သူ့ပို့စ်အောက်မှာ ဈေးလာရောင်းသူကို ပညာသားပါပါနဲ့ ချစ်စရာကောင်းအောင် တုံ့ပြန်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုမက အားပေးခဲ့ရတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း လူပျိုကြီးအဖြစ် တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာလည်း သီချင်းတွေဆိုရင်း ပရိသတ်တွေကို ပျော်ပျော်ကြီး ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

စကားပြောတတ်လွန်းပြီး အနေတတ်လွန်းလို့ လို့ ပရိသတ်တွေ ချစ်ရတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီတစ်ခေါက်မှာလည်း သူလုပ်ခဲ့တဲ့ အပြုအမူတစ်ခုကြောင့် ပရိသတ်တွေ သဘောကျပြီး ရယ်စရာဖြစ်ခဲ့ရပါတယ်။

အဲ့ဒါကတော့ စိုင်းစိုင်းခမ်းလှိုင်တင်ထားတဲ့ ပိုစ့်အောက်မှာ ဈေးလာရောင်းတဲ့ ပရိသတ်တစ်ဦးကို စိုင်းစိုင်းက မထင်မှတ်ထားတဲ့ စကားပြောပြီး စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းက သူ့ပို့စ်အောက်မှာ ဈေးလာရောင်းသူကို “ကျွန်တော့ ပို့စ်မှာဝင်ကြော်ငြာရင် ၂၀၀၀ ကျပ် ကျပါတယ်။” ဆိုပြီး ပြန်လည်စနောက်ခဲ့တာဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ မထင်ရင် မထင်သလို ပရိသတ်တွေကို စနောက်တတ်သူလည်း ဖြစ်ပါတယ်။ အဲ့လို အပြုအမူတွေကြောင့်လည်း ပရိသတ်တွေက စိုင်းစိုင်းကို သဘောကျ အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

Source: Sai Sai Kham Leng’s fb

credit – Momolay

Unicode

ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုမက အားပေးခဲ့ရတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း လူပျိုကြီးအဖြစ် တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာလည်း သီချင်းတွေဆိုရင်း ပရိသတ်တွေကို ပျော်ပျော်ကြီး ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

စကားပြောတတ်လွန်းပြီး အနေတတ်လွန်းလို့ လို့ ပရိသတ်တွေ ချစ်ရတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီတစ်ခေါက်မှာလည်း သူလုပ်ခဲ့တဲ့ အပြုအမူတစ်ခုကြောင့် ပရိသတ်တွေ သဘောကျပြီး ရယ်စရာဖြစ်ခဲ့ရပါတယ်။

အဲ့ဒါကတော့ စိုင်းစိုင်းခမ်းလှိုင်တင်ထားတဲ့ ပိုစ့်အောက်မှာ ဈေးလာရောင်းတဲ့ ပရိသတ်တစ်ဦးကို စိုင်းစိုင်းက မထင်မှတ်ထားတဲ့ စကားပြောပြီး စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းက သူ့ပို့စ်အောက်မှာ ဈေးလာရောင်းသူကို “ကျွန်တော့ ပို့စ်မှာဝင်ကြော်ငြာရင် ၂၀၀၀ ကျပ် ကျပါတယ်။” ဆိုပြီး ပြန်လည်စနောက်ခဲ့တာဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ မထင်ရင် မထင်သလို ပရိသတ်တွေကို စနောက်တတ်သူလည်း ဖြစ်ပါတယ်။ အဲ့လို အပြုအမူတွေကြောင့်လည်း ပရိသတ်တွေက စိုင်းစိုင်းကို သဘောကျ အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

၈ နှစ်ကျော် Crush ခဲ့ရတဲ့မိန်းကလေးက ပြန်မကြိုက်ခဲ့လို့ အထပ်မြင့်တိုက်ပေါ်ကနေ ရက်​ရက်​စက်​စက်​ တွန်းချသတ်​ပစ်ခဲ့






Unicode

အထက်တန်းကျောင်းကတည်းက Crush လာခဲ့ရတဲ့ မိန်းကလေးကဘာမှမတုန့်ပြန်ခဲ့လို့ဆိုကာ တရုတ်အမျိုးသားတစ်ဦးဟာ တစ်ဖက် သတ်ကြိုက်နေခဲ့တဲ့ မိန်းကလေးကို တိုက်ပေါ်ကနေပစ် ချပစ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် တရုတ်အမျိုး သားဟာ ၈ နှစ်ကျော် နီးပါး တစ်ဖက်သတ်ကြိုက်လာခဲ့ပြီးနောက် နောက်ထပ် ထပ်ပြီး မစောင့်နိုင်ခဲ့လို့ဆိုကာ အဆိုပါ မိန်းက လေးကို လက်စားချေ တဲ့အနေနဲ့ တိုက်ပေါ်ကပစ်ချခဲ့ပြီး သတ်ပစ်လိုက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ တရုတ်နိုင်ငံ၊ ဟွမ်ဇိုးပြည်နယ်မှာဖြစ်ခဲ့ပြီးတော့ ဒီလိုအံ့သြထိတ်လန့်စရာ ကောင်းတဲ့အဖြစ်အပျက်နဲ့ပတ် သက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ကျောင်းနေ ဖက်သူငယ်ချင်း မိန်းကလေးကို တိုက်ပေါ်ကနေ ပစ်ချခဲ့ပြီး သတ်ပစ်လိုက်တဲ့ သူဟာ သူ့အနေနဲ့ ၈ နှစ် ကျော်ကြာအောင် မိန်းကလေးရဲ့ အချစ်ကိုရအောင် ကြိုးစားခဲ့ပေမယ့်လည်း မိန်းကလေးရဲ့ ငြင်းဆို ခြင်းတွေလည်း ပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့်လည်း သူ့အနေနဲ့ လက်လျှော့ခြင်းမရှိပဲ မိန်းကလေးရဲ့ အချစ်ကိုရဖို့ ဆက်တိုက်ကြိုးစား ခဲ့ပေမယ့်လည်း ၈ နှစ်ကျော်ကြာအ ထိ သူ့အတွက် အကျိုးမထူးခဲ့ခြင်းဖြစ်လို့ စိတ်ပျက်လာမိခဲ့ခြင်း ဖြစ်ပါတယ်။

အမျိုးသားကောင်လေးမှာ ချမ်းသာကြွယ်ဝတဲ့ မိသားစု ကဖြစ်ပြီး နိုင်ငံခြားသို့ ပညာတော် သင်သွားရောက်သင်ကြားပြီးနောက် မိန်းကလေးပြောင်းသွားခဲ့တဲ့ အိမ်ရှိရာသို့ပါ လိုက်ပါပြောင်း လဲနေ ထိုင်ခဲ့တယ်လို့ သိရပါတယ်။

အခင်းမဖြစ်ပွားမီအချိန်မှာဆိုရင် မိန်းကလေးရဲ့ အချစ်ကို ရရှိဖို့ကြိုးစားနေဆဲဖြစ်တဲ့ အမျိုးသားကောင် လေးက မိန်းကလေးရဲ့တစ်ဖက် ချစ်သူနဲ့ ဖုန်းပြောခြင်းကို ကြားသွားပြီးနောက်မှာ စိတ်ထိခိုက်၊ အမျက် ထွက်ခဲ့ပြီးနောက်မှာ မိန်းကလေးအပေါ်နာကျည်းအမျက် ထွက်ခဲ့ကာ အချင်းများခဲ့ပြီး မိန်းကလေးကို အထပ်မြင့်တိုက်ပေါ်ကနေ ပစ်ချခဲ့တာပဲ ဖြစ်ပါတယ်။







Credit – အမွှာညီနောင်

Unicode

ပျောက်ဆုံးနေသော မူကြိုကျောင်းဆရာမလေး ကြိုးကွင်းစွပ် အသတ်ခံရသည့် အနေထားဖြင့် ပြန်လည်တွေ့ရှိ

ပျောက်ဆုံးနေသော မူကြိုကျောင်းဆရာမလေးအား (၁၀)ရက်အကြာ၌ ကြိုးကွင်းစွပ် အသတ်ခံရသည့်အနေထားဖြင့် ပြန်လည်တွေ့ရှိ။

မုဒုံမြို့နယ် ကော့ခပုံကျေးရွာမှ (၆.၇.၂၀၁၉)ရက်နေ့ညနေ၌ ပျောက်ဆုံးနေသော မူကြိုကျောင်းဆရာမအား ( ၁၅.၇.၁၉)ရက်နေ့ ညနေ၃ နာရီချိန်ခန့်၌ ကွမ်တာကျေးရွာ ဆည်းမြောင်အနီးရှိ ချောင်းအတွင်းတွင် ဂုံနီအိတ်အပြာရောင်ဖြင့် ထုတ်ထားသော အထုတ်တစ်ထုတ်အတွင်း၌-

ပျောက်ဆုံးနေသူအား လည်ပင်ကြိုးကွင်းစွပ်လျက် အသတ်ခံရသည် အနေထားဖြင့် အနီးနားပါတ်ဝန်းကျင်မှ တွေ့ရှိခဲ့၍ မုဒုံမြို့မရဲစခန်းသို့အကြောင်းကြားသောကြောင့် မုဒုံမြို့မရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့သည် အခင်းဖြစ်ရာသို့သွားရောက်ပြီးမှတ်တမ်းဓာတ်ပုံများရယူခြင်း၊ –

မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၊ စေတနာအလင်းရောင် နာကူ အဖွဲ့တို့မှ သေဆုံးသူ၏ ရုပ်အလောင်းအားဆယ်ယူ၍ မုဒုံမြို့နယ်ဆေးရုံ ရင်ခွဲရုံးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည် ။

ယင်းဖြစ်စဉ်နှင့်ပါတ်သက်၍ မုဒုံမြို့မရဲစခန်း သေမှုသေခင်းဖွင့်လျက် အသေးစိပ်စစ်ဆေးဆောင်ရွတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit – အမွှာညီနောင်

မျှော်လင့်ရင်ခုန်စွာ. . ကုန်းတစ်တန်. . လေတစ်တန် ခရီးနှင်ခဲ့ပြီး. . .အွန်လိုင်းချစ်သူနဲ့ အတွေ့ ငုတ်တုတ်မေ့ တုန်လှုပ်ခဲ့ရတဲ့ အဖြစ်. . .

ယနေ့ခေတ်ကာလမှာ လူမှုကွန်ယက် အွန်လိုင်းသုံးစွဲမှုဟာ ကမ္ဘာတလွှားက လူတိုင်းအတွက် အရေးကြီးဆုံး အခန်းကဏ္ဍမှာ ရှိနေပြီဖြစ်ပါတယ်။ အွန်လိုင်း သုံးစွဲကြပြီး မိတ်ဆွေ အပေါင်းအသင်း တိုးကာ ဘဝအတွက် အထောက်အကူတွေရပြီး အလုပ်အကိုင် အဆင်ပြေချောမွေ့သူတွေ ရှိလာကြသလို. . .

အွန်လိုင်းသုံးပြီး လူမှုကွန်ယက်မျိုးစုံက အသိပညာ ဗဟုသုတ သတင်း သုတ ရသတွေ ဖတ်ရှုပြီး နိုင်ငံတကာရဲ့ အထွေထွေသုတတွေကို သိရှိလာနိုင်ခဲ့ကြပါတယ်။ ထို့အတူပဲ လူမှုကွန်ယက်မှာ ခင်မင်ခဲ့ကြရာမှ စပြီး ချစ်ခင်နှစ်သက်မိခဲ့ကြကာ ဘဝလက်တွေဖေါ် အဖြစ် ရပ်တည်လာခဲ့ကြတဲ့ စုံတွဲတွေလည်း များပြားစွာ ရှိလာခဲ့ပါတယ်။

အင်တာနက် လူမှုကွန်ယက်များမှာ အသိအမြင် ဗဟုသုတ များစွာရစေသလို အပေါင်းအသင်း မိတ်ဆွေတွေ တိုးနိုင်သကဲ့သို့ ချစ်ခင်ရသူ လက်တွဲဖေါ်နဲ့လည်း တွေ့နိုင်တယ် ဆိုပေမယ့်. . . အဆိုးအကောင်းဟာ အမြဲဒွန်တွဲနေတတ်ကြတာ ဓမ္မတာ သဘာဝပေပဲမို့. . .

လူမူကွန်ယက်အင်တာနက် အွန်လိုင်းပေါ်က အလိမ်အညာတွေ မိခဲ့ကြသူတွေလည်း ကမ္ဘာအနှံ့မှာ လူပေါင်းများစွာမှ တကယ့်ကို အများအပြားပဲ ရှိနေခဲ့ ရှိနေဆဲ ဖြစ်ပါတယ်။ လူမှုကွန်ယက်ပေါ်က မိတ်ဆွေတု မိတ်ဆွေယောင်တွေကို မိတ်ဆွေစစ် မိတ်ဆွေမှန်ဟု ယူဆ ပေါင်းသင်း ချေးငှားယုံကြည်မိခဲ့ရာမှ ဘဝပျက်ခဲ့ရသူတွေ ဒုနဲ့ဒေး ဖြစ်နေကြတာလည်း ရှိပါတယ်။

ထို့အတူ အွန်လိုင်းပေါ်မှာ စွဲလမ်းနှစ်သက်ခဲ့ရတဲ့ ချစ်သူဟာ အလိမ်အညာဖြစ်နေလို့ အသည်းကွဲ ဘဝပျက်ကာ အသက်ပါ ဆုံးရှုံးခဲ့ရသူတွေ၊ အမှုအခင်းဖြစ်ခဲ့ကြရသူတွေလည်း တစ်နေ့ထက် တစ်နေ့ ပို၍ ပို၍ များပြားလာခဲ့ကြပါတယ်။

ထို့ကြောင့် အွန်လိုင်းလူမှုကွန်ယက်ကို သုံးစွဲကြရာမှာ အသိ သတိနဲ့ အတု အစစ်ကို ဆင်ခြင်ဝေဖန် ပိုင်းခြား အထူးတလည် ဂရုစိုက်ကြပြီး အယုံမလွယ်ကြဖို့ လိုအပ်ပါတယ်။

ယခုလည်း ချစ်လှစွာသော ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ် ထုတ်နုတ် တင်ပြလိုက်ပါတယ်။ ဒီဖြစ်စဉ်ကတော့ ယခု လူမှုကွန်ယက်မှာ နာမည်ကြီး ဟော့ဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ အင်တာနက်ထဲက ချစ်သူနဲ့တွေ့ဖို့ ကုန်းတစ်တန်လေတစ်တန်လာပြီးမှ စိတ်ပျက်ခဲ့ရတဲ့အမျိုးသားလေး တစ်ဦး အကြောင်းပါ။

တရုတ်လူမှုကွန်ယက်က ဗကာင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းပါ။ ခုခေတ်မှာ အွန်လိုင်းမှာတွေ့ . အွန်လိုင်းမှာချစ်ကြတဲ့ဇာတ်လမ်းတွေ များပြားလာပါတယ်။အဆင်ပြေတာလည်းရှိကြပေမယ့် အများစုကတော့ မပြေကြပါဘူး။

အခုလူငယ်လေးဟာဆိုရင်လည်း သူ့ရဲ့အွန်လိုင်းက ကောင်မလေးကို တွေ့ဖို့ ခရီးအဝေးကြီးကနေ လေဆိပ်ထိ ကားစီးပြီး ခရီးနှင်ကာ တစ်ခါမှာ မရောက်ဖူးတဲ့ အွန်လိုင်းချစ်သူရှိရာသို့ လေယာဉ်စီးပြီး ဆက်လက် လာခဲ့တာမှာ တကယ်တွေ့ရတော့ သူ ထင်တာနဲ့ တလွဲ စိတ်ပျက်သွားခဲ့ရပါတယ်။

တွေ့ခွင့်ရတော့မယ် ဆိုပြီး ပျော်မြူးကာ ခရီးစဉ်တလျှောက် ရင်ဖိုကာ စိတ်လှုပ်ရှား ၊ ချစ်ကြည်နူးပြီး ပြောဖို့ စကားတွေ တွေးရင်း မျှော်လင့်ခဲ့ရသမျှ ချစ်ရသော ကောင်မလေးနဲ့ အတွေ့မှာ ကမ္ဘာတစ်ခုလုံး ပြိုကျ စိတ်ကူးအိပ်မက်တွေ ပြာကျခဲ့ရပါတော့တယ်။

အကြောင်းကတော့ အဲ့ဒီ့မိန်းကလေးရဲ့အွန်လိုင်းက ရုပ်ရည်ကအပြင် ရုပ်ရည်နဲ့ ဘာမှကို မဆိုင်၊ အွန်လိုင်းမှာ တင်သမျှ စွဲလမ်းခဲ့ရတဲ့ သူမရဲ့ ရုပ်ပုံလွှာလေးဟာ အပြင်လောကမှာ အစစ်အမှန် မဖြစ်ပဲ. . . မိတ်ကပ်နဲ့ အဖက်စ် ပေါင်းစုံ သုံး ပြုပြင်ကာ တင်ထားသော ဂျင်းရုပ်လွှာသာ ဖြစ်တယ် ဆိုတာကို အပြင်လက်တွေ့ဘဝမှာ ချစ်သူနဲ့ တွေ့တွေ့ချင်း အံ့သြ မင်သက် မထင်မှတ်ပဲ သိလိုက်ရပါတော့တယ်။

တကယ့်ကိုပဲ ကောင်မလေးရဲ့ အပြင်ရုပ်ရည်နဲ့ အွန်လိုင်းမှာ တင်ထားတဲ့ ပုံဟာ အကွာခြားကြီး ကွာခြားနေသဖြင့် မိုင်ထောင်ချီ ခရီးနှင်လာခဲ့ရတဲ့ မျှော်လင့်ချက်ဟာ တစ်စစီ ကျိုးပဲ့ကာ ကောင်လေးခမျာ ရူးကြောင်ကြောင် ဖြစ်ပြီး ကြေကွဲငိုရှိုက် အသိကင်းလွတ်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ကောင်လေးခမျာ သူဟာ နဂိုရှိရင်းစွဲ ချောမောတဲ့ ရုပ်ရည်အတိုင်း အွန်လိုင်း အသုံးပြုခဲ့သလို သူရဲ့ အွန်လိုင်းချစ်သူ မိန်းမချောလေးဟာလည်း နဂိုပုံစံ အရှိအတိုင်းသာပဲလို့ ထင်မှတ်ခဲ့ရှာတာပါ။

နောက်ဆုံးမှာတော့ ကောင်လေးလည်း မျက်ရည်နဲ့ မျက်ခွဲ လာရာလမ်း ခရီးအဝေးကြီးကို စိတ်ပျက်လက်ပျက်ပဲ ပြန်သွားခဲ့ရသလို ကောင်မလေးမှာလည်း ရုပ်ရည်ကို ပြုပြင် လိမ်ညာမိခဲ့တဲ့ အပြစ်နဲ့ ချစ်ရသူနဲ့ ကွေ့ကွင်းကာ လေဆိပ်မှာပဲ အရူးတစ်ပိုင်း အသည်းဟက်တတ်ကွဲကာ ကျန်နေရစ်ခဲ့ရ ရှာပါတော့တယ်။

ဒီကြေကွဲစရာ အဖြစ်အပျက်လေးကို နမူနာယူပြီး လူမှုကွန်ယက် အွန်လိုင်းပေါ်က အရာရာကို အသိ သတိလေးနဲ့ ဆင်ခြင်သတိထားပြီး စစ်မှန်သော အရှိတရားတွေကိုသာ ရယူပိုင်ဆိုင်တိုင်ကြစေဖို့ စေတနာစကားနဲ့ ဆင်ခြင်သတိထားဖို့ အမှာစကားဆို လိုက်ပါတယ် ချစ်မိတ်ဆွေတို့။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ !

အချစ်နယ်ကျွံရာကရလာတဲ့ ကလေးကိုမွေးမွေးပြီးချင်း အမှိုက်နဲ့ထည့်ကာ စွန့်ပစ်ခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေး






source – Thiavisa


Unicode

ယနေ့ခေတ် ဆယ်ကျော်သက်တွေကြားမှာတော့ ချစ်သူရည်းစားတွေနဲ့ အချစ်နယ်ကျွန်ပြီး ကလေးတွေရလာတဲ့အခါကြရင်တော့ မလုပ်သင့်တဲ့လုပ်ရပ်တွေကို လုပ်လာကြတာတွေ့ရပါတယ်။မိန်းကလေးတွေဆိုရင်လည်း ကလေးရလာတဲ့အခါမှာ ဖျက်ချပစ်တာမျိုးတွေ နောက်ဆုံးမွေးဖွားပြီးတဲ့အခါမှာ စွန့်ပစ်တာမျိုးတွေ လုပ်လာကြတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံအတွင်းမှာဆိုရင်လည်း အသက် ၁၈ နှစ်အရွယ်မိန်းကလေးတစ်ဦးဟာ သူမရဲ့မွေးကင်းစ ကလေးငယ်လေးကို အမှိုက်ပုံးထဲကို စွန့်ပစ်ခဲ့တယ်လို့သိရပါတယ်။

သူမဟာ ဒီကလေးကို ချစ်သူရည်းစားနဲ့ အချစ်နယ်ကျွံရာကနေ ရရှိလာခဲ့တာဖြစ်ပြီး သွေးစစ်ဖို့ဆေးခန်းသွားတဲ့အချိန်မှာ ဆေးခန်းက အိမ်သာထဲမှာ ဒီကလေးကိုမွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့အချိန်မှာတော့ ၎င်းမိန်းကလေးဟာ ကလေးရဲ့အချင်းကြိုးကို သူမမှာပါလာတဲ့ ဓါးနဲ့ဖြတ်ကာ အိမ်သာထဲကို ပစ်ချခဲ့ပြီး ကလေးငယ်လေးကိုတော့ ပလတ်စတစ် အိတ်နဲ့ ထုတ်ပြီး ယူလာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကလေးငယ်လေးကို အမှိုက်ပုံးတစ်ခုထဲမှာ သွားရောက်စွန့်ပစ်ခဲ့တာပဲဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိအချိန်မှာဆိုရင်တော့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာ စီစီတီဗွီကနေ ခြေရာခံပြီး သူမကို ဖမ်းဆီးခဲ့ပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် လူသတ်မှုနဲ တရားစွဲဆိုထားသလို သူမရဲ့လုပ်ရက်နဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကိုချမှတ်သွားမယ်လို့သိရပါတယ်။

source – Thiavisa

credit – myanmarload.com

ငါးရှဥ့်ဖင်ထဲထည့်ပြီး ဝမ်းချူခဲ့သူ သေမလိုဖြစ်ခဲ့ရ




Unicode

တရုတ်နိုင်ငံ ဂွန်ကျိုးပြည်နယ်က အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဝမ်းချုပ်ဝေဒနာကို ကုစားဖို့အတွက် ၅၀ စင်တီမီတာရှည်တဲ့ ငါးရှဉ့်အရှင်တစ်ကောင်ကို သူ့ရဲ့ စအိုထဲကို ထည့်သွင်းခဲ့ပါတယ်။အထက်ပါအတိုင်း လုပ်ခဲ့တဲ့ “လွီ”ဆိုသူ အမျိုးသားဟာ ရောဂါမသက်သာတဲ့အပြင် အစာအိမ် ယောင်ရမ်းပြီး ဝမ်းဗိုက်နာကျင်မှုကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတာကြောင့် ဆေးရုံကို ယိုင်ထိုးယိုင်ထိုးနဲ့ အားတင်းပြီး အရောက်လာခဲ့ပါတယ်။

ဆရာဝန်တွေက သူ့ကိုအရေးပေါ်ခွဲစိပ်ကာ အရှည် ၅၀ စင်တီမီတာလောက်ရှိပြီး မစင်တွေ၊ အစာဟောင်းတွေနဲ့ လူးနေတဲ့ ငါးရှဉ့်တစ်ကောင်ကို ဝမ်းဗိုက်ထဲက ထုတ်ယူပေးခဲ့ရပါတယ်။ ငါးရှဉ့်ဟာ သူ့ရဲ့အတွင်းဆုံးအူအထိ လူးလွန့်တွားသွားခဲ့တာကြောင့် အတွင်းကလီစာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အကျိအချွဲရှိတဲ့သတ္တဝါတွေဟာ ချောဆီလိုပဲဖြစ်နေတဲ့အတွက် ဝမ်းချုပ်တာပျောက်ကင်းဖို့ ဒီလိုလုပ်ရတယ်လို့ သူကြားဖူးတာကြောင့် အခုလို ငါးရှဉ့်ကို စအိုထဲထည့်ကာ စမ်းကြည့်ခဲ့ကြောင်း လွီက နောက်ပိုင်းတွင် ရှင်းပြခဲ့သည်။

credit – popolay.com

ကမ္ဘာ့ဘောလုံးပရိသတ်ကြားမှာ အလွန်ရေပန်းစားနေတဲ့ မြန်မာပြည်တွင်းကဓာတ်ပုံတစ်ပုံ

ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ဘောလုံးအားကစားနည်းကို အလွန်အမင်းရူးသွပ်ခုံမင်လွန်းကြသူတွေ ဖြစ်ကြပါတယ်။ ကိုယ်နဲ့ လုံးဝလားလားမှ မသက်ဆိုင်တဲ့ အနောက်ကမ္ဘာက ဘောလုံးပွဲတွေကို အချိန်ကုန်ခံ၊ အိပ်ရေးပျက်ခံပြီး အလွန်အမင်း ရူးသွပ်ခုံမင် အားပေးနေရတာကို ကြည့်ရင် မြန်မာလူမျိုးတွေရဲ့ ဘောလုံးအပေါ် ရူးသွပ်မှုကို တွေ့ရမှာပါ။

ဒါတင်မဟုတ်သေးပါဘူး။ မြန်မာ့လက်ရွေးစင်အသင်းရဲ့ပွဲစဉ်တွေမှာတော့ မြန်မာလူမျိုးတွေဟာ ဘောလုံးကို အလွန်ရူးသွပ်သူတွေဖြစ်တယ်ဆိုတာကို အထင်းသားတွေ့မြင်ရမှာပါ။ အသက်အရွယ်မရွေး၊ ဘောလုံးအကြောင်းကို တစ်လုံးမှ မသိသူတွေတောင် မြန်မာဆိုတာနဲ့ ၀က်ဝက်ကွဲအားပေးကြပါတယ်။

ငယ်စဉ်တုန်းက လူကြီးတွေ ဘယ်လောက်ပဲပိတ်ပင်ပိတ်ပင် ကျွန်တော်တို့ဟာ ဘောလုံး မရမက ခိုးကန်ခဲ့ကြပါတယ်။ အိမ်ကလူကြီးတွေ၊ ကျောင်းက ဆရာတွေဟာ ကျွန်တော်တို့ရဲ့ဘောလုံးအပေါ် ချစ်ခင်မှုကို လုံးဝမတားဆီးနိုင်ခဲ့ကြပါဘူး။

အခုအခါမှာတော့ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ဘောလုံးအပေါ်ချစ်ခင်မှုကို ကမ္ဘာက အသိအမှတ်ပြုခဲ့ပြီလို့ဆိုရမှာပါ။ ကမ္ဘာကျော် ဘောလုံးသတင်းဋ္ဌာန Bleacher Report Football က သူတို့ရဲ့တရားဝင် Facebook ကနေ မြန်မာလူငယ်ကလေးတွေ မိုးတွေသဲကြီးမဲကြီးရွနေတဲ့ကြားက ဘောလုံးအားတက်သရောကန်နေကြတဲ့ပုံကို တင်ခဲ့ပါတယ်။

“ရာသီဥတုဘယ်လိုပဲဖြစ်နေပါစေ။ ဘောလုံးက ပထမပဲ”ဆိုတဲ့စာသားနဲ့အတူ မြန်မာအလံကိုပါ ထည့်သွင်းခဲ့တာပါ။ Bleacher Report Football ရဲ့အဲဒီဓာတ်ပုံဟာ အထူးသဖြင့် မြန်မာပရိသတ်တွေကြား အလွန်ရေပန်းစားခဲ့ပြီး ပြန်လည်မျှဝေသူများပြားခဲ့ပါတယ်။ ဒါ့အပြင် တခြားနိုင်ငံကပရိသတ်တွေကပါ မြန်မာတွေရဲ့ဘောလုံးအားကစား ချစ်မြတ်နိုးပုံကို မှတ်ချက်ပြုချီးကျူးခဲ့ကြပါတယ်။

credit – momolay.com

ရှေ့တန်းပြန်လာတဲ့ သားသုံးယောက်ရဲ့ Suprise လုပ်မှုကြောင့် မျက်ရည်ကျမိတဲ့ မိဘနှစ်ပါး







Unicode

သားသမီးနဲ့ မိဘ နယ်မြေခြားဝေကွာနေရင်တောင် မိဘတွေမှာ စိတ်ပူပြီး သားသမီးပြန်အလာကို အမြဲစောင့်မျော်နေတတ်ပါတယ်။ ယခုလို ရှေ့တန်းသွားနေရတဲ့ သားသမီးတွေအဆို မိဘတွေက သူတို့ဆီကို အမြန်ဆုံးပြန်လာဖို့ ဘယ်လောက်တောင် မျှော်နေမိမလဲ Lifestyle_Myanmar ပရိတ်သတ်ကြီးပဲ စဉ်းစားကြည့်ကြပါ။ ယခုအဖြစ်အပျက်လေးကတော့ ဖိလစ်ပိုင်နိုင်ငံက မိဘနှစ်ပါးရဲ့ အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ Gerado Garcia Jr နဲ့ ဇနီးဖြစ်သူ Milvina Garcia တို့မှာ သားသုံးယောက်ရှိပါတယ်။ သားသုံးယောက်စလုံးက ရှေ့တန်းကာလ မိဘတွေနဲ့ ကွဲကွာနေတာ ၅လလောက်ရှိနေပါပြီ။ သားအကြီးဆုံးဖြစ်သူ John Melvin Garcia ဟာ ဖိလစ်ပိုင်လေတပ် 15Strike Wing လေကြောင်း စစ်ဆင်ရေးရဲ့ ရှေ့ပြေးလေယာဉ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ သားအလတ်ဖြစ်သူ George Bernard Garcia နဲ့ သားအငယ် Gerson Garcia တို့ကတော့ ကြည်းတပ်မှာ စစ်မှုထမ်းဆောင်နေရတာပါ။

ရှေ့တန်းကာလ တာဝန်ထမ်းဆောင်နေစဉ်အတွင်း John Melvin Garcia က ညီငယ်နှစ်ယောက်စလုံးအတွက် စိုးရိမ်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ယခုအချိန်မှာတော့ သူတို့ ညီအစ်ကို သုံးယောက်စလုံး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိတာမျိုးမရှိဘဲ မိဘတွေထံ ချောချောမွေမွေ ပြန်လာနိုင်ပြီးလို့လည်းဆိုပါတယ်။ ဒါ့ကြောင့် သူတို့ဟာ မိခင်ဖြစ်သူရဲ့ အသက် ၅၁နှစ်မြောက်မွေးနေ့မှာ suprise လုပ်ရင်း သုံးယောက်စလုံးအတူတူ အိမ်ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ညီအစ်ကို သုံးယောက်စလုံးဟာ ဖိလစ်ပိုင် မိဒီယာတစ်ခုဖြစ်တဲ့ ABS-CBN နဲ့ အကူအညီတောင်းပြီးတော့ မိခင်ရဲ့ မွေးနေ့မှာ “Family is Love” ဆိုတဲ့ အစီအစဉ်လေးရိုက်ကူးတင်စက်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာတော့ ရှေ့တန်းကာလမှာဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲအငွေ့အသက်တွေနဲ့ သားသုံးယောက်ရဲ့Suprise ကြောင့် မျက်ရည်စက်လက်နဲ့ ဝမ်းသာပီတိဖြစ်မိတဲ့ မိဘနှစ်ပါးရဲ့ အဖြစ်အပျက်လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ Abu Sayyaf Salafi jihadist အစ္စလာမ် စစ်သွေးကြွလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်တဲ့ ကာလဟာ ယခုခေတ်သစ်ဖိလစ်ပိုင်သမိုင်းမှာတော့ အရှည်ကြာဆုံးဖြစ်ခဲ့တဲ့ စစ်ပွဲတွေပဲဖြစ်ပါတယ်။

credit – lifestylemyanmar.com

လောကပါလတရားတွေ ရှိနေတုန်းဆိုတာ CCTV နဲ့လည်း သက်သေပြလို့ရပြီ

CCTVဆိုလို့ ဒီနေ့ကြုံရတာလေး ဖောက်သည်ချရ ဦးမယ်။

ဒီလိုဗျာ့… လင်မယားနှစ်ယောက် ချွေးသံရွှဲရွှဲနဲ့ ကျနော့်ရုံးခန်းထဲ ဝင်လာကြတယ်။ အမောတကော ပြောနေကြတာလည်း စုံလို့။ နားကို မလည်နိုင်ဘူး။ ပိုက်ဆံ ပျောက်သွားတာလည်းပါရဲ့။ ခေတ္တနားခိုင်းပြီး ဖြည်းဖြည်းချင်းမေးတော့မှ ဇာတ်စုံ သိရတော့တာကိုး။

သူတို့က သွေးရောဂါသည် ကလေးအတွက် ပြန်လာပြတာပါ။ ဓာတ်ခွဲခန်း ဆီးနမူနာပေးဖို့ ကလေးနဲ့အတူ အိမ်သာထဲဝင်အပြီးမှာ ပိုက်ဆံထည့်ထားတဲ့အိတ် အိမ်သာခန်းထဲမှာ ကျန်ရစ်ခဲ့ပါလေရော။ သုံးမိနစ်အတွင်း ပြန်ပြေးလာရှာတော့ မရှိတော့ဘူး။ အဲဒါ ဆေးရုံအုပ်ကြီး ပြန်ရှာပေးပါပေါ့။ တောသူတောင်သားတွေဆိုတော့ ရိုးရိုးကြီးတွေ ပြောကြတာလေ။ ပျောက်သွားတဲ့ ငွေကလည်း ကျပ် ၁၂-သိန်းတောင်။ CCTVကို လက်ညှိုးထိုးပြနေကြတာလေ။

ပိုက်ဆံအိတ်မေ့ကျန်ခဲ့သည့် မိဘများ

သဘောပေါက်ပြီ ကဲ…ဒီမှာထိုင်ကြဆိုပြီး CCTV play backရတော့တာပေါ့။ သုံးမိနစ်အတွင်းမှာ ကလေးနဲ့ အမေတစ်တွဲရယ် အမျိုးသမီးတစ်ယောက်ရယ်ပဲ အိမ်သာခန်းထဲ ထပ်ဝင်တာတွေရတယ်။ တစ်ဦးတည်းဝင်တဲ့ အမျိုးသမီးက အဲဒီ ပိုက်ဆံအိတ်ကို ကိုင်ပြီး ပြန်ထွက်သွားတာကို တွေ့လိုက်ရတော့ ပျော်သွားပြီ။ စတွေ့ပြီပေါ့လေ။ ကင်မရာသုံးလုံးနဲ့ အဆင့်ဆင့်လိုက်ကြည့်တော့ လူနာစောင့်တည်းခိုဆောင် ရှေ့မှာ ငုတ်တုတ်ကလေး ထိုင်နေလေရဲ့။

ပိုက်ဆံအိတ် ကောက်ရသွားသူ

အဲဒီညီမလေးကို ရုံးခန်းထဲ ဖိတ်ခေါ်ပြီး ပိုက်ဆံအိတ်ကိစ္စ ပြောလည်းပြောရော…သမီးက ငွေရှင်ကိုသနားနေတာ။ ဘာလုပ်ရမယ်မှန်းလည်း မသိလို့ ထိုင်ပြီး ငွေပျောက်နိုင်သူကို အကဲခတ် စောင့်ကြည့် နေတာတဲ့လေ။ ငွေကောက်ရတဲ့ သူမကလည်း ရွာဖက်ကပါပဲ။ သူမရဲ့ကလေးက အကြိတ်ကင်ဆာနဲ့ ဆေးရုံတက်ဆဲပေါ့။ ဝမ်းသာအားရ ပြန်ပေးပါတယ်။ စိတ်ချမ်းသာလိုက်တာလေ။ ငွေရှင် လင်မယားခမြာ ထ က မတတ်ပါပဲ။

သူတို့ ကလည်း ကျေးဇူးတင်လို့ မုန့်ဖိုးတွေ ပြန်ပေးပေါ့။ ပြောပြချင်တာက CCTV ဆိုတိုင်း အနိဋ္ဌာရုံချည်းပဲ မဟုတ်ပါဘူးလို့။ လောကပါလတရားတွေ ရှိနေတုန်းဆိုတာ CCTVနဲ့လည်း သက်သေပြလို့ ရနိုင်ပါသေးတယ်လို့။

Thet Aung

ဆေးရုံနဲ့ဝေးလို့ သေဆုံးခဲ့ရတဲ့ ဇနီးသည်အတွက် ရည်စူးပြီး ဆေးရုံနဲ့နီးအောင် ၂၂နှစ်လုံးလုံး တောင်ကိုဖြိုပြီး လမ်းဖောက်ခဲ့သူ

Dashrath Manjhi ဆိုတဲ့ အမျိုးသားဟာ လူအများက မဖြစ်နိုင်တဲ့ အရာကို လုပ်ခဲ့လို့ သူ့ကို အရူးလို့တောင် လှောင်ပြောင်ခံခဲ့ရပါတယ်။ သူဟာ ဘာစက်ယန္တရားမှ မပါဘဲ လက်လုပ် ပစ္စည်းတွေနဲ့ ၂၂ နှစ်လုံးလုံး ကျောက်တောင်ကိုဖြိုပြီး လမ်းဖောက်လုပ်ခဲ့လို့ပဲဖြစ်ပါတယ်။အန္ဒိယနိုင်ငံ တောင်ပိုင်း Bihar ပြည်နယ် Gehlour ဆိုတဲ့ မြို့လေးမှာ ဇာတ်မဲ့လူမျိုးတွေ အများအပြားနေထိုင်ပါတယ်။ အန္ဒိယမှာ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားတဲ့ အစဉ်အလာရှိခဲ့ပြီးယခုအချိန်ထိလည်း လူတန်းစား ခွဲခြားဆက်ဆံမှုတွေ ရှိနေပါသေးတယ်။ ဇာတ်နိမ့်၊ ဇာတ်မြင့်ပေါ် မူတည်ပြီး အကျိုးခံစားခွင့်၊ အခွင့်အရေးတွေက မတူပါဘူး။ ဒါပေမဲ့ Dashrath Manjhi ကတော့ ဇာတ်မဲ့သူတစ်ယောက်ဖြစ်ပါတယ်။မျိုးရိုးမရှိတဲ့ လူတန်းစားတစ်ဦးဖြစ်တာကြောင့် မြို့နဲ့ အလှမ်းဝေးတဲ့နေရာမှာ နေရပြီး သူတို့နေထိုင်တဲ့နေရာမှာ ဆေးရုံ၊ ကျောင်း၊ လျှပ်စစ်မီးစတဲ့ အခြေခံလိုအပ်ချက်တွေ မရှိပါဘူး။ မြို့နဲ့ သူတို့နေထိုင်ရာ ရွာကြားမှာ ကျောက်တောင်တွေ ခြားထားပြီး သွားလာရ ခက်ခဲပါတယ်။ အဲ့ဒီအချိန်မှာ ဇနှီးသည် နေမကောင်းဖြစ်ပြီး ဆေးရုံကို အချိန်မှီမပို့လိုက်နိုင်တာကြောင့် မသေဆုံးသင့်ပဲသေဆုံးခဲ့ရပါတယ်။ မြို့နဲ့ ရွာကို ၇၀ မီတာလောက် ဝေးကွာတာကြောင့် ဆေးကုသမှု အချိန်မှီမခံယူလိုက်နိုင်ဘဲ သေဆုံးသွားတဲ့ ဇနီးသည်အတွက် ရင်ကျိုးမရဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ Dashrath Manjhi ကတော့ ဇာတ်မဲ့သူတစ်ယောက်ဖြစ်ပါတယ်။မျိုးရိုးမရှိတဲ့ လူတန်းစားတစ်ဦးဖြစ်တာကြောင့် မြို့နဲ့ အလှမ်းဝေးတဲ့နေရာမှာ နေရပြီး သူတို့နေထိုင်တဲ့နေရာမှာ ဆေးရုံ၊ ကျောင်း၊ လျှပ်စစ်မီးစတဲ့ အခြေခံလိုအပ်ချက်တွေ မရှိပါဘူး။ မြို့နဲ့ သူတို့နေထိုင်ရာ ရွာကြားမှာ ကျောက်တောင်တွေ ခြားထားပြီး သွားလာရ ခက်ခဲပါတယ်။ အဲ့ဒီအချိန်မှာ ဇနှီးသည် နေမကောင်းဖြစ်ပြီး ဆေးရုံကို အချိန်မှီမပို့လိုက်နိုင်တာကြောင့် မသေဆုံးသင့်ပဲသေဆုံးခဲ့ရပါတယ်။ မြို့နဲ့ ရွာကို ၇၀ မီတာလောက် ဝေးကွာတာကြောင့် ဆေးကုသမှု အချိန်မှီမခံယူလိုက်နိုင်ဘဲ သေဆုံးသွားတဲ့ ဇနီးသည်အတွက် ရင်ကျိုးမရဖြစ်ခဲ့ရပါတယ်။

ဒါ့ကြောင့် Dashrath Manjhi ဟာ မိမိမှာရှိတဲ့ ဆိတ်သုံးကောင်ကို ရောင်းချပြီး တောင်ကို ထွင်းထုဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်လိုက်ပါတယ်။ အဲ့ဒီနောက်သူဟာ ၁၉၆၀ ခုနှစ်ကနေ ၁၉၈၂ ခုနှစ်ထိ ၂၂နှစ်လုံးလုံး အလုပ်အားတဲ့ညနေဘက်နဲ့ ညဘက်တွေမှာ ဒီတောင်ကို ထွင်းထုပါတယ်။ မာကျောတဲ့ ကျောက်တုံးတွေ အလွယ်တကူထွင်းထုနိုင်ဖို့အတွက် ကျောက်တုံးတွေပေါ်မှာ မီးရှို့ချလိုက်ပြီး ထိုကျောက်သားအပေါ် ရေထပ်ဖြန်းချလိုက်ပါတယ်။ ထိုအခါ ကျောက်သားတွေ အက်လာပြီး အလွယ်တကူ ထွင်းထုနိုင်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူဟာ အမြင့် ၂၅ပေရှိတဲ့ ကျောက်တောင်ကြီးကို ဖြိုဖျက်ပြီး အကျယ် ပေ ၃၀၊ အရှည် ပေ ၃၆၀ ရှိတဲ့ လမ်းကို ဖောက်လုပ်နိုင်ခဲ့ပါတယ်။ ကျောက်တောင်ကို ဖောက်ထွင်းလိုက်တဲ့ Dashrath Manjhi လမ်းဟာ မြို့နဲ့ ယခင်ကထက်တော့ ပိုးပြီးနီးသွားခဲ့ပါတယ်။

သူဖောက်ခဲ့တဲ့လမ်းအတွက် နိုင်ငံတော်က အသိအမှတ်ပြု ချီးကျူးခြင်းကို ခံရပြီး အများပြည်သူတွေကလည်း “တောင်လူသား” ဆိုပြီး အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါ့အပြင့် Dashrath Manjhi ဟာ မိမိတို့နေထိုင်တဲ့ ရွာလေးအတွက် အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အစိုးရထံ အသနားခံစာ တင်ခဲ့ပါတယ်။ Dashrath Manjhi ဟာ သူပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေကို အပြည့်အဝ မခံစားလိုက်ရဘဲ ၂၀၀၇ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဇနီးသည်အပေါ်ချစ်တဲ့စိတ်ကြောင့် နောင်လာနောင်သားတွေအတွက်၊ ရပ်ရွာအတွက်အများကြီး အကျိုးပြုပေးသွားတာတော့ တကယ့်ကိုလေးစားချင်စရာကောင်းပါတယ်။

credit – Lifestyle_Myanmar