WORLD NEWS

တစ်နှစ်တစ်ခေါက် အစုလိုက်အပြုံလိုက် ပေါ်ထွက်လာတတ်တဲ့ သန်းနဲ့ချီတဲ့ အနီရောင်ဂဏန်းများ

အနီရောင်ဂဏန်းတွေ အစုလိုက်အပြုံလိုက် ပေါ်ထွက်လာတတ်တဲ့ကျွန်းကို ခရစ်စမတိကျွန်းလို့ ခေါ်ပြီး အဆိုပါကျွန်းဟာ သြစတြေးလျနိုင်ငံမှာ တည်ရှိပါတယ် ။ ကျွန်းပတ်ပတ်လည် တောင်တန်းတွေနဲ့ဝိုင်းရံထားပြီး အမြဲစိမ်းစိုနေခဲ့တဲ့ ကျွန်းလေးပါ ။ အဆိုပါကျွန်းမှာရှိတဲ့ အနီရောင်ဂဏန်းတွေဟာ တစ်နှစ်တစ်ခေါက် သားပေါက်ဖို့ ပင်လယ်ဆီကိုခရီးထွက်လေ့ရှိကြပါတယ် ။အရင်ဦးဆုံး အထီးတွေက ပင်လယ်ဘက်ကိုအရင်သွားပြီး 5/6 ရက်လောက်အကြာမှ အမတွေက ပင်လယ်နားသို့ ရောက်လာခဲ့ကြတာပါ ။ အမတွေရောက်ရှိလာချိန်မှာတော့ အထီးတွေက ပိုပြီးများပြားလာခဲ့ပါတယ် ။သို့ပေမဲ့လည်း သူတို့ရဲ့ခရီးလမ်းက အတော်ကြမ်းတမ်းခဲ့ပါတယ် ။…


ချောမောလှပလွန်းတာကြောင့် ကားစီးနေရင်း မိန်းကလေးလို့ အထင်လွဲခံခဲ့ရပြီး နာမည်ကြီးသွားခဲ့တဲ့ ကောင်လေးအဖြစ်

Social media အသုံးပြုသူများက ဂျစ်ကားပေါ်လိုက်ပါစီးနင်းခဲ့တဲ့ နာမည်ကျော်မိန်းကလေးရဲ့ဓာတ်ပုံ နောက်ကွယ်က အဖြစ်မှန်ကို သိလိုက်ရတော့ အံ့အားသင့်ထိတ်လန့်ခဲ့ရပါတယ် ။ အကြောင်းကတော့ အဆိုပါကောင်လေးဟာ ချောမောလှပလွန်းပြီး မိန်းကလေးစိတ်နဲ့မို့ နွဲ့နွဲ့နှောင်းနှောင်းလေးလှနေခဲ့တာပါ ။ သို့ပေမဲ့လည်း သူ့ရဲ့ ဂျစ်ကားပေါ်က snapshot ဓာတ်ပုံလေးတွေက အတော်လေးရေပန်းစားသွားခဲ့ပြီး ၊ ယောင်္ကျားလေးဖြစ်နေမှန်း ဘယ်သူကမှ မယုံကြည်နိုင်လောက်တဲ့အထိပါပဲ ။ လှပချောမောလွန်းလို့ မိန်းကလေးစိတ်ဖြစ်နေခဲ့တာ မတန်ဘူးဆိုပြီး အချို့က ဝေဖန်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အချို့ကတော့…


အဝလွန်နေလို့ ကျန်းမာရေးနဲ့ပက်သက်ပြီး သတိပေးခြင်းခံနေရတဲ့ ကျားများ(ရုပ်သံ)

တရုတ်နိုင်ငံ ၊ Harbin မြို့မှာရှိတဲ့ ကျားကြီးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ဥယျာဉ်ခြံတစ်ခုမှာဆိုရင် ကျားကြီးတွေဟာ သာမာန်ထက် များစွာပိုလွန်ပြီး ဝဖြိုးနေကြပါတယ် ။ ကျားတွေဟာ ကိုယ်လက်လှုပ်ရှားမှုတွေ လုံးဝမရှိတဲ့အပြင် ၊ အမြဲလဲအိပ်နေလေ့ရှိကြောင်း ဥယျာဉ်ခြံသို့ လာရောက်လှည်ပတ်ကြသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ် ။ တိရစ္ဆာန်တွေရဲ့ကျန်းမာရေးအဖွဲ့အစည်းကလည်း ကျားကြီးတွေဟာ အဝလွန်နေပြီး ကျန်းမာရေးထိခိုက်နေကြလို့ လှုပ်ရှားမှုတွေမရှိတော့တာဖြစ်ကြောင်း ၊ ကျန်းမာရေးနဲ့ညီညွတ်စွာထားရှိပြီး ကျွေးမွေးစောင့်ရှောက်ကြဖို့ သတိပေးလာခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ဥယျာဉ်ခြံမှ ဝန်ထမ်းများကတော့ ကျားကြီးတွေဟာ…


ခက်ခဲကြမ်းတမ်းတဲ့ ခရီးကိုဖြတ်ကျော်ပြီးမှ စာသင်ကြားခွင့်ရခဲ့ကြတဲ့ ကလေးငယ်များ

မိဘတွေအနေနဲ့ မိုးကြီးလွန်းတဲ့နေ့တွေမှာ ကလေးငယ်တွေကို ကျောင်းပို့ ၊ ကျောင်ကြိုလုပ်ရတာက အတော်လေး ခက်ခဲတယ်လို့ ထင်မြင်မိကြမှာပါ ။ သို့ပေမဲ့လည်း အချို့ဒေသမှာ နေထိုင်ကြတဲ့ကလေးငယ်တွေအနေနဲ့ စာသင်ကြားခွင့်ရဖို့ သူတို့ရဲ့အသက်အရွယ်နဲ့ မလိုက်ဖက်လောက်အောင် သာမှန်မဟုတ်တဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကိုဖြတ်ကျော်ပြီးမှ စာသင်ကျောင်းသို့ ရောက်ရှိကြရတာပါ ။ အချို့ကလေးငယ်တွေဆိုရင် နေ့စဉ်ကျောင်းသွားတဲ့ပုံစံက အသက်အန္တာရယ်နဲ့ရင်းပြီး သွားရလောက်တဲ့အထိပါပဲ ။ ကမ္ဘာ့အရပ်ရပ်က ကျောင်းသို့ ခက်ခက်ခဲခဲ သွားရောက်ကြရတဲ့ ကျောင်းသားတွေရဲ့ အခြေအနေ ၊ လမ်းခရီးကို…


လူပေါင်း 6000 ခန့်က သုသာန်ကို တစ်ကယ့်နေအိမ်တစ်ခုလို မှီခိုအားထားနေထိုင်နေကြရတဲ့ အဖြစ်

ကမ္ဘာတစ်ဖက်တစ်ခြမ်းမှာ နေထိုင်နေကြရတဲ့လူတွေရဲ့ ဘဝအခြေအနေကို ကိုယ်တွေမသိနိုင်ပါဘူး ။ တစ်ချို့သူတွေကတော့ ကိုယ်တွေထက် အဆင်ပြေကြလိမ့်မယ် ။ သို့ပေမဲ့လည်း အချို့သောလူတွေရဲ့ဘဝအခြေအနေတွေက ကိုယ်တွေထက် များစွားဆိုးရွားလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့မှနေထိုင်လျက်ရှိတဲ့ လူပေါင်း 6000 ကျော်ခန့်ဟာ သုသာန်ကို သူတို့ရဲ့နေအိမ်လို မှီခိုပြီး နေထိုင်နေကြရတာပါ ။ သူတို့အတွက်ကတော့ သုသာန်ကလွဲပြီး အခြားနေစရာ နေရာမရှိလို့ပါပဲ ။ မနီလာမြို့ရဲ့မြောက်ဖက်ပိုင်းမှာရှိတဲ့ အဆိုပါသုသာန်ဟာ အကြီးဆုံး နဲ့…


လူတွေအသုံးမပြုတော့ဘဲ စွန့်ပစ်ထားတဲ့ Shopping Mall ကြီးထဲမှာ ထောင်နဲ့ချီတဲ့ငါးတွေ အသက်ရှင်နေထိုင်ခဲ့ကြတဲ့အဖြစ် (ရုပ်သံ)

လူတွေစွန့်ပစ်ထားတဲ့ Shopping Mall ကတော့ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ တည်ရှိနေခဲ့တာပါ ။ အဆိုပါ Mall ကြီးဟာဆောက်လုပ်ပြီးစီးတာနဲ့ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချမှုမရှိလို့ 1997 ခုနှစ်မှာ ပိတ်သိမ်းခဲ့ရပါတယ် ။ 1999 ခုနှစ်မှာ မီးဘေးကြောင့် အဆောက်အအုံရဲ့အမိုးတွေပေါက်ကွဲပျက်စီးခဲ့ရပါတယ် ။ နောက်ပိုင်း မိုးတွေရွာသွန်းတဲ့အချိန်မှာ ခြင်တောင် အဆမတန်ပေါက်ဖွားလာလို့ အဆိုပါပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ ဒေသခံတွေ အခက်တွေ့ခဲ့ရပါတယ် ။ နောက်ဆုံး အင်းဆက်ပိုးတွေ များလာတော့ ဒေသခံတွေက…


ဆာလောင်နေတဲ့ မိကျောင်းတွေကို လက်ဗလာနဲ့အစာကျွေးခဲ့တဲ့ အမျိုးသား (ရုပ်သံ)

ကိုယ့်ကိုယ်ကို သတ္တိရှိနေပြီလို့တွေးထင်နေရင်တော့ ဒီ video လေးကို အရင်ကြည့်စေလိုပါတယ် ။ အကြောင်းကတော့ လူတိုင်းအနားကပ်မခံဝံ့တဲ့ မိကျောင်းတွေကို လက်နဲ့သာ အစာကျွေးနေခဲ့တဲ့အမျိုးသားကြောင့်ပါ ။ မိကျောင်းကပဲ ယဉ်ပါးနေလို့လား ၊ ဒါမှမဟုတ် အဆိုပါအမျိုးသားကဘဲ အကြောက်အလန့်မရှိတာလားဆိုတာကို ခန့်မှန်းလို့မရလောက်အောင်ပါပဲ ။ မိကျောင်းတွေကလည်း သူတို့ရဲ့အလှည့်ကျ အစာကျွေးမှာကို စောင့်နေခဲ့ကြတာပါ ။ ပိုပြီးဆိုးဝါးတာကတော့ ဆာလောင်နေတဲ့မိကျောင်းကို လက်ဗလာနဲ့ အစာကျွေးခဲ့လို့ အဆိုပါအမျိုးသားရဲ့ video ဟာ social media…


ဒေသခံပြည်သူတွေ လေးစားအားကျရတဲ့ လက်တွေ့အပြင်ဘဝ Spiderman တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့တဲ့ အမျိုးသား (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ Pare-Pare မြို့မှာ နေထိုင်တဲ့ အသက် 36 နှစ်အရွယ် Rudi Hartono အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ကော်ဖီဆိုင်က အလုပ်သမားတစ်ဦးဖြစ်ပေမဲ့လည်း သူနေထိုင်တဲ့အနီးဝန်ကျင် နှင့် မြို့ကို အမြဲ ပလပ်စတစ်ကင်းစင်ပြီး သန့်ရှင်းသာယာအောင် ကြိုးစားနေသူပါ ။ အစပိုင်းမှာတော့ သာမှန်အတိုင်သာ အမှိုက်သရိုက်တွေရှင်းလင်းတဲ့ လှုပ်ရှားမှုမျိုး ပြုလုပ်ခဲ့ပေမဲ့လည်း မည်သူကမှ သတိမထားမိခဲ့ပါဘူး ။ နောက်ပိုင်း အဆိုပါ Spiderman ဝတ်စုံ ဝတ်ဆင်ပြီး ပလပ်စတစ်အမှိုက်တွေ…


25 မီတာအမြင့်မှာရှိတဲ့ စည်ပိုင်းထဲမှာ ရက်ပေါင်း 70 ကျော် နေထိုင်ခဲ့တဲ့အမျိုးသား (ရုပ်သံ)

တောင်အာဖရိက ရဲ့ Dullstroom မြို့မှာရှိတဲ့ အသက် 52 နှစ်အရွယ် Vernon Kruger အမည်ရှိတဲ့အမျိုးသားဟာ မြေပြင်ပေါ်ခြေထောက်လုံးဝမချဘဲ 25 မီတာအမြင့်မှာရှိတဲ့ တိုင်တစ်လုံးနဲ့ထောက်ထားတဲ့ စည်ပိုင်းပေါ်မှာ ရက်ပေါင်း 73 ရက်ခန့်နေထိုင်ခဲ့ပါတယ် ။ လွန်ခဲ့တဲ့ 22 နှစ်ခန့်က အဆိုပါစည်ပေါင်းပေါ်မှာ ပထမဆုံးအကြိမ်အနေနဲ့ Kruger တက်ပြီး နေခဲ့ပါသေးတယ် ။ တစ်ရက်မှာတော့ သူငယ်ချင်းဖြစ်သူနဲ့ အပန်ဖြေခရီးထွက်ရင်း ‘ သစ်ပင်ပေါ်တက်ပြီး ထိုင်နေတဲ့စံချိန်ကို မင်းဘာလို့မချိုးတာလဲ…


မိကျောင်းရဲ့လည်ပင်းက တာယာကွင်းကို ဖြုတ်ယူနိုင်တဲ့မည်သူ့ကိုမဆို များစွာသောဆုကြေးငွေပေးမည်ဟု ကမ်းလှမ်းခံရ(ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံရဲ့အစိုးရကတော့ 13 ပေအရှည်ရှိတဲ့မိကျောင်းကြီးရဲ့လည်ပင်းမှာ စွတ်ဝင်နေတဲ့ ဆိုင်ကယ်တာယာဘီးကို ဖြုတ်ယူနိုင်တဲ့မည်သူ့ကိုမဆို များစွာသောဆုကြေးငွေပေးမည်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ် ။ အဆိုပါတာယာကွင်းဟာ 2016 ခုနှစ်ကတည်းက မိကျောင်းရဲ့လည်ပင်းမှာ စွတ်ဝင်နေခဲ့တာဖြစ်ပြီး ၊ ဆက်လက်ကြီးထွားနေဆဲဖြစ်တဲ့ မိကျောင်းရဲ့လည်ပင်းအစ်နေမှာစိုးရိမ်လို့ ယခုလို အစိုးရကိုယ်တိုင်ကမ်းလှမ်းခဲ့တာပါ ။ 2018 ခုနှစ်က အဆိုပါတာယာကွင်းကိုဖြုတ်ယူဖို့ ကြိုးစားခဲ့သေးပေမဲ့ မအောင်မြင်ခဲ့ပါဘူး ။ အချို့ကလည်း မိကျောင်းကို မေ့ဆေးသေနတ်နဲ့ပစ်ပြီး ဖမ်းယူကာ လည်ပင်းကတာယာကွင်းကို အလွယ်တကူဖြုတ်ယူနိုင်ကြောင်း အကြံပေးခဲ့ကြပေမဲ့ ၊ စိုးရိမ်ရတဲ့…