Articles by Jasmine Jasmine

ဗိုက်ဆာလို့အစာတောင်းစားခဲ့မိလို့ ဆီပူနဲ့ လောင်းပက်ခြင်းခံခဲ့ရတဲ့ ကြောင်မလေး

ကြောင်ဆိုတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ချစ်ဖို့ကောင်းတဲ့ပုံပန်းသွင်ပြင်ရှိပေမဲ့လည်း ဘာလို့များလူတွေကညင်းပန်းနှိပ်စက်ချင်ကြတာလဲဆိုတာ ခန့်မှန်းလို့တောင်မရတော့ပါဘူး ။ ဒီဖြစ်ရပ်ကတော့ 2017 ခုနှစ်ကတည်းကဖြစ်ပျက်ခဲ့တာဖြစ်ပေမဲ့လည်း social media ပေါ်မှာတခါပြန်လည် ရေပန်းစားနေခဲ့တဲ့အဖြစ်အပျက်လေးဖြစ်ပါတယ် ။အဆိုပါ ကိုယ်ဝန်ဆောင်ထားတဲ့ကြောင်မလေးဟာ အစာရှာဖို့ခြေဦးတည့်ရာလျှောက်သွားရင်နဲ့ အသားကြော်အနံ့လေးရခဲ့ပါတယ် ။ ထို့နောက် ၎င်းအနံ့အတိုင်းလိုက်သွားရင်နှင့် မီးဖိုချောင်တစ်ခုဆီသို့ ဝင်သွားခဲ့မိပါတယ် ။ကြောင်မလေးဟာ အစာကြွေးအောင်အော်မြည်ပြီးအချက်ပေးခဲ့ပေမဲ့လည်း အစာကြွေးမည့်အစား ဒယ်အိုးထဲမှဆီပူပွတ်ပွတ်နှင့် လောင်ပက်ခြင်းခံခဲ့ရပါတယ် ။ ကြောင်မလေးကို အမြဲအစာကျွေးနေကျ လူတစ်ယောက်ကကြောင်မလေးကို မတွေ့မိတာရက်ပေါင်းအနည်းငယ်ကြာခဲ့ပြီး ၊ ပုပ်သိုးနေသောအနံ့ကိုလည်း ရနေခဲ့ပါတယ်…


လေဖြတ်တဲ့ဝေဒနာကို ခံစားနေရတဲ့ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့အတွက် ဆရာဝန်အလုပ်ကိုစွန့်လွှတ်ပစ်ခဲ့တဲ့ အမျိုးသား

လူသားတွေအကုန်လုံးကတော့ ရည်ရွယ်ချက်တွေ ၊ မျှော်လင့်ချက်တွေ နဲ့ အိမ်မက်တွေကိုယ်စီရှိကြမှာပါပဲ ။သို့ပေမဲ့လည်း လူသားတိုင်းတော့ အဆိုပါအရာတွေကိုအောင်မြင်လေ့ မရှိကြပါဘူး ။ ကိုယ်ချစ်မြတ်နိုးတဲ့သူတွေအတွက်ဆိုရင်တော့ သေချာတဲ့စွန့်လွတ်မှုမျိုးကိုတော့ ပြုလုပ်ရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း Faiq Syukri အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ သူ၏ဖျားနာနေတဲ့ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့အတွက်နဲ့ ဆရာဝန်အလုပ်ကိုစွန့်လွှတ်ခဲ့ပါတယ် ။ဖခင်ဖြစ်သူ 5နှစ်လောက်လေဖြတ်ဝေဒနာခံစားခဲ့ရပြီးနောက် Faiq ဟာအဆိုပါဆုံဖြတ်ချက်မျိုး ချခဲ့ခြင်းဖြစ်ပါတယ် ။ Faiq ဟာအမှန်တကယ်တော့ အိုင်းယာလန်း၏ Dublin မြို့တော်မှာရှိတဲ့ Royal College…


မိဘနှစ်ပါးကိုသတ်ပြီး နေအိမ်ကိုမီးရှို့ ခဲ့တဲ့ အမျိုးသား

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံ Nilai မြို့မှာနေထိုင်တဲ့ တရုတ်စုံတွဲဟာ July 24 ရက်နေ့မှာ ၎င်းတို့၏နေအိမ်တွင်းမှာပဲ အသတ်ခံခဲ့ရပါတယ် ။ည 9 နာရီအချိန်မှာတော့ အဆိုပါစုံတွဲတို့၏ ရုပ်အလောင်းများပါရှိတဲ့၎င်းတို့၏နေအိမ်ဟာ မီးလောင်ကျွမ်းမှုစတင်ဖြစ်ပေါ်ခဲ့ပါတော့တယ် ။ မီးသတ်သမားများကလည်း အဆိုပါအခင်းဖြစ်ပွားရာနေအိမ်သို့ အလျင်အမြန်သွားရောက်ပြီး မီးငြိမ်းသတ်ပြီးချိန်မှာတော့ နေအိမ်အတွင်းမှ ရုပ်အလောင်းများကို တွေ့ရှိသွားခဲ့ကြပါတယ် ။ ဇနီးသည်၏ရုပ်အလောင်းကိုတော့ သိုလှောင်ခန်းထဲတွင်တွေ့ရှိခဲ့ပြီး ရင်ဘတ်တွင်ဓားထိုးဒဏ်ရာနှစ်ချက်နှင့် ဘယ်ဖက်လက်ကောက်ဝတ်တို့တွင် ဒဏ်ရာများဖြင့်တွေ့ရှိခဲ့ပါတယ် ။ ဘယ်ဖက်လက်ကောက်ဝတ် ၊ နဖူး နှင့်…


အင်ဒိုနီးရှားနိုင်ငံသို့ပြန်တော့မည်ချစ်သူ၏ လေယာဉ်နှောင့်နှေးသွားအောင် ဗုံးအတုပြုလုပ်ပြီးခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား

August လအစောပိုင်းမှာ အသက်38နှစ်အရွယ်ရှိမလေးရှားနိုင်ငံသားဟာ သူ၏ချစ်သူဖြစ်သူအသက်38နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသူနှင့် စကားများပြီးအငြင်းအခုံဖြစ်ခဲ့ကြပါတယ် ။ထို့နောက် August 9ရက်နေ့မှာတော့ ချစ်သူကောင်မလေးဟာ အင်ဒိုနီးရှားနိုင်ငံ Medam မြို့သို့လေယာဉ်စီးပြီး ပြန်ရန်အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။ သူတို့ချစ်သူနှစ်ဦးကြား နားလည်မှုတွေလွဲသွားခဲ့ကြပြီး အဆိုပါနေ့မှာကောင်မလေးဟာ သူမ၏တိုင်းပြည်သို့ပြန်ရန်အတွက် သေသေချာချာဆုံးဖြတ်ချက်ချခဲ့ပါတော့တယ် ။သတင်းအရင်းအမြစ်အရ ချစ်သူကောင်လေးဟာ ကောင်မလေးကိုမသွားရန်တားချင်ခဲ့၍ သူမစီးနှင်းလိုက်ပါသွားမည့်လေယာဉ်ကို နှောင့်နှေးစေရန်အတွက် Penang International Airport ရှိလုံခြုံရေးသန်ထမ်းများကိုဖုန်းဆက်ပြီး လေဆိပ်၏ check-in ကောင်တာတွင် ဗုံးတစ်လုံးထောင်ထားကြောင်း သတင်းပေးပို့ခဲ့ပါသည် ။…


သဘောင်္သီးထောင်းစားပြီးနောက် အဆိပ်သင့်ကာ ရုတ်တရက်သေဆုံးသွားခဲ့ရတဲ့ ကောင်မလေး

စားစရာတွေကိုဘယ်နေရာမှာပဲ ဝယ်ဝယ် ၊ သန့်ရှင်းတဲ့အစားအစာဖြစ်ဖို့ အမြဲဂရုတစိုက်လေ့လာပြီးမှ ဝယ်ယူသင့်ပါတယ် ။ အခုတစ်ခါမှာလည်း Nong Fon အမည်ရှိတဲ့ ထိုင်းနိုင်ငံက 16နှစ်အရွယ်ကောင်မလေးဟာ ဆားရည်စိမ်ထားတဲ့ ငါးတွေ ၊ ဂဏန်းတွေနဲ့ရောပြီး ထောင်းထားတဲ့ သဘောင်္သီးထောင်းကိုစားပြီးနောက် အကြိမ်ပေါင်းများစွာ ဝမ်းလျှောကာ သေဆုံးသွားခဲ့ရပါတယ် ။ဖြစ်စဉ်မှာတော့ August 24 ရက်နေ့မှာ ကောင်မလေး၏မိခင်ဖြစ်သူမှ သမီးလေးအတွက် သဘောင်္သီးထောင်းဝယ်လာပေးခဲ့ပြီး ၊ အဆိုပါ သဘောင်္သီးထောင်းကို Nong Fon စားပြီးနောက်မှာတော့…


မကောင်းဆိုးဝါး ဝင်ပူးလို့ဆိုပြီး အသက် 14နှစ်အရွယ်ယောင်းမတော်စပ်သူကို သားမယားပြုကျင့်ခဲ့တဲ့ အမျိုးသား

လိမ်လည်လှည့်စားခံရတယ်ဆိုတဲ့အရာက တော်တော်လေးကိုခံရခက်ပါတယ် ။ ဒီတစ်ခေါက်မှာလည်းအမျိုးသမီးတစ်ဦးသာ လက်ထပ်ပြီး 4လသာပေါင်းသင်းခဲ့ရသေးတဲ့ ခင်ပွန်းဖြစ်သူဟာသူမ၏ 14နှစ်အရွယ်သာရှိသေးတဲ့ ညီမဖြစ်သူကို သားမယားပြုကျင့်ခဲ့တဲ့ အဖြစ်အပျက်နဲ့မျက်မြင်ကြုံတွေ့ခဲ့ရပါတယ် ။အသက် 26နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူ M Faisal အမည်ရှိအသက် 26နှစ်အရွယ်တို့ဟာ ပြီးခဲ့တဲ့ April လကမှလက်ထပ်ထားခဲ့ကြတာပါ ။ ၎င်းတို့နေထိုင်ကြသော နေအိမ်တွင် 14နှစ်အရွယ်ညီမဖြစ်သူအပါအဝင် မိသားစုဝင် 3ဦးသာရှိကြောင်း သိရှိရပါတယ် ။၎င်းတို့ဟာ အင်ဒိုနီးရှားနိုင်ငံ ၊ Surabaya မြို့မှာရှိတဲ့ တန်ဖိုးနဲတဲ့နေအိမ်မှာ…


တစ်ရက်ကို 4မိနစ်သာ လေ့ကျင့်ခန်းလုပ်ပြီး 5လအတွင်း 8-Pack Abs ရအောင်လုပ်ပြခဲ့တဲ့အမျိုးသား

ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကိုရရှိဖို့ဟာ အမှန်တကယ်တော့ မလွယ်ပါဘူး ။သို့ပေမဲ့လည်း ဂျပန်နိုင်ငံက အမျိုးသားတစ်ယောက်ကတော့ သန်မာထွားကြိုင်းတဲ့ခန္ဓာကိုယ်ကို ရရှိဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။ August 25ရက်နေ့မှာတော့ သူ့ကိုသိသိသာသာပြောင်းလဲစေခဲ့တဲ့ 5လအတွင်း တစ်ရက်ကို4မိနစ်သာပြုလုပ်တဲ့လေ့ကျင့်ခန်းကို သူ၏Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ် ။Hiragii Sensei အမည်ရှိအဆိုပါအမျိုးသားဟာ သူ၏မပြောင်းလဲခင်ကဓာတ်ပုံနှင့် လေ့ကျင့်ခန်းလုပ်ပြီးနောက် ပြောင်လဲသွားသော ဓာတ်ပုံနှစ်ပုံကိုတင်ပြခဲ့ပါတယ် ။အဆိုပါ လေ့ကျင့်ခန်းကို မတ်လမှာစတင်ပြုလုပ်ခဲ့ပြီး Augustလ မှာသိသိသာသာပြောင်းလဲနိုင်ခဲ့ပါတယ် ။ အရင်ချိန်တုန်းက တော်တော်လေးကိုဝဖောင်းနေတဲ့ ဝမ်းဗိုက်ပုံစံမျိုးဖြစ်ခဲ့ပေမဲ့လည်း 5လအတွင်း…