Articles by Jasmine Jasmine

နှာခေါင်းပေါက်ထဲကို ထမင်းစားတဲ့တူနဲ့နှိုက်ရင်း အခန့်မသင့်နှာခေါင်းပေါက်ထဲ တူစိုက်ဝင်သွားတဲ့အမျိုးသား

လူတိုင်းလိုလိုမှာတော့ မနှစ်မြို့စရာကောင်တဲ့ အမှုအကျင့်တစ်ခုစီတော့ရှိကြမှာပါ ။ အထူးသဖြင့် နှာခေါင်းနှိုက်တာပေါ့ ။ ဒီတစ်ခေါက်အဖြစ်အပျက်ကလည်း တော်တော်လေးကိုဆိုးဝါးလွန်းပါတယ် ။ ဘာလို့လည်းဆိုတော့ လူအများစုဟာ နှာခေါင်းကိုလက်နှင့်သာနှိုက်လေ့ရှိပေမဲ့ ဒီဦးလေးတစ်ယောက်ကတော့ နှာခေါင်းကိုတော်တော်ရှည်တဲ့ထမင်းစားတူနဲ့နှိုက်ခဲ့လို့. အဲ့လုပ်ရပ်ရဲ့ အကျိုးဆက်ကိုခံစားခဲ့ရပါတယ် ။ သတင်းအရင်းအမြစ်အရ တရုတ်နိုင်ငံ ၊ Changsha မျြို့မှာနေထိုင်လျက်ရှိတဲ့ အမျိုးသားတစ်ဦးဟာ မိသားစုဝင်တွေနဲ့ညစာစားပြီးနောက်မှာတော့ နှားခေါင်ထဲမှာတော်တော်လေးကိုယားနေခဲ့လို့ နှာခေါင်းကိုအတော်လေးနှိုက်ချင်နေခဲ့ပါတယ် ။ သို့ပေမဲ့လည်း ယဉ်ကျေးမှုအရ အကုန်လုံးစားပြီးတဲ့အချိန်ကိုစောင့်နေခဲ့ပြီး အကုန်လုံးထထွက်သွားတဲ့အချိန်ခါကျမှ ဘားမှမတွေးနိုင်တော့ဘဲ တူတစ်ချောင်းကိုကောက်ယူလိုက်ပြီး နှာခေါင်းထဲသို့ထိုးထည့်ကာ…


14နှစ်အရွယ်ကျောင်းသူလေးကို နှစ်ကြိမ်အနမ်းပေးခဲ့မိလို့ ထောင်ဒဏ် 6လ ချမှတ်ခံခဲ့ရတဲ့ ကျောင်းဆရာ

ကျောင်းဆရာဆိုတာ လူမှုပတ်ဝန်းကျင်တွေမှာ အမြဲလေးစားခံရတဲ့သူမျိုးတွေဖြစ်ပြီး ၊ နိုင်ငံရဲ့အနာဂတ်ရတနာလေးတွေကို ပြုစုပျိုးထောင်ပေးနေသူတွေလည်း ဖြစ်ပါတယ် ။ သို့ပေမဲ့ အချို့သူတော်ကောင်းယောင်ဆောင်နေတဲ့ ဆရာတွေလည်းရှိပါတယ် ။ ဒီတစ်ခေါက်မှာတော့ စင်ကာပူနိုင်ငံက အသက် 35နှစ်အရွယ်ကျောင်ဆရာဟာ သူ၏အသက်14နှစ်အရွယ် ကျောင်းသူလေးရဲ့နှုတ်ခမ်းကို 2ကြိမ်တိုင်တိုင် အနမ်းပေးခဲ့မိတဲ့အတွက် ထောင်ဒဏ် 6လ ချမှတ်ခံခဲ့ရပါတယ် ။အဆိုပါကျောင်းဆရာဟာ မူလတန်းနှင့် အလယ်တန်းပြ ဆရာတစ်ဦးဖြစ်ပြီး ကျောင်းစာမဟုတ်တဲ့ အပြင်ပိုင်းလှုပ်ရှားမှုတွေကိုလည်း တာဝန်ယူသင်ကြားပေးနေရသူလည်းဖြစ်ပါတယ် ။အဆိုပါလှုပ်ရှားမှုတွေကို ၎င်းကျောင်းသူကလည်းတက်ရောက်ခဲ့ပြီး ပထမဆုံအကြိမ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဖြစ်ပွားခဲ့တာကတော့ အပြင်ပိုင်းတက်ကြွလှုပ်ရှားမှုတစ်ခုဖြစ်တဲ့…


ချစ်သူနဲ့လက်ထပ်ဖို့လုံးဝသဘောမတူခဲ့တဲ့ဖခင်ကို ရအောင်သိမ်းသွင်းနိုင်ခဲ့တဲ့နည်းလမ်းကို ဝေမျှခဲ့တဲ့အမျိုးသား

ဒီအမျိုးသားကတော့ သူ၏ international relationship အတွေ့အကြုံကို Subtle Asian Traits ဟုခေါ်သော Facebook group မှာဝေမျှခဲ့တဲ့အတွက် လူအများ၏စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ် ။ Clarence Tan အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ ဟောင်ကောင်သွေးတစ်ဝက် ၊ စင်ကာပူသွေးတစ်ဝက်ရောနောခဲ့တဲ့ ကပြားတစ်ယောက်ဖြစ်ပြီး USA မှာအခြေ ချနေထိုင်နေသူလည်းဖြစ်ပါတယ် ။ သူမကြာသေးခင်ကလက်ထပ်ခဲ့တဲ့ ချစ်သူကောင်မလေးကတော့ Edna ဖြစ်ပြီး အာဖရိကအနောက်ပိုင်းက Ghanaနိုင်ငံသူလေးဖြစ်ပါတယ် ။Clarence ၏ပြောပြချက်အရ ” စိတ်ကူးကြည့်ပါ…


အမှောင်ထဲမှာညတိုင်း Mobile Game ကစားနေခဲ့လို့ မျက်လုံးတိမ်စွဲသွားခဲ့ရတဲ့ အမျိုးသမီး

မျက်လုံးတိမ်စွဲသွားတယ်ဆိုတာ မျက်လုံးဟာပုံမှန်မဟုတ်တဲ့ဖိအားအများအပြားခံစားရသောကြောင့် အာရုံကြောထိခိုက်ပျက်ဆီးမှုကိုခံစားခဲ့ရပြီး မည့်သည့်အသက်အရွယ်မျိုးမဆို မျက်စိကွယ်နိုင်ပြီး ၊ များသောအားဖြင့် အသက် 60ကျော်အရွယ်များသာလျှင် အဖြစ်များကြောင်း သိရှိရပါတယ် ။သို့ပေမဲ့လည်း တရုတ်နိုင်ငံမှ အသက် 29နှစ်အရွယ်အမျိုးသမီးဟာ ညအိပ်ယာမဝင်ခင်သူငယ်ချင်းဖြစ်သူနှင့် အမြဲMobile Game ဆော့နေခဲ့လို့ သူမ၏မျက်လုံး တိမ်စွဲခြင်းကို ခံစားခဲ့ရပါတယ် ။ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသမီးနှင့် သူမ၏သူငယ်ချင်းဖြစ်သူတို့မှာ Mobile Game မှာတစ်ဖွဲ့တည်းကစားခဲ့ကြရင်း အတော်အကြိုက်တွေ့ခဲ့ကြ၍ ညတိုင်းGame အတူကစားရန် သဘောတူခဲ့ကြပါတယ် ။ အစပိုင်းမှာတော့ သူမဟာအိပ်ယာမဝင်ခင်…


လုံခြုံရေးအစောင့်တွေရဲ့လစာမပေးလို့ဆိုပြီး အမျိုးသားတစ်ဦးကိုသေတဲ့အထိ ရိုတ်သတ်ခဲ့သူ (ရုပ် /သံ)

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ မလေးရှားနိုင်ငံ ၊Selangor မြို့မှာရှိတဲ့ Petaling Jaya ကွန်ဒိုတိုက်တန်းတစ်ခုမှာ အမျိုးသားတစ်ဦးကို 54နှစ်အရွယ်လုံခြုံရေးအစောင့်တစ်ဦးက ဆိုင်ကယ်ဦးထုပ်ဖြင့်ရိုက်သတ်မှု ဖြစ်ပွားခဲ့ပါတယ် ။၎င်းအမျိုးသား၏ရုပ်အလောင်းကိုတော့ စက်တင်ဘာလ 2ရက်နေ့ မနေ့ညနေခင်း 3နာရီအချိန်မှာ ၊ သော့ခတ်ထားတဲ့ဝန်ထမ်းတွေအသုံးပြုတဲ့ သန့်စင်ခန်းထဲမှာ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ် ။ရဲအရာရှိများကတော့ တိုင်ကြားမှုကို ညနေ3 :18 မိနစ်မှာရရှိခဲ့တာပဲဖြစ်ပြီး ၊ အခင်းဖြစ်ပွားရာနေရာသို့အလျင်အမြန်သွားရောက်ခဲ့ကြပါတယ် ။ ရဲအရာရှိများရောက်ရှိသွားချိန်မှာတော့ သေဆုံးသွားပြီးဖြစ်တဲ့အဆိုပါအမျိုးသား၏ ရုပ်အလောင်းဟာ သွေးအိုင်တွေထဲမှာလဲကျနေတာကို တွေ့ရှိခဲ့ရပါတယ် ။ ဆေးအကူအဖွဲ့များကလည်း…


ဇနီးသည်ကို ကိုယ်ဝန်ပျက်ကျပြီး သန္ဓေသားထွက်ကျတဲ့အထိ ရိုက်နှက်ခဲ့တဲ့ အမျိုးသား

ထိုင်းအမျိုးသမီးတစ်ဦးဟာ သူမကိုကိုယ်ဝန်ပျက်တဲ့အထိ ရိုက်နှက်ခဲ့တဲ့ခင်ပွန်သည်အကြောင်းကို သူမရဲ့social media မှာဝေမျှသွားခဲ့ပါတယ် ။ အဆိုပါအသက် 36နှစ်အရွယ်အမျိုးသမီးဟာ အနှိပ်ခန်းမှာအလုပ်လုပ်ကိုင်ရင်းနဲ့ သူမ၏လက်ရှိခင်ပွန်းနဲ့တွေ့ဆုံခဲ့ကြတာပါ ။ ခင်ပွန်းဖြစ်သူဟာ သူမထက်10နှစ်ခန့်ငယ်ပြီး သူမလက်တွဲဖော်အဖြစ်ပိုင်ဆိုင်ခဲ့ပြီးနောက် အတော်လေးပျော်ရွှင်ခဲ့ပြီး အလုပ်မှထွက်ကာ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်သာနေထိုင်ရန် ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။သို့ပေမဲ့လည်း အလုပ်လုပ်ဖို့ပျင်းရိနေခဲ့တဲ့ခင်ပွန်သည်ဖြစ်သူက သူမကိုယ်ဝန်ဆောင်နေရပေမဲ့လည်း သူမကိုအပြင်အလုပ်ထွက်လုပ်ခိုင်းခဲ့ပါတယ် ။ ခင်ပွန်းဟာအိမ်မှာဘာအလုပ်မှ မလုပ်ပဲနေနေပေမယ့်လည်း သူမနားအမြဲပိုက်ဆံတောင်းယူခဲ့ပါတယ် ။ထို့အပြင် ခင်ပွန်းဖြစ်သူ၏ ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းအတွက် သူမပိုက်ဆံတွေကိုစုဆောင်းခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါလုပ်ငန်းဟာကျဆုံးသွားခဲ့တဲ့အတွက် သူမစုဆောင်းထားခဲ့တဲ့ပိုက်ဆံများဟာ…


Crush နေရတဲ့ကောင်မလေးက ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့တွဲသွားလို့ ကိုယ့်ကိုသတ်သေဖို့ကြိုးစားခဲ့တဲ့ ကျောင်းသား

ပြီးခဲ့တဲ့ March 12ရက်နေ့က 13နှစ်အရွယ်ကျောင်းသားတစ်ယောက်ဟာ သူတစ်ဖက်သတ်ချစ်နေခဲ့ရတဲ့ကောင်မလေးကို ဖွင့်ပြောခဲ့ပေမဲ့လည်း ငြင်းပယ်ခံခဲ့ရလို့ဆိုပြီး ကျောင်းခေါင်မိုးပေါ်တက်ပြီးကိုယ့်ကိုအဆုံးစီရင်ဖို့ကြိုးစားခဲ့ပါတယ် ။အဆိုပါ အဖြစ်အပျက်ဟာ မလေးရှားနိုင်ငံ ၊ Selangor ပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ နေ့လယ် 1နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။သတင်းအရင်းအမြစ်အရ အဆိုပါကျောင်းသားလေးဟာ သူချစ်ကြိုက်နေခဲ့တဲ့ကောင်မလေးကို အစောကတည်းကဖွင့်ပြောခဲ့ပေမဲ့လည်း ကောင်မလေးဟာ သူမချစ်ခင်နေရတဲ့အခြားကျောင်းသားတစ်ယောက်ရှိကြောင်း ပြောပြပြီးငြင်းပယ်ခဲ့၍ မယုံကြည်နိုင်ဖြစ်ခဲ့ပြီး မခံစားနိုင်တော့ဘဲ ကျောင်းခေါင်မိုးပေါ်တက်ပြီးကိုယ့်ကိုအဆုံးစီရင်ဖို့မကြိုးစားခင်မှာ သေတမ်းစာရေသားခဲ့ပါသေးတယ် ။ သေတမ်းစာထဲမှာတော့ ” ကျွန်တော့်သူငယ်ချင်းနဲ့ရန်ဖြစ်ပြီးတော့ ကျွန်တော်ကိုယ့်ကိုသတ်သေချင်ခဲ့ပါတယ်…


ကားထဲမှာဖောက်ပြန်နေတာကို ဇနီးသည်ကဖမ်းမိသွားလို့ ဇနီးကိုကားနဲ့တိုက်ပြီးထွက်ပြေးခဲ့တဲ့ အမျိုးသား

အခုခေတ်မှာတော့ ဖောက်ပြန်နေတယ်ဆိုတဲ့သတင်းကိုအမြဲလိုလိုကြားနေရပြီး မြင်နေတွေ့နေရတာ စိတ်မကောင်းလောက်အောင်ပါပဲ ။ တစ်ချို့သော သူငယ်ချင်းတွေ ၊ အိမ်ထောင်သည်တွေ သူတို့ရဲ့လက်တွဲဖော်တွေက ဘယ်လိုပုံစံဖောက်ပြန်ပြီး ဘယ်လိုထားပစ်ခဲ့တာစတဲ့အကြောင်းအရာတွေကို social media ပေါ်မှာတင်လေ့ရှိတော့ ကိုယ့်အတွက်မထူဆန်းတော့လောက်အောင်ပါပဲ ။ သို့ပေမဲ့လည်း ဒီအဖြစ်အပျက်ကတော့ တော်တော်လေးကို တမူထူးခြားနေခဲ့ပါတယ် ။ဖြစ်စဉ်ကတော့ မလေးရှားနိုင်ငံက ခင်ပွန်းသည်တစ်ဦးဟာ ကားထဲမှာအခြားအမျိုးသမီးနဲ့ဖောက်ပြန်နေတာကို ဇနီးသည်ဖြစ်သူကမိသွားလို့ ဇနီးသည်ကိုကားနဲ့တိုက်ပြီးမောင်းပြေးခဲ့တဲ့ အဖြစ်အပျက်ပါ ။ပြီးခဲ့တဲ့ August 29 ရက်နေ့ ည 8:30 အချိန်မှာ…


အစားအသောက်တွေကိုအမြဲမှုတ်ပြီးမှ ကျွေးခဲ့တဲ့မိခင်ကြောင့် ရောဂါကူးစက်ခံခဲ့ရတဲ့ သမီးလေး

8နှစ်အရွယ်သာရှိသေးတဲ့ Xiao Mei အမည်ရှိတဲ့ကလေးမလေးဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဗိုက်ဆာတိုင်းဝမ်းဗိုက်နာကျင်တဲ့ဝေဒနာကိုခံစားနေခဲ့ရတာပါ ။ သူမ၏ဝမ်းဗိုက်နာကျင်နေရခြင်းဟာ မိခင်ဖြစ်သူက သူမကိုအစာမကျွေးခင် အစားအသောက်အပေါ်အမြဲတမ်းမှုတ်ပြီးမှကျွေးခဲ့သောကြောင့် အစားအသောက်ပေါ်ဘတ်တီးရီးယားပိုးများတွယ်ကပ်မိသွားခဲ့ပြီး ထိုမှတစ်ဆင့်ရောဂါကူးစက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ။ ကလေးမလေးဟာ တရုတ်နိုင်ငံ ၊ Hangzhou မြို့ရှိ မူလတန်းကျောင်းကိုတက်ရောက်နေတာ မကြာသေးပေမဲ့လည်း သူမ၏အရပ်အမောင်းမှာ 155cm ရှိနေခဲ့ပြီး ၊ ကိုယ်အလေးချိန်မှာလည်း 65kg ရှိနေခဲ့ကြောင်းလည်းသိရှိရပါတယ် ။ သူမဟာ အစားအသောက်များကိုအလွန်နှစ်သက်ပြီး ကြီးထွားချိန်လည်းဖြစ်နေသည့်အတွက် သူမ၏မိဘများက သူမကိုအစားအစာနှင့်ပက်သက်ပြီး ထိန်းချုပ်ခဲ့ခြင်းမျိုးမရှိကြောင်း…


စိတ်ကျရောဂါခံစားနေရတဲ့အကြောင့်ကိုရင်ဖွင့်မိခဲ့လို့ အဲ့အစားလူအများရှေ့မှာ အရှက်ခွဲခံလိုက်ရတဲ့ မိန်းကလေး

စိတ်ကျရောဂါခံစားနေရတယ်ဆိုတဲ့အရာဟာ လူ့အသိုင်းအဝိုင်တွေထဲမှာပျံနှံ့ လွယ်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့ တော်ရုံတန်ရုံနဲ့တော့ အခြားသူတွေကိုပြောပြလေ့မရှိကြပါဘူး ။ ဒီနောက်ပိုင်းလူငယ်တွေအတော်များများမှာ သူတို့တွေခံစားနေရတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်တတ်ကြပါတယ် ။အမျိုးသမီးတစ်ယောက်ကတော့ သူ့ရဲ့စိတ်ကျရောဂါနှင့် ပက်သက်ပြီးရင်ဖွင့်ခဲ့တဲ့အတွေ့အကြုံကို သူမ၏ Twitter စာမျက်နှာမှာ ဝေမျှထားခဲ့ပါတယ် ။သူမရဲ့ စိတ်ကျန်းမာရေအခြေအနေတွေကို သူမတက်နေတဲ့တက္ကသိုလ်၏ counsellorနား ရင်ဖွင့်ခဲ့ပါတယ် ။ဒီလိုမျိုးရင်ဖွင့်ဖို့ကိုလည်း သူမဟာကြာရှည်စွာစဉ်းစားခဲ့ပြီးမှ နောက်ဆုံးမှာတော့ ဒီလိုရင်ဖွင့်တဲ့နည်းလမ်းနဲ့အကူအညီရနိုင်မယ်လို့ ထင်မှတ်ပြီးဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။သို့ပေမဲ့ ကံဆိုးစွာနဲ့ပဲ ကျင့်ဝတ်သိက္ခာမဲ့တဲ့အဆိုပါ counsellorကတော့ သူမ၏စိတ်ခံစားချက်အခြေအနေတွေကို အတန်းရှေ့မှာ…