Articles by Mia Mia

ကားလမ်းဘေးမှာ Wheelchair ဖြင့် ကိုယ့်ကိုရုန်းကန်နေရတဲ့အဘွားတစ်ဦးအား စေတနာအပြည့်နဲ့ ကူညီပေးခဲ့တဲ့ အမျိုးသမီး

မကြာသေးခင်က ကြင်နာတတ်တဲ့ အဖြူရောင် Myvi ကား ပိုင်ရှင်ယာဉ်မောင်းအမျိုးသမီးတစ်ဦးရဲ့ဗီဒီယိုဖိုင်ဟာ online မှာ လူသိများပျံ့နှံ့သွားခဲ့ပါတယ်။ဗီဒီယိုထဲအရ wheelchair ပေါ်မှာရှိတဲ့အသက်ကြီးရွယ်အိုအဘွားတစ်ဦးဟာ ကားလမ်းကြီးဘေး​မှာ မိမိရဲ့ wheelchair ကို ကိုယ့်မှာရှိတဲ့အားလေးနဲ့ဖြည်းဖြည်းချင်းတွန်းပြီး သွားနေခဲ့ပါတယ်။ထို့နောက် အဖြူရောင် Myvi ကား ပိုင်ရှင်ယာဉ်မောင်းအမျိုးသမီးတစ်ဦး ဟာ ထိုအဖြစ်အပျက်ကိုမြင်ပြီးနောက် သူမကားကိုချက်ချင်းရပ်ကာ nenek အမည်ရှိအဆိုပါသက်ကြီးရွယ်အို အဘွားဆီ မြန်မြန်ဆန်ဆန် အပြေးအလွှားသွားပြီး အဘွားသွားချင်တဲ့ နေရာကိုမေးကာ မဆိုင်းမတွဘဲ သူမရဲ့ကားဆီသို့ တွန်းပို့ပေးခဲ့ပါတယ်။ ကြင်နာတတ်တဲ့အမျိုးသမီးဟာ…


ပျားဘုရင်မကို လက်သီးထဲစုပ်ကာ အကာအကွယ်မပါဘဲ ပျားများကို လက်မောင်းဖြင့် နေရာရွေ့ပေးခဲ့တဲ့ အမျိုးသား

ပျားတစ်ကောင်က ကျွန်တော်တို့ဆီမှာ တဝဲလည်လည်လှုပ်နေတဲ့အခါ ကျွန်တော်တို့က ပျားကို လိုက်ပုတ်ရင်း အော်ဟစ်နေတတ်ကြပါတယ်။ပျားတွေဟာ အထူးသဖြင့် သူတို့ရဲ့ဘုရင်မက အန္တရာယ်ရှိနေတာကို သိတဲ့အခါ လူတွေကို အန္တရာယ်ပြုတတ်ကြပါတယ်။သို့ပေမဲ့ ဒီပျားမွေးမြူရေးသမားဟာ ပျားတွေကို သူ့ရဲ့လက်ပေါ်တင်ပြီး သူတို့ကို ကြောက်စရာမလိုဘဲ ပျားတွေကို နေရာရွေ့ပေးလေ့ရှိပါတယ်။ဗီဒိုကိုဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံမှ ပျားလုပ်သားတစ်ဦးဟာ လမ်းပေါ်မှာ မငြိမ်မသက်လမ်းလျှောက်နေစဉ် သူ့ရဲ့ဘယ်ဘက်လက်အား ပျားများနှင့်ဖုံးလွှမ်းနေသည်ကို ပြသခဲ့ပါတယ်။သူက ပျားတွေ သယ်ဆောင်ပြီး ၎င်းတို့အား သေတ္တာထဲထည့်ရန်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။၎င်းမယုံနိုင်စရာကောင်းတဲ့မြင်ကွင်းက လူအများအား သူဘာကြောင့် ပျားမတုပ်ခံရလဲဆိုတဲ့ မေးခွန်းကို…


သူငယ်ချင်းဖြစ်သူအတွက် အကောင်းဆုံးမင်္ဂလာလက်ဖွဲ့အဖြစ် ဆိတ်တစ်ကောင်လက်ဆောင်ပေးခဲ့တဲ့ အမျိုးသား

သူငယ်ချင်းကောင်းများရှိခြင်းဟာ ကျွန်တော်တို့ဝမ်းနည်းတဲ့အခါ ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကို ၎င်းတို့က ထပ်မံဖြည့်စွက်ပေးတတ်ကြပါတယ်။၎င်းတို့ထဲမှတစ်ဦးက အိမ်ထောင်ရေးဘ၀ကို စတင်တဲ့အခါ အရာအားလုံးပြောင်းလဲသွားပါလိမ့်မယ်။ဘာကြောင့်လဲဆို​တော့သူတို့ရဲ့ဦးစားပေးမှုက ဇနီးသည်များနှင့်သူတို့ကလေးများအတွက်ကြောင့် ဖြစ်ပါတယ်။သို့ပေမဲ့ သူ့ရဲ့လူပျိုဘဝကြီး အဆုံးသတ်တော့မှာကို သူငယ်ချင်းတစ်ယောက်အနေနှင့် အလွန်ဝမ်းသာတတ်ကြပါတယ်။အချို့လူများက ကျိန်းသေ သူတို့သူငယ်ချင်းရဲ့မင်္ဂလာဆောင်ပွဲကို သူတို့တတ်နိုင်သမျှ အကောင်းဆုံး ကူညီကျင်းပပေးတတ်ကြပါတယ်။ အချို့ဟာလည်း သူတို့သူငယ်ချင်းအတွက် မမျှော်လင့်တဲ့ မင်္ဂလာဆောင်လက်ဆောင်တစ်ခု ပေးတတ်ကြပါတယ်။မကြာသေးခင်က TikTok မှာ ပျံ့နှံ့သွားတဲ့ ဗီဒီယိုတစ်ခုအရ အမျိုးသားတစ်ဦးဟာ ဈေးအကြီးဆုံးလက်ဆောင်အဖြစ် ဆိတ်တစ်ကောင်ကို သတို့သမီးနှင့်သတို့သားတို့အား လက်ထပ်ပွဲလက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။အဆိုပါအမျိုးသားဟာ ထိုနေ့မှာ…


ဆိုင်ကယ်မောင်းနေတဲ့သခင်ဖြစ်သူရဲ့နောက်ကျောမှာ အသာလေးလိုက်စီးရင်း လေညင်းခံထွက်နေခဲ့တဲ့ ခွေးလေး

ခွေးလေးတစ်ကောင်ဟာ စင်္ဂကာပူနိုင်ငံ Toa Payoh ရှိ လမ်းတစ်လျှောက်မှာ သခင်နှင့်အတူ ဆိုင်ကယ်စီးရင်း လေညင်းခံထွက်နေခဲ့ပါတယ်။အကောင်းဆုံးအပိုင်းကတော့ ၎င်းဓာတ်ပုံဟာတစ်ကမ္ဘာလုံးမှာ ၁.၈ သန်းရှိတဲ့ Facebook page ထဲမှာ ကျယ်ပြန့်စွာ မျှဝေခွင့်ရခဲ့ပါတယ်။အဆိုပါ Dogspotting Facebook group ဟာ ၎င်းတို့ ယခင်က တစ်ခါမှမတွေ့ဖူးတဲ့ခွေးများကို ဓာတ်ပုံရိုက်ကာ အခြားအဖွဲ့ဝင်များနှင့်မျှဝေခြင်းကို အထူးပြုလုပ်ပါတယ်။၎င်းဓာတ်ပုံကိုယာဉ်သွားလာတဲ့လမ်းမကြီးဘေးမှာ အမိအရရိုက်ကူးခဲ့ကြပါတယ်။ဓာတ်ပုံထဲအရ ခွေးလေးဟာ လေကာမျက်မှန်နှင့် သခင့်ရဲ့ကျောပိုးအိတ်ထဲမှာ ထိုင်ရင်း လက်တစ်ဖက်ကလည်း သခင့်ရဲ့ပခုံးပေါ်တင်ထားလိုက်ပါသေးတယ်။ ၎င်းဓာတ်ပုံဟာ…


ကမ္ဘာ့အဝဆုံးကလေးအဖြစ် သတ်မှတ်ခံရပြီးနောက် ၅နှစ်အကြာမှ သူ့ရဲ့ပြောင်းလဲမှုအသစ်ကြီးကို ချပြခဲ့တဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေး

လွန်ခဲ့တဲ့၅နှစ်က ကမ္ဘာပေါ်မှာ အဝဆုံးကလေးဟု သတ်မှတ်ခံခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ဦးဟာ သူ့ရဲ့အရွယ်အစားနှင့်အလေးချိန်အားဖြင့် နောက်ဆုံးပေါ်အသွင်ပြောင်းမှုကို လူအများအား ပြသခဲ့ပါတယ်။၁၄ နှစ်အရွယ် Arya Permana အမည်ရှိအဆိုပါကောင်လေးဟာ သူ့ရဲ့ယခင်ခန္ဓာကိုယ်အလေးချိန်မှာ ၁၉၂ ကီလိုဂရမ်သို့ရောက်ရှိခဲ့ပြီး ယခုမှာတော့ ၈၃ ကီလိုဂရမ်အထိ ကျဆင်းသွားခဲ့ပါတယ်။မလေးရှားနိုင်ငံ အနောက်ဂျာဗားရှိ Cipurwasari ရွာမှ Arya ဟာ ကိုယ်အလေးချိန်ကျဆင်းရန်အတွက် အူလမ်းကြောင်းမှရှောင်ကွင်းခွဲစိတ်ကုသမှုအပြင် အစားအသောက်နှင့် လေ့ကျင့်ခန်းများ လုပ်ခဲ့ရပါတယ်။သူ့ရဲ့ လက်ရှိ လုပ်ရိုးလုပ်စဉ်များထဲမှ နေ့စဉ် ၃ ကီလိုမီတာ…


ရောဂါကာလဆိုပေမဲ့ စတိုးဆိုင်များပြန်လည်ဖွင့်လှစ်လာတာကြောင့် ကုန်တိုက်အပြင်ဘက်မှာ အအုံလိုက် ကြီးထိုင်စောင့်နေခဲ့ကြတဲ့ sneaker ဝါသနာရှင်များ

ကူးစက်ရောဂါဖြစ်ပွါးမှုဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် Selangor မြို့တို့မှာ ပိုမိုမြင့်မားလာတဲ့ အနေအထားတွင်ရှိနေတာကြောင့် မလေးရှားလူမျိုးသားက ပို၍ ဂရုစိုက်ရန်လိုအပ်နေပါတယ်။သို့မှသာ ကူးစက်မှုနှုန်းနံပါတ်များကို လျော့ချစေနိုင်သလို ယခင်က ရောဂါမရှိသေးတဲ့ ပုံမှန်ဘဝကို ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။သို့ပေမဲ့ လူသားတွေကတော့ လူသားတွေပါဘဲ။ KL Sole’s Facebook စာမျက်နှာမှာ ပြသထားသည့်အတိုင်း မလေးရှားရှိ Sneaker ဝါသနာရှင်တို့ဟာ sneaker နှင့် ဖက်ရှင်စတိုးအသစ်တစ်ခုရဲ့ဖွင့်ပွဲအတွက် Mid Valley Megamall သို့ မတ်လ ၁၁…


သံပုရာသီးရောင်းလို့ ရတဲ့ပိုက်ဆံနဲ့ လမ်းဘေးကြောင်တွေကို အစာဝယ်ကျွေးလေ့ရှိတဲ့ အိမ်ခြေမဲ့အမျိုးသား

ထိုင်းနိုင်ငံရှိ Loong Dum အမည်ရှိအိုးမဲ့အိမ်မဲ့အမျိုးသားတစ်ဦးဟာ လမ်းတွေပေါ်မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ရထားဘူတာမှာဘဲ အိပ်လေ့ရှိပါတယ်။ Loong Dum ဟာ သူ့ဘဝအခက်အခဲများကြားမှ အတတ်နိုင်ဆုံးရှင်သန်နေထိုင်နိုင်ရန်အတွက် သံပုရာသီးတွေကို ရောင်းချပါတယ်။Loong Dum ဟာ မိမိဝင်ငွေအားလုံးကိုမဖြုန်းဘဲ လမ်းပေါ်ရှိ လေလွင့်နေတဲ့ကြောင်များစွာအတွက် အစားအစာတွေဝယ်ပေးဖို့ သူ့ရဲ့ဝင်ငွေအချို့ကို အသုံးပြုလေ့ရှိပါတယ်။ Loong ဟာ များသောအားဖြင့် ကိုယ့်အတွက်ကို အရင်မတွေးဘဲ လမ်းဘေးကြောင်တွေကို အရင်ဆုံးဂရုစိုက်ပေးလေ့ရှိပါတယ်။Loong ဟာ ဘယ်လိုလူတန်းစားဘဲဖြစ်​နေဖြစ်နေ မည်သူမဆို ကောင်းတဲ့အရာတွေလုပ်နိုင်ကြောင်းကို ကမ္ဘာကြီးအား…


သမီးဖြစ်သူက သူမရဲ့စာသင်ခန်းမှာ တအားပူကြောင်း ရှင်းပြပြီးနောက် ကျောင်းသို့ stand fan တစ်ခု သယ်သွားပေးခဲ့တဲ့ ဖခင်တစ်ဦး

မလေးရှားနိုင်ငံဟာ မတ်လ ၁ ရက်နေ့မှာ မူလတန်းကျောင်းသူ/သားများကို ပညာသင်ကြားပေးဖို့ ကျောင်းများစတင်ဖွင့်လှစ်ခဲ့ကြပြီး ၎င်းတို့ကလည်း ပျော်ရွှင်ကြပုံရပါတယ်။အသက် ၈ နှစ်အရွယ် ကျောင်းသူတစ်ဦးဟာ သူမရဲ့ကျောင်းတက်ရက်များကိုနှစ်သက်ပေမဲ့လည်း သူမဟာ မိခင်ဖြစ်သူထံ အကြောင်းအရာတစ်ခုကို တိုင်ကြားခဲ့ပါတယ်။သူမတိုင်ကြားရခြင်းအကြောင်းက သူမတို့စာသင်ခန်းက အရမ်းပူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။Ros Ramlan အမည်ရှိထိုကျောင်းသူရဲ့မိခင်ဟာ သမီးဖြစ်သူက သူမဟာ သူတို့ရဲ့စာသင်ခန်းကအရမ်းပူရတဲ့အကြောင်းတိုင်ကြားနေတဲ့ ဗီဒီယိုကို သူမရဲ့ (@rosramlan) TikTok post မှာ တင်ခဲ့ပါတယ်။ သမီးဖြစ်သူရဲ့ ပြဿနာကို နားထောင်ပေးနေတဲ့ Ros…


ချစ်သူနဲ့လမ်းခွဲပြီးနောက် မှန်ကြည့်ရင်း ကိုယ့်ကိုကိုယ် လက်ထပ်ခဲ့တဲ့ အမျိုးသမီး

ကိုယ့်ကိုယ်ကိုလက်ထပ်ထိမ်းမြားမှုအကြောင်းကို လူတော်တော်များများ ကြားဖူးခဲ့ကြမှာပါ။သို့ပေမဲ့ အသက် ၃၅ နှစ်အရွယ် အမေရိကန်အမျိုးသမီးတစ်ဦးဖြစ်တဲ့ Megan Taylor ကတော့ ကိုယ့်ကိုယ်ကိုလက်တွေ့အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့အား အပြည်အဝ ခွဲဝေခံစားစေခဲ့ပါတယ်။ဘဝရဲ့နည်းပြတစ်ယောက်ဖြစ်လာတဲ့ Megan ဟာ ယခင်က အချစ်ရဆုံးကောင်လေးနဲ့ အမိုက်စားလက်ထပ်ပွဲကို ကျင်းပချင်နေခဲ့ပါတယ်။သို့ပေမဲ့ ထိုကံကြမ္မာမတိုင်ခင်မှာဘဲ သူမနှင့်သူမရဲ့ကောင်လေးဟာ လမ်းခွဲပြတ်စဲသွားတာကြောင့် သူမဟာ သတို့သားမပါဘဲ မင်္ဂလာပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ထို့နောက် Meganဟာ Colorado ပြည်နယ်ရှိ လှပတဲ့ Airbnb ဟိုတယ်မှာ ကြိုတင် ဘွတ်ကင်လုပ်ခဲ့ပြီး…


7 နှစ်အရွယ်ကလေးရဲ့နောက်ဆုံးဈာပနအခမ်းအနားမှာ စူပါဟီးရိုးတစ်ယောက်လို နှုတ်ဆက်ပေးခဲ့ကြတဲ့ ရဲအရာရှိများ

အသက် ၇ နှစ်အရွယ် Jesse Heikkila အမည်ရှိကောင်လေးတစ်ဦးဟာ ဦးနှောက်ကင်ဆာရောဂါကို အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရသူဖြစ်ပါတယ်။Jesse ဟာ အမြဲတမ်း စူပါဟီးရိုးတစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဒါမှမဟုတ် အိုလံပစ်ရေကူးသမားတစ်ဦး ဖြစ်ချင်ခဲ့ပါတယ်။ကံမကောင်းစွာပဲ ကင်ဆာတိုက်ပွဲမှာ ကျရှုံးသွားခဲ့တဲ့ Jesse ဟာ သူ့ရဲ့ဆန္ဒတွေထဲမှတစ်ခုကိုတောင် ဖြစ်လာအောင်မလုပ်နိုင်ခဲ့ပါဘူး။ကင်ဆာရောဂါဟာ ရက်စက်ကြမ်းကြုတ်ပြီး ကျွန်တော်တို့ထံမှ လူအမြောက်အများကို မကြာခဏ ခေါ်ဆောင်သွားတတ်ပါတယ်။Jesse က စူပါဟီးရိုးတစ်ယောက်အဖြစ် ကြီးပြင်းချင်ခဲ့တဲ့အတွက်ကြောင့် ဒေသခံရဲအရာရှိက Jesse ကို သူ့တပ်ဖွဲ့ရဲ့ဂုဏ်ထူးဆောင်အရာရှိအဖြစ် ခန့်အပ်ပေးခဲ့ပါတယ်။…