ဆင္းရဲသားနဲ႔သူႂကြယ္တို့အၾကား ဘဝကြဲျပားျခားနားပုံကို ရင္ထဲဆို့နစ္သြားေအာင္ ဖမ္းယူရိုက္ျပထားခဲ့တဲ့ဓာတ္ပုံမ်ား

Johnny Millerအမည္ရွိတဲ့ဓာတ္ပုံဆရာတစ္ဦးဟာ ေတာင္အာဖရိကရဲ့ ခ်မ္းသာႂကြယ္ဝသူနဲ႔ဆင္းရဲသားတို့အၾကားရွိကြာဟမွုကို ဖမ္းယူရိုက္ကူးခဲ့ကာ ႏွစ္ဖက္အၾကားသိသာထင္ရွားတဲ့ကြဲျပားျခားနားေနမွုေတြကို ရိုက္ကူးေပၚလြင္ေစခဲ့ပါတယ္။ Drone တစ္ခုတည္းကိုသာအသုံးျပဳထားၿပီး သူ႔ရဲ့Unequal Scenes လို့ေခၚတဲ့ဓာတ္ပုံစီးရီးမွတစ္ဆင့္ ျမင္နိုင္တဲ့ေတာင္အာဖရိကရဲ့ေသြဖည္မွုကို ျပသခဲ့ပါတယ္။ရွုခင္းေတြနဲ႔စိမ္းလန္းစိုေျပေနတဲ့တစ္ဖက္တစ္ခ်က္ရဲ့ေနအိမ္ေတြ နဲ႔ ယိုယြင္းပ်က္စီးၿပီးစြန္႔ပစ္ထားတဲ့ေျမေတြေပၚကိုမွ ပါးလႊာတဲ့လမ္းေတြခြဲထားရတဲ့အျခားတစ္ဖက္ကို မီးေမာင္းထိုးျပထားခဲ့ပါတယ္။

အဆိုပါကြဲျပားျခားနားမွုေတြကို လူတစ္ေယာက္ရဲ့ပုံမွန္ရွုေထာင့္မွ အလြယ္တကူမျမင္နိုင္တာေၾကာင့္ Millerဟာ ေလထဲပ်ံသန္းရင္း ရိုက္ကူးခဲ့ၿပီး သူ႔ရဲ့လိမၼာပါးနပ္တဲ့ဓာတ္ပုံေတြမွတစ္ဆင့္ ရွုေထာင့္အသစ္ေတြကို ျပသေပးခဲ့ပါတယ္။လူျဖဴမဟုတ္တဲ့လူေတြအား နိုင္ငံေရး၊စီးပြါးေရးႏွင့္ ဥပေဒအရခြဲျခားဆက္ဆံမွုေတြပါဝင္တဲ့လူမွုေရးမူဝါဒ သို့မဟုတ္ လူမ်ိဳးေရးခြဲျခားထားျခင္းကို ၁၉၄၇မူဝါဒအသားအေရာင္ခြဲျခားမွုအၿပီး ေနာက္မွာေတာ့ အဆိုပါအရာအားလုံးကို ကြဲျပားျခားနားၿပီးျပဳျပင္ထားတဲ့ခြဲျခားမွုကိုဖန္တီးဖို့အတြက္ သိသာတဲ့လမ္း၊တံတား၊ျမစ္စတဲ့အတားအဆီးေတြလုပ္ၿပီး ခြဲျခားထားခဲ့ၾကတာပါ။

Millerရဲ့ဓာတ္ပုံစီးရီးဟာ လူေတြအား သူတို့ရဲ့နည္းပညာေတြကိုအေကာင္းဆုံးအသုံးျပဳဖို့၊ကမၻာတစ္ဝွမ္းလုံးကကြဲျပားျခားနားမွုေတြမျပဳလုပ္ၾကဖို့ေမၽွာ္လင့္ထားတာပါ။သူ႔ရဲ့ရည္ရြယ္ခ်က္က စစ္ပြဲတစ္ခုစတင္ဖို့ မဟုတ္ဘဲ သူဟာ အျပဳသေဘာေဆာင္တဲ့ျမင္ကြင္းေတြကိုသာျပသခဲ့တာပါ။အဆိုပါဓာတ္ပုံေတြက ကြဲျပားျခားနားေနတဲ့အရာအားလုံးကို ၿငိမ္းခ်မ္းတဲ့နည္းလမ္းေတြနဲ႔ေျဖရွင္းဖို့ကူညီေပးလိမ့္မယ္လို့လည္း ေမၽွာ္လင့္မိပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

Johnny Millerအမည်ရှိတဲ့ဓာတ်ပုံဆရာတစ်ဦးဟာ တောင်အာဖရိကရဲ့ ချမ်းသာကြွယ်ဝသူနဲ့ဆင်းရဲသားတို့အကြားရှိကွာဟမှုကို ဖမ်းယူရိုက်ကူးခဲ့ကာ နှစ်ဖက်အကြားသိသာထင်ရှားတဲ့ကွဲပြားခြားနားနေမှုတွေကို ရိုက်ကူးပေါ်လွင်စေခဲ့ပါတယ်။ Drone တစ်ခုတည်းကိုသာအသုံးပြုထားပြီး သူ့ရဲ့Unequal Scenes လို့ခေါ်တဲ့ဓာတ်ပုံစီးရီးမှတစ်ဆင့် မြင်နိုင်တဲ့တောင်အာဖရိကရဲ့သွေဖည်မှုကို ပြသခဲ့ပါတယ်။ရှုခင်းတွေနဲ့စိမ်းလန်းစိုပြေနေတဲ့တစ်ဖက်တစ်ချက်ရဲ့နေအိမ်တွေ နဲ့ ယိုယွင်းပျက်စီးပြီးစွန့်ပစ်ထားတဲ့မြေတွေပေါ်ကိုမှ ပါးလွှာတဲ့လမ်းတွေခွဲထားရတဲ့အခြားတစ်ဖက်ကို မီးမောင်းထိုးပြထားခဲ့ပါတယ်။

အဆိုပါကွဲပြားခြားနားမှုတွေကို လူတစ်ယောက်ရဲ့ပုံမှန်ရှုထောင့်မှ အလွယ်တကူမမြင်နိုင်တာကြောင့် Millerဟာ လေထဲပျံသန်းရင်း ရိုက်ကူးခဲ့ပြီး သူ့ရဲ့လိမ္မာပါးနပ်တဲ့ဓာတ်ပုံတွေမှတစ်ဆင့် ရှုထောင့်အသစ်တွေကို ပြသပေးခဲ့ပါတယ်။လူဖြူမဟုတ်တဲ့လူတွေအား နိုင်ငံရေး၊စီးပွါးရေးနှင့် ဥပဒေအရခွဲခြားဆက်ဆံမှုတွေပါဝင်တဲ့လူမှုရေးမူဝါဒ သို့မဟုတ် လူမျိုးရေးခွဲခြားထားခြင်းကို ၁၉၄၇မူဝါဒအသားအရောင်ခွဲခြားမှုအပြီး နောက်မှာတော့ အဆိုပါအရာအားလုံးကို ကွဲပြားခြားနားပြီးပြုပြင်ထားတဲ့ခွဲခြားမှုကိုဖန်တီးဖို့အတွက် သိသာတဲ့လမ်း၊တံတား၊မြစ်စတဲ့အတားအဆီးတွေလုပ်ပြီး ခွဲခြားထားခဲ့ကြတာပါ။

Millerရဲ့ဓာတ်ပုံစီးရီးဟာ လူတွေအား သူတို့ရဲ့နည်းပညာတွေကိုအကောင်းဆုံးအသုံးပြုဖို့၊ကမ္ဘာတစ်ဝှမ်းလုံးကကွဲပြားခြားနားမှုတွေမပြုလုပ်ကြဖို့မျှော်လင့်ထားတာပါ။သူ့ရဲ့ရည်ရွယ်ချက်က စစ်ပွဲတစ်ခုစတင်ဖို့ မဟုတ်ဘဲ သူဟာ အပြုသဘောဆောင်တဲ့မြင်ကွင်းတွေကိုသာပြသခဲ့တာပါ။အဆိုပါဓာတ်ပုံတွေက ကွဲပြားခြားနားနေတဲ့အရာအားလုံးကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ဖြေရှင်းဖို့ကူညီပေးလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Mia (Mckzone Daily)

ကားသူခိုးေတြကို လွည့္စားဖို့ ဝယ္ထားတဲ့ကားအသစ္ႀကီးကို သံေခ်းေတြနဲ႔ဖုံးအုပ္ပစ္ခဲ့တဲ့ ကားပိုင္႐ွင္

လူေတြဟာ ကားသူခိုးေတြကို လွည့္စားဖို့ သူတို့ရဲ့ကားကိုသံေခ်းနဲ႔ဖုံးအုပ္ပစ္လိုက္တဲ့အထိ လုပ္ရဲၾကတယ္ဆိုေတာ့ ေတာ္ယုံတန္ယုံစေကးမဟုတ္ပါဘူး။ဒီကားပိုင္ရွင္လိုေပါ့။ဒီVolkswagen T5 Sportline ကားပိုင္ရွင္တစ္ေယာက္ဟာ ကားသူခိုးေတြထံမွကာကြယ္ဖို့ သူ႔ရဲ့ Vanကားအသစ္ကို သံေခ်းေတြနဲ႔ဖုံးအုပ္ထားဖို့ဆုံးျဖတ္ခဲ့တာပါ။Clyde Wraps အမည္ရွိ UK အေျခစိုက္ဗီနိုင္းဆြဲတဲ့ဆိုင္ရဲ့အကူအညီျဖင့္ ကားရာဇဝင္သားေတြရဲ့ခိုးယူျခင္းမွကာကြယ္ဖို့ သူ႔ရဲ့ကားတစ္စီးလုံးကို သံေခ်း၊ အက္ေၾကာင္း၊ျခစ္ရာေတြ နဲ႔ ကားတံခါးေပါက္ေတြအဆုံး စုတ္ျပတ္ေဟာင္းႏြမ္းေနတဲ့ကားအျဖစ္ေျပာင္းလဲပစ္ခဲ့ပါတယ္။

“သူ႔ရဲ့Van ကားက လူအုပ္ထဲမွာထင္ရွားေနခဲ့တာေၾကာင့္ သံေခ်းေတြနဲ႔ဘာေတြျဖစ္ေနတယ္ဆိုတာကိုေမးျမန္းဖို့ ရဲ က သူ႔ကို ၃ ရက္ေလာက္ေခၚသြားခဲ့တဲ့အေၾကာင္း ကၽြန္ေတာ္တို့ကို ေျပာျပရင္း ကၽြန္ေတာ္တို့ရဲ့ေဖာက္သည္က အရမ္းေပ်ာ္ေနခဲ့တယ္”လို့ Clyde Wrapsဆိုင္က သူတို့ဝက္ဆိုက္မွာ ေျပာျပခဲ့ပါေသးတယ္။ဒီေတာ့ ဘယ္သူေတြက Disneyရဲ့ Cars ကာတြန္း႐ုပ္ရွင္ဇာတ္ကားရဲ့Rusty Cornfuel ဆိုတဲ့ဇာတ္ေကာင္နဲ႔တူတဲ့အဆိုပါကားကို ခိုးယူၿပီးေထာင္အက်ခံခ်င္ပါသလဲ။ဒါေပမဲ့ ေျပာင္လက္ေနတဲ့ကားအသစ္စက္စက္ကိုစီးရတဲ့feelingက ဘယ္အရာနဲ႔မွမလဲနိုင္တာကို အဲ့ကားပိုင္ရွင္ကိုေတာ့ မေလးစားဘဲမေနနိုင္ေတာ့ပါဘူး။

Mia (Mckzone Daily)

Source : elitereaders

1

Unicode

လူတွေဟာ ကားသူခိုးတွေကို လှည့်စားဖို့ သူတို့ရဲ့ကားကိုသံချေးနဲ့ဖုံးအုပ်ပစ်လိုက်တဲ့အထိ လုပ်ရဲကြတယ်ဆိုတော့ တော်ယုံတန်ယုံစကေးမဟုတ်ပါဘူး။ဒီကားပိုင်ရှင်လိုပေါ့။ဒီVolkswagen T5 Sportline ကားပိုင်ရှင်တစ်ယောက်ဟာ ကားသူခိုးတွေထံမှကာကွယ်ဖို့ သူ့ရဲ့ Vanကားအသစ်ကို သံချေးတွေနဲ့ဖုံးအုပ်ထားဖို့ဆုံးဖြတ်ခဲ့တာပါ။Clyde Wraps အမည်ရှိ UK အခြေစိုက်ဗီနိုင်းဆွဲတဲ့ဆိုင်ရဲ့အကူအညီဖြင့် ကားရာဇဝင်သားတွေရဲ့ခိုးယူခြင်းမှကာကွယ်ဖို့ သူ့ရဲ့ကားတစ်စီးလုံးကို သံချေး၊ အက်ကြောင်း၊ခြစ်ရာတွေ နဲ့ ကားတံခါးပေါက်တွေအဆုံး စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ကားအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။

“သူ့ရဲ့Van ကားက လူအုပ်ထဲမှာထင်ရှားနေခဲ့တာကြောင့် သံချေးတွေနဲ့ဘာတွေဖြစ်နေတယ်ဆိုတာကိုမေးမြန်းဖို့ ရဲ က သူ့ကို ၃ ရက်လောက်ခေါ်သွားခဲ့တဲ့အကြောင်း ကျွန်တော်တို့ကို ပြောပြရင်း ကျွန်တော်တို့ရဲ့ဖောက်သည်က အရမ်းပျော်နေခဲ့တယ်”လို့ Clyde Wrapsဆိုင်က သူတို့ဝက်ဆိုက်မှာ ပြောပြခဲ့ပါသေးတယ်။ဒီတော့ ဘယ်သူတွေက Disneyရဲ့ Cars ကာတွန်းရုပ်ရှင်ဇာတ်ကားရဲ့Rusty Cornfuel ဆိုတဲ့ဇာတ်ကောင်နဲ့တူတဲ့အဆိုပါကားကို ခိုးယူပြီးထောင်အကျခံချင်ပါသလဲ။ဒါပေမဲ့ ပြောင်လက်နေတဲ့ကားအသစ်စက်စက်ကိုစီးရတဲ့feelingက ဘယ်အရာနဲ့မှမလဲနိုင်တာကို အဲ့ကားပိုင်ရှင်ကိုတော့ မလေးစားဘဲမနေနိုင်တော့ပါဘူး။

Mia (Mckzone Daily)

သခင္ကိုမိုးေရထဲထိုင္ေစာင့္ေနခဲ့တဲ့ေခြးေလးကို ထီးမိုးေပးရင္းအတူကူေစာင့္ေပးခဲ့တဲ့ လုံျခဳံေရးဝန္ထမ္း

တစ္ခ်ိဳ့ေခြးေတြဟာ မိုးေရထဲမွာကစားရတာကို ႀကိဳက္ႏွစ္ၾကပါတယ္။သူတို့ကမိုးေပါက္ေတြကို လိုက္ဖမ္းစားရင္း ဟိုေျပးဒီေျပးလုပ္တတ္ၾကပါတယ္။ဒါေပမဲ့ Scotland နိုင္ငံ Giffnockၿမိဳ့ရွိ Ethan Dearman အမည္ရွိတဲ့Morrisons supermarket လုံျခဳံေရးဝန္ထမ္းတစ္ဦးကေတာ့ သူ႔က်ဴတီအရ ဆိုင္ပတ္လည္ကို roundလွည့္ၾကည့္ေနတုန္း မိုးေရထဲမွာသခင္ကို ထိုင္ေစာင့္ေနတဲ့golden retriever ေခြးေလးတစ္ေကာင္ကို ေတြ႕လိုက္ေတာ့ မဆိုင္းမတြဘဲ ခ်စ္စရာေကာင္းတဲ့ေခြးေလးဆီခ်ဥ္းကပ္ၿပီး ေခြးေလးမိုးမစိုသြားေစဖို့ ထီးေလးမိုးေပးေနခဲ့ပါတယ္။အဆိုပါ ဓာတ္ပုံကို Mel Gracieဆိုတဲ့တက္တူးဆရာမက သူ႔ကားထဲကေန လူအမ်ားသိရေအာင္ ရိုက္ကူးေပးခဲ့တာပါ။

ဒါ့အျပင္ Ethanဟာ သူ႔ကိုယ္သူအတြက္ထီးမေဆာင္းထားဘဲ ေခြးေလးသခင္ျပန္မလာခင္အထိ ထီးမိုးေပးရင္း အတူတူေစာင့္ေနေပးခဲ့တာပါ။သူ႔တို့ရဲ့ဓာတ္ပုံဟာ social media ေပၚကလူေတြက သေဘာက်လို့မဆုံးျဖစ္ရင္း လူသိမ်ားသြားၿပီးေနာက္ မၾကာေတာ့ ေခြးေလးရဲ့သခင္ David Cherryက သိသြားခဲ့ရၿပီး Ethanရဲ့ၾကင္နာမွုကို အထူးေက်းဇူးတင္ေနခဲ့ပါတယ္။ေက်းဇူးတင္ေၾကာင္းကို ေခြးေလးရဲ့ငယ္ငယ္တုန္းကပုံပါတင္ရင္း “ေက်းဇူးအထူးတင္ပါတယ္ သူကကၽြန္ေတာ့္အေဖနဲ႔အစ္ကို့ကို ကူညီေပးခဲ့တဲ့အျပင္ ကၽြန္ေတာ့္ရဲ့Freddieေလးကိုပါ ထီးေလးမိုးေပးခဲ့တယ္ ဒါက Freddieေလးေပါက္စတုန္းကပုံပါ”လို့တင္ေပးခဲ့ပါတယ္။

အဲ့တာနဲ႔ Ethanက သူ႔ရဲ့postေအာက္မွာ ကၽြန္ေတာ္ကသူ႔ကို ထီးေလးဘဲမိုးေပးခဲ့တာပါ ဒီလိုလူသိမ်ားသြားမယ္လို့မထင္ခဲ့ဘူးလို့ျပန္ေျဖခဲ့ပါတယ္။အဲ့ဒီေနာက္ အဆိုပါ supermarket ကလည္းလူသိမ်ားသြားတဲ့ဓာတ္ပုံကို ျပန္shareခဲ့ေၾကာင္း သတင္းတစ္ခုကေဖာ္ျပထားပါတယ္။ဒီေတာ့ ဒီလုပ္ရပ္ဟာ Ethanကဘာမွမေတြးဘဲထီးေလးဘဲမိုးေပးခဲ့ေပမဲ့ လူအမ်ားကေတာ့ အေတာ္ေလးသေဘာက်ေနၿပီး ေခြးေလးအေပၚသူ႔ရဲ့ၾကင္နာမွုကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

Mia (Mckzone Daily)

Source : boredpanda

Unicode

တစ်ချို့ခွေးတွေဟာ မိုးရေထဲမှာကစားရတာကို ကြိုက်နှစ်ကြပါတယ်။သူတို့ကမိုးပေါက်တွေကို လိုက်ဖမ်းစားရင်း ဟိုပြေးဒီပြေးလုပ်တတ်ကြပါတယ်။ဒါပေမဲ့ Scotland နိုင်ငံ Giffnockမြို့ရှိ Ethan Dearman အမည်ရှိတဲ့Morrisons supermarket လုံခြုံရေးဝန်ထမ်းတစ်ဦးကတော့ သူ့ကျူတီအရ ဆိုင်ပတ်လည်ကို roundလှည့်ကြည့်နေတုန်း မိုးရေထဲမှာသခင်ကို ထိုင်စောင့်နေတဲ့golden retriever ခွေးလေးတစ်ကောင်ကို တွေ့လိုက်တော့ မဆိုင်းမတွဘဲ ချစ်စရာကောင်းတဲ့ခွေးလေးဆီချဉ်းကပ်ပြီး ခွေးလေးမိုးမစိုသွားစေဖို့ ထီးလေးမိုးပေးနေခဲ့ပါတယ်။အဆိုပါ ဓာတ်ပုံကို Mel Gracieဆိုတဲ့တက်တူးဆရာမက သူ့ကားထဲကနေ လူအများသိရအောင် ရိုက်ကူးပေးခဲ့တာပါ။

ဒါ့အပြင် Ethanဟာ သူ့ကိုယ်သူအတွက်ထီးမဆောင်းထားဘဲ ခွေးလေးသခင်ပြန်မလာခင်အထိ ထီးမိုးပေးရင်း အတူတူစောင့်နေပေးခဲ့တာပါ။သူ့တို့ရဲ့ဓာတ်ပုံဟာ social media ပေါ်ကလူတွေက သဘောကျလို့မဆုံးဖြစ်ရင်း လူသိများသွားပြီးနောက် မကြာတော့ ခွေးလေးရဲ့သခင် David Cherryက သိသွားခဲ့ရပြီး Ethanရဲ့ကြင်နာမှုကို အထူးကျေးဇူးတင်နေခဲ့ပါတယ်။ကျေးဇူးတင်ကြောင်းကို ခွေးလေးရဲ့ငယ်ငယ်တုန်းကပုံပါတင်ရင်း “ကျေးဇူးအထူးတင်ပါတယ် သူကကျွန်တော့်အဖေနဲ့အစ်ကို့ကို ကူညီပေးခဲ့တဲ့အပြင် ကျွန်တော့်ရဲ့Freddieလေးကိုပါ ထီးလေးမိုးပေးခဲ့တယ် ဒါက Freddieလေးပေါက်စတုန်းကပုံပါ”လို့တင်ပေးခဲ့ပါတယ်။

အဲ့တာနဲ့ Ethanက သူ့ရဲ့postအောက်မှာ ကျွန်တော်ကသူ့ကို ထီးလေးဘဲမိုးပေးခဲ့တာပါ ဒီလိုလူသိများသွားမယ်လို့မထင်ခဲ့ဘူးလို့ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီနောက် အဆိုပါ supermarket ကလည်းလူသိများသွားတဲ့ဓာတ်ပုံကို ပြန်shareခဲ့ကြောင်း သတင်းတစ်ခုကဖော်ပြထားပါတယ်။ဒီတော့ ဒီလုပ်ရပ်ဟာ Ethanကဘာမှမတွေးဘဲထီးလေးဘဲမိုးပေးခဲ့ပေမဲ့ လူအများကတော့ အတော်လေးသဘောကျနေပြီး ခွေးလေးအပေါ်သူ့ရဲ့ကြင်နာမှုကို ချီးကျူးခဲ့ကြပါတယ်။

Mia (Mckzone Daily)

အပင္သုခဘုံလို႔ တင္စားၾကတဲ့တိုက္ခန္းအေဆာက္အအံုရဲ႕ လူသိနည္းေသးတဲ့အခ်က္တစ္ခု

တစ္ကယ္ေတာ့ စည္ကားတဲ့ၿမိဳ့တစ္ၿမိဳ့ရဲ့အလယ္မွာ စိန္းလန္းစိုေျပတဲ့တိုက္အေဆာက္အဦးတစ္လုံးကိုျမင္ေတြ႕ရျခင္းဟာ လူေတြရဲ့စိတ္ကို ေအးခ်မ္းေနပါတယ္။အဆိုပါအေဆာက္အဦးေတြဟာ ဖြံ့ၿဖိဳးတိုးတက္တဲ့ပတ္ဝန္းက်င္ရဲ့တန္ဖိုးကို ျမင့္တင္ေပး႐ုံသာမက တ႐ုတ္နိုင္ငံ Chengduၿမိဳ့ရဲ့သုခဘုံတစ္ခုအျဖစ္ ပါဝင္ေနေစခဲ့ပါတယ္။ဒါေပမဲ့ The Straits Times သတင္းအရ ေဂဟစနစ္သုခဘုံလို့ယူဆၾကတဲ့အဆိုပါအေဆာက္အဦးေတြဟာ အခ်ိန္ၾကာျမင့္စြာ လ်စ္လ်ဴခံထားရတာေၾကာင့္ ျခင္ေတြရဲ့က်က္စားရာေနရာျဖစ္လာခဲ့ပါတယ္။ Qiyi City Forestလို့ေခၚတဲ့အဆိုပါတိုက္ဟာ အခန္းေပါင္း ၈၂၀ခန္႔ပါရွိၿပီး ဧၿပီလကတည္းက စတင္ေရာင္းခ်ခဲ့ေပမဲ့ မိသားစု ၁၀စုေလာက္သာ ေျပာင္းေရြ႕ေနထိုင္ခဲ့ၿပီး အခန္းတိုင္းရဲ့လသာေဆာင္မွာထားရွိတဲ့အပင္ေတြကို ျပဳျပင္ထိန္းသိမ္းျခင္းမလုပ္နိုင္တာေၾကာင့္ပါ။

အဲ့လို ေပါ့ဆမွုေတြေၾကာင့္ အပင္ေတြက စိမ္းလန္းစိုေျပၿပီးအလ်င္အျမန္ႀကီးထြားလာတာေၾကာင့္ အဆိုပါတိုက္ကို ဖုံးလႊမ္းသြားမလိုျဖစ္လာခဲ့ပါတယ္။ဒါေပမဲ့ အဲ့လိုျဖစ္သြားတာက မေကာင္းတဲ့အစိတ္အပိုင္းမဟုတ္ေပမဲ့လည္း ျခင္ေတြကို ဆြဲေဆာင္ေစတဲ့အခ်က္ေၾကာင့္ သူ႔ရဲ့မူလတန္ဖိုးထက္ ေစ်းနည္းလာေစခဲ့ပါတယ္။အဆိုပါတိုက္အား၂၀၁၈ခုႏွစ္တုန္းက သဘာဝကိုခ်စ္ျမတ္နိုးတဲ့လူေတြအတြက္ ရည္ရြယ္ၿပီး ေဆာက္လုပ္ခဲ့တာပါ။မ်ားျပားတဲ့ပန္းပင္ေတြနဲ႔စိမ္းလန္းစိုေျပေစခဲ့ေပမဲ့လည္း အဆုံးသတ္ကိုေတာ့ ျခင္နဲ႔အျခားပိုးမႊားေတြအတြက္ က်က္စားရာေနရာအျဖစ္ေျပာင္းလဲသြားခဲ့မယ္လို့ မေမၽွာ္လင့္ထားခဲ့ၾကပုံပါဘဲ။

ဒါေပမဲ့လည္း အဆိုတိုက္မွာေနထိုင္တဲ့လူေတြနဲ႔ သက္ဆိုင္သူေတြက အတူတကြစု႐ုံးၿပီး အစဥ္မျပတ္ႀကီးထြားလာေနတဲ့အပင္ေတြကို အတတ္နိုင္ဆုံးကူညီရွင္းလင္းနိုင္ဖို့ လုပ္ေဆာင္ခ်က္အခ်ိဳ့ေတြ ျပဳလုပ္ေနၾကပါတယ္။ၿမိဳ့လယ္ေခါင္ရဲ့သုခဘုံလို့တင္စားၾကတဲ့အဆိုပါတိုက္ကိုလည္း အျမန္ဆုံးရွင္းလင္းနိုင္ၿပီး လွပသာယာတဲ့ေနရာအျဖစ္ ျပန္လည္ေျပာင္းလဲနိုင္ပါေစလို့လည္း ေမၽွာ္လင့္မိပါတယ္။စာဖတ္သူတို့ေကာ အပင္ေတြနဲ႔စိမ္းလန္းစိုေျပေနတဲ့တိုက္ခန္းမွာ စိတ္ေအးလက္ေအးေနထိုင္ခ်င္ပါသလား။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

တစ်ကယ်တော့ စည်ကားတဲ့မြို့တစ်မြို့ရဲ့အလယ်မှာ စိန်းလန်းစိုပြေတဲ့တိုက်အဆောက်အဦးတစ်လုံးကိုမြင်တွေ့ရခြင်းဟာ လူတွေရဲ့စိတ်ကို အေးချမ်းနေပါတယ်။အဆိုပါအဆောက်အဦးတွေဟာ ဖွံ့ဖြိုးတိုးတက်တဲ့ပတ်ဝန်းကျင်ရဲ့တန်ဖိုးကို မြင့်တင်ပေးရုံသာမက တရုတ်နိုင်ငံ Chengduမြို့ရဲ့သုခဘုံတစ်ခုအဖြစ် ပါဝင်နေစေခဲ့ပါတယ်။ဒါပေမဲ့ The Straits Times သတင်းအရ ဂေဟစနစ်သုခဘုံလို့ယူဆကြတဲ့အဆိုပါအဆောက်အဦးတွေဟာ အချိန်ကြာမြင့်စွာ လျစ်လျူခံထားရတာကြောင့် ခြင်တွေရဲ့ကျက်စားရာနေရာဖြစ်လာခဲ့ပါတယ်။ Qiyi City Forestလို့ခေါ်တဲ့အဆိုပါတိုက်ဟာ အခန်းပေါင်း ၈၂၀ခန့်ပါရှိပြီး ဧပြီလကတည်းက စတင်ရောင်းချခဲ့ပေမဲ့ မိသားစု ၁၀စုလောက်သာ ပြောင်းရွေ့နေထိုင်ခဲ့ပြီး အခန်းတိုင်းရဲ့လသာဆောင်မှာထားရှိတဲ့အပင်တွေကို ပြုပြင်ထိန်းသိမ်းခြင်းမလုပ်နိုင်တာကြောင့်ပါ။

အဲ့လို ပေါ့ဆမှုတွေကြောင့် အပင်တွေက စိမ်းလန်းစိုပြေပြီးအလျင်အမြန်ကြီးထွားလာတာကြောင့် အဆိုပါတိုက်ကို ဖုံးလွှမ်းသွားမလိုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ အဲ့လိုဖြစ်သွားတာက မကောင်းတဲ့အစိတ်အပိုင်းမဟုတ်ပေမဲ့လည်း ခြင်တွေကို ဆွဲဆောင်စေတဲ့အချက်ကြောင့် သူ့ရဲ့မူလတန်ဖိုးထက် ဈေးနည်းလာစေခဲ့ပါတယ်။အဆိုပါတိုက်အား၂၀၁၈ခုနှစ်တုန်းက သဘာဝကိုချစ်မြတ်နိုးတဲ့လူတွေအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာပါ။များပြားတဲ့ပန်းပင်တွေနဲ့စိမ်းလန်းစိုပြေစေခဲ့ပေမဲ့လည်း အဆုံးသတ်ကိုတော့ ခြင်နဲ့အခြားပိုးမွှားတွေအတွက် ကျက်စားရာနေရာအဖြစ်ပြောင်းလဲသွားခဲ့မယ်လို့ မမျှော်လင့်ထားခဲ့ကြပုံပါဘဲ။

ဒါပေမဲ့လည်း အဆိုတိုက်မှာနေထိုင်တဲ့လူတွေနဲ့ သက်ဆိုင်သူတွေက အတူတကွစုရုံးပြီး အစဉ်မပြတ်ကြီးထွားလာနေတဲ့အပင်တွေကို အတတ်နိုင်ဆုံးကူညီရှင်းလင်းနိုင်ဖို့ လုပ်ဆောင်ချက်အချို့တွေ ပြုလုပ်နေကြပါတယ်။မြို့လယ်ခေါင်ရဲ့သုခဘုံလို့တင်စားကြတဲ့အဆိုပါတိုက်ကိုလည်း အမြန်ဆုံးရှင်းလင်းနိုင်ပြီး လှပသာယာတဲ့နေရာအဖြစ် ပြန်လည်ပြောင်းလဲနိုင်ပါစေလို့လည်း မျှော်လင့်မိပါတယ်။စာဖတ်သူတို့ကော အပင်တွေနဲ့စိမ်းလန်းစိုပြေနေတဲ့တိုက်ခန်းမှာ စိတ်အေးလက်အေးနေထိုင်ချင်ပါသလား။

Mia (Mckzone Daily)

ေမြးေန႔မွာ ရထားတဲ့မုန္႔ဖိုးေတြနဲ႔ မိခင္အတြက္ ေရႊလက္စြပ္တစ္ကြင္း ဝယ္ေပးခဲ့တဲ့ ကေလးငယ္ (႐ုပ္သံ)

အသက္၆ႏွစ္အရြယ္သာရွိေသးတဲ့ Afiq အမည္ရွိေကာင္ေလးတစ္ဦးဟာ သူ႔ကိုယ္ပိုင္ပိုက္ဆံနဲ႔ မိခင္အားလက္ေဆာင္ေပးရင္း သူ႔ရဲ့အခ်စ္နဲ႔တန္ဖိုးထားမွုကို ေဖာ္ျပခဲ့ပါတယ္။မေလးရွားနိုင္ငံ Kota Kinabaluၿမိဳ့မွာေနထိုင္တဲ့ Afiq ဟာ သူ႔ေမြးေန႔မွာ ေမြးေန႔ဖိုးပိုက္ဆံရခဲ့ၿပီး တစ္ေန႔မွာ Afiq ဟာ သူ႔အေဖ၊သူ႔အစ္ကိုနဲ႔အတူ ဆံပင္ညႇပ္ဖို့သြားခဲ့ရင္း ဆံပင္ညႇပ္ဆိုင္ေရွ႕က ရတနာေရႊဆိုင္တစ္ဆိုင္ကိုသတိထားမိသြားခဲ့ပါတယ္တဲ့။ထို့ေနာက္ Afiq က သူ႔ရဲ့အေဖကို ေရႊဆိုင္ေရွ႕ဆြဲေခၚသြားၿပီး သူ႔အေမအတြက္ လက္ေဆာင္ဝယ္ေပးခ်င္ေၾကာင္း ေျပာခဲ့ပါတယ္တဲ့။Afiq ဟာ သူ႔ေမြးေန႔မွာ ရရွိခဲ့တဲ့ ရင္းဂစ္ ၇၀ ပမာဏေလာက္ကိုအသုံးျပဳၿပီး Afiq ဟာ သူရဲ့မိခင္ကိုေရႊလက္စြပ္တစ္ကြင္းဝယ္ေပးခဲ့ပါတယ္။

Sumarnie ရဲ့ခင္ပြန္းက WhatsApp ကေန သူမကို အေၾကာင္းၾကားၿပီး ဒီကိစၥနဲ႔ပတ္သတ္ၿပီး သူမကို မသိခ်င္ေယာင္ေဆာင္ေနဖို့ ေျပာခဲ့ပါတယ္။သူတို့ရဲ့ဘတ္ဂ်က္က ရင္းဂစ္ ၃၀၀(၉ေသာင္းေက်ာ္) ဘဲပါတာေၾကာင့္ ရင္းဂစ္ ၂၆၀ (၈ေသာင္းေက်ာ္)ကုန္က်တဲ့ေရႊလက္စြပ္ကိုေရြးလိုက္ၿပီး Afiq လည္း ရင္းဂစ္ ၇၀(၂ေသာင္းေက်ာ္)စိုက္ေပးခဲ့တယ္လို့ ခင္ပြန္းျဖစ္သူက ေျပာျပခဲ့ပါတယ္။Afiqေလးက သူ႔အေမအတြက္ လက္စြပ္ကို ကိုယ္တိုင္ေတာင္ ေအးေဆးထိုင္ေရြးေပးေနပါေသးတယ္။

Sumarnie က Afiqေလးစိတ္လွုပ္ရွားၿပီး သူမအားလက္ေဆာင္ေနေပးတဲ့ဗီဒီယိုကို မၽွေဝခဲ့ပါေသးတယ္။Sumarnie က Afiq ေလးအတြက္အရမ္းဂုဏ္ယူေနခဲ့ၿပီး သူမရဲ့ Facebook post မွာလည္း Shares ၈,၂၀၀ ေက်ာ္ရရွိခဲ့ေၾကာင္းေျပာၾကားခဲ့ပါတယ္။Afiq ေလးဟာ တကယ့္ကို ခ်ိဳသာတဲ့ေကာင္ေလးျဖစ္သလို မိဘအေပၚၾကင္နာၿပီးဂ႐ုစိုက္တတ္မွုနဲ႔ တန္ဖိုးထားတတ္မွုကို အျမဲျပသေပးေနမဲ့လူတစ္ေယာက္ျဖစ္လာနိုင္မွာပါ။ဘယ္လိုေတာင္ ခ်စ္ဖို့ေကာင္းတဲ့ေကာင္ေလးပါလားေနာ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အသက်၆နှစ်အရွယ်သာရှိသေးတဲ့ Afiq အမည်ရှိကောင်လေးတစ်ဦးဟာ သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ မိခင်အားလက်ဆောင်ပေးရင်း သူ့ရဲ့အချစ်နဲ့တန်ဖိုးထားမှုကို ဖော်ပြခဲ့ပါတယ်။မလေးရှားနိုင်ငံ Kota Kinabaluမြို့မှာနေထိုင်တဲ့ Afiq ဟာ သူ့မွေးနေ့မှာ မွေးနေ့ဖိုးပိုက်ဆံရခဲ့ပြီး တစ်နေ့မှာ Afiq ဟာ သူ့အဖေ၊သူ့အစ်ကိုနဲ့အတူ ဆံပင်ညှပ်ဖို့သွားခဲ့ရင်း ဆံပင်ညှပ်ဆိုင်ရှေ့က ရတနာရွှေဆိုင်တစ်ဆိုင်ကိုသတိထားမိသွားခဲ့ပါတယ်တဲ့။ထို့နောက် Afiq က သူ့ရဲ့အဖေကို ရွှေဆိုင်ရှေ့ဆွဲခေါ်သွားပြီး သူ့အမေအတွက် လက်ဆောင်ဝယ်ပေးချင်ကြောင်း ပြောခဲ့ပါတယ်တဲ့။Afiq ဟာ သူ့မွေးနေ့မှာ ရရှိခဲ့တဲ့ ရင်းဂစ် ၇၀ ပမာဏလောက်ကိုအသုံးပြုပြီး Afiq ဟာ သူရဲ့မိခင်ကိုရွှေလက်စွပ်တစ်ကွင်းဝယ်ပေးခဲ့ပါတယ်။

Sumarnie ရဲ့ခင်ပွန်းက WhatsApp ကနေ သူမကို အကြောင်းကြားပြီး ဒီကိစ္စနဲ့ပတ်သတ်ပြီး သူမကို မသိချင်ယောင်ဆောင်နေဖို့ ပြောခဲ့ပါတယ်။သူတို့ရဲ့ဘတ်ဂျက်က ရင်းဂစ် ၃၀၀(၉သောင်းကျော်) ဘဲပါတာကြောင့် ရင်းဂစ် ၂၆၀ (၈သောင်းကျော်)ကုန်ကျတဲ့ရွှေလက်စွပ်ကိုရွေးလိုက်ပြီး Afiq လည်း ရင်းဂစ် ၇၀(၂သောင်းကျော်)စိုက်ပေးခဲ့တယ်လို့ ခင်ပွန်းဖြစ်သူက ပြောပြခဲ့ပါတယ်။Afiqလေးက သူ့အမေအတွက် လက်စွပ်ကို ကိုယ်တိုင်တောင် အေးဆေးထိုင်ရွေးပေးနေပါသေးတယ်။

Sumarnie က Afiqလေးစိတ်လှုပ်ရှားပြီး သူမအားလက်ဆောင်နေပေးတဲ့ဗီဒီယိုကို မျှဝေခဲ့ပါသေးတယ်။Sumarnie က Afiq လေးအတွက်အရမ်းဂုဏ်ယူနေခဲ့ပြီး သူမရဲ့ Facebook post မှာလည်း Shares ၈,၂၀၀ ကျော်ရရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။Afiq လေးဟာ တကယ့်ကို ချိုသာတဲ့ကောင်လေးဖြစ်သလို မိဘအပေါ်ကြင်နာပြီးဂရုစိုက်တတ်မှုနဲ့ တန်ဖိုးထားတတ်မှုကို အမြဲပြသပေးနေမဲ့လူတစ်ယောက်ဖြစ်လာနိုင်မှာပါ။ဘယ်လိုတောင် ချစ်ဖို့ကောင်းတဲ့ကောင်လေးပါလားနော်။

Mia (Mckzone Daily)

ဆပ္ကပ္ေလာကမွာဘဲ ဘဝအခ်ိန္ကုန္ဆုံးခဲ့ရၿပီး ေနာက္ဆံုး ေနေရာင္ျခည္ေအာက္မွာ ေရမိုးခ်ိဳးရင္းဇိမ္ခံခြင့္ရခဲ့တဲ့ အၿငိမ္းစားဝက္ဝံႀကီး(႐ုပ္သံ)

ဆပ္ကပ္ေလာကမွာဘဲ သူ႔ရဲ့ဘဝအခ်ိန္ေတာ္ေတာ္မ်ားမ်ားကုန္ဆုံးခဲ့ရတဲ့အသက္ႀကီးႀကီးဝက္ဝံတစ္ေကာင္ဟာ အၿငိမ္းစားယူၿပီးေနာက္မွာ ေရမိုးခ်ိဳးရင္း ေရစိုစိုနဲ႔ေနေရာင္ျခည္ေအာက္မွာ ေအးေဆးဇိမ္ခံေနခဲ့တဲ့ပုံကို ဝန္ထမ္းေတြက ရိုက္ယူေပးခဲ့ပါတယ္။ Toshkaလို့ေခၚတဲ့အဆိုပါဝက္ဝံဟာ လူေတြအတြက္ လွည့္ကြက္အဆန္းေတြျပဳလုပ္ေပးရင္း ဆပ္ကပ္ေလာကမွာ ၂၅ႏွစ္ခန္႔လုပ္ကိုင္ခဲ့ရတာပါ။ဒါေပမဲ့ “ျပန္လည္ထူေထာင္ေရးနဲ႔ဘဝေထာက္ပံ့ေရး”အတြက္ မၾကာေသးခင္ကမွ Ukraineနိုင္ငံ Satanovအေျခခ်စခန္းရဲ့ဌာနတစ္ခုကို ေျပာင္းေရြ႕လာခဲ့တာပါ။ၿပီးခဲ့တဲ့လက ရိုက္ကူးခဲ့တဲ့ဗီဒီယိုမွာ Toshka ဟာ ေျမႀကီးေပၚေအးေဆးထိုင္ၿပီး သူ႔ကိုပတ္ျဖန္းလာတဲ့ေရကိုလၽွာနဲ႔ လ်က္ရင္း သူ႔ေျခေထာက္ကိုကုတ္ေနတာကို ေတြ႕ရမွာပါ။

Ukraineနိုင္ငံရဲ့အပူခ်ိန္က ၃၅စင္တီဂရိတ္အထိရွိေနတာေၾကာင့္ ေရေအးဟာ သူ႔အတြက္အေတာ္ေလးအဆင္ေျပေနပါတယ္။သူ႔ကိုၾကည့္ရွုေစာင့္ေရွာက္ေပးတဲ့ဝန္ထမ္းတစ္ဦးက ေနပူထဲေရခ်ိဳးရတာကသူ႔ရဲ့အႀကိဳက္ဆုံးအပန္းေျဖမွုျဖစ္တယ္လို့ဆိုထားၿပီး ထို့ေနာက္ သူတို့က” သူက သူ႔ဘဝအခ်ိန္ေတာ္ေတာ္မ်ားမ်ားကိုကုန္ဆုံးခဲ့ရတဲ့ဆပ္ကပ္ျပဝက္ဝံတစ္ေကာင္ပါ။သူ႔ရဲ့ေနာက္ဆုံးပိုင္ရွင္က ျပန္လည္ထူေထာင္ေရးနဲ႔ေထာက္ပံ့ေရးအတြက္ ကၽြန္မတို့ဆီကို ပို့ခဲ့တာ”လို့လည္းထပ္မံေျပာဆိုထားပါေသးတယ္။

Toshkaဟာ ဆပ္ကပ္ေလာကမွာႏွစ္ေပါင္းမ်ားစြာက်င္လည္ခဲ့ရၿပီး လူေတြကိုအရမ္းေၾကာက္လန္႔ေနခဲ့ရတာေၾကာင့္ စစေရာက္ခ်င္း ခ်ဳံပုတ္ထဲမွာဘဲ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ႏွစ္ပတ္အၾကာ ပုန္းေနခဲ့ပါတယ္။ဒါေပမဲ့ ဝန္ထမ္းေတြရဲ့ဂ႐ုစိုက္ေပးမွုနဲ႔အာ႐ုံစိုက္ေပးမွုေတြက သူ႔ရဲ့ေၾကာက္စိတ္ကို ေျပေလ်ာ့သြားေစခဲ့ပါတယ္။အခုေတာ့ သူ႔ရဲ့အိမ္အသစ္မွာ အဆင္ေျပေနၿပီး ေနေရာင္ျခည္ေအာက္မွာ နာရီေပါင္းမ်ားစြာထိုင္ရင္းအခ်ိန္ျဖဳန္းဖို့လည္း အဆင္သင့္ျဖစ္ေနပါၿပီ။

Mia (Mckzone Daily)

Source : ladbible

Unicode

ဆပ်ကပ်လောကမှာဘဲ သူ့ရဲ့ဘဝအချိန်တော်တော်များများကုန်ဆုံးခဲ့ရတဲ့အသက်ကြီးကြီးဝက်ဝံတစ်ကောင်ဟာ အငြိမ်းစားယူပြီးနောက်မှာ ရေမိုးချိုးရင်း ရေစိုစိုနဲ့နေရောင်ခြည်အောက်မှာ အေးဆေးဇိမ်ခံနေခဲ့တဲ့ပုံကို ဝန်ထမ်းတွေက ရိုက်ယူပေးခဲ့ပါတယ်။ Toshkaလို့ခေါ်တဲ့အဆိုပါဝက်ဝံဟာ လူတွေအတွက် လှည့်ကွက်အဆန်းတွေပြုလုပ်ပေးရင်း ဆပ်ကပ်လောကမှာ ၂၅နှစ်ခန့်လုပ်ကိုင်ခဲ့ရတာပါ။ဒါပေမဲ့ “ပြန်လည်ထူထောင်ရေးနဲ့ဘဝထောက်ပံ့ရေး”အတွက် မကြာသေးခင်ကမှ Ukraineနိုင်ငံ Satanovအခြေချစခန်းရဲ့ဌာနတစ်ခုကို ပြောင်းရွေ့လာခဲ့တာပါ။ပြီးခဲ့တဲ့လက ရိုက်ကူးခဲ့တဲ့ဗီဒီယိုမှာ Toshka ဟာ မြေကြီးပေါ်အေးဆေးထိုင်ပြီး သူ့ကိုပတ်ဖြန်းလာတဲ့ရေကိုလျှာနဲ့ လျက်ရင်း သူ့ခြေထောက်ကိုကုတ်နေတာကို တွေ့ရမှာပါ။

Ukraineနိုင်ငံရဲ့အပူချိန်က ၃၅စင်တီဂရိတ်အထိရှိနေတာကြောင့် ရေအေးဟာ သူ့အတွက်အတော်လေးအဆင်ပြေနေပါတယ်။သူ့ကိုကြည့်ရှုစောင့်ရှောက်ပေးတဲ့ဝန်ထမ်းတစ်ဦးက နေပူထဲရေချိုးရတာကသူ့ရဲ့အကြိုက်ဆုံးအပန်းဖြေမှုဖြစ်တယ်လို့ဆိုထားပြီး ထို့နောက် သူတို့က” သူက သူ့ဘဝအချိန်တော်တော်များများကိုကုန်ဆုံးခဲ့ရတဲ့ဆပ်ကပ်ပြဝက်ဝံတစ်ကောင်ပါ။သူ့ရဲ့နောက်ဆုံးပိုင်ရှင်က ပြန်လည်ထူထောင်ရေးနဲ့ထောက်ပံ့ရေးအတွက် ကျွန်မတို့ဆီကို ပို့ခဲ့တာ”လို့လည်းထပ်မံပြောဆိုထားပါသေးတယ်။

Toshkaဟာ ဆပ်ကပ်လောကမှာနှစ်ပေါင်းများစွာကျင်လည်ခဲ့ရပြီး လူတွေကိုအရမ်းကြောက်လန့်နေခဲ့ရတာကြောင့် စစရောက်ချင်း ချုံပုတ်ထဲမှာဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နှစ်ပတ်အကြာ ပုန်းနေခဲ့ပါတယ်။ဒါပေမဲ့ ဝန်ထမ်းတွေရဲ့ဂရုစိုက်ပေးမှုနဲ့အာရုံစိုက်ပေးမှုတွေက သူ့ရဲ့ကြောက်စိတ်ကို ပြေလျော့သွားစေခဲ့ပါတယ်။အခုတော့ သူ့ရဲ့အိမ်အသစ်မှာ အဆင်ပြေနေပြီး နေရောင်ခြည်အောက်မှာ နာရီပေါင်းများစွာထိုင်ရင်းအချိန်ဖြုန်းဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။

Mia (Mckzone Daily)

၅ႏွစ္အတြင္း ၄၆၂သိန္းဖိုးကုန္က်တဲ့ေရာင္စုံတက္တူးကို ခႏၶာကိုယ္တစ္ခုလုံးနီးပါးအျပည့္ထိုးခဲ့ၿပီး ေဂၚထြက္ေနခဲ့တဲ့ အဖြား

ဂ်ာမနီနိုင္ငံ Leipzigၿမိဳ့က အသက္၅၅ႏွစ္အရြယ္ Kerstin Tristanအမည္ရွိတဲ့အမ်ိဳးသမီးတစ္ဦးဟာ ၿပီးခဲ့တဲ့၅ႏွစ္တာကာလအတြင္း သူမရဲ့ခႏၶာကိုယ္တစ္ခုလုံးနီးပါးကို ေဒၚလာ ၃၅,၀၀၀( ၄၆၂ သိန္း)ေလာက္ကုန္က်တဲ့ေရာင္စုံတက္တူးေတြနဲ႔ ဖုံးအုပ္ထားေစခဲ့ပါတယ္။တကၠစီဒရိုင္ဘာအလုပ္ကိုဘဝတစ္ေလၽွာက္လုံးလုပ္ကိုင္လာခဲ့တဲ့ Kerstinဟာ ၂၀၁၅ခုႏွစ္မွာ သူမဘဝကို အေရာင္ေလးအနည္းနည္းထည့္ၾကည့္ဖို့ သူမရဲ့ပထမဆုံးေရာင္စုံတက္တူးကို လက္ေမာင္းမွာ စထိုးခဲ့ပါတယ္။ထို့ေနာက္ Kerstinဟာ လြန္ခဲ့တဲ့၅ႏွစ္တာကာလအတြင္း လက္ေမာင္းကတက္တူးအစ ေရာင္စုံတဲ့ခႏၶာကိုယ္အထိကို ပိုက္ဆံအေျမာက္အမ်ားအကုန္ခံေစခဲ့ၿပီး သူမကိုၾကည့္ပုံအရ တက္တူးထိုးျခင္းကို ရပ္တန္႔သြားဖို့စိတ္ကူးလည္း မရွိေသးပုံပါဘဲ။

Kerstinက သူမဟာ အရင္ကထက္ပိုေပ်ာ္ၿပီး ေရာင္စုံတက္တူးေတြက သူမအတြက္ ေပ်ာ္ရႊင္မွုနဲ႔စြမ္းအင္ေတြသယ္ေဆာင္လာေပးေၾကာင္း ဆိုထားပါတယ္။အဆိုပါေရာင္စုံတက္တူးေတြက သူမရဲ့Instagramကို followerေတြထိုးေစခဲ့ၿပီး တက္တူးပရိသတ္ေတြကိုလည္း အခိုင္အမာရရွိေစခဲ့ပါတယ္။လည္ပင္းမွေျခေခ်ာင္းေတြအထိေရာင္စုံတက္တူးနဲ႔အသက္၅၅ႏွစ္အရြယ္သူမကို ျမင္ရတာယုံၾကည္ဖို့ခဲယဥ္းေပမဲ့ Kerstinဟာ သူမရဲ့ေရာင္စုံတက္တူးမရွိခင္တုန္းကပုံကို သူမကိုယ္တိုင္ပုံမွန္မၽွေဝေသးေနၿပီး တကယ့္ကို တစ္ျခားလူတစ္ေယာက္အတိုင္းလုံးဝကြဲျပားျခားနားေနခဲ့ပါတယ္။

လူအမ်ားရဲ့အျမင္မွာ သူမရဲ့တက္တူးေတြက ၾကည့္လို့မေကာင္းသလို အရမ္းမ်ားေနပုံထင္ရေပမဲ့ Kerstin ဟာ အဆိုပါေရာင္စုံတက္တူးေတြက သူမရဲ့အတြင္းစိတ္ကခံစားခ်က္နဲ႔အံ့ဝင္ခြင္က်ျဖစ္ေနေၾကာင္း ေနာက္ဆုံးေျဖၾကားေပးခဲ့ပါတယ္။အသက္ႀကီးသြားလည္း တစ္ျခားလူရဲ့အျမင္ကို ဂ႐ုမစိုက္ဘဲ တစ္ကိုယ္လုံးတက္တူးအျပည့္ထိုးရဲတဲ့သတၱိကေတာ့ ေလးစားစရာပါဘဲ။

Mia (Mckzone Daily)

Source : odditycentral

Unicode

ဂျာမနီနိုင်ငံ Leipzigမြို့က အသက်၅၅နှစ်အရွယ် Kerstin Tristanအမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့၅နှစ်တာကာလအတွင်း သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ဒေါ်လာ ၃၅,၀၀၀( ၄၆၂ သိန်း)လောက်ကုန်ကျတဲ့ရောင်စုံတက်တူးတွေနဲ့ ဖုံးအုပ်ထားစေခဲ့ပါတယ်။တက္ကစီဒရိုင်ဘာအလုပ်ကိုဘဝတစ်လျှောက်လုံးလုပ်ကိုင်လာခဲ့တဲ့ Kerstinဟာ ၂၀၁၅ခုနှစ်မှာ သူမဘဝကို အရောင်လေးအနည်းနည်းထည့်ကြည့်ဖို့ သူမရဲ့ပထမဆုံးရောင်စုံတက်တူးကို လက်မောင်းမှာ စထိုးခဲ့ပါတယ်။ထို့နောက် Kerstinဟာ လွန်ခဲ့တဲ့၅နှစ်တာကာလအတွင်း လက်မောင်းကတက်တူးအစ ရောင်စုံတဲ့ခန္ဓာကိုယ်အထိကို ပိုက်ဆံအမြောက်အများအကုန်ခံစေခဲ့ပြီး သူမကိုကြည့်ပုံအရ တက်တူးထိုးခြင်းကို ရပ်တန့်သွားဖို့စိတ်ကူးလည်း မရှိသေးပုံပါဘဲ။

Kerstinက သူမဟာ အရင်ကထက်ပိုပျော်ပြီး ရောင်စုံတက်တူးတွေက သူမအတွက် ပျော်ရွှင်မှုနဲ့စွမ်းအင်တွေသယ်ဆောင်လာပေးကြောင်း ဆိုထားပါတယ်။အဆိုပါရောင်စုံတက်တူးတွေက သူမရဲ့Instagramကို followerတွေထိုးစေခဲ့ပြီး တက်တူးပရိသတ်တွေကိုလည်း အခိုင်အမာရရှိစေခဲ့ပါတယ်။လည်ပင်းမှခြေချောင်းတွေအထိရောင်စုံတက်တူးနဲ့အသက်၅၅နှစ်အရွယ်သူမကို မြင်ရတာယုံကြည်ဖို့ခဲယဉ်းပေမဲ့ Kerstinဟာ သူမရဲ့ရောင်စုံတက်တူးမရှိခင်တုန်းကပုံကို သူမကိုယ်တိုင်ပုံမှန်မျှဝေသေးနေပြီး တကယ့်ကို တစ်ခြားလူတစ်ယောက်အတိုင်းလုံးဝကွဲပြားခြားနားနေခဲ့ပါတယ်။

လူအများရဲ့အမြင်မှာ သူမရဲ့တက်တူးတွေက ကြည့်လို့မကောင်းသလို အရမ်းများနေပုံထင်ရပေမဲ့ Kerstin ဟာ အဆိုပါရောင်စုံတက်တူးတွေက သူမရဲ့အတွင်းစိတ်ကခံစားချက်နဲ့အံ့ဝင်ခွင်ကျဖြစ်နေကြောင်း နောက်ဆုံးဖြေကြားပေးခဲ့ပါတယ်။အသက်ကြီးသွားလည်း တစ်ခြားလူရဲ့အမြင်ကို ဂရုမစိုက်ဘဲ တစ်ကိုယ်လုံးတက်တူးအပြည့်ထိုးရဲတဲ့သတ္တိကတော့ လေးစားစရာပါဘဲ။

Mia (Mckzone Daily)

သဘာဝတရားႀကီးရဲ့အလွကို ထင္ရွားေပၚလြင္ေစတဲ့၂၀၂၀ခုႏွစ္ရဲ့ အေကာင္းဆုံးရွုခင္းအလွဓာတ္ပုံမ်ား

စိမ္းလန္းစိုေျပတဲ့သစ္ေတာေတြကအစ အံ့ဩစရာေကာင္းတဲ့ၾကယ္ေတြနဲ႔ျပည့္ႏွက္ေနတဲ့ေကာင္းကင္ေတြအဆုံးပါဝင္တဲ့ ၂၀၂၀ခုႏွစ္ အျပည္ျပည္ဆိုင္ရာ ရွုခင္းအလွဓာတ္ပုံၿပိဳင္ပြဲရဲ့ရင္သပ္ရွုေမာဖြယ္အေကာင္းဆုံးဓာတ္ပုံဆုကို သက္ဆိုင္သူေတြက ေၾကာ္ျငာေပးလိုက္ပါၿပီ။ဩစေၾတးလ်နိုင္ငံ ဆစ္ဒနီၿမိဳ့မွာ အေျခစိုက္တဲ့အဆိုပါၿပိဳင္ပြဲဟာ ဆုရဖို့ေမၽွာ္လင့္ေနတဲ့ပေရာ္ဖက္ရွင္နယ္ဓာတ္ပုံဆရာေတြထံမွ ဓာတ္ပုံေပါင္း ၃၈၀၀ေက်ာ္ လက္ခံရရွိခဲ့ရၿပီး တစ္ႏွစ္တာအေကာင္းဆုံးဆုကိုေတာ့ တစ္ဦးတည္းသာ ရရွိနိုင္တာပါ။ဒီေတာ့ သဘာဝတရားႀကီးရဲ့အလွ နဲ႔ ကမၻာေျမႀကီးရဲ့တည္ရွိပုံအေနအထားကို ပိုမိုထင္ရွားေပၚလြင္ေစတဲ့ ၂၀၂၀ခုႏွစ္ရဲ့အေကာင္းဆုံးရွုခင္းအလွဓာတ္ပုံေတြကို စာဖတ္သူတို့အဖို့ ေဖာ္ျပေပးခဲ့လိုက္ပါတယ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

26

27

28

29

30

Mia (Mckzone Daily)

Source : boredpanda

Unicode

စိမ်းလန်းစိုပြေတဲ့သစ်တောတွေကအစ အံ့ဩစရာကောင်းတဲ့ကြယ်တွေနဲ့ပြည့်နှက်နေတဲ့ကောင်းကင်တွေအဆုံးပါဝင်တဲ့ ၂၀၂၀ခုနှစ် အပြည်ပြည်ဆိုင်ရာ ရှုခင်းအလှဓာတ်ပုံပြိုင်ပွဲရဲ့ရင်သပ်ရှုမောဖွယ်အကောင်းဆုံးဓာတ်ပုံဆုကို သက်ဆိုင်သူတွေက ကြော်ငြာပေးလိုက်ပါပြီ။ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အခြေစိုက်တဲ့အဆိုပါပြိုင်ပွဲဟာ ဆုရဖို့မျှော်လင့်နေတဲ့ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေထံမှ ဓာတ်ပုံပေါင်း ၃၈၀၀ကျော် လက်ခံရရှိခဲ့ရပြီး တစ်နှစ်တာအကောင်းဆုံးဆုကိုတော့ တစ်ဦးတည်းသာ ရရှိနိုင်တာပါ။ဒီတော့ သဘာဝတရားကြီးရဲ့အလှ နဲ့ ကမ္ဘာမြေကြီးရဲ့တည်ရှိပုံအနေအထားကို ပိုမိုထင်ရှားပေါ်လွင်စေတဲ့ ၂၀၂၀ခုနှစ်ရဲ့အကောင်းဆုံးရှုခင်းအလှဓာတ်ပုံတွေကို စာဖတ်သူတို့အဖို့ ဖော်ပြပေးခဲ့လိုက်ပါတယ်။

Mia (Mckzone Daily)

အလွျပင္ဆိုင္မွာမ်က္ေတာင္ေကာ္သုံးခဲ့ၿပီးေနာက္ မ်က္လုံးတစ္ဖက္မျမင္ရေတာ့တာေၾကာင့္ တရားစြဲဖို႔လုပ္ေနခဲ့တဲ့မိန္းကေလး

Brazil နိုင္ငံ Rondonia ျပည္နယ္ရွိ အသက္ ၄၁ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးဟာ Porto Velhoၿမိဳ့ကအလွျပင္ဆိုင္တစ္ဆိုင္မွာ မွားယြင္းတဲ့မ်က္ေတာင္ေကာ္ သုံးခဲ့ၿပီးေနာက္ သူမမ်က္လုံးေတြကို ထိခိုက္သြားေစခဲ့ပါတယ္။သူမဟာ ေနာက္ပိုင္း သူမရဲ့အမာရြတ္မ်က္ႏွာဓာတ္ပုံေတြကိုမၽွေဝခဲ့ၿပီး သူမရဲ့မ်က္လုံးတစ္ဖက္ကိုအသုံးျပဳဖို့လုံးဝဆုံးရွုံးခဲ့ရတဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး လုပ္ထုံးလုပ္နည္းအတိုင္းတရားစြဲဆိုမွုေတြျပဳလုပ္သြားမယ္လို့ အခိုင္အမာေျပာခဲ့ပါတယ္။Brazilian သတင္းအရ အဆိုပါအမ်ိဳးသမီးဟာ သူမမ်က္လုံးကိစၥအျပည့္အစုံကို ရဲတပ္ဖြဲ႕ႏွင့္က်န္းမာေရးတာဝန္ရွိသူေတြထံ တိုင္တန္းထားပါတယ္။သူမဟာ အလွျပင္ဆိုင္ဝန္ထမ္းေတြကို သူမညာဘက္မ်က္လုံးက ဘာမွမျမင္နိုင္ေတာ့ေၾကာင္း နဲ႔ သူမရဲ့ဘယ္ဘက္မ်က္လုံးကလည္း အျမင္အာ႐ုံေဝဝါးေနေၾကာင္း ေျပာဆိုခဲ့ပါေသးတယ္။

အဲ့ဒီေနာက္ သူမအလွျပင္ဆိုင္မွထြက္ၿပီး အိမ္သို့ျပန္သြားခဲ့ေပမဲ့လည္း နာက်င္မွုကမသက္သာတဲ့အတြက္ အနီးအနားကက်န္းမာေရးေဆးခန္းတစ္ခုမွာ အေရးေပၚေဆးကုသမွုခံယူခဲ့ရပါတယ္။သူမရဲ့ အစ္မအရင္းက စာနယ္ဇင္းသမားေတြနဲ႔စကားေျပာခဲ့ၿပီးအဲ့ဒီအခ်ိန္က ညီမျဖစ္သူအား အလွအပဆိုင္ရာပေရာ္ဖက္ရွင္နယ္က်တဲ့လူနဲ႔ မလုပ္ေပးခဲ့ေၾကာင္း ေဝဖန္ေျပာဆိုခဲ့ပါတယ္။အကယ္လို့သူမ ေဆး႐ုံကိုခ်က္ခ်င္းလာျပနိုင္ရင္ ျဖစ္ပြါးခဲ့တဲ့ပ်က္စီးမွုကို ေရွာင္ရွားနိုင္လိမ့္မယ္လို့ ဆရာဝန္က ေျပာၾကားခဲ့ပါတယ္။ အခုလက္ရွိမွာေတာ့ ေဒါသထြက္ေနတဲ့အစ္မျဖစ္သူက ညီမျဖစ္သူကိစၥအား အာဏာပိုင္ေတြထံတိုင္ၾကားခ်က္ေပးပို့ထားၿပီး အဆိုပါကိစၥကိုကိုင္တြယ္ဖို့ ေရွ႕ေနတစ္ဦးကိုလည္း ဌားရမ္းထားပါေသးတယ္။

Brazilian သတင္းစာက အလွျပင္ဆိုင္ကိုေမးခြန္းေမးဖို့ ႀကိဳးစားဆက္သြယ္ခဲ့ေပမယ့္ တုန႔္ျပန္လာျခင္းမရွိေသးပါဘူး။ထိခိုက္ဒဏ္ရာရရွိသူရဲ့အျဖစ္အပ်က္နဲ႔သက္ဆိုင္တဲ့သက္ေသအေထာက္အထားေတြကိုေတာ့ ကၽြန္ေတာ္တို့ အတိအက်မသိရေသးပါဘူး။အဆိုပါအမ်ိဳးသမီးရဲ့ဒဏ္ရာက အျမဲတမ္းရွိမရွိကိုလည္းေသခ်ာမသိရေသးပါဘူး။

Mia (Mckzone Daily)

Source : ladbible

Unicode

Brazil နိုင်ငံ Rondonia ပြည်နယ်ရှိ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ Porto Velhoမြို့ကအလှပြင်ဆိုင်တစ်ဆိုင်မှာ မှားယွင်းတဲ့မျက်တောင်ကော် သုံးခဲ့ပြီးနောက် သူမမျက်လုံးတွေကို ထိခိုက်သွားစေခဲ့ပါတယ်။သူမဟာ နောက်ပိုင်း သူမရဲ့အမာရွတ်မျက်နှာဓာတ်ပုံတွေကိုမျှဝေခဲ့ပြီး သူမရဲ့မျက်လုံးတစ်ဖက်ကိုအသုံးပြုဖို့လုံးဝဆုံးရှုံးခဲ့ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအတိုင်းတရားစွဲဆိုမှုတွေပြုလုပ်သွားမယ်လို့ အခိုင်အမာပြောခဲ့ပါတယ်။Brazilian သတင်းအရ အဆိုပါအမျိုးသမီးဟာ သူမမျက်လုံးကိစ္စအပြည့်အစုံကို ရဲတပ်ဖွဲ့နှင့်ကျန်းမာရေးတာဝန်ရှိသူတွေထံ တိုင်တန်းထားပါတယ်။သူမဟာ အလှပြင်ဆိုင်ဝန်ထမ်းတွေကို သူမညာဘက်မျက်လုံးက ဘာမှမမြင်နိုင်တော့ကြောင်း နဲ့ သူမရဲ့ဘယ်ဘက်မျက်လုံးကလည်း အမြင်အာရုံဝေဝါးနေကြောင်း ပြောဆိုခဲ့ပါသေးတယ်။

အဲ့ဒီနောက် သူမအလှပြင်ဆိုင်မှထွက်ပြီး အိမ်သို့ပြန်သွားခဲ့ပေမဲ့လည်း နာကျင်မှုကမသက်သာတဲ့အတွက် အနီးအနားကကျန်းမာရေးဆေးခန်းတစ်ခုမှာ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရပါတယ်။သူမရဲ့ အစ်မအရင်းက စာနယ်ဇင်းသမားတွေနဲ့စကားပြောခဲ့ပြီးအဲ့ဒီအချိန်က ညီမဖြစ်သူအား အလှအပဆိုင်ရာပရော်ဖက်ရှင်နယ်ကျတဲ့လူနဲ့ မလုပ်ပေးခဲ့ကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။အကယ်လို့သူမ ဆေးရုံကိုချက်ချင်းလာပြနိုင်ရင် ဖြစ်ပွါးခဲ့တဲ့ပျက်စီးမှုကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ဆရာဝန်က ပြောကြားခဲ့ပါတယ်။
အခုလက်ရှိမှာတော့ ဒေါသထွက်နေတဲ့အစ်မဖြစ်သူက ညီမဖြစ်သူကိစ္စအား အာဏာပိုင်တွေထံတိုင်ကြားချက်ပေးပို့ထားပြီး အဆိုပါကိစ္စကိုကိုင်တွယ်ဖို့ ရှေ့နေတစ်ဦးကိုလည်း ဌားရမ်းထားပါသေးတယ်။

Brazilian သတင်းစာက အလှပြင်ဆိုင်ကိုမေးခွန်းမေးဖို့ ကြိုးစားဆက်သွယ်ခဲ့ပေမယ့် တုန့်ပြန်လာခြင်းမရှိသေးပါဘူး။ထိခိုက်ဒဏ်ရာရရှိသူရဲ့အဖြစ်အပျက်နဲ့သက်ဆိုင်တဲ့သက်သေအထောက်အထားတွေကိုတော့ ကျွန်တော်တို့ အတိအကျမသိရသေးပါဘူး။အဆိုပါအမျိုးသမီးရဲ့ဒဏ်ရာက အမြဲတမ်းရှိမရှိကိုလည်းသေချာမသိရသေးပါဘူး။

Mia (Mckzone Daily)

ခ်စ္သူရဲ့နာမည္နဲ႔တက္တူးထိုးခဲ့ေပမယ့္ တစ္ပတ္အၾကာမွာဘဲ လမ္းခြဲခံလိုက္ရတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးရဲ့အျဖစ္

ငယ္ရြယ္ေသးတဲ့အခ်စ္ကို သင္တို့ၾကဳံဖူးပါသလား။၁၅ႏွစ္အရြယ္တုန္းက အခ်စ္ဦးလိုေပါ့။လူေတာ္ေတာ္မ်ားမ်ားဟာ သူတို့ရဲ့အထက္တန္းေက်ာင္းအခ်စ္ဇာတ္လမ္းေတြမွာ ဘယ္လိုေတာင္ကေလးဆန္ၿပီးမိုက္မဲတဲ့လုပ္ရပ္ေတြလုပ္ခဲ့ဖူးတာကို ျပန္ေတြးၾကည့္တိုင္း ရယ္ေမာေနၾကရပါလိမ့္မယ္။ဗီယက္နမ္နိုင္ငံရွိ ၁၆ ႏွစ္အရြယ္စုံတြဲတစ္တြဲဟာ မၾကာေသးခင္ကမွ ခ်ိန္းေတြ႕ခဲ့ၾကေပမဲ့လည္း သူတို့ရဲ့ခ်စ္ျခင္းေမတၱာဟာ ထာဝရျဖစ္ေၾကာင္းနဲ႔သူတို့တစ္သက္တာလုံးအတူတကြေနထိုင္သြားၾကမယ္လို့ ရဲရဲရင့္ရင့္ေႂကြးေၾကာ္ေနခဲ့ၾကပါတယ္။သူတို့ရဲ့ ထာဝရခ်စ္ျခင္းေမတၱာကို တရားဝင္ေၾကာညာတဲ့အေနနဲ႔ ေကာင္ေလးဟာ သူ႔ရည္းစားရဲ့နာမည္ နဲ႔ သူတို့စတြဲတဲ့ရက္စြဲကို သူ႔ရဲ့လက္ေမာင္းမွာ တက္တူးထိုးဖို့ တက္တူးဆရာအား အျပင္းအထန္ေတာင္းဆိုခဲ့ပါတယ္တဲ့။

အဆိုပါတက္တူးဆရာက ေကာင္ေလးကို မထိုးဖို့ အမ်ိဳးမ်ိဳးႀကိဳးစားေဖ်ာင္းဖ်ခဲ့ေပမယ့္လည္း အရာမေရာက္ခဲ့ပါဘူး။ကံမေကာင္းခ်င္ေတာ့ တစ္ပတ္အၾကာမွာဘဲ အဆိုပါေကာင္ေလးဟာ သူ႔ရည္းစားနဲ႔လမ္းခြဲခဲ့ၿပီး တက္တူးဆရာဆီ စိတ္ထိခိုက္ေၾကကြဲရင္းျပန္လာခဲ့ပါတယ္တဲ့။သူဟာ လက္ေမာင္းမွာထိုးခဲ့တဲ့တက္တူးကို ဖယ္ရွားပစ္ခ်င္ခဲ့ၿပီး အေတာ္အသင့္ေလာက္ႀကီးေနတဲ့တက္တူးကို ဖယ္ရွားဖို့ဆိုတာေစ်းႀကီး႐ုံသာမက အေတာ္ေလးလည္းအသားနာမွာပါ။

အင္တာနက္သုံးစြဲသူေတြက အဆိုပါေကာင္ေလးရဲ့အေျခအေနအရ သူဟာဘဝအေတြ႕အၾကဳံမရွိေသးသလို ဒီလိုအျဖစ္အပ်က္ေတြကလည္း လူငယ္ေတာ္ေတာ္မ်ားမ်ားမွာသာေတြ႕ရေၾကာင္း မွတ္ခ်က္ေပးခဲ့ၾကပါတယ္။တက္တူးဆိုတဲ့အရာက အျမဲထာဝရအတြက္ျဖစ္တာေၾကာင့္ သင့္ရဲ့ခ်စ္ရသူထက္ သင့္အိမ္ေမြးတိရိစၧာန္ေလးရဲ့ပုံေတြကို အမွတ္တရအျဖစ္တက္တူးထိုးဖို့သာ ပိုအႀကံျပဳခ်င္ပါတယ္။အနည္းဆုံးေတာ့ သင့္ရဲ့အိမ္ေမြးတိရိစၧာန္ေလးက သင့္ရဲ့ခ်စ္ျခင္းေမတၱာေတြကို ထာဝရနဲ႔အႂကြင္းမဲ့ျပန္ခ်စ္ေပးလိမ့္မယ္ဆိုတာကို သင္လည္းသိေနမွာပါ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ငယ်ရွယ်သေးတဲ့အချစ်ကို သင်တို့ကြုံဖူးပါသလား။၁၅နှစ်အရွယ်တုန်းက အချစ်ဦးလိုပေါ့။လူတော်တော်များများဟာ သူတို့ရဲ့အထက်တန်းကျောင်းအချစ်ဇာတ်လမ်းတွေမှာ ဘယ်လိုတောင်ကလေးဆန်ပြီးမိုက်မဲတဲ့လုပ်ရပ်တွေလုပ်ခဲ့ဖူးတာကို ပြန်တွေးကြည့်တိုင်း ရယ်မောနေကြရပါလိမ့်မယ်။ဗီယက်နမ်နိုင်ငံရှိ ၁၆ နှစ်အရွယ်စုံတွဲတစ်တွဲဟာ မကြာသေးခင်ကမှ ချိန်းတွေ့ခဲ့ကြပေမဲ့လည်း သူတို့ရဲ့ချစ်ခြင်းမေတ္တာဟာ ထာဝရဖြစ်ကြောင်းနဲ့သူတို့တစ်သက်တာလုံးအတူတကွနေထိုင်သွားကြမယ်လို့ ရဲရဲရင့်ရင့်ကြွေးကြော်နေခဲ့ကြပါတယ်။သူတို့ရဲ့ ထာဝရချစ်ခြင်းမေတ္တာကို တရားဝင်ကြောညာတဲ့အနေနဲ့ ကောင်လေးဟာ သူ့ရည်းစားရဲ့နာမည် နဲ့ သူတို့စတွဲတဲ့ရက်စွဲကို သူ့ရဲ့လက်မောင်းမှာ တက်တူးထိုးဖို့ တက်တူးဆရာအား အပြင်းအထန်တောင်းဆိုခဲ့ပါတယ်တဲ့။

အဆိုပါတက်တူးဆရာက ကောင်လေးကို မထိုးဖို့ အမျိုးမျိုးကြိုးစားဖျောင်းဖျခဲ့ပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။ကံမကောင်းချင်တော့ တစ်ပတ်အကြာမှာဘဲ အဆိုပါကောင်လေးဟာ သူ့ရည်းစားနဲ့လမ်းခွဲခဲ့ပြီး တက်တူးဆရာဆီ စိတ်ထိခိုက်ကြေကွဲရင်းပြန်လာခဲ့ပါတယ်တဲ့။သူဟာ လက်မောင်းမှာထိုးခဲ့တဲ့တက်တူးကို ဖယ်ရှားပစ်ချင်ခဲ့ပြီး အတော်အသင့်လောက်ကြီးနေတဲ့တက်တူးကို ဖယ်ရှားဖို့ဆိုတာဈေးကြီးရုံသာမက အတော်လေးလည်းအသားနာမှာပါ။

အင်တာနက်သုံးစွဲသူတွေက အဆိုပါကောင်လေးရဲ့အခြေအနေအရ သူဟာဘဝအတွေ့အကြုံမရှိသေးသလို ဒီလိုအဖြစ်အပျက်တွေကလည်း လူငယ်တော်တော်များများမှာသာတွေ့ရကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။တက်တူးဆိုတဲ့အရာက အမြဲထာဝရအတွက်ဖြစ်တာကြောင့် သင့်ရဲ့ချစ်ရသူထက် သင့်အိမ်မွေးတိရိစ္ဆာန်လေးရဲ့ပုံတွေကို အမှတ်တရအဖြစ်တက်တူးထိုးဖို့သာ ပိုအကြံပြုချင်ပါတယ်။အနည်းဆုံးတော့ သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးက သင့်ရဲ့ချစ်ခြင်းမေတ္တာတွေကို ထာဝရနဲ့အကြွင်းမဲ့ပြန်ချစ်ပေးလိမ့်မယ်ဆိုတာကို သင်လည်းသိနေမှာပါ။

Mia (Mckzone Daily)