတြက ခြဲျခမ္းစိတ္ျဖာေလ့လာၿပီးေနာက္ အဆိုပါဥကၠာခဲက CM1 / 2 carbonaceous Chondrite လို့သတ္မွတ္ခဲ့ၾကကာ အလြန္ရွားပါးတဲ့ ေတြ႕ရွိခ်က္တစ္ခုျဖစ္ၿပီး အေစာပိုင္းကာလေနေရာင္ျခည္စြမ္းအင္သုံးစနစ္က ဇီဝမ်ိဳးေစ့ေတြကိုျဖစ္ေပၚေစၿပီး ဓာတုေဗဒဆိုင္ရာအစိုင္အခဲေက်ာက္တုံးေတြကိုလည္း သယ္ေဆာင္လာေပးနိုင္တယ္ လို့ ယုံၾကည္ေနၾကပါတယ္။

သူ႔သတင္းကိုၾကားၾကားၿပီးခ်င္း Baliကၽြန္းအေျခစိုက္ဥကၠာခဲပညာရွင္ Jared Collins ဟာ ရွားပါးတဲ့ဥကၠာခဲကိုလုံျခဳံမွုရွိေစဖို့ စုေဆာင္းထားသမၽွပိုက္ဆံကို အလုံအေလာက္သယ္ေဆာင္ကာ Josua ကို လိုက္လံရွာေဖြၿပီး စီးပြါးေရးဆန္ဆန္ေစ့စပ္ညႇိႏွိုင္းမွုျပဳလုပ္ခဲ့ပါတယ္။

Mia (Mckzone Daily)

Source : dailystar

Unicode

အာကာသမှအံ့ဩစရာကောင်းတဲ့၄.၅ ဘီလီယံသက်တမ်းရှိဥက္ကာခဲဟာ Josua Hutagalungအမည်ရှိတဲ့အမျိုးသားရဲ့အိမ်ခေါင်မိုးပေါ်မှတစ်ဆင့် အရှိန်ပြင်းပြင်းနဲ့သူ့ခြံဝင်းကမြေကြီးထဲကို ၆ လက်မလောက်မြှုပ်ဝင်သွားပြီးနောက် သူ့ဟာ ချက်ချင်းဘဝပြောင်းလဲသွားခဲ့ပါတယ်။Josua မှာ ပေါင် ၁ ဒသမ ၄ သန်းတန်ဖိုးရှိတဲ့အာကာသကျောက်တုံးရှိတယ်ဆိုတဲ့သတင်းစကားတွေပြောလာကြတော့ ကျွမ်းကျင်သူတစ်ဦးက Josua ဆီမှ ဝယ်ယူဖို့အတွက် Sumatraပြည်နယ်မြောက်ပိုင်း Kolang မြို့ရှိJosuaရဲ့နေအိမ်သို့ အမြန်ပြေးလာခဲ့ရပါတယ်။Josuaက အိမ်လှုပ်ခတ်နေတဲ့အသံကိုကြားတော့ သူဟာအိမ်ရှေ့ကလမ်းဘေးမှာအလုပ်လုပ်နေပြီး သူတို့အိမ်အပေါ်သစ်ပင်တစ်ပင်လဲကျလာတယ်လို့ထင်နေခဲ့တာပါတဲ့။ဇနီးဖြစ်သူက တူးထုတ်ဖို့ကူညီပေးခဲ့ပြီး Josua က ဥက္ကာခဲကို မလိုက်တော့ နွေးနေပါသေးတယ်တဲ့။

အသံကကျယ်လောင်လွန်းလို့ အိမ်ရဲ့အစိတ်အပိုင်းတွေလှုပ်ခါနေခဲ့ပြီး တစ်ချို့အစိတ်အပိုင်းတွေကပျက်စီးသွားခဲ့ကြောင်းလည်း ဆိုထားပါတယ်။ကျွမ်းကျင်သူတွေက ခွဲခြမ်းစိတ်ဖြာလေ့လာပြီးနောက် အဆိုပါဥက္ကာခဲက CM1 / 2 carbonaceous Chondrite လို့သတ်မှတ်ခဲ့ကြကာ အလွန်ရှားပါးတဲ့ တွေ့ရှိချက်တစ်ခုဖြစ်ပြီး အစောပိုင်းကာလနေရောင်ခြည်စွမ်းအင်သုံးစနစ်က ဇီဝမျိုးစေ့တွေကိုဖြစ်ပေါ်စေပြီး ဓာတုဗေဒဆိုင်ရာအစိုင်အခဲကျောက်တုံးတွေကိုလည်း သယ်ဆောင်လာပေးနိုင်တယ် လို့ ယုံကြည်နေကြပါတယ်။

သူ့သတင်းကိုကြားကြားပြီးချင်း Baliကျွန်းအခြေစိုက်ဥက္ကာခဲပညာရှင် Jared Collins ဟာ ရှားပါးတဲ့ဥက္ကာခဲကိုလုံခြုံမှုရှိစေဖို့ စုဆောင်းထားသမျှပိုက်ဆံကို အလုံအလောက်သယ်ဆောင်ကာ Josua ကို လိုက်လံရှာဖွေပြီး စီးပွါးရေးဆန်ဆန်စေ့စပ်ညှိနှိုင်းမှုပြုလုပ်ခဲ့ပါတယ်။

Mia (Mckzone Daily)

ႀကံေတြကိုခိုးစားရင္း ခႏၵာကိုယ္မွအားမနာ လူလည္က်ၿပီး မီးတိုင္ေနာက္မွာပုန္းေနခဲ့တဲ့ ဆင္ေလး

လူလည္က်တဲ့ဆင္တစ္ေကာင္ဟာ ထိုင္းနိုင္ငံရွိ ႀကံခင္းတစ္ခုမွာ ႀကံခိုးစားၿပီးေနာက္ မီးတိုင္ေနာက္မွာပုန္းေနဖို့ႀကိဳးစားေနခဲ့ပါတယ္။အဆိုပါဆင္ကို ထိုင္းနိုင္ငံ ခ်င္းမိုင္ၿမိဳ့ေျမာက္ပိုင္းေတာင္တန္းေဒသမွာ ေတြ႕ရွိခဲ့ၾကတာပါ။သူက လူေတြကိုရွင္းရွင္းလင္းလင္းျမင္ရေပမဲ့ စုံစမ္းစစ္ေဆးသမားေတြက သူ႔ဆီကို မီးထိုးၿပီးခ်ဥ္းကပ္လာတာကိုျမင္တာေၾကာင့္ က်ဥ္းေျမာင္းတဲ့မီးတိုင္ေနာက္ကို တမင္ပုန္းေနခဲ့ပုံပါဘဲ။ခန္႔မွန္းေျခအရ ဆင္အေကာင္ေပါင္း ၂,၀၀၀ဟာ ထိုင္းနိုင္ငံမွာ ေတာရိုင္းဆင္ေတြလို လြတ္လပ္စြာေနထိုင္ေနၾကၿပီး အလားတူအေရအတြက္မွာေတာ့ ဖမ္းဆီးခ်ဴပ္ေႏွာင္ခံထားရပါတယ္။

ေတာရိုင္းဆင္ေတြက နိုင္ငံ့အကာအကြယ္အမ်ိဳးသားဥယ်ာဥ္ေတြထဲမွာ က်င္လည္ေနၾကပါတယ္။ဒါေပမဲ့ အစားအစာအတြက္ လယ္သမားေတြရဲ့အစားအစာစုေဆာင္းရာေနရာကို ဝင္ရွုပ္တတ္တာေၾကာင့္ လူသားေတြနဲ႔အျမဲျပႆနာျဖစ္ေနတတ္ပါတယ္။ဆင္ေတြဟာ ထိုင္းနိုင္ငံရဲ့ရိုးရာယဥ္ေက်းမွုအတြက္ အေရးပါေနၿပီး သူတို့အားသတ္ျဖတ္မွုအတြက္ အမ်ားဆုံးေထာင္ဒဏ္၃ႏွစ္အထိ ခ်မွတ္ထားပါတယ္။လြန္ခဲ့တဲ့၁၉၈၆ခုႏွစ္ကတည္းက ဆင္ေတြဟာ ထိုင္းနိုင္ငံရဲ့မ်ိဳးသုန္းလုနီးပါးရွိတဲ့မ်ိဳးစိတ္တစ္မ်ိဳးျဖစ္လာခဲ့တာပါ။

အဆိုပါဆင္ဟာ အိႏၵိယဆင္ျဖစ္ၿပီး အာဖရိကဆင္နဲ႔ကြဲျပားေနတာက သူ႔ရဲ့ေသးငယ္တဲ့နားရြက္ေလးေတြပါ။အိမ္ေမြးေၾကာင္ေလးက သူ႔ခႏၶာကိုယ္ထက္အဆမတန္ႀကီးတဲ့ဆင္ကို သတၱိရွိရွိတိုက္ထုတ္ေနခဲ့ေပမဲ့ လူတစ္ေယာက္ကို ေျခေထာက္နဲ႔ဖိသတ္နိုင္တဲ့သားရဲကို အနီးကပ္မၿခိမ္းေျခာက္ရဲခဲ့ပါဘူး။ေဒသခံေတြက အသက္၃၅ႏွစ္အရြယ္ Pai Salickလို့ေခၚတဲ့အဆိုပါဆင္က အိမ္နားအစာလာရွာစားတတ္တဲ့ဆင္လို့ လူသိမ်ားေၾကာင္းဆိုထားၾကၿပီး ေဒသခံဥယ်ာဥ္မွူး Amnat Norasinက “သူကေတာထဲမွာေနေပမဲ့ ညအခ်ိန္မွာ အိမ္တိုင္းကိုလွည့္ပတ္ၿပီး အစာရွာစားတယ္။သူဘယ္သူလဲဆိုလူတိုင္းသိတယ္”လို့လည္းဆိုထားပါေသးတယ္။

Mia (Mckzone Daily)

Source : dailymail

Unicode

လူလည်ကျတဲ့ဆင်တစ်ကောင်ဟာ ထိုင်းနိုင်ငံရှိ ကြံခင်းတစ်ခုမှာ ကြံခိုးစားပြီးနောက် မီးတိုင်နောက်မှာပုန်းနေဖို့ကြိုးစားနေခဲ့ပါတယ်။အဆိုပါဆင်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မြောက်ပိုင်းတောင်တန်းဒေသမှာ တွေ့ရှိခဲ့ကြတာပါ။သူက လူတွေကိုရှင်းရှင်းလင်းလင်းမြင်ရပေမဲ့ စုံစမ်းစစ်ဆေးသမားတွေက သူ့ဆီကို မီးထိုးပြီးချဉ်းကပ်လာတာကိုမြင်တာကြောင့် ကျဉ်းမြောင်းတဲ့မီးတိုင်နောက်ကို တမင်ပုန်းနေခဲ့ပုံပါဘဲ။ခန့်မှန်းခြေအရ ဆင်အကောင်ပေါင်း ၂,၀၀၀ဟာ ထိုင်းနိုင်ငံမှာ တောရိုင်းဆင်တွေလို လွတ်လပ်စွာနေထိုင်နေကြပြီး အလားတူအရေအတွက်မှာတော့ ဖမ်းဆီးချူပ်နှောင်ခံထားရပါတယ်။

တောရိုင်းဆင်တွေက နိုင်ငံ့အကာအကွယ်အမျိုးသားဥယျာဉ်တွေထဲမှာ ကျင်လည်နေကြပါတယ်။ဒါပေမဲ့ အစားအစာအတွက် လယ်သမားတွေရဲ့အစားအစာစုဆောင်းရာနေရာကို ဝင်ရှုပ်တတ်တာကြောင့် လူသားတွေနဲ့အမြဲပြဿနာဖြစ်နေတတ်ပါတယ်။ဆင်တွေဟာ ထိုင်းနိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုအတွက် အရေးပါနေပြီး သူတို့အားသတ်ဖြတ်မှုအတွက် အများဆုံးထောင်ဒဏ်၃နှစ်အထိ ချမှတ်ထားပါတယ်။လွန်ခဲ့တဲ့၁၉၈၆ခုနှစ်ကတည်းက ဆင်တွေဟာ ထိုင်းနိုင်ငံရဲ့မျိုးသုန်းလုနီးပါးရှိတဲ့မျိုးစိတ်တစ်မျိုးဖြစ်လာခဲ့တာပါ။

အဆိုပါဆင်ဟာ အိန္ဒိယဆင်ဖြစ်ပြီး အာဖရိကဆင်နဲ့ကွဲပြားနေတာက သူ့ရဲ့သေးငယ်တဲ့နားရွက်လေးတွေပါ။အိမ်မွေးကြောင်လေးက သူ့ခန္ဓာကိုယ်ထက်အဆမတန်ကြီးတဲ့ဆင်ကို သတ္တိရှိရှိတိုက်ထုတ်နေခဲ့ပေမဲ့ လူတစ်ယောက်ကို ခြေထောက်နဲ့ဖိသတ်နိုင်တဲ့သားရဲကို အနီးကပ်မခြိမ်းခြောက်ရဲခဲ့ပါဘူး။ဒေသခံတွေက အသက်၃၅နှစ်အရွယ် Pai Salickလို့ခေါ်တဲ့အဆိုပါဆင်က အိမ်နားအစာလာရှာစားတတ်တဲ့ဆင်လို့ လူသိများကြောင်းဆိုထားကြပြီး ဒေသခံဥယျာဉ်မှူး Amnat Norasinက “သူကတောထဲမှာနေပေမဲ့ ညအချိန်မှာ အိမ်တိုင်းကိုလှည့်ပတ်ပြီး အစာရှာစားတယ်။သူဘယ်သူလဲဆိုလူတိုင်းသိတယ်”လို့လည်းဆိုထားပါသေးတယ်။

Mia (Mckzone Daily)

မ်ိဳးသုန္းသြားၿပီလို႔ယူဆရတဲ့ ရွားပါးေၾကာင္က်ားသစ္တစ္ေကာင္ကို ရြာသားမ်ားက ျပန္လည္ေတြ႕ရွိခဲ့

ကမၻာတစ္ဝွမ္းရွိသတၱဝါေတြနဲ႔အပင္မ်ိဳးစိတ္ေတြကို ထိန္းသိမ္းေစာင့္ေရွာက္ဖို့ ရာသီဥတုေျပာင္းလဲမွုအလားအလာနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခ်က္မ်ားစြာရွိခဲ့ပါတယ္။ဒါေပမဲ့ သတင္းေကာင္းတစ္ခ်ိဳ့က မ်ိဳးသုန္းေတာ့မယ္လို့ ယူဆရတဲ့တိရိစၧာန္ေတြဟာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္ ျပန္လည္ရွင္သန္လာပုံရပါဘဲ။မၾကာေသးမီက Formosanတိမ္တိုက္ က်ားသစ္တစ္ေကာင္ကို ထိုင္ဝမ္အေရွ႕ေတာင္ပိုင္းေဒသမွာ ေတြ႕ရွိခဲ့ၾကပါတယ္။အဆိုပါက်ားသစ္မ်ိဳးစိတ္ကို ၁၉၈၀ခုႏွစ္ျပည့္ေလာက္ကတည္းက ေတာထဲသိပ္မေတြ႕ရေတာ့တာေၾကာင့္ ၂၀၁၃ခုႏွစ္မွာ ေဒသခံေတြက တရားဝင္မ်ိဳးသုန္းသြားၿပီျဖစ္ေၾကာင္း ေၾကာျငာခဲ့ဖူးပါတယ္။

Alangyi ရြာရွိ ေတာလိုက္မုဆိုးေတြက အဆိုပါက်ားသစ္ကို Taitungေကာင္တီ Darenၿမိဳ့နယ္ရွိ ေခ်ာက္ကမ္းပါးတစ္ခုေပၚမွာေတြ႕ရွိခဲ့ၾကတာပါ။ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ေတာလိုက္မုဆိုးေတြဟာ ေဒသအေခၚ Li’uljaw လို့ေခၚတဲ့အဆိုပါက်ားသစ္ကို လိုက္လံရွာေဖြေနခဲ့ၾကတာပါ။က်ားသစ္ေတြဟာ ဆိတ္ေတြကို အမဲလိုက္ရွာစားေနၾကေၾကာင္း သူတို့က ဆိုထားပါတယ္။

ထို့ေနာက္ Li’uljawထိုင္ဝမ္ထိန္းသိမ္းေစာင့္ေရွာက္ကာကြယ္ေရးဦးစီးခ်ဴပ္ဟာ ယခင္က မ်ိဳးသုန္းသြားခဲ့တဲ့က်ားသစ္ျဖစ္နိုင္ေခ်ရွိတဲ့ေလ့လာေတြ႕ရွိခ်က္ေတြကို ေဆြးေႏြးဖို့ ေက်းရြာအစည္းအေဝးတစ္ခု ျပဳလုပ္ခဲ့ၿပီး သူတို့လည္း က်ားသစ္ကို ကာကြယ္ေပးဖို့ စိတ္အားသန္ေနခဲ့ပါတယ္။အမ်ိဳးသားသိပၸံတကၠသိုလ္ရဲ့ဘဝသိပၸံပါေမာကၡ Liu Chiung-hsiက တိရိစၧာန္ေတြက လူေတြရဲ့အႏၲရာယ္ကို ေရွာင္ရွားနိုင္ဖို့ ေတာပုန္းေနတတ္တာေၾကာင့္ သူတို့တည္ရွိေနဆဲလို့အျမဲယုံၾကည္တယ္ လို့ဆိုထားပါတယ္။၁၉၈၃ခုႏွစ္တုန္းကလည္း အဆိုပါ Formosanတိမ္တိုက္က်ားသစ္ကို တရားဝင္ရွာေဖြေတြ႕ရွိခဲ့ၾကပါေသးတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

ကမ္ဘာတစ်ဝှမ်းရှိသတ္တဝါတွေနဲ့အပင်မျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရာသီဥတုပြောင်းလဲမှုအလားအလာနဲ့ပတ်သက်ပြီး ဆွေးနွေးချက်များစွာရှိခဲ့ပါတယ်။ဒါပေမဲ့ သတင်းကောင်းတစ်ချို့က မျိုးသုန်းတော့မယ်လို့ ယူဆရတဲ့တိရိစ္ဆာန်တွေဟာ နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်လည်ရှင်သန်လာပုံရပါဘဲ။မကြာသေးမီက Formosanတိမ်တိုက် ကျားသစ်တစ်ကောင်ကို ထိုင်ဝမ်အရှေ့တောင်ပိုင်းဒေသမှာ တွေ့ရှိခဲ့ကြပါတယ်။အဆိုပါကျားသစ်မျိုးစိတ်ကို ၁၉၈၀ခုနှစ်ပြည့်လောက်ကတည်းက တောထဲသိပ်မတွေ့ရတော့တာကြောင့် ၂၀၁၃ခုနှစ်မှာ ဒေသခံတွေက တရားဝင်မျိုးသုန်းသွားပြီဖြစ်ကြောင်း ကြောငြာခဲ့ဖူးပါတယ်။

Alangyi ရွာရှိ တောလိုက်မုဆိုးတွေက အဆိုပါကျားသစ်ကို Taitungကောင်တီ Darenမြို့နယ်ရှိ ချောက်ကမ်းပါးတစ်ခုပေါ်မှာတွေ့ရှိခဲ့ကြတာပါ။ပြီးခဲ့တဲ့နွေရာသီကတည်းက တောလိုက်မုဆိုးတွေဟာ ဒေသအခေါ် Li’uljaw လို့ခေါ်တဲ့အဆိုပါကျားသစ်ကို လိုက်လံရှာဖွေနေခဲ့ကြတာပါ။ကျားသစ်တွေဟာ ဆိတ်တွေကို အမဲလိုက်ရှာစားနေကြကြောင်း သူတို့က ဆိုထားပါတယ်။

ထို့နောက် Li’uljawထိုင်ဝမ်ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေးဦးစီးချူပ်ဟာ ယခင်က မျိုးသုန်းသွားခဲ့တဲ့ကျားသစ်ဖြစ်နိုင်ချေရှိတဲ့လေ့လာတွေ့ရှိချက်တွေကို ဆွေးနွေးဖို့ ကျေးရွာအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး သူတို့လည်း ကျားသစ်ကို ကာကွယ်ပေးဖို့ စိတ်အားသန်နေခဲ့ပါတယ်။အမျိုးသားသိပ္ပံတက္ကသိုလ်ရဲ့ဘဝသိပ္ပံပါမောက္ခ Liu Chiung-hsiက တိရိစ္ဆာန်တွေက လူတွေရဲ့အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ တောပုန်းနေတတ်တာကြောင့် သူတို့တည်ရှိနေဆဲလို့အမြဲယုံကြည်တယ် လို့ဆိုထားပါတယ်။၁၉၈၃ခုနှစ်တုန်းကလည်း အဆိုပါ Formosanတိမ်တိုက်ကျားသစ်ကို တရားဝင်ရှာဖွေတွေ့ရှိခဲ့ကြပါသေးတယ်။

Mia (Mckzone Daily)

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂,၅၀၀ေက်ာ္က မံမီအေခါင္းတလားေပါင္း ၁၀၀ခန္႔ နဲ႔ ေရႊ႐ုပ္တု ၄၀ကို တူးေဖာ္ ေတြ႕ရွိခဲ့တဲ့အျဖစ္

အီဂ်စ္နိုင္ငံ Cairoၿမိဳ့ေတာင္ပိုင္းေဒသမွာ အတြင္းထဲ mummies ႐ုပ္အေလာင္းေတြပါဝင္တဲ့ အေခါင္းတလားေပါင္း ၁၀၀ခန္႔ႏွင့္ ေရႊျဖင့္ျပဳလုပ္ထားတဲ့႐ုပ္တုေပါင္း ၄၀ အား ရွာေဖြေတြ႕ရွိခဲ့ၾကေၾကာင္း Daily Mailကေဖာ္ျပထားပါတယ္။လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂,၅၀၀ေက်ာ္ေလာက္က ျမႇုပ္ႏွံထားခဲ့တဲ့ အဆိုပါအေခါင္းတလား သို့မဟုတ္ Sarcophagi ေတြကို Saqqara သၤခ်ိဳင္းေျမေနရာ Djoserအဆင့္ပိရမစ္ရွိ ယာယီျပပြဲမွာ ခင္းက်င္းျပသထားပါတယ္။

ေရွးေဟာင္းသုေတသနပညာရွင္ေတြက အေခါင္းတလားေတြကို တူးေဖာ္ေတြ႕ရွိခဲ့ၾကၿပီး mummies ႐ုပ္အေလာင္းမ်ားအတြင္းထဲပါရွိေနတာကိုလည္း ေတြ႕ရွိခဲ့ၾကပါတယ္။သူတို့က ႐ုပ္အေလာင္းေတြအားလုံးကို ဘယ္လို ထိန္းသိမ္းထားတာကို သိနိုင္ဖို့ ေရွးေခတ္ mummies ႐ုပ္အေလာင္းေတြရဲ့ဖြဲ႕စည္းပုံကို ျမင္ေတြ႕ရေစတဲ့ဓာတ္မွန္ရိုက္ျခင္းေတြျပဳလုပ္ခဲ့ၾကပါတယ္။

အီဂ်စ္ေရွးေဟာင္းႏွင့္ခရီးသြားလာေရးဝန္ႀကီး Khaled el-Ananyက အဆိုပါရွာေဖြေတြ႕ရွိမွုေတြဟာ ဘီစီ၃၂၀မွဘီစီ၃၀အထိ အီဂ်စ္ကို ႏွစ္ေပါင္း၃၀၀ခန္႔နီးပါးအုပ္ခ်ဴပ္ခဲ့တဲ့ Ptolemaic မင္းဆက္ေခတ္မွျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။သူ႔ရဲ့အဆိုအရ အဆိုပါေရွးေဟာင္းပစၥည္းေတြကို အီဂ်စ္နိုင္ငံ Giza Pyramids အနီးရွိတည္ေဆာက္ေနဆဲျဖစ္တဲ့ အႀကီးဆုံးအီဂ်စ္ျပတိုက္ နဲ႔ က်န္ Cairoၿမိဳ့ျပတိုက္ ၂ခုသို့ ေျပာင္းေရြ႕သြားမယ္ျဖစ္ေၾကာင္း သိရပါတယ္။

1

2

3

4

5

6

7

8

9

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အီဂျစ်နိုင်ငံ Cairoမြို့တောင်ပိုင်းဒေသမှာ အတွင်းထဲ mummies ရုပ်အလောင်းတွေပါဝင်တဲ့ အခေါင်းတလားပေါင်း ၁၀၀ခန့်နှင့် ရွှေဖြင့်ပြုလုပ်ထားတဲ့ရုပ်တုပေါင်း ၄၀ အား ရှာဖွေတွေ့ရှိခဲ့ကြကြောင်း Daily Mailကဖော်ပြထားပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၅၀၀ကျော်လောက်က မြှုပ်နှံထားခဲ့တဲ့ အဆိုပါအခေါင်းတလား သို့မဟုတ် Sarcophagi တွေကို Saqqara င်္သချိုင်းမြေနေရာ Djoserအဆင့်ပိရမစ်ရှိ ယာယီပြပွဲမှာ ခင်းကျင်းပြသထားပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်တွေက အခေါင်းတလားတွေကို တူးဖော်တွေ့ရှိခဲ့ကြပြီး mummies ရုပ်အလောင်းများအတွင်းထဲပါရှိနေတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။သူတို့က ရုပ်အလောင်းတွေအားလုံးကို ဘယ်လို ထိန်းသိမ်းထားတာကို သိနိုင်ဖို့ ရှေးခေတ် mummies ရုပ်အလောင်းတွေရဲ့ဖွဲ့စည်းပုံကို မြင်တွေ့ရစေတဲ့ဓာတ်မှန်ရိုက်ခြင်းတွေပြုလုပ်ခဲ့ကြပါတယ်။

အီဂျစ်ရှေးဟောင်းနှင့်ခရီးသွားလာရေးဝန်ကြီး Khaled el-Ananyက အဆိုပါရှာဖွေတွေ့ရှိမှုတွေဟာ ဘီစီ၃၂၀မှဘီစီ၃၀အထိ အီဂျစ်ကို နှစ်ပေါင်း၃၀၀ခန့်နီးပါးအုပ်ချူပ်ခဲ့တဲ့ Ptolemaic မင်းဆက်ခေတ်မှဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။သူ့ရဲ့အဆိုအရ အဆိုပါရှေးဟောင်းပစ္စည်းတွေကို အီဂျစ်နိုင်ငံ Giza Pyramids အနီးရှိတည်ဆောက်နေဆဲဖြစ်တဲ့ အကြီးဆုံးအီဂျစ်ပြတိုက် နဲ့ ကျန် Cairoမြို့ပြတိုက် ၂ခုသို့ ပြောင်းရွေ့သွားမယ်ဖြစ်ကြောင်း သိရပါတယ်။

Mia (Mckzone Daily)

ဝက္တုပ္ေကြးေရာဂါ ကာကြယ္ဖို့ ဝက္ေတြကို အထပ္ျမင့္အေဆာက္အဦးထဲ ေမြးထည့္ထားတဲ့ကုမၸဏီ (႐ုပ္သံ)

တ႐ုတ္နိုင္ငံရွိ Yangxiang ပုဂၢလိကစိုက္ပ်ိဳးေမြးျမဴေရးကုမၸဏီတစ္ခုဟာ Guangxiေဒသေတာင္ပိုင္းရဲ့ Yaji ေတာင္ေစာင္းေတြမွာ ေမြးျမဴေရးဝက္ေတြအတြက္ အထူးအေဆာက္အဦးေတြကို ေဆာက္လုပ္ခဲ့ၿပီး ကမၻာေပၚမွာ အႀကီးဆုံးဝက္ၿခံတစ္ခုအျဖစ္ ခန္႔မွန္းရပါတယ္။တံခါးအလုံပိတ္အခန္းမ်ားပါဝင္တဲ့အဆိုပါအေဆာက္အဦးကို ၂၀၁၈ခုႏွစ္မွစၿပီး လူဦးေရ သန္းေပါင္း ၂၀၀ သို့မဟုတ္ ကမၻာ့လူဦးေရရဲ့ထက္ဝက္ကိုေသဆုံးေစခဲ့တဲ့ဝက္တုပ္ေကြးေရာဂါျဖစ္ပြါးမွုအႏၲရာယ္ကို ကာကြယ္နိုင္ဖို့ ရည္ရြယ္ခ်က္နဲ႔တည္ေဆာက္ခဲ့ၾကတာပါ။အဆိုပါဝက္ၿခံမွာ ႏွစ္စဥ္ ဝက္အေကာင္ေရေပါင္း ၈၄၀,၀၀၀ ထုတ္လုပ္ဖို့ ေမၽွာ္လင့္ထားၾကပါတယ္။အေဆာက္အဦးတစ္ခုစီမွာ အထပ္ေပါင္း ၁၃ထပ္ရွိၿပီး အဆိုပါအေဆာက္အဦးဟာ ကမၻာ့အျမင့္ဆုံးေမြးျမဴေရးဝက္ၿခံအျဖစ္ တည္ရွိေနပါတယ္။

“အထပ္ျမင့္ တိရိစၧာန္ေမြးျမဴေရးက အားသာခ်က္ေတြ အမ်ားႀကီးရွိတယ္၊ဒီအေဆာက္အဦးက စြမ္းအားနဲ႔အရင္းအျမစ္ေတြကို ေခၽြတာေပးတယ္၊ေျမဆီလႊာက နည္းေပမဲ့ ဝက္မ်ားစြာ ေမြးျမဴနိုင္တယ္”လို့ မန္ေနဂ်ာက ဆိုထားပါတယ္။ရိုးရာေမြးျမဴေရးဝက္ၿခံေတြက ဝက္တုပ္ေကြးေရာဂါတစ္မ်ိဳးတည္းအတြက္ဘဲ ထိန္းသိမ္းထားနိုင္တာေၾကာင့္ ယခင္က ေရာဂါကူးစက္မွုႏွုန္းျမင့္မားခဲ့ရတယ္၊အခု အထပ္ျမင့္ဝက္ၿခံေတြကိုေတာ့ အလြန္ထိန္းခ်ဳပ္ထားၿပီး သူ႔ရဲ့ဇီဝလုံျခဳံမွုစံႏွုန္းေတြက ရိုးရာဝက္ၿခံေတြထက္ သာလြန္ေၾကာင္း ေစ်းကြက္ေလ့လာဆန္းစစ္တဲ့ကုမၸဏီ Mecardoရဲ့အမွုေဆာင္အရာရွိခ်ဳပ္ Robert Herrmannက ေျပာၾကားခဲ့ပါတယ္။

Yangxiangကုမၸဏီဟာ အဆိုပါအႀကံဥာဏ္ရွိတဲ့တစ္ခုတည္းေသာ တ႐ုတ္စိုက္ပ်ိဳးေရးကုမၸဏီမဟုတ္ပါဘူး။ Shenzhen Jinxinnong Technology Co Ltdလည္း တ႐ုတ္ျပည္အေရွ႕ေတာင္ဘက္ Fujianျပည္နယ္မွာ ငါးထပ္ပါတဲ့ဝက္ၿခံႏွစ္ခုကို ေဆာက္လုပ္ဖို့ စီစဥ္ထားေၾကာင္း ရိုက္တာသတင္းဌာနက ေျပာၾကားထားပါေသးတယ္။

4

5

6

7

8

9

10

11

12

Mia (Mckzone Daily)

Source : siakapkeli

Unicode

တရုတ်နိုင်ငံရှိ Yangxiang ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးကုမ္ပဏီတစ်ခုဟာ Guangxiဒေသတောင်ပိုင်းရဲ့ Yaji တောင်စောင်းတွေမှာ မွေးမြူရေးဝက်တွေအတွက် အထူးအဆောက်အဦးတွေကို ဆောက်လုပ်ခဲ့ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးဝက်ခြံတစ်ခုအဖြစ် ခန့်မှန်းရပါတယ်။တံခါးအလုံပိတ်အခန်းများပါဝင်တဲ့အဆိုပါအဆောက်အဦးကို ၂၀၁၈ခုနှစ်မှစပြီး လူဦးရေ သန်းပေါင်း ၂၀၀ သို့မဟုတ် ကမ္ဘာ့လူဦးရေရဲ့ထက်ဝက်ကိုသေဆုံးစေခဲ့တဲ့ဝက်တုပ်ကွေးရောဂါဖြစ်ပွါးမှုအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့တည်ဆောက်ခဲ့ကြတာပါ။အဆိုပါဝက်ခြံမှာ နှစ်စဉ် ဝက်အကောင်ရေပေါင်း ၈၄၀,၀၀၀ ထုတ်လုပ်ဖို့ မျှော်လင့်ထားကြပါတယ်။အဆောက်အဦးတစ်ခုစီမှာ အထပ်ပေါင်း ၁၃ထပ်ရှိပြီး အဆိုပါအဆောက်အဦးဟာ ကမ္ဘာ့အမြင့်ဆုံးမွေးမြူရေးဝက်ခြံအဖြစ် တည်ရှိနေပါတယ်။

“အထပ်မြင့် တိရိစ္ဆာန်မွေးမြူရေးက အားသာချက်တွေ အများကြီးရှိတယ်၊ဒီအဆောက်အဦးက စွမ်းအားနဲ့အရင်းအမြစ်တွေကို ချွေတာပေးတယ်၊မြေဆီလွှာက နည်းပေမဲ့ ဝက်များစွာ မွေးမြူနိုင်တယ်”လို့ မန်နေဂျာက ဆိုထားပါတယ်။ရိုးရာမွေးမြူရေးဝက်ခြံတွေက ဝက်တုပ်ကွေးရောဂါတစ်မျိုးတည်းအတွက်ဘဲ ထိန်းသိမ်းထားနိုင်တာကြောင့် ယခင်က ရောဂါကူးစက်မှုနှုန်းမြင့်မားခဲ့ရတယ်၊အခု အထပ်မြင့်ဝက်ခြံတွေကိုတော့ အလွန်ထိန်းချုပ်ထားပြီး သူ့ရဲ့ဇီဝလုံခြုံမှုစံနှုန်းတွေက ရိုးရာဝက်ခြံတွေထက် သာလွန်ကြောင်း ဈေးကွက်လေ့လာဆန်းစစ်တဲ့ကုမ္ပဏီ Mecardoရဲ့အမှုဆောင်အရာရှိချုပ် Robert Herrmannက ပြောကြားခဲ့ပါတယ်။

Yangxiangကုမ္ပဏီဟာ အဆိုပါအကြံဉာဏ်ရှိတဲ့တစ်ခုတည်းသော တရုတ်စိုက်ပျိုးရေးကုမ္ပဏီမဟုတ်ပါဘူး။ Shenzhen Jinxinnong Technology Co Ltdလည်း တရုတ်ပြည်အရှေ့တောင်ဘက် Fujianပြည်နယ်မှာ ငါးထပ်ပါတဲ့ဝက်ခြံနှစ်ခုကို ဆောက်လုပ်ဖို့ စီစဉ်ထားကြောင်း ရိုက်တာသတင်းဌာနက ပြောကြားထားပါသေးတယ်။

Mia (Mckzone Daily)

အရပ္ ၇ေပနဲ႔ ၃လက္မရွိၿပီး ဆက္လက္ႀကီးထြားေနဆဲျဖစ္တဲ့ ကမၻာ့အရပ္အျမင့္ဆုံးဆယ္ေက်ာ္သက္ ေကာင္ေလး

တ႐ုတ္နိုင္ငံ အေနာက္ေတာင္ပိုင္း Leshan ၿမိဳ့ရွိ အသက္၁၄ႏွစ္အရြယ္ Xiaoyu Lei အမည္ရွိတဲ့ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ဦးဟာ အတန္းေဖာ္ေတြထပ္ ၂ေပခန္႔ျမင့္ေနၿပီး လူအုပ္ထဲလည္း ထင္ရွားေနပါတယ္။အဆိုပါေကာင္ေလးဟာ အရပ္ ၇ေပ ၃လက္မနီးပါး(၂.၂၁ မီတာ)ရွိၿပီးသူဟာ ဆက္လက္ႀကီးထြားေနဆဲျဖစ္ပါတယ္။Xiaoyuဟာ အသက္ ၁၆ႏွစ္အရြယ္တုန္းက အရပ္ ၇ေပနဲ႔၁လက္မရွိတဲ့ဂင္းနစ္စံခ်ိန္ဝင္ ကမၻာ့အရပ္အျမင့္ဆုံးအေမရိကန္ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ဦးရဲ့ စံခ်ိန္ကို ခ်ိဳးနိုင္ဖြယ္ရွိေနပါတယ္။Xiaoyuရဲ့မိဘေတြဟာ သူ႔ကိုငယ္စဥ္ကတည္းက ေဆး႐ုံေခၚသြားခဲ့ေပမဲ့ ဆရာဝန္ေတြက သူ႔ရဲ့ထူးျခားတဲ့အရပ္အျမင့္ကိုဘာေရာဂါေၾကာင့္မွ မဟုတ္ေနတာကို ေတြ႕ရွိခဲ့ၾကပါတယ္။သူက အရပ္ ၆ေပခန္႔ရွိမိဘေတြနဲ႔အဘိုးအဘြားေတြရဲ့မ်ိဳးရိုးေၾကာင့္လို့ ယုံၾကည္ေနပါတယ္။

Xiaoyuဟာ ေျပးလႊားလွုပ္ရွားရခက္တဲ့သူ႔အရပ္ေၾကာင့္ ဘတ္စကတ္ေဘာ သို့မဟုတ္ အျခားအားကစားေတြ ကစားျခင္းကို စိတ္မဝင္စားခဲ့ရၿပီး သူ႔အေျခအေနေၾကာင့္ ခြဲစိတ္ကုသမွု ၄ခုျပဳလုပ္ခဲ့ပါေသးတယ္။”ကၽြန္ေတာ္ေက်ာင္း စတက္တုန္းက ေက်ာင္းသားအမ်ားစုက ကၽြန္ေတာ့္ကို အႀကီးတန္းကေက်ာင္းသားနဲ႔အျမဲမွားေနခဲ့ၾကတယ္ အဲ့တာေတြက ကၽြန္ေတာ့္ကို စိတ္ဓာတ္က်ေစတယ္ ဒါေပမဲ့ ကမၻာ့ဂင္းနစ္စံခ်ိန္ဝင္နိုင္တာေၾကာင့္ ကၽြန္ေတာ့္အရပ္ကို ေကာင္းတဲ့အရာတစ္ခုလို့ေတြးလိုက္တယ္”လို့ Xiaoyuက ဆိုထားပါတယ္။Lu Lei အမည္ရွိတဲ့ ဂင္းနစ္ကမၻာ့မွတ္တမ္းလက္မွတ္အရာရွိဟာ Xiaoyuရဲ့စိန္ေခၚမွုကို အတည္ျပဳဖို့ Leshanၿမိဳ့ကို သြားေရာက္ခဲ့ပါတယ္။

စိန္ေခၚသူေတြက အမ်ိဳးသားျဖစ္ရၿပီး အသက္ ၁၃ႏွစ္နဲ႔၁၈ႏွစ္အၾကားျဖစ္ရမယ္လို့ Lu Leiက ေျပာၾကားခဲ့ၿပီး Xiaoyuရဲ့အရပ္ကို တစ္ေန႔တည္း မနက္ခင္း၊ေန႔လည္ခင္း၊ညေနခင္း သုံးႀကိမ္တိုင္တိုင္ တိုင္းတာခဲ့ပါတယ္။တိုင္းတာလို့အၿပီး အေျဖကို လန္ဒန္မွာရွိတဲ့ဂင္းနစ္႐ုံးခ်ဳပ္သို့ စစ္ေဆးဖို့ ေပးပို့ခဲ့ကာ တကယ္လည္း Xiaoyuဟာ ကမၻာ့အရပ္အျမင့္ဆုံးစံခ်ိန္အသစ္တင္နိုင္သူျဖစ္သြားခဲ့ပါတယ္။ကမၻာေပၚမွာ အရပ္အျမင့္ဆုံး ဆယ္ေက်ာ္သက္ေယာက်ာ္းေလးႏွင့္မိန္းကေလးေတြ အမ်ားႀကီးရွိေနဆဲပါ။ ယခင္စံခ်ိန္တင္ထားသူကေတာ့ အေမရိကန္နိုင္ငံရွိ ၁၉၉၈ခုႏွစ္ ေအာက္တိုဘာ ၂၇ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ Kevin Bradfordအမည္ရွိတဲ့ေကာင္ေလးတစ္ဦးဘဲျဖစ္ၿပီး ၂၀၁၅ခုႏွစ္ ဧၿပီလ ၃၀ရက္ေန႔မွာ အရပ္၇ေပနဲ႔ ၁လက္မ အထိရွိခဲ့ပါတယ္။

1

2

3

4

5

6

7

8

9

Mia (Mckzone Daily)

Source : siakapkeli

Unicode

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Leshan မြို့ရှိ အသက်၁၄နှစ်အရွယ် Xiaoyu Lei အမည်ရှိတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ဦးဟာ အတန်းဖော်တွေထပ် ၂ပေခန့်မြင့်နေပြီး လူအုပ်ထဲလည်း ထင်ရှားနေပါတယ်။အဆိုပါကောင်လေးဟာ အရပ် ၇ပေ ၃လက်မနီးပါး(၂.၂၁ မီတာ)ရှိပြီးသူဟာ ဆက်လက်ကြီးထွားနေဆဲဖြစ်ပါတယ်။Xiaoyuဟာ အသက် ၁၆နှစ်အရွယ်တုန်းက အရပ် ၇ပေနဲ့၁လက်မရှိတဲ့ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အရပ်အမြင့်ဆုံးအမေရိကန်ဆယ်ကျော်သက်ကောင်လေးတစ်ဦးရဲ့ စံချိန်ကို ချိုးနိုင်ဖွယ်ရှိနေပါတယ်။Xiaoyuရဲ့မိဘတွေဟာ သူ့ကိုငယ်စဉ်ကတည်းက ဆေးရုံခေါ်သွားခဲ့ပေမဲ့ ဆရာဝန်တွေက သူ့ရဲ့ထူးခြားတဲ့အရပ်အမြင့်ကိုဘာရောဂါကြောင့်မှ မဟုတ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။သူက အရပ် ၆ပေခန့်ရှိမိဘတွေနဲ့အဘိုးအဘွားတွေရဲ့မျိုးရိုးကြောင့်လို့ ယုံကြည်နေပါတယ်။

Xiaoyuဟာ ပြေးလွှားလှုပ်ရှားရခက်တဲ့သူ့အရပ်ကြောင့် ဘတ်စကတ်ဘော သို့မဟုတ် အခြားအားကစားတွေ ကစားခြင်းကို စိတ်မဝင်စားခဲ့ရပြီး သူ့အခြေအနေကြောင့် ခွဲစိတ်ကုသမှု ၄ခုပြုလုပ်ခဲ့ပါသေးတယ်။”ကျွန်တော်ကျောင်း စတက်တုန်းက ကျောင်းသားအများစုက ကျွန်တော့်ကို အကြီးတန်းကကျောင်းသားနဲ့အမြဲမှားနေခဲ့ကြတယ် အဲ့တာတွေက ကျွန်တော့်ကို စိတ်ဓာတ်ကျစေတယ် ဒါပေမဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်နိုင်တာကြောင့် ကျွန်တော့်အရပ်ကို ကောင်းတဲ့အရာတစ်ခုလို့တွေးလိုက်တယ်”လို့ Xiaoyuက ဆိုထားပါတယ်။Lu Lei အမည်ရှိတဲ့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းလက်မှတ်အရာရှိဟာ Xiaoyuရဲ့စိန်ခေါ်မှုကို အတည်ပြုဖို့ Leshanမြို့ကို သွားရောက်ခဲ့ပါတယ်။

စိန်ခေါ်သူတွေက အမျိုးသားဖြစ်ရပြီး အသက် ၁၃နှစ်နဲ့၁၈နှစ်အကြားဖြစ်ရမယ်လို့ Lu Leiက ပြောကြားခဲ့ပြီး Xiaoyuရဲ့အရပ်ကို တစ်နေ့တည်း မနက်ခင်း၊နေ့လည်ခင်း၊ညနေခင်း သုံးကြိမ်တိုင်တိုင် တိုင်းတာခဲ့ပါတယ်။တိုင်းတာလို့အပြီး အဖြေကို လန်ဒန်မှာရှိတဲ့ဂင်းနစ်ရုံးချုပ်သို့ စစ်ဆေးဖို့ ပေးပို့ခဲ့ကာ တကယ်လည်း Xiaoyuဟာ ကမ္ဘာ့အရပ်အမြင့်ဆုံးစံချိန်အသစ်တင်နိုင်သူဖြစ်သွားခဲ့ပါတယ်။ကမ္ဘာပေါ်မှာ အရပ်အမြင့်ဆုံး ဆယ်ကျော်သက်ယောကျာ်းလေးနှင့်မိန်းကလေးတွေ အများကြီးရှိနေဆဲပါ။ ယခင်စံချိန်တင်ထားသူကတော့ အမေရိကန်နိုင်ငံရှိ ၁၉၉၈ခုနှစ် အောက်တိုဘာ ၂၇ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Kevin Bradfordအမည်ရှိတဲ့ကောင်လေးတစ်ဦးဘဲဖြစ်ပြီး ၂၀၁၅ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ အရပ်၇ပေနဲ့ ၁လက်မ အထိရှိခဲ့ပါတယ်။

Mia (Mckzone Daily)

နိုင္ငံတကာ သုေတသီမ်ားက ျမန္မာႏိုင္ငံ႐ွိ ပုပၸါးမီးၿငိမ္းေတာင္အနီးတစ္ဝိုက္မွာ ရွားပါးေမ်ာက္မ်ိဳးစိတ္အသစ္တစ္မ်ိဳးေတြ႕ရွိခဲ့

ျမန္မာနိုင္ငံ ပုပၸါးေတာင္ရွိျမင့္ျမတ္တဲ့ဘုရားဖူးေနရာမွာ တကယ့္ကိုအံ့ဩဖြယ္ေကာင္းတဲ့ ေမ်ာက္မ်ိဳးစိတ္အသစ္တစ္မ်ိဳးကို သိပၸံပညာရွင္မ်ားကေတြ႕ရွိခဲ့ပါတယ္။မႏၲေလးတိုင္းေဒသ ပုပၸါးမီးၿငိမ္းေတာင္မွာေနထိုင္တဲ့ ပုပၸါးLangur အမည္ရွိေမ်ာက္မ်ိဳးစိတ္အသစ္ဟာ ကမၻာေပၚမွာရွာေဖြေတြ႕ရွိခဲ့တဲ့ ေမ်ာက္မ်ိဳးစိတ္ေပါင္း ၅၁၀ ထဲမွာ ပါဝင္ေနပါတယ္။စိတ္ဝင္စားစရာေကာင္းတာက နိုင္ငံတကာသုေတသီမ်ားအဖြဲ႕ဟာ အဆိုပါႏွစ္ေပါင္း ၁၀၀ေက်ာ္ရွိၿပီျဖစ္တဲ့ပုပၸါးေမ်ာက္ရဲ့နမူနာကို လန္ဒန္သဘာဝသမိုင္းျပတိုက္မွာ ျပသထားခဲ့ဖူးပါတယ္။လြန္ခဲ့တဲ့ရာစုႏွစ္တစ္ခုေက်ာ္ကနမူနာကိုျပန္လည္ရယူကာ ေမ်ာက္ရဲ့အေရျပားႏွင့္ ဦးေခါင္းခြံကိုျပန္လည္ဆန္းစစ္ၿပီး မ်ိဳးရိုးဗီဇ ႏွစ္ခုကို ႏွိုင္းယွဥ္ၾကည့္တဲ့အခါ မ်ိဳးစိတ္ႏွင့္ပတ္သက္ၿပီး တစ္ထပ္တည္းတူညီေနေၾကာင္းကိုလည္း ေတြ႕ရွိခဲ့ၾကပါတယ္။

ေနာက္မ်ိဳးရိုးဗီဇဆိုင္ရာေလ့လာမွုတစ္ခုအရ တစ္ခ်ိန္က မ်ိဳးစိတ္တစ္ခုတည္းဟုသတ္မွတ္ခံထားရတဲ့ေမ်ာက္အုပ္စုတစ္စုဟာ အမွန္တကယ္ေတာ့ မ်ိဳးစိတ္သုံးခုရွိေၾကာင္းကို သိပၸံဂ်ာနယ္သတၱေဗဒသုေတသနက ထုတ္ျပန္ခဲ့ပါတယ္။ဒါေပမဲ့ မ်ိဳးစိတ္အသစ္ရွာေဖြေတြ႕ရွိျခင္းက ေပ်ာ္ရႊင္မွုတစ္ခုဆိုေပမဲ့ သူတို့အား ထိန္းသိမ္းေစာက္ေရွာက္ရန္ႀကိဳးပမ္းမွုေတြမျပဳလုပ္ပါက အဆိုပါေမ်ာက္မ်ိဳးစိတ္အသစ္မ်ားသက္တမ္းတိုနိုင္ေၾကာင္း London Natural Museum ျပတိုက္ရွိနို့တိုက္သတၱဝါမ်ားကိုႀကီးၾကပ္သူ Roberto Portela Miguez ကမွတ္ခ်က္ခ်ခဲ့ပါတယ္။အဆိုပါမ်ိဳးစိတ္အသစ္က အလြန္နည္းပါးတဲ့အတြက္ေၾကာင့္ မ်ိဳးသုဥ္းလြယ္တဲ့အႏၲရာယ္ရွိနိုင္ေၾကာင္းလည္း ဆိုထားပါတယ္။

ေက်းဇူးတင္စရာေကာင္းတာက လူဦးေရထူထပ္တဲ့ ျမန္မာနိုင္ငံရဲ့ျမင့္ျမတ္တဲ့ေနရာတစ္ဝိုက္မွာေနထိုင္တဲ့အတြက္ေၾကာင့္ အဆိုပါေမ်ာက္မ်ိဳးစိတ္ေတြဟာရွင္သန္ဖို့ အခြင့္အလမ္း ပိုမိုမ်ားျပားေၾကာင္း သတင္းေထာက္တစ္ဦးက ဆိုထားပါတယ္။အခုလက္ရွိ ျမန္မာနိုင္ငံ လ်င္ျမန္စြာဖြံ့ၿဖိဳးတိုးတက္လာတာႏွင့္အမၽွ အမဲလိုက္ျခင္းႏွင့္က်က္စားရာေနရာမ်ားဆုံးရွုံးျခင္းတို့ေၾကာင့္ အဆိုပါ ပုပၸါး Iangur ေမ်ာက္မ်ိဳးစိတ္ေတြအတြက္ အႏၲရာယ္က်ေရာက္နိုင္ေၾကာင္းလည္း နိုင္ငံတကာက မွတ္ယူထားၾကပါတယ္။ျမန္မာအစိုးရအေနနဲ႔ ပုပၸါးေတာင္ေဒသနဲ႔အဆိုပါအသစ္ေတြ႕ရွိထားတဲ့ရွားပါးေမ်ာက္မ်ိဳးစိတ္ေလးေတြကို ကာကြယ္နိုင္ဖို့ ႀကိဳးပမ္းအားထုတ္မွုတစ္ခုျပဳလုပ္ေနလိမ့္မယ္လို့လည္း ေမၽွာ္လင့္မိပါတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

မြန်မာနိုင်ငံ ပုပ္ပါးတောင်ရှိမြင့်မြတ်တဲ့ဘုရားဖူးနေရာမှာ တကယ့်ကိုအံ့ဩဖွယ်ကောင်းတဲ့ မျောက်မျိုးစိတ်အသစ်တစ်မျိုးကို သိပ္ပံပညာရှင်များကတွေ့ရှိခဲ့ပါတယ်။မန္တလေးတိုင်းဒေသ ပုပ္ပါးမီးငြိမ်းတောင်မှာနေထိုင်တဲ့ ပုပ္ပါးLangur အမည်ရှိမျောက်မျိုးစိတ်အသစ်ဟာ ကမ္ဘာပေါ်မှာရှာဖွေတွေ့ရှိခဲ့တဲ့ မျောက်မျိုးစိတ်ပေါင်း ၅၁၀ ထဲမှာ ပါဝင်နေပါတယ်။စိတ်ဝင်စားစရာကောင်းတာက နိုင်ငံတကာသုတေသီများအဖွဲ့ဟာ အဆိုပါနှစ်ပေါင်း ၁၀၀ကျော်ရှိပြီဖြစ်တဲ့ပုပ္ပါးမျောက်ရဲ့နမူနာကို လန်ဒန်သဘာဝသမိုင်းပြတိုက်မှာ ပြသထားခဲ့ဖူးပါတယ်။လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုကျော်ကနမူနာကိုပြန်လည်ရယူကာ မျောက်ရဲ့အရေပြားနှင့် ဦးခေါင်းခွံကိုပြန်လည်ဆန်းစစ်ပြီး မျိုးရိုးဗီဇ နှစ်ခုကို နှိုင်းယှဉ်ကြည့်တဲ့အခါ မျိုးစိတ်နှင့်ပတ်သက်ပြီး တစ်ထပ်တည်းတူညီနေကြောင်းကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

နောက်မျိုးရိုးဗီဇဆိုင်ရာလေ့လာမှုတစ်ခုအရ တစ်ချိန်က မျိုးစိတ်တစ်ခုတည်းဟုသတ်မှတ်ခံထားရတဲ့မျောက်အုပ်စုတစ်စုဟာ အမှန်တကယ်တော့ မျိုးစိတ်သုံးခုရှိကြောင်းကို သိပ္ပံဂျာနယ်သတ္တဗေဒသုတေသနက ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ မျိုးစိတ်အသစ်ရှာဖွေတွေ့ရှိခြင်းက ပျော်ရွှင်မှုတစ်ခုဆိုပေမဲ့ သူတို့အား ထိန်းသိမ်းစောက်ရှောက်ရန်ကြိုးပမ်းမှုတွေမပြုလုပ်ပါက အဆိုပါမျောက်မျိုးစိတ်အသစ်များသက်တမ်းတိုနိုင်ကြောင်း London Natural Museum ပြတိုက်ရှိနို့တိုက်သတ္တဝါများကိုကြီးကြပ်သူ Roberto Portela Miguez ကမှတ်ချက်ချခဲ့ပါတယ်။အဆိုပါမျိုးစိတ်အသစ်က အလွန်နည်းပါးတဲ့အတွက်ကြောင့် မျိုးသုဉ်းလွယ်တဲ့အန္တရာယ်ရှိနိုင်ကြောင်းလည်း ဆိုထားပါတယ်။

ကျေးဇူးတင်စရာကောင်းတာက လူဦးရေထူထပ်တဲ့ မြန်မာနိုင်ငံရဲ့မြင့်မြတ်တဲ့နေရာတစ်ဝိုက်မှာနေထိုင်တဲ့အတွက်ကြောင့် အဆိုပါမျောက်မျိုးစိတ်တွေဟာရှင်သန်ဖို့ အခွင့်အလမ်း ပိုမိုများပြားကြောင်း သတင်းထောက်တစ်ဦးက ဆိုထားပါတယ်။အခုလက်ရှိ မြန်မာနိုင်ငံ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ အမဲလိုက်ခြင်းနှင့်ကျက်စားရာနေရာများဆုံးရှုံးခြင်းတို့ကြောင့် အဆိုပါ ပုပ္ပါး Iangur မျောက်မျိုးစိတ်တွေအတွက် အန္တရာယ်ကျရောက်နိုင်ကြောင်းလည်း နိုင်ငံတကာက မှတ်ယူထားကြပါတယ်။မြန်မာအစိုးရအနေနဲ့ ပုပ္ပါးတောင်ဒေသနဲ့အဆိုပါအသစ်တွေ့ရှိထားတဲ့ရှားပါးမျောက်မျိုးစိတ်လေးတွေကို ကာကွယ်နိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတစ်ခုပြုလုပ်နေလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Mia (Mckzone Daily)