ပလတ်စတစ်အမှိုက်တွေကို ကျူရှင်လခအဖြစ်ယူခဲ့တဲ့ အိန္ဒိယကစာသင်ကျောင်းလေး
စာသင်ချင်တဲ့ကလေးတွေကို ပလတ်စတစ်အမှိုက်တွေနဲ့ ကျူရှင်ခပေးခိုင်းပြီး စာသင်ပေးတယ်ဆိုတဲ့ စိတ်ကူးလေးဟာ ဘယ်လောက်တောင်ကောင်းလိုက်တဲ့ စိတ်ကူးလေးလဲနော်။Akshar Foundation ဆိုတဲ့ ပရဟိတကျောင်းလေးကို ၂၀၁၆ ခုနှစ်တုန်းက Parmita Sarma နဲ့ Mazin Mukhtar တို့နှစ်ယောက်က ဦးဆောင်ပြီး တည်ထောင်ခဲ့ကြတာပါ။ အဓိကရည်ရွယ်ချက်ကတော့ အိန္ဒိရဲ့ Assam ဒေသမှာက ဆင်းရဲချို့တဲ့ပြီး စာသင်လိုစိတ်ရှိတဲ့ ကလေးတွေကို အဓိကဦးစားပေး ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆင်းရဲချို့တဲ့တဲ့ရပ်ကွက်ဆိုတော့ မိဘတွေရော ကလေးတွေကပါ စာသင်ဖို့ထက် တစ်ဝမ်းတစ်ခါးဖြည့်ဖို့…